သန္းေပါင္း ၂၁၂ သိန္းေက်ာ္ တန္ဖိုးရွိမူးယစ္ေဆးႏွင့္ ဆက္စပ္ပစၥည္းမ်ားကို မီး႐ိႈ႕ဖ်က္ဆီးမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, June 19, 2019

သန္းေပါင္း ၂၁၂ သိန္းေက်ာ္ တန္ဖိုးရွိမူးယစ္ေဆးႏွင့္ ဆက္စပ္ပစၥည္းမ်ားကို မီး႐ိႈ႕ဖ်က္ဆီးမည္


ရဲရင့္ဇြဲ
.


.
ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕တြင္  ၃၂ႏွစ္ေျမာက္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါး အလြဲသံုးမႈ တိုက္ဖ်က္ ေရးေန႔ အထိမ္းအမွတ္အျဖစ္ ၂ဝ၁၈ ခုႏွစ္၊ ေမလ ၂၅ ရက္မွ ၂ဝ၁၉ ခုႏွစ္၊ ေမလ ၂၄ ရက္အထိ တစ္ႏွစ္တာ အတြင္း ဖမ္းဆီးရမိခဲ့ေသာ ေငြက်ပ္ သန္းေပါင္း ၂၁၂ သိန္းေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးႏွင့္ ဆက္စပ္ပစၥည္း မ်ားကို ဇြန္လ ၂၆ ရက္တြင္ မီး႐ိႈ႕ ဖ်က္ဆီး မည္ျဖစ္ေၾကာင္း သိရသည္။

.
''လာမယ့္ ၂၆ ရက္မွာ မီး႐ိႈ႕ ဖ်က္ဆီးမွာပါ။ စာရင္းကေတာ့ အ တည္ မဟုတ္ေသးဘူးေပါ့။ ပစၥည္း ေတြက အပ္ေနတုန္း ရွိေသးတယ္။ လက္ရွိစာရင္းထက္ ထပ္တိုးလာႏိုင္ ေသးတယ္။ မူးယစ္ေဆးသမားဆို တာက အရမ္းကို လွ်ိဳ႕ဝွက္ၿပီးေတာ့ ကြန္ရက္က က်ယ္ျပန္႔တဲ့အခါက် ေတာ့ ဖမ္းဆီးရတာ အခက္အခဲေတာ့ ရွိတာေပါ့။ အဓိကကေတာ့ သတင္း ရရွိဖို႔ပါ။ ျပည္သူလူထုေတြ ပူးေပါင္း ပါဝင္ဖို႔လည္း လိုအပ္ပါတယ္''ဟု ရဲ မွဴးခ်ဳပ္ ေဇာ္ခင္ေအာင္က ကေမၻာဇ တိုင္းသို႔ ေျပာသည္။
.
၃၂ ႏွစ္ေျမာက္ အျပည္ျပည္ဆိုင္ ရာ မူးယစ္ေဆးဝါး အလြဲသံုးမႈ၊ တိုက္ ဖ်က္ေရးေန႔ အထိမ္းအမွတ္ အျဖစ္ ဖမ္းဆီးရမိ မူးယစ္ေဆးဝါးမ်ားႏွင့္ ဆက္စပ္ ဓာတုပစၥည္းမ်ား မီး႐ႈိ႕ဖ်က္ ဆီးပြဲ အခမ္းအနားတြင္ မီး႐ိႈ႕ဖ်က္ ဆီးမည့္ မူးယစ္ေဆးဝါးမ်ားမွာ တန္ ဖိုး ေငြက်ပ္ ၂၁၂၃၃၅၂၇ဝ၅၆၄ ျဖစ္ ေၾကာင္း သိရသည္။
.
ယင္းဖမ္းဆီးရမိခဲ့သည့္ မူးယစ္ ေဆးဝါးမ်ားတြင္ စိတ္ၾ<ြကေဆးျပား အမ်ားဆံုး ပါဝင္ကာ ေဆးျပား အ ေရအတြက္ ၄၆၂၂၃၄၈၆ ျပားရွိၿပီး တန္ဖိုးေငြ က်ပ္သန္းေပါင္း ၁၃ဝဝဝဝ ေက်ာ္ ရွိေၾကာင္း သိရသည္။
.
အဆိုပါ ဖမ္းဆီးရမိခဲ့ေသာ မူး ယစ္ေဆးဝါးမ်ားႏွင့္ ဆက္စပ္ ဓာတု ပစၥည္းမ်ားကို ရွမ္းျပည္နယ္ေျမာက္ ပိုင္းတြင္ အမ်ားဆံုး ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
.
မီး႐ိႈ႕ဖ်က္ဆီးမည့္ မူးယစ္ေဆး ဝါးစာရင္းမ်ားမွာ ဇြန္လ ၁၄ ရက္ က ျပဳလုပ္ထားသည့္စာရင္းျဖစ္ၿပီး အပ္ႏွံေနဆဲ ကာလျဖစ္သည့္အတြက္ ထပ္တိုးလာႏိုင္ေသးေၾကာင္း သိရ သည္။
.
သန်းပေါင်း ၂၁၂ သိန်းကျော် တန်ဖိုးရှိမူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးမည်
.
ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်  ၃၂နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အဖြစ် ၂ဝ၁၈ ခုနှစ်၊ မေလ ၂၅ ရက်မှ ၂ဝ၁၉ ခုနှစ်၊ မေလ ၂၄ ရက်အထိ တစ်နှစ်တာ အတွင်း ဖမ်းဆီးရမိခဲ့သော ငွေကျပ် သန်းပေါင်း ၂၁၂ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း များကို ဇွန်လ ၂၆ ရက်တွင် မီးရှို့ ဖျက်ဆီး မည်ဖြစ်ကြောင်း သိရသည်။
.
''လာမယ့် ၂၆ ရက်မှာ မီးရှို့ ဖျက်ဆီးမှာပါ။ စာရင်းကတော့ အ တည် မဟုတ်သေးဘူးပေါ့။ ပစ္စည်း တွေက အပ်နေတုန်း ရှိသေးတယ်။ လက်ရှိစာရင်းထက် ထပ်တိုးလာနိုင် သေးတယ်။ မူးယစ်ဆေးသမားဆို တာက အရမ်းကို လျှို့ဝှက်ပြီးတော့ ကွန်ရက်က ကျယ်ပြန့်တဲ့အခါကျ တော့ ဖမ်းဆီးရတာ အခက်အခဲတော့ ရှိတာပေါ့။ အဓိကကတော့ သတင်း ရရှိဖို့ပါ။ ပြည်သူလူထုတွေ ပူးပေါင်း ပါဝင်ဖို့လည်း လိုအပ်ပါတယ်''ဟု ရဲ မှူးချုပ် ဇော်ခင်အောင်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
၃၂ နှစ်မြောက် အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု၊ တိုက် ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ဓာတုပစ္စည်းများ မီးရှို့ဖျက် ဆီးပွဲ အခမ်းအနားတွင် မီးရှို့ဖျက် ဆီးမည့် မူးယစ်ဆေးဝါးများမှာ တန် ဖိုး ငွေကျပ် ၂၁၂၃၃၅၂ရဝ၅၆၄ ဖြစ် ကြောင်း သိရသည်။
.
ယင်းဖမ်းဆီးရမိခဲ့သည့် မူးယစ် ဆေးဝါးများတွင် စိတ်ြ<ွကဆေးပြား အများဆုံး ပါဝင်ကာ ဆေးပြား အ ရေအတွက် ၄၆၂၂၃၄၈၆ ပြားရှိပြီး တန်ဖိုးငွေ ကျပ်သန်းပေါင်း ၁၃ဝဝဝဝ ကျော် ရှိကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိခဲ့သော မူး ယစ်ဆေးဝါးများနှင့် ဆက်စပ် ဓာတု ပစ္စည်းများကို ရှမ်းပြည်နယ်မြောက် ပိုင်းတွင် အများဆုံး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေး ဝါးစာရင်းများမှာ ဇွန်လ ၁၄ ရက် က ပြုလုပ်ထားသည့်စာရင်းဖြစ်ပြီး အပ်နှံနေဆဲ ကာလဖြစ်သည့်အတွက် ထပ်တိုးလာနိုင်သေးကြောင်း သိရ သည်။
.

No comments:

Post a Comment