လားရိႈးၿမိဳ႕တြင္း မႏၱေလး- မူဆယ္သြား (၄၁)တပ္ဦးေက်ာင္းအနီး လမ္းခ်ဲ႕ထြင္ျခင္းလုပ္ငန္း ဇြန္လ ဒုတိယပတ္ ၿပီးစီးမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, June 10, 2019

လားရိႈးၿမိဳ႕တြင္း မႏၱေလး- မူဆယ္သြား (၄၁)တပ္ဦးေက်ာင္းအနီး လမ္းခ်ဲ႕ထြင္ျခင္းလုပ္ငန္း ဇြန္လ ဒုတိယပတ္ ၿပီးစီးမည္


ေနာင္ (ျမစ္မခ) 
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕အတြင္း မႏၱေလး- မူဆယ္သြား ျပည္စုလမ္းမႀကီးလမ္းပိုင္း (၄၁)တပ္ဦး ေက်ာင္းအနီးရွိ ေကြ႔အား ယာဥ္အႏၱရာယ္ကင္းရွင္းေစရန္ လမ္းခ်ဲ႕ထြင္လ်က္ရွိရာ ဇြန္လ ဒုတိယ ပတ္အတြင္း ၿပီးစီးမည္ျဖစ္ေၾကာင္း လားရိႈးၿမိဳ႕နယ္ စီမံခန္႔ခဲြမႈေကာ္မတီမွ သိရွိရသည္။
.
.
အဆိုပါ ေနရာသည္ မ်က္ကြယ္ျဖစ္ကာ ယာဥ္မေတာ္တဆမႈအျဖစ္မ်ားျခင္းေၾကာင့္ လက္ရွိတြင္ ေက်ာက္ေဆာင္မ်ား၊ သစ္ပင္ႀကီးမ်ားကို ရွင္းလင္းလ်က္ရွိေၾကာင္း သိရသည္။
.
မၾကာခင္ၿပီးေတာ့မွာပါ။ ဒီတစ္ပတ္ေလာက္ဆို ၿပီးပါၿပီ။ လမ္းခ်ဲ႕ရာမွာ ပါသြားတဲ့ အုတ္တံတိုင္းေတြကို ျပန္ လုပ္ေပးေနပါတယ္။ ကတၱရာခင္းေနပါၿပီ။ ဟု လားရိႈးၿမိဳ႕နယ္ စီမံခန္႔ခဲြမႈေကာ္မတီ ဥကၠဌ ဦးအာကာလင္းက ေျပာသည္။
.
အဆိုပါ လမ္းရွိ အရွည္ ၁၄၀၀ ကို အက်ယ္ ၄၈ ေပ လမ္းအျဖစ္ခ်ဲ႕ခဲ့ၿပီး လမ္းႏွင့္ မလြတ္သည့္အရာမ်ားကို ဖယ္ရွားရွင္းလင္းကာ အုတ္တံတုိင္းမ်ားကိုလည္း ျပန္လည္ကာရံေပးခဲ့ေၾကာင္း သိရသည္။
.
ဒီလမ္းႀကီးေကာင္းသြားတာ ျပည္ေထာင္စုလမ္းႀကီးအျပင္ ကြ်န္ေတာ္တို႔ ရပ္ကြက္(၄)နဲ႔ ရပ္ကြက္(၁)ကို သြား လာဖို႔လည္း အရမ္းအဆင္ေျပသြားပါတယ္။ အခုလို လုပ္လိုက္ေတာ့ လမ္းႀကီးက အက်ယ္ႀကီးျဖစ္သြားတယ္။ ဒါမွ ယာဥ္တိုက္မႈျဖစ္ရင္လည္း ကိုယ္ဟာကိုသာ ခံၾကေတာ့လို႔ ေျပာခ်င္ပါတယ္။ ဟု ရပ္ကြက္(၁) ေက်ာက္ ေတာင္မွ ဦးသူရဦးက ေျပာသည္။
.
ယင္းလမ္းအား လမ္းဦးစီးဌာနမွ ဦးစီးကာ အိုရီယမ္တယ္ဟိုက္ေဝးကုမၸဏီမွ တာဝန္ယူ၍ AC ႏိုင္လြန္ကတၱရာ လမ္းခင္းသြားျခင္း၊ လမ္းခ်ဲ႕ျခင္းလုပ္ငန္းမ်ားကို ေဖေဖာ္ဝါ၇ီ ၂၃ ရက္က စတင္လုပ္ေဆာင္ ေနျခင္းျဖစ္ေၾကာင္း သိရသည္။
.
လားရှိုးမြို့တွင်း မန္တလေး- မူဆယ်သွား (၄၁)တပ်ဦးကျောင်းအနီး လမ်းချဲ့ထွင်ခြင်းလုပ်ငန်း ဇွန်လ ဒုတိယပတ် ပြီးစီးမည် 
.
နောင် (မြစ်မခ) 
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်း မန္တလေး- မူဆယ်သွား ပြည်စုလမ်းမကြီးလမ်းပိုင်း (၄၁)တပ်ဦး ကျောင်းအနီးရှိ ကွေ့အား ယာဉ်အန္တရာယ်ကင်းရှင်းစေရန် လမ်းချဲ့ထွင်လျက်ရှိရာ ဇွန်လ ဒုတိယ ပတ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း လားရှိုးမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ သိရှိရသည်။
.
အဆိုပါ နေရာသည် မျက်ကွယ်ဖြစ်ကာ ယာဉ်မတော်တဆမှုအဖြစ်များခြင်းကြောင့် လက်ရှိတွင် ကျောက်ဆောင်များ၊ သစ်ပင်ကြီးများကို ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
.
“မကြာခင်ပြီးတော့မှာပါ။ ဒီတစ်ပတ်လောက်ဆို ပြီးပါပြီ။ လမ်းချဲ့ရာမှာ ပါသွားတဲ့ အုတ်တံတိုင်းတွေကို ပြန် လုပ်ပေးနေပါတယ်။ ကတ္တရာခင်းနေပါပြီ။” ဟု လားရှိုးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးအာကာလင်းက ပြောသည်။
.
အဆိုပါ လမ်းရှိ အရှည် ၁၄၀၀ ကို အကျယ် ၄၈ ပေ လမ်းအဖြစ်ချဲ့ခဲ့ပြီး လမ်းနှင့် မလွတ်သည့်အရာများကို ဖယ်ရှားရှင်းလင်းကာ အုတ်တံတိုင်းများကိုလည်း ပြန်လည်ကာရံပေးခဲ့ကြောင်း သိရသည်။
.
“ဒီလမ်းကြီးကောင်းသွားတာ ပြည်ထောင်စုလမ်းကြီးအပြင် ကျွန်တော်တို့ ရပ်ကွက်(၄)နဲ့ ရပ်ကွက်(၁)ကို သွား လာဖို့လည်း အရမ်းအဆင်ပြေသွားပါတယ်။ အခုလို လုပ်လိုက်တော့ လမ်းကြီးက အကျယ်ကြီးဖြစ်သွားတယ်။ ဒါမှ ယာဉ်တိုက်မှုဖြစ်ရင်လည်း ကိုယ်ဟာကိုသာ ခံကြတော့လို့ ပြောချင်ပါတယ်။” ဟု ရပ်ကွက်(၁) ကျောက် တောင်မှ ဦးသူရဦးက ပြောသည်။
.
ယင်းလမ်းအား လမ်းဦးစီးဌာနမှ ဦးစီးကာ အိုရီယမ်တယ်ဟိုက်ဝေးကုမ္ပဏီမှ တာဝန်ယူ၍ AC နိုင်လွန်ကတ္တရာ လမ်းခင်းသွားခြင်း၊ လမ်းချဲ့ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၃ ရက်က စတင်လုပ်ဆောင် နေခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats