အင္းေလးတြင္ ေဆာင္ရြက္မည့္ ဟုိတယ္စီမံကိန္းအား သမၼတ႐ုံးက ခြင့္မျပဳ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, June 21, 2019

အင္းေလးတြင္ ေဆာင္ရြက္မည့္ ဟုိတယ္စီမံကိန္းအား သမၼတ႐ုံးက ခြင့္မျပဳ


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ေညာင္ ေရႊၿမိဳ႕နယ္၊ အင္းေလးကန္ အတြင္းရွိ ေျမဧက ၉ဝ တြင္ ဗိုလ္ခ်ဳပ္မွဴးႀကီး ေဟာင္း ဦးသန္းေရႊ၏ သားျဖစ္သူ ဦးထြန္းႏိုင္ေရႊ ပိုင္ဆိုင္သည့္ Myanmar Naing Group ကုမၸဏီမွ တည္ ေဆာက္မည့္ ဟိုတယ္စီမံကိန္းကို ေဒသခံမ်ား ကန္႔ကြက္သျဖင့္ ခြင့္ျပဳ ေတာ့မည္ မဟုတ္ေၾကာင္း သမၼတ႐ုံး ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ဇြန္လ ၁ဝ ရက္တြင္ မီဒီယာမ်ားသို႔ ေျပာဆိုခဲ့သည္။
.
.
အင္းေလးကန္ ေဒသအတြင္းရွိ မုိင္းေသာက္ေက်းရြာအုပ္စု၊ သၾကား စက္ကြင္းအတြင္း ေျမဧရိယာ ၉ဝ ေပၚတြင္ အဆိုပါ ကုမၸဏီမွ ဟိုတယ္ တည္ေဆာက္ရန္ ၂ဝ၁၈ ခုႏွစ္၊ ေအာက္တိုဘာလက ေျမအသံုးခ်မႈ ေလွ်ာက္ထားစဥ္က ေဒသခံမ်ားမွ လက္မွတ္ထိုး ကန္႔ကြက္ခဲ့မႈေၾကာင့္ ယာယီ ရပ္နားထားခဲ့ၿပီး စီမံကိန္း ဆက္လက္ လုပ္ေဆာင္ရန္ ေျမလြတ္ေျမ႐ိုင္း ေလွ်ာက္ထားမႈကို ကန္႔ကြက္ေၾကာင္းႏွင့္ ယင္းေျမေနရာအား သဘာဝေဘးမဲ့ေတာအျဖစ္ ျပန္လည္ သတ္မွတ္ေပးရန္ ေညာင္ေရႊၿမိဳ႕နယ္၊ နန္းသဲေက်းရြာမွ ဦးထိန္လြင္ပါ ေဒသခံျပည္သူမ်ားက ႏုိင္ငံေတာ သမၼတ႐ုံးသို႔ တင္ျပလာသျဖင့္ သက္ဆုိင္သည့္ ဌာန ၃ ခု ျဖစ္ေသာ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာနႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕တို႔ထံ သေဘာ ထားမွတ္ခ်က္ ေတာင္းခံခဲ့ရာ ယင္းဌာနမ်ားမွ စီမံကိန္းကို သေဘာမတူ ေၾကာင္း အေၾကာင္းျပန္ၾကားခဲ့သည္ ဟု သိရသည္။
.
''ဝန္ႀကီးဌာန ၂ ခုနဲ႔ ျပည္နယ္ အစိုးရရဲ႕ တင္ျပခ်က္ကေတာ့ မလုပ္သင့္ဘူး။ ခြင့္မျပဳဘူးဆိုတာ ေျပာထားတယ္။ ဒီသေဘာထားအေပၚမွာ မူတည္ၿပီးေတာ့ဆိုရင္ ခြင့္ျပဳရမွာ မဟုတ္ပါဘူး''ဟု သမၼတ႐ုံး ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက မီဒီယာမ်ားႏွင့္ ေတြ႕ဆံုစဥ္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
.
အင္းေလးကန္ကို ၁၉၈၅ ခုႏွစ္မွ စတင္၍ ေတာ႐ိုင္း တိရစၧာန္ ေဘးမဲ့ေတာအျဖစ္ ဖြဲ႕စည္းထားခဲ့ေသာ္လည္း ၂ဝ၁၁ ခုႏွစ္တြင္ ယင္းေဘးမဲ့ေတာမွ ဧက ၉ဝ ကို ပယ္ဖ်က္၍ စီးပြားေရး လုပ္ငန္းရွင္ တစ္ဦးထံသို႔ ေပးအပ္ခဲ့သည္ဟု သစ္ေတာဦးစီးဌာန၊ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ ညီညီေက်ာ္က ေျပာဆိုခဲ့သည္။
.
သို႔ေသာ္ ယင္းလုပ္ငန္းရွင္အေနျဖင့္ ထိုစဥ္က လုပ္ပိုင္ခြင့္ ရရွိခဲ့ေသာ္လည္း မည္သည့္ စီမံကိန္းမွ်ေဆာင္ ရြက္ႏုိင္ျခင္း မရွိသျဖင့္ ယခုအစိုးရ လက္ထက္တြင္ လုပ္ပိုင္ခြင့္ေလွ်ာက္ ထားခဲ့သည့္အေပၚ ေဒသခံ ၄ဝဝဝ ေက်ာ္၏ လက္မွတ္ေရးထိုး ကန္႔ကြက္မႈကို ရင္ဆုိင္ခဲ့ရျခင္း ျဖစ္သည္။
.
''သတ္မွတ္ခ်က္အရ ၃ ႏွစ္အတြင္း စီမံကိန္း မလုပ္တာ။ ၿပီးေတာ့ ဟိုတယ္ဇုန္မွာ ဟိုတယ္ ၁၂ လံုးက ကမ္းေျခမွာ လုပ္တာကိုက အင္းေလးကန္ထိခိုက္ေနပါၿပီ။ ၿပီးေတာ့ အင္းေလးရဲ႕အသက္ ကြၽန္းေမ်ာေတြ အသက္ဆက္ရွင္ဖို႔ ဒါေတြေၾကာင့္ ေဒသခံေတြက ကန္႕ကြက္တာပါ''ဟု အင္းအမ်ိဳးသား အဖြဲ႕ခ်ဳပ္ပါတီ (ေလွ်ာက္ထားဆဲ)၏ ဥကၠဌျဖစ္သူ ဦး ေအာင္ၾကည္ဝင္းက ကေမၻာဇတုိင္းသို႔ ေျပာသည္။
.
ကုမၸဏီဘက္မွ ဟိုတယ္စီမံကိန္း ကို ေထာက္ခံေၾကာင္း ေဒသခံ ၁ ေသာင္းခြဲ၏ လက္မွတ္ရရွိရန္ ျပန္လည္ႀကိဳးစား ခဲ့ၿပီး အင္းေလးကန္ေဒသေက်းရြာအုပ္စု ၁၂ အုပ္စုမွ ေက်း ရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးမ်ား၏လက္ မွတ္ႏွင့္ ေထာက္ခံေၾကာင္း ရယူကာ သက္ဆုိင္ရာသို႔ တင္ျပခဲ့ေသာ္လည္း ေထာက္ခံသူမ်ားက အင္းေလးကန္ ပ်က္စီး ယိုယြင္းမႈ ထိခုိက္မႈ မရွိပါက စီမံကိန္းကို ေထာက္ခံေၾကာင္း လက္ မွတ္ေရးထိုးေပးခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာၾကားခဲ့သည္။
.
ရွမ္းျပည္နယ္ အစိုးရကလည္း ယင္းေျမဧက ၉ဝ ကို ေဘးမဲ့ေတာ အျဖစ္ ျပန္လည္သတ္မွတ္ေပးရန္ ေထာက္ခံခဲ့ၿပီး ဟိုတယ္ႏွင့္ ခရီးသြား လာေရး ဝန္ႀကီးဌာနကလည္း ဟိုတယ္ေဆာက္လုပ္မႈကို ခြင့္မျပဳေၾကာင္း လုပ္ငန္းရွင္ထံ အေၾကာင္း ျပန္ခဲ့ၿပီး ျဖစ္သည္ဟု သိရသည္။
.
''ဒါနဲ႔ ပတ္သက္ၿပီးေတာ့ သဘာဝပတ္ဝန္းက်င္ အေျချပဳ Eco-Tourism လုပ္ငန္းေတြ ေဆာင္ရြက္ဖို႔ ကုမၸဏီရဲ႕ တင္ျပခ်က္အေပၚ ရွမ္းျပည္နယ္ အစုိးရအဖြဲ႕ကေနၿပီးေတာ့ သက္ဆုိင္ရာ ကုမၸဏီကို ျပည္ေထာင္စု အစိုးရအဖြဲ႕၊ ေဒသခံေတြရဲ႕ ေထာက္ခံခ်က္နဲ႔သာ ေဆာင္ရြက္သင့္ေၾကာင္း အသိေပး ရွင္းလင္းသြားဖို႔ အေၾကာင္းၾကားထားၿပီး ျဖစ္တယ္''ဟု သမၼတ႐ုံးၫႊန္ ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာဆိုခဲ့သည္။
.
အင်းလေးတွင် ဆောင်ရွက်မည့် ဟိုတယ်စီမံကိန်းအား သမ္မတရုံးက ခွင့်မပြု
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင် ရွှေမြို့နယ်၊ အင်းလေးကန် အတွင်းရှိ မြေဧက ၉ဝ တွင် ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေ၏ သားဖြစ်သူ ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်သည့် Myanmar Naing Group ကုမ္ပဏီမှ တည် ဆောက်မည့် ဟိုတယ်စီမံကိန်းကို ဒေသခံများ ကန့်ကွက်သဖြင့် ခွင့်ပြု တော့မည် မဟုတ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇွန်လ ၁ဝ ရက်တွင် မီဒီယာများသို့ ပြောဆိုခဲ့သည်။
.
အင်းလေးကန် ဒေသအတွင်းရှိ မိုင်းသောက်ကျေးရွာအုပ်စု၊ သကြား စက်ကွင်းအတွင်း မြေဧရိယာ ၉ဝ ပေါ်တွင် အဆိုပါ ကုမ္ပဏီမှ ဟိုတယ် တည်ဆောက်ရန် ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလက မြေအသုံးချမှု လျှောက်ထားစဉ်က ဒေသခံများမှ လက်မှတ်ထိုး ကန့်ကွက်ခဲ့မှုကြောင့် ယာယီ ရပ်နားထားခဲ့ပြီး စီမံကိန်း ဆက်လက် လုပ်ဆောင်ရန် မြေလွတ်မြေရိုင်း လျှောက်ထားမှုကို ကန့်ကွက်ကြောင်းနှင့် ယင်းမြေနေရာအား သဘာဝဘေးမဲ့တောအဖြစ် ပြန်လည် သတ်မှတ်ပေးရန် ညောင်ရွှေမြို့နယ်၊ နန်းသဲကျေးရွာမှ ဦးထိန်လွင်ပါ ဒေသခံပြည်သူများက နိုင်ငံတော သမ္မတရုံးသို့ တင်ပြလာသဖြင့် သက်ဆိုင်သည့် ဌာန ၃ ခု ဖြစ်သော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ထံ သဘော ထားမှတ်ချက် တောင်းခံခဲ့ရာ ယင်းဌာနများမှ စီမံကိန်းကို သဘောမတူ ကြောင်း အကြောင်းပြန်ကြားခဲ့သည် ဟု သိရသည်။
.
''ဝန်ကြီးဌာန ၂ ခုနဲ့ ပြည်နယ် အစိုးရရဲ့ တင်ပြချက်ကတော့ မလုပ်သင့်ဘူး။ ခွင့်မပြုဘူးဆိုတာ ပြောထားတယ်။ ဒီသဘောထားအပေါ်မှာ မူတည်ပြီးတော့ဆိုရင် ခွင့်ပြုရမှာ မဟုတ်ပါဘူး''ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
.
အင်းလေးကန်ကို ၁၉၈၅ ခုနှစ်မှ စတင်၍ တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောအဖြစ် ဖွဲ့စည်းထားခဲ့သော်လည်း ၂ဝ၁၁ ခုနှစ်တွင် ယင်းဘေးမဲ့တောမှ ဧက ၉ဝ ကို ပယ်ဖျက်၍ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးထံသို့ ပေးအပ်ခဲ့သည်ဟု သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က ပြောဆိုခဲ့သည်။
.
သို့သော် ယင်းလုပ်ငန်းရှင်အနေဖြင့် ထိုစဉ်က လုပ်ပိုင်ခွင့် ရရှိခဲ့သော်လည်း မည်သည့် စီမံကိန်းမျှဆောင် ရွက်နိုင်ခြင်း မရှိသဖြင့် ယခုအစိုးရ လက်ထက်တွင် လုပ်ပိုင်ခွင့်လျှောက် ထားခဲ့သည့်အပေါ် ဒေသခံ ၄ဝဝဝ ကျော်၏ လက်မှတ်ရေးထိုး ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
.
''သတ်မှတ်ချက်အရ ၃ နှစ်အတွင်း စီမံကိန်း မလုပ်တာ။ ပြီးတော့ ဟိုတယ်ဇုန်မှာ ဟိုတယ် ၁၂ လုံးက ကမ်းခြေမှာ လုပ်တာကိုက အင်းလေးကန်ထိခိုက်နေပါပြီ။ ပြီးတော့ အင်းလေးရဲ့အသက် ကျွန်းမျောတွေ အသက်ဆက်ရှင်ဖို့ ဒါတွေကြောင့် ဒေသခံတွေက ကန့်ကွက်တာပါ''ဟု အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ (လျှောက်ထားဆဲ)၏ ဥက္ကဌဖြစ်သူ ဦး အောင်ကြည်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကုမ္ပဏီဘက်မှ ဟိုတယ်စီမံကိန်း ကို ထောက်ခံကြောင်း ဒေသခံ ၁ သောင်းခွဲ၏ လက်မှတ်ရရှိရန် ပြန်လည်ကြိုးစား ခဲ့ပြီး အင်းလေးကန်ဒေသကျေးရွာအုပ်စု ၁၂ အုပ်စုမှ ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏လက် မှတ်နှင့် ထောက်ခံကြောင်း ရယူကာ သက်ဆိုင်ရာသို့ တင်ပြခဲ့သော်လည်း ထောက်ခံသူများက အင်းလေးကန် ပျက်စီး ယိုယွင်းမှု ထိခိုက်မှု မရှိပါက စီမံကိန်းကို ထောက်ခံကြောင်း လက် မှတ်ရေးထိုးပေးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ် အစိုးရကလည်း ယင်းမြေဧက ၉ဝ ကို ဘေးမဲ့တော အဖြစ် ပြန်လည်သတ်မှတ်ပေးရန် ထောက်ခံခဲ့ပြီး ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနကလည်း ဟိုတယ်ဆောက်လုပ်မှုကို ခွင့်မပြုကြောင်း လုပ်ငန်းရှင်ထံ အကြောင်း ပြန်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
.
''ဒါနဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင် အခြေပြု Eco-Tourism လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကုမ္ပဏီရဲ့ တင်ပြချက်အပေါ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ကနေပြီးတော့ သက်ဆိုင်ရာ ကုမ္ပဏီကို ပြည်ထောင်စု အစိုးရအဖွဲ့၊ ဒေသခံတွေရဲ့ ထောက်ခံချက်နဲ့သာ ဆောင်ရွက်သင့်ကြောင်း အသိပေး ရှင်းလင်းသွားဖို့ အကြောင်းကြားထားပြီး ဖြစ်တယ်''ဟု သမ္မတရုံးညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုခဲ့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats