မန္ၿပိန္းေက်းရြာမွ ေက်းရြာသားမ်ား လူတစ္စု၏ ဖိအားေပးျခင္းခံရေသာေၾကာင္႔ ေၾကာက္လန္႔ကာ လားရိႈးၿမိဳ႕သို႔ တိမ္းေရွာင္လာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, June 6, 2019

မန္ၿပိန္းေက်းရြာမွ ေက်းရြာသားမ်ား လူတစ္စု၏ ဖိအားေပးျခင္းခံရေသာေၾကာင္႔ ေၾကာက္လန္႔ကာ လားရိႈးၿမိဳ႕သို႔ တိမ္းေရွာင္လာ


ေနာင္ (ျမစ္မခ)
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕နယ္ႏွင့္ ၁၃ မိုင္ခန္႔သာ ကြာေဝးေသာ မန္ၿပိန္းေက်းရြာမွ ေက်းရြာသားမ်ားမွာ လူတစ္စု၏ ဖိအားေပးျခင္းခံရေသာေၾကာင္႔ ေၾကာက္လန္႔ကာ လားရိႈးၿမိဳ႕သို႔ ဇြန္ ၅ ရက္က ထြက္ေျပး တိမ္းေရွာင္လာၾကေၾကာင္း သိရွိရသည္။ 
.
.
အဆိုပါ မန္ၿပိန္းေက်းရြာအနီးတြင္ ကုမၸဏီတစ္ခုမွ ဧက ၃၀၀ အသံုးျပဳကာ ျပဳလုပ္မည့္ စီမံကိန္းအေပၚ ေဒသခံမ်ား ကန္႔ကြက္မႈႏွင့္ ပတ္သက္၍ ရြာသားမ်ားအား လူတစ္စုမွ လာေရာက္ ဖိအားေပးေနျခင္းေၾကာင္႔ ထြက္ေျပးတိမ္းေရွာင္လာၾကျခင္းျဖစ္ေၾကာင္း သိရသည္။
.
ၿပီးခဲ႔တဲ႔အပတ္က ကုမၸဏီတစ္ခုကေန စက္ေတြနဲ႔ ဝင္လာလို႔ ရြာသားေတြက ေပးမဝင္ဘဲနဲ႔ တားခဲ႔တယ္။ သက္ဆိုင္ရာကိုလည္း အေၾကာင္းၾကားခဲ႔တယ္။ ဒါကို ေရာင္းစားထားတယ္လို႔ ထင္ရတဲ႔ လူႀကီးက သူနဲ႔ လာေတြ႔ဖို႔ ရြာသားေတြကို ေခၚတယ္။ ရြာသားေတြကမေတြ႔ဘူး။ မေန႔ညက အဲ႔လူႀကီးက ရြာထဲမွာလာၿပီး လက္မွတ္ ထိုးခိုင္းတယ္။ သတ္မယ္ေတြ ဘာေတြေျပာလို႔ ေၾကာက္ၿပီး ထြက္ေျပးလာတာပါ။’’ဟု မန္ၿပိန္းရြာသား ဦးတာေဏာ္က ေျပာသည္။
.
အဆိုပါ ဧက ၃၀၀ မွာ မန္ၿပိန္းရြာသားမ်ား ဘိုးဘြားစဥ္ဆက္ လုပ္ကိုင္စားေသာက္ေနေသာ ေျမဧကမ်ား ျဖစ္ေၾကာင္း၊ လူတစ္စုမွ ကုမၸဏီတစ္ခုသို႔ ေရာင္းစားထားသည္ဟု သိရေၾကာင္း ၎က ဆက္ေျပာသည္။  
.
ရြာသားေတြကေၾကာက္ၿပီးထြက္ေျပးခ်င္တယ္ဆိုလို႔ ကြ်န္ေတာ္တို႔ လားရိႈးက ပရဟိတကားေတြနဲ႔ သြားၿပီး ေခၚေပးတယ္။ ၿပီးေတာ့ ရပ္ကြက္ (၉) နယ္ေျမ (၃) ကခ်င္ႏွစ္ျခင္းေက်ာင္းမွာ ထားေပးခဲ႔ပါတယ္။’’ဟု သြားေရာက္ ကူညီေပးခဲ႔သူ တစ္ဦးက ေျပာသည္။ 
.
အဆိုပါ မန္ၿပိန္းေက်းရြာရွိ ဧက ၃၀၀ ရာသို႔ ကုမၸဏီမွစက္မ်ားျဖင္႔ လာေရာက္ကာ မျပဳလုပ္ရန္အတြက္ သက္ဆိုင္ရာဌာနမွလည္း တားျမစ္စာေပးပို႔ထားေၾကာင္း၊ ယခုတြင္ မန္ၿပိန္းေက်းရြာမွ ရြာသား ၁၈၀ ဦးခန္႔မွာ  လားရိႈးၿမိဳ႕ရပ္ကြက္ (၉) နယ္ေျမ (၃) ကခ်င္ႏွစ္ျခင္းအသင္းေက်ာင္းတြင္ ေရာက္ရွိခိုလႈံေနေၾကာင္း၊ ရြာတြင္ ရြာေစာင့္ အနည္းငယ္သာက်န္ရွိခဲ႔ေၾကာင္း သိရသည္။ 
.
မန်ပြိန်းကျေးရွာမှ ကျေးရွာသားများ လူတစ်စု၏ ဖိအားပေးခြင်းခံရသောကြောင့် ကြောက်လန့်ကာ လားရှိုးမြို့သို့ တိမ်းရှောင်လာ
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်နှင့် ၁၃ မိုင်ခန့်သာ ကွာဝေးသော မန်ပြိန်းကျေးရွာမှ ကျေးရွာသားများမှာ လူတစ်စု၏ ဖိအားပေးခြင်းခံရသောကြောင့် ကြောက်လန့်ကာ လားရှိုးမြို့သို့ ဇွန် ၅ ရက်က ထွက်ပြေး တိမ်းရှောင်လာကြကြောင်း သိရှိရသည်။ 
.
အဆိုပါ မန်ပြိန်းကျေးရွာအနီးတွင် ကုမ္ပဏီတစ်ခုမှ ဧက ၃၀၀ အသုံးပြုကာ ပြုလုပ်မည့် စီမံကိန်းအပေါ် ဒေသခံများ ကန့်ကွက်မှုနှင့် ပတ်သက်၍ ရွာသားများအား လူတစ်စုမှ လာရောက် ဖိအားပေးနေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။
.
“ပြီးခဲ့တဲ့အပတ်က ကုမ္ပဏီတစ်ခုကနေ စက်တွေနဲ့ ဝင်လာလို့ ရွာသားတွေက ပေးမဝင်ဘဲနဲ့ တားခဲ့တယ်။ သက်ဆိုင်ရာကိုလည်း အကြောင်းကြားခဲ့တယ်။ ဒါကို ရောင်းစားထားတယ်လို့ ထင်ရတဲ့ လူကြီးက သူနဲ့ လာတွေ့ဖို့ ရွာသားတွေကို ခေါ်တယ်။ ရွာသားတွေကမတွေ့ဘူး။ မနေ့ညက အဲ့လူကြီးက ရွာထဲမှာလာပြီး လက်မှတ် ထိုးခိုင်းတယ်။ သတ်မယ်တွေ ဘာတွေပြောလို့ ကြောက်ပြီး ထွက်ပြေးလာတာပါ။’’ဟု မန်ပြိန်းရွာသား ဦးတာဏော်က ပြောသည်။
.
အဆိုပါ ဧက ၃၀၀ မှာ မန်ပြိန်းရွာသားများ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်နေသော မြေဧကများ ဖြစ်ကြောင်း၊ လူတစ်စုမှ ကုမ္ပဏီတစ်ခုသို့ ရောင်းစားထားသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။  
.
“ရွာသားတွေကကြောက်ပြီးထွက်ပြေးချင်တယ်ဆိုလို့ ကျွန်တော်တို့ လားရှိုးက ပရဟိတကားတွေနဲ့ သွားပြီး ခေါ်ပေးတယ်။ ပြီးတော့ ရပ်ကွက် (၉) နယ်မြေ (၃) ကချင်နှစ်ခြင်းကျောင်းမှာ ထားပေးခဲ့ပါတယ်။’’ဟု သွားရောက် ကူညီပေးခဲ့သူ တစ်ဦးက ပြောသည်။ 
.
အဆိုပါ မန်ပြိန်းကျေးရွာရှိ ဧက ၃၀၀ ရာသို့ ကုမ္ပဏီမှစက်များဖြင့် လာရောက်ကာ မပြုလုပ်ရန်အတွက် သက်ဆိုင်ရာဌာနမှလည်း တားမြစ်စာပေးပို့ထားကြောင်း၊ ယခုတွင် မန်ပြိန်းကျေးရွာမှ ရွာသား ၁၈၀ ဦးခန့်မှာ  လားရှိုးမြို့ရပ်ကွက် (၉) နယ်မြေ (၃) ကချင်နှစ်ခြင်းအသင်းကျောင်းတွင် ရောက်ရှိခိုလှုံနေကြောင်း၊ ရွာတွင် ရွာစောင့် အနည်းငယ်သာကျန်ရှိခဲ့ကြောင်း သိရသည်။ 
.

No comments:

Post a Comment