တာခ်ီလိတ္၊ မယ္ယန္းပူးေပါင္းဂိတ္တြင္ တရားမဝင္သယ္ေဆာင္လာေသာ စက္ေသနတ္ႀကီးသုံး က်ည္ေတာင့္ ၄၀၀ နီးပါး ဖမ္းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, June 20, 2019

တာခ်ီလိတ္၊ မယ္ယန္းပူးေပါင္းဂိတ္တြင္ တရားမဝင္သယ္ေဆာင္လာေသာ စက္ေသနတ္ႀကီးသုံး က်ည္ေတာင့္ ၄၀၀ နီးပါး ဖမ္းမိ


မိုင္းေမာ (ႀတိဂံနယ္ေျမ)
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ မယ္ယန္းစစ္ေဆးေရးဂိတ္တြင္ ဇြန္လ ၂၀ ရက္၊ ေန႔လယ္ပိုင္းက ထိုင္းႏိုင္ငံမွ တရားမဝင္ သယ္ေဆာင္လာေသာ ပြိဳင့္ ၅ စက္ေသနတ္ႀကီးသံုး က်ည္ေတာင့္ ၃၉၇ ေတာင့္အား သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
.
.
နယ္စပ္ကုန္သြယ္ေရးရဲတပ္ဖြဲ႕မွ ဒုရဲမွဴး ေအာင္ျမင့္ထြန္း ဦးစီးအဖြဲ႕၊ တာခ်ီလိတ္တပ္နယ္မွ ဗိုလ္ဉာဏ္လင္းေက်ာ္ ဦးစီးအဖြဲ႕၊ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၊ တပ္ဖြဲ႕စု(၃ဝ)တာခ်ီလိတ္မွ ရဲအုပ္စိုးေအာင္ ဦးစီးအဖြဲ႕၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းရဲအရာခံ ေက်ာ္ေဇယ် ဦးစီးအဖြဲ႕တို႔ ပါဝင္ ေသာ ပူးေပါင္းအဖြဲ႕သည္ ဇြန္လ ၂၀ ရက္၊ ေန႔လယ္ ၁၂ နာရီခန္႔တြင္ သက္ေသမ်ားႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕၊ မယ္ယန္းစစ္ေဆးေရးဂိတ္တြင္ တာခ်ီလိတ္ မွ မိုင္းေယာင္းဘက္သို႔ သြားေရာက္မည့္ ယာဥ္ေမာင္း ဦးဆမ္ပ်န္း (၄၀ ႏွစ္)၊ တိလက္ရြာ၊ ရပ္ကြက္ (၁)၊ မိုင္းလားၿမိဳ႕ ေနသူ ေမာင္းႏွင္လာသည့္ Probox အမ်ိဳးအစား ယာဥ္အား ရပ္တန္႔စစ္ေဆးရာ စကၠဴဖာအတြင္း သိုဝွက္ သယ္ေဆာင္လာေသာ ပြိဳင့္ ၅ စက္ေသနတ္ႀကီး က်ည္ ၃၉၇ ေတာင့္အား ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
''က်ည္ေတြကို ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ေခ်ာင္းအနီးက ယူေဆာင္လာၿပီး ျမန္မာ-ထိုင္းအမွတ္(၁)ခ်စ္ၾကည္ေရးတံတား ကေန သိုဝွက္သယ္ေဆာင္လာခဲ့တာပါ။ မိုင္းယန္းၿမိဳ႕၊ အိုက္ပ်င္ေက်းရြာကို ပို႔ေဆာင္သြားမယ္လို႔ ထြက္ဆိုထား ပါတယ္။ သက္ဆိုင္ရာ တပ္နယ္မွာ ေခၚယူစစ္ေဆးတုန္းပါ''ဟု မယ္ယန္းဂိတ္တာဝန္က် ရဲတပ္ဖြဲ႕ဝင္ တစ္ဦးက ေျပာ သည္။
.
သို႔ျဖစ္၍ ေသနတ္က်ည္မ်ားအား တရားမဝင္ သယ္ေဆာင္လာသူ ဦးဆမ္ပ်န္း(၄ဝ ႏွစ္) တိလက္ရြာ၊ ရပ္ကြက္(၁)၊ မိုင္းလားၿမိဳ႕ေနသူအား သက္ဆိုင္ရာ တပ္နယ္မွ စစ္ေဆးၿပီးပါက တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ဥပေဒႏွင့္အညီ အေရးယူေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
တာချီလိတ်၊ မယ်ယန်းပူးပေါင်းဂိတ်တွင် တရားမဝင်သယ်ဆောင်လာသော စက်သေနတ်ကြီးသုံး ကျည်တောင့် ၄၀၀ နီးပါး ဖမ်းမိ
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မယ်ယန်းစစ်ဆေးရေးဂိတ်တွင် ဇွန်လ ၂၀ ရက်၊ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံမှ တရားမဝင် သယ်ဆောင်လာသော ပွိုင့် ၅ စက်သေနတ်ကြီးသုံး ကျည်တောင့် ၃၉၇ တောင့်အား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
နယ်စပ်ကုန်သွယ်ရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်မြင့်ထွန်း ဦးစီးအဖွဲ့၊ တာချီလိတ်တပ်နယ်မှ ဗိုလ်ဉာဏ်လင်းကျော် ဦးစီးအဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ ရဲအုပ်စိုးအောင် ဦးစီးအဖွဲ့၊ တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းရဲအရာခံ ကျော်ဇေယျ ဦးစီးအဖွဲ့တို့ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၀ ရက်၊ နေ့လယ် ၁၂ နာရီခန့်တွင် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ မယ်ယန်းစစ်ဆေးရေးဂိတ်တွင် တာချီလိတ် မှ မိုင်းယောင်းဘက်သို့ သွားရောက်မည့် ယာဉ်မောင်း ဦးဆမ်ပျန်း (၄၀ နှစ်)၊ တိလက်ရွာ၊ ရပ်ကွက် (၁)၊ မိုင်းလားမြို့ နေသူ မောင်းနှင်လာသည့် Probox အမျိုးအစား ယာဉ်အား ရပ်တန့်စစ်ဆေးရာ စက္ကူဖာအတွင်း သိုဝှက် သယ်ဆောင်လာသော ပွိုင့် ၅ စက်သေနတ်ကြီး ကျည် ၃၉၇ တောင့်အား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
''ကျည်တွေကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်ချောင်းအနီးက ယူဆောင်လာပြီး မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတား ကနေ သိုဝှက်သယ်ဆောင်လာခဲ့တာပါ။ မိုင်းယန်းမြို့၊ အိုက်ပျင်ကျေးရွာကို ပို့ဆောင်သွားမယ်လို့ ထွက်ဆိုထား ပါတယ်။ သက်ဆိုင်ရာ တပ်နယ်မှာ ခေါ်ယူစစ်ဆေးတုန်းပါ''ဟု မယ်ယန်းဂိတ်တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြော သည်။
.
သို့ဖြစ်၍ သေနတ်ကျည်များအား တရားမဝင် သယ်ဆောင်လာသူ ဦးဆမ်ပျန်း(၄ဝ နှစ်) တိလက်ရွာ၊ ရပ်ကွက်(၁)၊ မိုင်းလားမြို့နေသူအား သက်ဆိုင်ရာ တပ်နယ်မှ စစ်ဆေးပြီးပါက တာချီလိတ်မြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အရေးယူဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats