ေညာင္ေရႊမွ စိုက္ပ်ိဳးေျမမ်ားကို သစ္ေတာေျမအျဖစ္ သတ္မွတ္ခံရမႈကုိ ျပန္လည္ပယ္ဖ်က္ေပးရန္ ျပည္ေထာင္စု အစိုးရသို႔ တင္ျပသြားမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, June 12, 2019

ေညာင္ေရႊမွ စိုက္ပ်ိဳးေျမမ်ားကို သစ္ေတာေျမအျဖစ္ သတ္မွတ္ခံရမႈကုိ ျပန္လည္ပယ္ဖ်က္ေပးရန္ ျပည္ေထာင္စု အစိုးရသို႔ တင္ျပသြားမည္


ရဲရင့္ဇြဲ
.
ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ေညာင္ေရႊၿမိဳ႕နယ္၊ အင္းေလးကန္ေဒသရွိ စိုက္ပ်ိဳးေျမမ်ားအား သစ္ေတာေျမႏွင့္ ကြ်န္းပင္ကာကြယ္ေတာအျဖစ္ သတ္မွတ္ခံရမႈမ်ားကို ျပန္ လည္ပယ္ဖ်က္ေပးရန္ ေဒသခံမ်ားက ျပည္ေထာင္စု အစိုးရထံသို႔ တင္ျပေတာင္းဆိုသြားမည္ျဖစ္ေၾကာင္း သိရသည္။
.
.
''အဲဒီေျမေတြက အရင္တုန္းက ေတာင္သူေတြ စိုက္ပ်ိဳးေနတဲ့ေျမပါ။ သစ္ေတာေျမမဟုတ္ဘူး။ သစ္ေတာက ႀကိဳးဝိုင္း ဖြဲ႕လိုက္ေတာ့ အဲဒီမွာ စိုက္ပ်ိဳးေျမေတြ ပါသြားတာ။ တခ်ိဳ႕ ဦးပိုင္ေပါက္တဲ့ေျမေတြပါ ပါသြားတယ္။ အင္း အေနာက္ဘက္ျခမ္းက ကြၽန္းပင္ကာကြယ္ေတာထဲ ပါသြားတဲ့ လယ္ေျမေတြကိုေတာ့ ပံုစံ (၇) ျပန္ ထုတ္ေပးတယ္။ ယာေျမေတြကိုက်ေတာ့ မထုတ္ေပးဘူး။ ဦးပိုင္ေပါက္ ၿပီးသား ေျမဆိုတာ သစ္ေတာေျမ မဟုတ္ဘူး။ ေျမစာရင္းနဲ႔ လဝက ေအာက္က ဥပေဒအတိုင္း သြားရမွာ။ ဒါေပမဲ့ လမ္းအေနာက္ဘက္ ျခမ္းက ဧက ၅ဝဝဝ ကို ကြၽန္းပင္ ကာကြယ္ေတာလို႔ သတ္မွတ္လိုက္ေတာ့ ဦးပိုင္ရွိတာေတြေရာ မရွိတာေတြေရာဓားမဦး ခ်ေျမေတြေရာ ပါသြားတယ္။ အင္း အေရွ႕ျခမ္းကလည္း အဲဒီလိုျဖစ္ သြားတယ္။ အဲဒါေၾကာင့္ စိုက္ပ်ိဳးေျမ ေတြကို သစ္ေတာေျမ သတ္မွတ္ခံ ရမႈကေန ျပန္လည္ပယ္ဖ်က္ေပးဖို႔ ျပည္ေထာင္စုအစိုးရကိုတင္ျပ ေတာင္းဆိုသြားမွာပါ''ဟု ေတာင္သူ မ်ားကိုယ္စား တင္ျပေတာင္းဆိုမည့္ ကိုဝင္းႏိုင္စိုးက ေျပာၾကားခဲ့သည္။
.
သစ္ေတာေျမအျဖစ္ သတ္မွတ္ ခံရမႈမ်ားတြင္ ေတာင္သူ ၇ဝဝ ဦးခန္႔၏ စိုက္ပ်ိဳးေျမမ်ား ပါဝင္သြားၿပီးေနာက္ သစ္ေတာေျမအျဖစ္မွ ျပန္လည္ပယ္ ဖ်က္ေပးရန္ ေတာင္းဆိုသြားမည္ျဖစ္ ကာ အင္းေလးကန္အား ထိန္းသိမ္း ေစာင့္ေရွာက္ရန္အတြက္ ပယ္ဖ်က္၍ မရပါကလည္း အစုအဖြဲ႕ပိုင္သစ္ေတာ အျဖစ္သတ္မွတ္ေပးရန္ ေတာင္းဆို သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
ထို႔အတူ  အင္းေလးကန္စိမ္းလန္း စိုေျပေရးဇုန္ႏွင့္ အင္းေလးကန္ေက်း ငွက္ေဘးမဲ့ေတာအျဖစ္ သတ္မွတ္ ခံရသည့္အထဲ၌ ပါဝင္သြားသည့္ စိုက္ပ်ိဳးေျမမ်ားကိုလည္း လယ္ေျမ မ်ားကိုသာ ပံုစံ(၇)ထုတ္ေပးၿပီး ယာ ေျမမ်ားကို ပံုစံ(၇)ထုတ္ေပးျခင္းမရွိ သည့္အတြက္ ယင္းဇုန္ေျမအျဖစ္မွ ျပန္လည္ပယ္ဖ်က္ေပးရန္အတြက္ ကိုလည္း ပူးတြဲတင္ျပသြားမည္ျဖစ္ ကာ ယင္းဇုန္ေျမအျဖစ္သတ္မွတ္ခံ ရမႈတြင္ ေတာင္သူ ၁ဝဝဝ ဦးခန္႔၏ စိုက္ပ်ိဳးေျမမ်ား ပါဝင္သြားေၾကာင္း ကိုလည္း သိရသည္။
.
''အင္းစိမ္းနဲ႔ ေက်းငွက္ေဘးမဲ့ ဇုန္အျဖစ္ သတ္မွတ္ခံရမႈမွာ ေတာင္ သူ ၁ဝဝဝ ေက်ာ္ရဲ႕ စိုက္ပ်ိဳးေျမေတြ ပါသြားတယ္။ အဲဒါကိုလည္း ပယ္ဖ်က္ေပးဖို႔တင္ျပေတာင္းဆိုမွာပါ။ မျဖစ္ မေန ကာကြယ္ရမယ့္ေျမ၊ ပယ္ဖ်က္ လို႔မရတဲ့ ေျမေတြကိုေတာ့ ပယ္ဖ်က္ခြင့္ေတာင္းမွာမဟုတ္ပါဘူး။ ဇုန္နဲ႔ ေဝးလံတဲ့ စိုက္ပ်ိဳးေျမေတြကိုပဲ  ပယ္ဖ်က္ေပးဖို႔ ေတာင္းဆိုမွာပါ။''ဟု ၎က ဆက္လက္ေျပာၾကားခဲ့သည္။
.
ယင္းအင္းေလးေဒသတြင္ သစ္ ေတာေျမ၊ ကြ်န္းပင္ကာကြယ္ေတာ၊ အင္းေလးကန္ စိမ္းလန္းစိုေျပေရး ဇုန္ႏွင့္ အင္းေလးကန္ေက်းငွက္ ေဘးမဲ့ေတာအျဖစ္ သတ္မွတ္ခံထား ရသည့္ စိုက္ပိ်ဳးေျမမ်ားအတြင္းမွ ေညာင္ေရႊၿမိဳ႕ရွိ ေက်းရြာ ၂၆၂ ရြာ ႏွင့္ ပင္ေလာင္း၊ ဖယ္ခံုၿမိဳ႕နယ္ရွိ ေက်း ရြာ ၂ဝ တို႔ရွိ စိုက္ပ်ိဳးေျမမ်ားအား ျပန္ လည္ပယ္ဖ်က္ေပး ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
.
ညောင်ရွှေမှ စိုက်ပျိုးမြေများကို သစ်တောမြေအဖြစ် သတ်မှတ်ခံရမှုကို ပြန်လည်ပယ်ဖျက်ပေးရန် ပြည်ထောင်စု အစိုးရသို့ တင်ပြသွားမည်
.
ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသရှိ စိုက်ပျိုးမြေများအား သစ်တောမြေနှင့် ကျွန်းပင်ကာကွယ်တောအဖြစ် သတ်မှတ်ခံရမှုများကို ပြန် လည်ပယ်ဖျက်ပေးရန် ဒေသခံများက ပြည်ထောင်စု အစိုးရထံသို့ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
.
''အဲဒီမြေတွေက အရင်တုန်းက တောင်သူတွေ စိုက်ပျိုးနေတဲ့မြေပါ။ သစ်တောမြေမဟုတ်ဘူး။ သစ်တောက ကြိုးဝိုင်း ဖွဲ့လိုက်တော့ အဲဒီမှာ စိုက်ပျိုးမြေတွေ ပါသွားတာ။ တချို့ ဦးပိုင်ပေါက်တဲ့မြေတွေပါ ပါသွားတယ်။ အင်း အနောက်ဘက်ခြမ်းက ကျွန်းပင်ကာကွယ်တောထဲ ပါသွားတဲ့ လယ်မြေတွေကိုတော့ ပုံစံ (၇) ပြန် ထုတ်ပေးတယ်။ ယာမြေတွေကိုကျတော့ မထုတ်ပေးဘူး။ ဦးပိုင်ပေါက် ပြီးသား မြေဆိုတာ သစ်တောမြေ မဟုတ်ဘူး။ မြေစာရင်းနဲ့ လဝက အောက်က ဥပဒေအတိုင်း သွားရမှာ။ ဒါပေမဲ့ လမ်းအနောက်ဘက် ခြမ်းက ဧက ၅ဝဝဝ ကို ကျွန်းပင် ကာကွယ်တောလို့ သတ်မှတ်လိုက်တော့ ဦးပိုင်ရှိတာတွေရော မရှိတာတွေရောဓားမဦး ချမြေတွေရော ပါသွားတယ်။ အင်း အရှေ့ခြမ်းကလည်း အဲဒီလိုဖြစ် သွားတယ်။ အဲဒါကြောင့် စိုက်ပျိုးမြေ တွေကို သစ်တောမြေ သတ်မှတ်ခံ ရမှုကနေ ပြန်လည်ပယ်ဖျက်ပေးဖို့ ပြည်ထောင်စုအစိုးရကိုတင်ပြ တောင်းဆိုသွားမှာပါ''ဟု တောင်သူ များကိုယ်စား တင်ပြတောင်းဆိုမည့် ကိုဝင်းနိုင်စိုးက ပြောကြားခဲ့သည်။
.
သစ်တောမြေအဖြစ် သတ်မှတ် ခံရမှုများတွင် တောင်သူ ရဝဝ ဦးခန့်၏ စိုက်ပျိုးမြေများ ပါဝင်သွားပြီးနောက် သစ်တောမြေအဖြစ်မှ ပြန်လည်ပယ် ဖျက်ပေးရန် တောင်းဆိုသွားမည်ဖြစ် ကာ အင်းလေးကန်အား ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် ပယ်ဖျက်၍ မရပါကလည်း အစုအဖွဲ့ပိုင်သစ်တော အဖြစ်သတ်မှတ်ပေးရန် တောင်းဆို သွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ  အင်းလေးကန်စိမ်းလန်း စိုပြေရေးဇုန်နှင့် အင်းလေးကန်ကျေး ငှက်ဘေးမဲ့တောအဖြစ် သတ်မှတ် ခံရသည့်အထဲ၌ ပါဝင်သွားသည့် စိုက်ပျိုးမြေများကိုလည်း လယ်မြေ များကိုသာ ပုံစံ(၇)ထုတ်ပေးပြီး ယာ မြေများကို ပုံစံ(၇)ထုတ်ပေးခြင်းမရှိ သည့်အတွက် ယင်းဇုန်မြေအဖြစ်မှ ပြန်လည်ပယ်ဖျက်ပေးရန်အတွက် ကိုလည်း ပူးတွဲတင်ပြသွားမည်ဖြစ် ကာ ယင်းဇုန်မြေအဖြစ်သတ်မှတ်ခံ ရမှုတွင် တောင်သူ ၁ဝဝဝ ဦးခန့်၏ စိုက်ပျိုးမြေများ ပါဝင်သွားကြောင်း ကိုလည်း သိရသည်။
.
''အင်းစိမ်းနဲ့ ကျေးငှက်ဘေးမဲ့ ဇုန်အဖြစ် သတ်မှတ်ခံရမှုမှာ တောင် သူ ၁ဝဝဝ ကျော်ရဲ့ စိုက်ပျိုးမြေတွေ ပါသွားတယ်။ အဲဒါကိုလည်း ပယ်ဖျက်ပေးဖို့တင်ပြတောင်းဆိုမှာပါ။ မဖြစ် မနေ ကာကွယ်ရမယ့်မြေ၊ ပယ်ဖျက် လို့မရတဲ့ မြေတွေကိုတော့ ပယ်ဖျက်ခွင့်တောင်းမှာမဟုတ်ပါဘူး။ ဇုန်နဲ့ ဝေးလံတဲ့ စိုက်ပျိုးမြေတွေကိုပဲ  ပယ်ဖျက်ပေးဖို့ တောင်းဆိုမှာပါ။''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
ယင်းအင်းလေးဒေသတွင် သစ် တောမြေ၊ ကျွန်းပင်ကာကွယ်တော၊ အင်းလေးကန် စိမ်းလန်းစိုပြေရေး ဇုန်နှင့် အင်းလေးကန်ကျေးငှက် ဘေးမဲ့တောအဖြစ် သတ်မှတ်ခံထား ရသည့် စိုက်ပျိုးမြေများအတွင်းမှ ညောင်ရွှေမြို့ရှိ ကျေးရွာ ၂၆၂ ရွာ နှင့် ပင်လောင်း၊ ဖယ်ခုံမြို့နယ်ရှိ ကျေး ရွာ ၂ဝ တို့ရှိ စိုက်ပျိုးမြေများအား ပြန် လည်ပယ်ဖျက်ပေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment