အေးသာယာ သာသနာ့လိုဏ်ဂူအတွင်းသို့ ဝင်​ရောက်​သွား​သော လူငယ်​အား ​ရေနစ်​သေဆုံးလျက်​ ပြန်လည်​တွေ့ရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, June 11, 2019



နန်းဝင်းရီ
.
.
 .
.
.
.
.
အေးသာယာ သာသနာ့လိုဏ်ဂူအတွင်းသို့ ဝင်ရောက်သွားသော လူငယ်အား ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိ
.
နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၃) ရပ်ကွက်၊ သာသနာ့ဂူတွင်  ဇွန်လ ၁၀ ရက် ညနေပိုင်းက အရက်မူးပြီး ဂူအတွင်း ဝင်သွားသော လူငယ်အား ယင်းနေ့ ညပိုင်းတွင် ရေနစ်သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
အဆိုပါ လူငယ်သည် အေးသာယာမြို့၊ အမှတ် (၃) ရပ်ကွက်နေ စိုင်းကျော်လင်း (၂၃ နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည် အရက်သေစာ သောက်စားမူးယစ်ပြီး မကြာခဏ စိတ်ဂယောင်ခြောက်ခြား ဖြစ်တတ်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။ ယင်းလူငယ်သည် ဇွန်လ ၁၀ ရက်၊ ညနေ ၃ နာရီခန့်တွင် ဂူအတွင်း ဝင်ရောက်သွားပြီး ည ၇ နာရီ ကျော်သည်အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အတွက် မြို့အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေလူထုမှ ဝိုင်းဝန်းရှာဖွေခဲ့ရာ ည ၉ နာရီခန့်တွင် ဂူအတွင်း သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
"အဲဒီဂူက လေးဘက်ထောက်ဝင်မှ ရတာ။ သူက အရက်မူးတော့ မသွားသင့်တဲ့ နေရာမှာ သွားတယ်ပေါ့။ အဲဒီ ဂူကို လူဝင်လို့မရအောင် ယာယီပိတ်ဖို့တော့ အစီအစဉ်ရှိတယ်။ ဘုန်းကြီးပိုင်တဲ့မြေဆိုတော့ ဘုန်းကြီးနဲ့ တိုင်ပင်ပြီး ဒီလိုနောက်ထပ် မဖြစ်ပွားအောင် အစီအမံတွေ လုပ်သွားပါမယ် "ဟု အေးသာယာနယ်မြေရဲစခန်းမှူး ဒုရဲမှူး အောင်ထွး က ကမ္ဘောဇတိုင်းသို့ပြော သည်။
.
သူက စူးစမ်းရင်းနဲ့ ခြေချော်သွားတယ် ထင်တယ်။ မူးလည်း မူးနေတယ်၊ ဂူလည်း ကျဉ်းတော့ ချော်ပြီး အခန့် မသင့် လို့  ရေမွန်းပြီး သေသွားတာထင်တယ်။ ကျွန်တော်တို့်  ကယ်ဆယ်ရေး ဝင်လုပ်တာတောင်  အောက်ဆီဂျင် မလောက်သလို ခံစားရတယ်။ အသက်ကယ်ကြိုးတွေရော အောက်ဆီဂျင်ဘူးတွေလည်း ပါတယ်။ ရေထဲကို ဆင်းပြီး ပြန်တက်ဖို့က မလွယ်ဘူး"ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။
.
သာသနာ့ဘုန်းကြီးကျောင်းဘေးရှိ လိုဏ်ဂူသည် လူသူသွားလာမှုမရှိဘဲ  ဂူဝင်ပေါက် ကျဉ်းမြောင်းပြီး ၅ ပေ ပတ်လည်ခန့်ရှိကာ မိုးရာသီတွင် ဂူအတွင်းမှ ရေစိမ့်ထွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment