ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနျဖင့္ လူမ်ိဳးအေပၚ အေျခခံရာမွ ျပည္နယ္ႏွင့္ မူဝါဒအေပၚ အေျခခံမည္ ျဖစ္ေၾကာင္း သေဘာထား ေၾကညာခ်က္ ထုတ္ျပန္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, June 14, 2019

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနျဖင့္ လူမ်ိဳးအေပၚ အေျခခံရာမွ ျပည္နယ္ႏွင့္ မူဝါဒအေပၚ အေျခခံမည္ ျဖစ္ေၾကာင္း သေဘာထား ေၾကညာခ်က္ ထုတ္ျပန္


မင္းေဇာ္မင္း
.
ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရ စီအဖြဲ႕ခ်ဳပ္(SNLD-က်ားေခါင္းပါ တီ) အေနျဖင့္လူမ်ိဳးအေပၚ အေျခခံ သည့္ ပါတီအျဖစ္မွ ျပည္နယ္ႏွင့္ မူ ဝါဒအေပၚ အေျခခံသည့္ ပါတီအျဖစ္  ေျပာင္းလဲက်င့္သုံးသြားမည္ျဖစ္ ေၾကာင္း အပါအဝင္ သေဘာထား ေၾကညာခ်က္တစ္ေစာင္ကို ဇြန္လ ၈ ရက္က ထုတ္ျပန္ေၾကညာခဲ့သည္ ဟု သိရသည္။
.
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း လား႐ႈိးၿမိဳ႕တြင္ ဇြန္လ ၆ ရက္မွ ၇ ရက္ အထိ က်င္းပခဲ့သည့္ ရွမ္းတိုင္းရင္း သားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ ၂ဝ၁၉ ခုႏွစ္၊ ၿမိဳ႕နယ္စုံညီလာခံအၿပီး တြင္ ယင္းေၾကညာခ်က္ကို ထုတ္ ျပန္ေၾကညာခဲ့ျခင္း ျဖစ္ေၾကာင္း ယင္း ပါတီ၏ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္ မူဆယ္ၿမိဳ႕နယ္ မဲဆႏၵ နယ္ အမွတ္(၁)မွ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာ္သိန္းထံမွ သိရသည္။
.
''လူငယ္ေတြကို ေနရာေပးတဲ့ အေနနဲ႔ CEC မွာ ပါဝင္လာေစတဲ့အ ျပင္ ေကာ္မတီကိုလည္း တိုးခ်ဲ႕ဖြဲ႕ စည္းခဲ့ပါတယ္။ လူမ်ိဳးေပၚမွာ အေျခ ခံတာအစား ရွမ္းျပည္နယ္တစ္ခုလုံး မွာရွိတဲ့ တိုင္းရင္းသားအားလုံးရဲ႕ အက်ိဳးူကို ေဖာ္ေဆာင္ဖို႔ အေျခခံတဲ့ပါ တီမူဝါဒကို ေျပာင္းလဲၿပီး လုပ္ေဆာင္ သြားဖို႔ျဖစ္ပါတယ္''ဟု ဦးစိုင္းေက်ာ္ သိန္းက ေျပာသည္။
.
ပါတီ၏ ေၾကညာခ်က္တြင္ လူ မ်ိဳးအေျချပဳပါတီမွ ျပည္နယ္ကို အ ေျချပဳေသာ မူဝါဒကို အေျချပဳေသာ ပါတီအျဖစ္ ေျပာင္းလဲတည္ေဆာက္ သြားေရး ညီလာခံတက္ေရာက္သူ အားလုံးက တစ္ညီတစ္ၫြတ္တည္း သေဘာတူဆုံးျဖတ္ ၾကသည္ဟု ပါရွိ သည္။
.
ထို႔အျပင္ တ႐ုတ္ႏိုင္ငံမွ ဦး ေဆာင္အေကာင္အထည္ေဖာ္လ်က္ ရွိသည့္ စီမံကိန္းမ်ား(BRI, BCIM, CMEC) အေကာင္အထည္ေဖာ္ရာ တြင္ ေဒသခံ ျပည္သူမ်ား၏ ဆႏၵ သေဘာထားမ်ားအေပၚ အေျခခံကာ SNLD အေနျဖင့္ မားမတ္စြာရပ္ တည္သြားမည္ဟု လည္းေကာင္း၊ ဖက္ဒရယ္ျပည္ေထာင္စု တည္ ေဆာက္ေရး၊ လူငယ္အခန္းက႑ ျမႇင့္တင္ေရး၊ မူဝါဒသေဘာထားတူ ညီသည့္ အဖြဲ႕အစည္းမ်ားႏွင့္ လက္ တြဲလုပ္ေဆာင္သြားမည္ဟုလည္း ေကာင္း ေဖာ္ျပထားသည္ကို ေတြ႕ရ သည္။
.
ပူးတြဲပါဝင္သည့္ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီမ်ားစာရင္းတြင္ ဦးခြန္ထြန္းဦးဥကၠဌအျဖစ္ ဦးေဆာင္ သည့္ ေကာ္မတီဝင္ ၃၁ ဦးအမည္ ကို ေဖာ္ျပထားသည္။ ယခင္က ဗဟိုအလုပ္အမႈေဆာင္ ၂၅ ဦးပါဝင္သည့္ ဗဟို ေကာ္မတီကို ၇၅ ဦးျဖင့္ ဖြဲ႕စည္းထားၿပီး ယခုညီလာခံတြင္ ဗဟိုအလုပ္အမႈေဆာင္ ၃၁ ဦးပါဝင္ သည့္ ဗဟိုေကာ္မတီဝင္ ၁ဝ၁ ဦးျဖင့္ တိုးခ်ဲ႕ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။
.
''ဆုံးပါးသြားတဲ့ ဦးစိုင္းေစာေအာင္ေနရာမွ အေထြေထြအတြင္းေရးမွဴး ဥိးစိုင္းၫြန္႔လြင္က ဒုဥကၠဌ အျဖစ္ တာဝန္ယူၿပီး လူငယ္အဖြဲ႕ဝင္ ၄ ဦးကိုလည္း CEC အျဖစ္ ဖြဲ႕စည္း ခဲ့ပါတယ္''ဟု ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္တစ္ဦး ျဖစ္သူ ဦးစိုင္းဝင္းျမတ္ဦးကေျပာသည္။
.
ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရ စီအဖြဲ႕ခ်ဳပ္၏ ညီလာခံကို လား႐ႈိးၿမိဳ႕ တြင္ ၂ ရက္ၾကာ က်င္းပခဲ့ျခင္းျဖစ္ ၿပီး ညီလာခံတက္ေရာက္ခြင့္ရွိသူ ၃၆၃ ဦးအနက္ ၂၇၆ ဦးတက္ေရာက္ ခဲ့ကာ ဗဟိုအလုပ္အမႈေဆာင္ အ စည္းအေဝးကို ဇြန္လ ၈ ရက္တြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လူမျိုးအပေါ် အခြေခံရာမှ ပြည်နယ်နှင့် မူဝါဒအပေါ် အခြေခံမည် ဖြစ်ကြောင်း သဘောထား ကြေညာချက် ထုတ်ပြန်
.
မင်းဇော်မင်း
.
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ်(SNLD-ကျားခေါင်းပါ တီ) အနေဖြင့်လူမျိုးအပေါ် အခြေခံ သည့် ပါတီအဖြစ်မှ ပြည်နယ်နှင့် မူ ဝါဒအပေါ် အခြေခံသည့် ပါတီအဖြစ်  ပြောင်းလဲကျင့်သုံးသွားမည်ဖြစ် ကြောင်း အပါအဝင် သဘောထား ကြေညာချက်တစ်စောင်ကို ဇွန်လ ၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည် ဟု သိရသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဇွန်လ ၆ ရက်မှ ၇ ရက် အထိ ကျင်းပခဲ့သည့် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ၂ဝ၁၉ ခုနှစ်၊ မြို့နယ်စုံညီလာခံအပြီး တွင် ယင်းကြေညာချက်ကို ထုတ် ပြန်ကြေညာခဲ့ခြင်း ဖြစ်ကြောင်း ယင်း ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် မူဆယ်မြို့နယ် မဲဆန္ဒ နယ် အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းထံမှ သိရသည်။
.
''လူငယ်တွေကို နေရာပေးတဲ့ အနေနဲ့ CEC မှာ ပါဝင်လာစေတဲ့အ ပြင် ကော်မတီကိုလည်း တိုးချဲ့ဖွဲ့ စည်းခဲ့ပါတယ်။ လူမျိုးပေါ်မှာ အခြေ ခံတာအစား ရှမ်းပြည်နယ်တစ်ခုလုံး မှာရှိတဲ့ တိုင်းရင်းသားအားလုံးရဲ့ အကျိုးူကို ဖော်ဆောင်ဖို့ အခြေခံတဲ့ပါ တီမူဝါဒကို ပြောင်းလဲပြီး လုပ်ဆောင် သွားဖို့ဖြစ်ပါတယ်''ဟု ဦးစိုင်းကျော် သိန်းက ပြောသည်။
.
ပါတီ၏ ကြေညာချက်တွင် လူ မျိုးအခြေပြုပါတီမှ ပြည်နယ်ကို အ ခြေပြုသော မူဝါဒကို အခြေပြုသော ပါတီအဖြစ် ပြောင်းလဲတည်ဆောက် သွားရေး ညီလာခံတက်ရောက်သူ အားလုံးက တစ်ညီတစ်ညွတ်တည်း သဘောတူဆုံးဖြတ် ကြသည်ဟု ပါရှိ သည်။
.
ထို့အပြင် တရုတ်နိုင်ငံမှ ဦး ဆောင်အကောင်အထည်ဖော်လျက် ရှိသည့် စီမံကိန်းများ(BRI, BCIM, CMEC) အကောင်အထည်ဖော်ရာ တွင် ဒေသခံ ပြည်သူများ၏ ဆန္ဒ သဘောထားများအပေါ် အခြေခံကာ SNLD အနေဖြင့် မားမတ်စွာရပ် တည်သွားမည်ဟု လည်းကောင်း၊ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေး၊ လူငယ်အခန်းကဏ္ဍ မြှင့်တင်ရေး၊ မူဝါဒသဘောထားတူ ညီသည့် အဖွဲ့အစည်းများနှင့် လက် တွဲလုပ်ဆောင်သွားမည်ဟုလည်း ကောင်း ဖော်ပြထားသည်ကို တွေ့ရ သည်။
.
ပူးတွဲပါဝင်သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီများစာရင်းတွင် ဦးခွန်ထွန်းဦးဥက္ကဌအဖြစ် ဦးဆောင် သည့် ကော်မတီဝင် ၃၁ ဦးအမည် ကို ဖော်ပြထားသည်။ ယခင်က ဗဟိုအလုပ်အမှုဆောင် ၂၅ ဦးပါဝင်သည့် ဗဟို ကော်မတီကို ၇၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ယခုညီလာခံတွင် ဗဟိုအလုပ်အမှုဆောင် ၃၁ ဦးပါဝင် သည့် ဗဟိုကော်မတီဝင် ၁ဝ၁ ဦးဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
.
''ဆုံးပါးသွားတဲ့ ဦးစိုင်းစောအောင်နေရာမှ အထွေထွေအတွင်းရေးမှူး ဥိးစိုင်းညွန့်လွင်က ဒုဥက္ကဌ အဖြစ် တာဝန်ယူပြီး လူငယ်အဖွဲ့ဝင် ၄ ဦးကိုလည်း CEC အဖြစ် ဖွဲ့စည်း ခဲ့ပါတယ်''ဟု ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦး ဖြစ်သူ ဦးစိုင်းဝင်းမြတ်ဦးကပြောသည်။
.
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ်၏ ညီလာခံကို လားရှိုးမြို့ တွင် ၂ ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ် ပြီး ညီလာခံတက်ရောက်ခွင့်ရှိသူ ၃၆၃ ဦးအနက် ၂၇၆ ဦးတက်ရောက် ခဲ့ကာ ဗဟိုအလုပ်အမှုဆောင် အ စည်းအဝေးကို ဇွန်လ ၈ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment