အႏုပညာ လမ္းေၾကာင္းက ၿပိဳင္ပဲြမွာထက္ အမ်ားႀကီး ပိုၿပီး ခက္ခဲပါတယ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, June 12, 2019

အႏုပညာ လမ္းေၾကာင္းက ၿပိဳင္ပဲြမွာထက္ အမ်ားႀကီး ပိုၿပီး ခက္ခဲပါတယ္


ေတးသံရွင္ ဘီလီလမင္းေအး ႏွင့္ ေတြ႕ဆုံ ေမးျမန္းျခင္း
.

Myanmar Idol Season - 2 မွ First Runner Up ျဖစ္သူ ဘီလီလမင္းေအးသည္ အႏုပညာေလာကသို႔ ဝင္ေရာက္လာခဲ့သည္မွာ ယခုဆိုလွ်င္ ၂ ႏွစ္တာ ကာလသို႔ ေရာက္ရွိ ေနၿပီျဖစ္ၿပီး ဂီတေလာကတြင္လည္း ေနရာတစ္ ခုကို ရရွိေနေသာ ေတာင္ႀကီးသူ တစ္ဦးျဖစ္ပါ သည္။
.
ဘီလီလမင္းေအး၏ ဘဝ တစ္စိတ္ တစ္ ေဒသႏွင့္ လတ္တေလာ အႏုပညာလႈပ္ရွားမႈ အေျခအေနမ်ားကို ကေမၻာဇတိုင္းမွ ဆက္သြယ္ေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့ပါသည္။
.
ကေမၻာဇတိုင္း။ လတ္တေလာ အႏုပညာလႈပ္ ရွားမႈကို မိတ္ဆက္ေပးပါဦးရွင့္။
ဘီလီလမင္းေအး။      လက္တေလာအႏုပညာ လႈပ္ရွားမႈကေတာ့ မိုးတြင္းဆိုေတာ့ အလုပ္နည္း နည္း ပါးေနတယ္ဆိုေတာ့ နားေနတယ္။ နယ္ ႐ႈိးေတြ ရပ္ထားတယ္။ ရန္ကုန္မွာပဲ ေနာက္ ထပ္စီးရီးတစ္ခုအတြက္ သီခ်င္းေတြ သြင္းေနပါ တယ္။
.
ကေမၻာဇတိုင္း။ စီးရီးေခြေတြ၊ အယ္လ္ဘမ္ေတြ ဘယ္ႏွေခြ ထြက္ၿပီးၿပီလဲရွင့္။
ဘီလီလမင္းေအး။      အယ္လ္ဘမ္ေတြက ၂ ေခြ ထြက္ ၿပီးပါၿပီ။ ပထမဆံုး တစ္ေခြကေတာ့  ''အ႐ႈံး မေပးတဲ့ ဝိဉာဥ္''ဆိုတဲ့ အယ္လ္ဘမ္ ရယ္ ၿပီးခဲ့တဲ့ ေမ ၁၉ ကပဲ ထြက္ၿပီးထားတဲ့ Special one ဆိုၿပီးေတာ့မွ ၂ ေခြ ရွိပါၿပီ။
.
ကေမၻာဇတိုင္း။ ေနာက္ထပ္ အေခြေတြေကာ ထပ္ထုတ္ဖို႔ ရွိလား။ ရွိခဲ့မယ္ဆိုရင္ေရာ ဘယ္လို သီခ်င္း အမ်ိဳးအစားေတြနဲ႔ ထုတ္ဖို႔စီစဥ္ထား လဲရွင့္။
ဘီလီလမင္းေအး။      ေနာက္ထပ္သီခ်င္းေတြကေတာ့ ဖူးထင္ပါတယ္ ၂ ေခြရွိၿပီဆိုေတာ့ ဒီရဲ႕ သီခ်င္းေခြေလး ေတြကိုပဲ ပရိသတ္ထဲကို မ်ားမ်ား ေရာက္ဖို႔ ဖူး activity ေလးေတြ မ်ားမ်ားလုပ္ ဖို႔ ရွိတယ္။ ေနာက္ေခြေတြ အတြက္ကေတာ့ ဖူး အမ်ားႀကီး မစဥ္းစားရေသးဘူးေပါ့ေနာ္။ အခု ေတာ့ သီခ်င္းေလးေတာ့ သြင္းေနၿပီ။
.
ကေမၻာဇတုိင္း။ ေတးဆိုအျပင္ သီခ်င္းေတြေရး ဖို႔ေရာ ရွိလား။
ဘီလီလမင္းေအး။      သီခ်င္းကေတာ့ ႀကိဳးစား ၿပီးေတာ့ ေရးၾကည့္ ၾကည့္တယ္ေပါ့ေနာ္။ ဒါေပမဲ့ ဖူးရဲ႕ feel  လည္း မဟုတ္တဲ့ခါက်ေတာ့ေလ ႀကိဳးေတာ့ ႀကိဳးစားေနပါတယ္ သီခ်င္းေရးဖို႕ ေတာ့။
.
ကေမၻာဇတုိင္း။ ခုထြက္ရွိထားတဲ့ တစ္ကိုယ္ေတာ္ အေခြအေၾကာင္းေလး မိတ္ဆက္ေပးပါဦး ရွင့္။
ဘီလီလမင္းေအး။      ခုထြက္ထားတဲ့ တစ္ကိုယ္ ေတာ္ေခြေလးကက်ေတာ့ ဖူး Myanmar Idol ၿပီးကတည္းက ဖူးကို လိႈင္းေတးသံသြင္းကေန ဒီသီခ်င္းေခြေလး လုပ္ဖို႕တြက္ ကမ္းလွမ္းထားတဲ့ ေခြေလးေပါ့ေနာ္။ သူတို႔ပဲ produce လုပ္ေပး တယ္ဆိုေတာ့ Myanmar Idol  ၿပီးကတည္းက ဆိုေတာ့ ၂ ႏွစ္ၾကာသြားၿပီေပါ့ေနာ္။ ဒီသီခ်င္း ေခြေလးလုပ္ဖို႔ ၂ ႏွစ္ၾကာသြားၿပီ။ ၿပီးေတာ့ ဒီ သီခ်င္းေတြရဲ႕ ၃ ပံုပံုရင္ ၂ ပံုကလည္း ျပန္ဆို ေတးေတြ ျဖစ္ပါတယ္ရွင့္။
.
ကေမၻာဇတုိင္း။ တိုင္းရင္းသူေလး ကြၽန္မ သီ ခ်င္းက ေတာ္ေတာ္ေအာင္ျမင္တယ္လို႕လည္း သိရတယ္ရွင့္။ တိုင္းရင္းသူ ျဖစ္ရတဲ့အတြက္ ခံစားခ်က္ေလး ေျပာျပေပးပါဦးရွင့္။
ဘီလီလမင္းေအး။      တုိင္းရင္းသူ ကြၽန္မသီခ်င္း ကေတာ့ ပရိသတ္ေတြနားထဲမွာ စြဲတယ္ေပါ့ ေနာ္။ သူတို႔ ႀကိဳက္ၾကတဲ့အတြက္ ဖူးလည္း ေက်းဇူးအမ်ားႀကီး တင္ပါတယ္။ ၿပီးေတာ့ ဒီသီ ခ်င္းေတြကို ပရိသတ္ေတြ သေဘာက်ၿပီးေတာ့ မွ ႀကိဳက္တဲ့အတြက္လည္း ပီတိျဖစ္ရပါတယ္။
.
ကေမၻာဇတုိင္း။ ၿပိဳင္ပြဲဝင္တုန္းကနဲ႔ အခုနဲ႔ဆို ဘယ္လိုေတြ ကြာသြားၿပီလဲ။ (ဥပမာ- ပရိသတ္ အားေပးမႈ၊ ကုိယ့္ကိုယ္ကို ယံုၾကည္မႈေပါ့)
ဘီလီလမင္းေအး။      ၿပိဳင္ပြဲတုန္းကက်ေတာ့ ကိုယ္က စတိတ္ေပၚမွာ ဒီတုိင္းပဲ က်လာတဲ့ သီခ်င္းေတြကို perform လုပ္ရတယ္။ သီခ်င္း ေတြဆိုျပရတယ္။ ဒိုင္ေတြေရွ႕မွာဆိုရတယ္။ ပရိသတ္ေတြေရွ႕မွာ အမွားမပါေအာင္ ဆိုျပရတဲ့ လူတစ္ေယာက္ေပါ့ေနာ္။ ဒါေပမဲ့ ခုခ်ိန္မွာ တကယ့္ လုပ္ငန္းခြင္ထဲမွာ ဝင္သြားတဲ့ အခ်ိန္မွာ က်ေတာ့ ကိုယ္လည္း အခု သီခ်င္းေခြက ၂ ေခြ ထြက္ၿပီးသြားၿပီဆိုေတာ့ ကိုယ့္ရဲ႕သီခ်င္းေတြ ကို ပရိသတ္နားထိ ေရာက္ေအာင္ ဆိုေပးရတယ္။ ၿပီးေတာ့မွ အရင္တုန္းက စတိတ္မွာေဖ်ာ္ေျဖသ \လိုပဲ လူေတြက အမွားကို လိုက္ၾကည့္တာ မဟုတ္ေတာ့ဘူးေပါ့ေနာ္။ ဘယ္လိုေျပာရမလဲ အမ်ားႀကီးေတာ့ ကြာသြားပါၿပီ။ အခု ဒီအႏုပညာ လမ္းေၾကာင္းက ၿပိဳင္ပဲြမွာထက္ အမ်ားႀကီးပိုၿပီး ခက္ခဲပါတယ္။
.
ကေမၻာဇတုိင္း။ သ႐ုပ္ေဆာင္ အလုပ္ကိုေရာ ဝါသနာပါလား။ လုပ္ဖို႔ေရာ အစီအစဥ္ရွိလား။ သ႐ုပ္ေဆာင္လုပ္ဖို႔ ကမ္းလွမ္း ခံရတာေတြေကာရွိ လားရွင့္။
ဘီလီလမင္းေအး။      သ႐ုပ္ေဆာင္ကေတာ့ ကမ္းလွမ္းထားတာ မရွိပါဘူး။ ၿပီးေတာ့ဖူးက Music နဲ႔ ဒီလမ္းေၾကာင္းကို ဝင္ခဲ့တာျဖစ္တဲ့အတြက္ သီခ်င္းေတြနဲ႔ပဲ ပရိသတ္ႀကီးကို ခ်ျပခ်င္ ပါေသးတယ္ရွင့္။
.
ကေမၻာဇတိုင္း။ ဂီတကို ဘယ္အရြယ္ေလာက္ ကစၿပီး ဝါသနာပါခဲ့တာလဲရွင့္။
ဘီလီလမင္းေအး။      ဂီတကို ဘုရားေက်ာင္းမွာ ၃ တန္းေလာက္ကစၿပီး သီခ်င္းေတြ ဆိုျဖစ္တာ ပါ။ သီခ်င္းကေတာ့ မိဘေတြက ေျပာဖူးတယ္။ ငယ္ငယ္တုန္းက ဖူးကို သီခ်င္းနဲ႔ ေခ်ာ့သိပ္ရင္ ပိုၿပီးေတာ့ အိပ္ေပ်ာ္တယ္ ေပါ့ေနာ္။ သီခ်င္းကို ငယ္ငယ္ေလးကတည္းက ဝါသနာပါတာပါ။
.
ကေမၻာဇတုိင္း။ မိသားစုနဲ႔ မိတ္ဆက္ေပးပါဦး။
ဘီလီလမင္းေအး။      ဖူးရဲ႕ မိသားစုမွာကေတာ့ ေဖေဖရယ္၊ ေမေမရယ္ ဖူးမွာ ညီမေလးတစ္ ေယာက္ရွိပါတယ္ရွင့္။
.
ကေမၻာဇတိုင္း။ မိဘေတြကေရာ အႏုပညာအလုပ္ကို အားေပးၾကလား။
ဘီလီလမင္းေအး။      မိဘေတြကလည္း အႏု ပညာအလုပ္ကို အားေပးပါတယ္။ ဖူးလိုအပ္တာ ေတြ၊ လိုအပ္တဲ့အကူအညီေတြ မွန္သမွ်ကိုေဘး ကေန Supporting ေပးပါတယ္။
.
ကေမၻာဇတုိင္း။ အႏုပညာအလုပ္အျပင္ တ ျခားဝါသနာပါတာမ်ိဳး ဘာေတြရွိေသးလဲရွင့္။
ဘီလီလမင္းေအး။      အႏုပညာအျပင္ တျခားဝါသနာပါတာကေတာ့ စာဖတ္တာ ဝါသနာပါ တယ္။ တိတ္တိတ္ဆိတ္ဆိတ္ ၿငိမ္ၿငိမ္သက္ သက္ကေလးေနၿပီးေတာ့မွ ခရီးထြက္ရတာလည္း ဝါသနာ ပါ ပါတယ္။
.
ကေမၻာဇတုိင္း။ ဘယ္လို Fashion မ်ိဳးကို သေဘာက်လဲရွင့္။
ဘီလီလမင္းေအး။        Fashion ပိုင္းကို ေျပာမယ္ဆိုရင္ေတာ့ ဖူးက Free  Style ကို ပိုၿပီးေတာ့ သေဘာက် ပါတယ္။ အရမ္းႀကီး မိန္းမ ဆန္ေနတာမ်ိဳးကို မႀကိဳက္ပါဘူး။ ေယာက်ာ္းဆန္ဆန္ ေလးေတြ ပိုၿပီးေတာ့ ႀကိဳက္ပါတယ္။
.
ကေမၻာဇတိုင္း။ ရွမ္းျပည္လို ေဒသမ်ိဳးနဲ႔ ရန္ကုန္လိုမ်ိဳး ေနရာေတြရဲ႕ ကြာဟခ်က္က ဘာလို႔ ထင္မလဲ။
ဘီလီလမင္းေအး။      ရွမ္းျပည္လိုေဒသနဲ႔ ရန္ ကုန္မွာက်ေတာ့ အဓိက ကြာျခားသြားတာက ဒီမွာ က်ေတာ့ ရာသီဥတု အေျပာင္းအလဲေပါ့ ေနာ္။ ရွမ္းျပည္မွာက်ေတာ့ ေအးတဲ့ရာသီဥတုဒီ မွာက ပူတဲ့ရာသီဥတုဆိုေတာ့ ဖူးတို႔ေရခဲေရေတြ ေရွာင္ရတယ္။ ၿပီးေတာ့ အဆုိေတာ္တစ္ေယာက္ ျဖစ္တဲ့အတြက္ ဆီေႀကာ္စာေတြ ေရွာင္ရတယ္။ အဓိက ကြာဟခ်က္ကေတာ့ ရာသီဥတုကေတာ့ အဓိကပါပဲ။
.
ကေမၻာဇတိုင္း။ ေတးသီခ်င္းေတြထဲမွာ ဘယ္ လိုသီခ်င္းမ်ိဳးကို ပိုႀကိဳက္လဲရွင့္။
ဘီလီလမင္းေအး။      သီခ်င္းေတြထဲမွာ ဆိုရင္ ေတာ့ ဖူးက Pop သီခ်င္းေတြ ပိုၿပီးႀကိဳက္တယ္။ ၿပီးေတာ့ Blues Music ေတြလည္း ႀကိဳက္ပါ တယ္။
.
ကေမၻာဇတုိင္း။ အခုထြက္ရွိထားတဲ့ အေခြထဲ မွာ ဘယ္သီခ်င္းကို အႀကိဳက္ဆံုးနဲ႔ အားရဆံုး ျဖစ္မလဲရွင့္။
ဘီလီလမင္းေအး။      ဖူးရဲ႕ အခုထြက္ထားတဲ့ သီခ်င္းေခြကလည္း ဘာပဲေျပာေျပာ ကိုယ္အ မ်ားႀကီး ႀကိဳးစားထားတဲ့ သီခ်င္းေတြျဖစ္တဲ့အ တြက္ေၾကာင့္ ဖူး ၁၂ ပုဒ္လံုးကို ႀကိဳက္ပါတယ္။ ဘယ္ဟာကို ဘယ္ေလာက္ႀကိဳက္တယ္ဆိုၿပီး နံပါတ္တပ္ထားတာ မရွိပါဘူးရွင့္။
.
ကေမၻာဇတိုင္း။ ရွမ္းျပည္နယ္အတြင္းမွာရွိတဲ့ ဂီတကို ႐ူးသြပ္ၾကတဲ့၊ ဝါသနာပါၾကတဲ့ ညီအစ္ ကို ေမာင္ႏွမေတြကို ဘယ္လို အႀကံျပဳအားေပး စကား ေျပာခ်င္လဲရွင့္။
ဘီလီလမင္းေအး။      ရွမ္းျပည္မွာရွိတဲ့ ဂီတကို ႐ူးသြပ္ၾကတဲ့ ဝါသနာရွင္ ညီအစ္ကိုေမာင္ႏွမေတြ အမ်ားႀကီး ရွိၾကပါတယ္။ သူတို႔ေတြလည္း ဘာ ပဲေျပာေျပာ ႀကိဳးစားလို႕ရွိရင္ တစ္ေန႔မွာ ပန္း တိုင္ကို ေရာက္မွာပါ။ ပံုမွန္ေလးပဲ ႀကိဳးစားပါ။ သီခ်င္း၊ ဝါသနာပါတယ္ ဆုိလို႔ရွိရင္လည္းပဲ ကုိယ္ျဖစ္ခ်င္တာကို လက္ေတြ႕ အေကာင္အထည္ေဖာ္ ၾကည့္ပါ။ တစ္ေန႔မွာ ေအာင္ျမင္မႈပန္း တုိင္ကို ေရာက္ပါလိမ့္မယ္။
.
ကေမၻာဇတုိင္း။ Myanmar Idol Season 4  ၿပိဳင္ပြဲႀကီးလည္း စေတာ့မယ္ရွင့္။ အဲဒီၿပိဳင္ပြဲကို ဝင္ၿပိဳင္ၾကမယ့္ ညီအစ္ကို ေမာင္ႏွမေတြကိုေရာ အႀကံျပဳ စကားေလး ေျပာေပးပါဦးရွင့္။
ဘီလီလမင္းေအး။      Myanmar Idol Season 4 လည္း စေတာ့မွာဆိုေတာ့ ၿပိဳင္ပြဲဝင္မယ့္ ညီ အစ္ကိုေမာင္ႏွမေတြကို သီခ်င္းမ်ားမ်ား နား ေထာင္ပါ။ ၿပီးေတာ့ ကိုယ္က်ထားတဲ့ က႑မွာ ကိုယ္ရရွိထားတဲ့ မိနစ္ေတြကို တန္ဖိုးထားပါ။ တစ္မိနစ္က ကိုယ့္အတြက္ အရမ္းကို တန္ဖုိးရွိ ပါတယ္။ သီခ်င္းေတြကို အေကာင္းဆံုးဆိုျပပါ။ ေအာင္ျမင္မႈ ပန္းတိုင္ကိုေရာက္ရွိၾကပါေစလို႔ ဆုေတာင္းေပးပါတယ္။
.
ကေမၻာဇတိုင္း။ ညီမကို အားေပးေနၾကတဲ့ ရွမ္း ျပည္က ပရိသတ္ေတြကိုေရာ ကေမၻာဇတိုင္းက ေနတဆင့္ ဘာမ်ားေျပာခ်င္ေသးလဲရွင့္။
ဘီလီလမင္းေအး။      ဖူးကိုအားေပးေနၾကတဲ့ ရွမ္းျပည္က ပရိသတ္ႀကီးကို ကေမၻာဇတုိင္းက ေနၿပီးေတာ့မွ ဆက္ၿပီးေတာ့မွ ဖူးကို အားေပး ၾကပါ။ ဖူးကို ခ်စ္ေပးပါ။ ဖူးအမ်ားႀကီး ႀကိဳးစား ပါဦးမယ္။ ဆက္လက္ၿပီးေတာ့မွ ဖူးရဲ႕ သီခ်င္း ေလးေတြကိုလည္း နားေထာင္ၿပီးေတာ့မွ ဖူးကို ေဝဖန္ၿပီး အႀကံေပးပါဦးလို႔လည္း ေျပာခ်င္ပါ တယ္ရွင့္။
.
ကေမၻာဇတုိင္း။ တျခား ျဖည့္စြက္ေျပာခ်င္တာ ရွိရင္ ေျပာေပးပါဦးရွင့္။
ဘီလီလမင္းေအး။      တျခားေတာ့ ဖူးဘာမွေျပာ စရာ မရွိေတာ့ပါဘူး။ ဖူးကို အားေပးေနတဲ့ ပ ရိသတ္ႀကီး၊ စိတ္ခ်မ္းသာ ကိုယ္က်န္းမာနဲ႔ ေပ်ာ္ရႊင္ၾကပါေစလို႔ ဆုေတာင္းေပးပါတယ္။ ကေမၻာဇတိုင္းကိုလည္း ေက်းဇူးအမ်ားႀကီးတင္ ပါတယ္လို႔ ေျပာခ်င္ပါတယ္ရွင့္။ ဖူးရဲ႕ အႏုပညာ လႈပ္ရွားမႈေတြကိုလည္း ေစာင့္ၾကည့္အားေပးၾက ပါဦးလို႔ ေျပာခ်င္ပါတယ္။
.
အနုပညာ လမ်းကြောင်းက ပြိုင်ပွဲမှာထက် အများကြီး ပိုပြီး ခက်ခဲပါတယ်
.
တေးသံရှင် ဘီလီလမင်းအေး နှင့် တွေ့ဆုံ မေးမြန်းခြင်း
.
Myanmar Idol Season - 2 မှ First Runner Up ဖြစ်သူ ဘီလီလမင်းအေးသည် အနုပညာလောကသို့ ဝင်ရောက်လာခဲ့သည်မှာ ယခုဆိုလျှင် ၂ နှစ်တာ ကာလသို့ ရောက်ရှိ နေပြီဖြစ်ပြီး ဂီတလောကတွင်လည်း နေရာတစ် ခုကို ရရှိနေသော တောင်ကြီးသူ တစ်ဦးဖြစ်ပါ သည်။
.
ဘီလီလမင်းအေး၏ ဘဝ တစ်စိတ် တစ် ဒေသနှင့် လတ်တလော အနုပညာလှုပ်ရှားမှု အခြေအနေများကို ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။
.

.
ကမ္ဘောဇတိုင်း။   လတ်တလော အနုပညာလှုပ် ရှားမှုကို မိတ်ဆက်ပေးပါဦးရှင့်။
ဘီလီလမင်းအေး။          လက်တလောအနုပညာ လှုပ်ရှားမှုကတော့ မိုးတွင်းဆိုတော့ အလုပ်နည်း နည်း ပါးနေတယ်ဆိုတော့ နားနေတယ်။ နယ် ရှိုးတွေ ရပ်ထားတယ်။ ရန်ကုန်မှာပဲ နောက် ထပ်စီးရီးတစ်ခုအတွက် သီချင်းတွေ သွင်းနေပါ တယ်။
.
ကမ္ဘောဇတိုင်း။   စီးရီးခွေတွေ၊ အယ်လ်ဘမ်တွေ ဘယ်နှခွေ ထွက်ပြီးပြီလဲရှင့်။
ဘီလီလမင်းအေး။          အယ်လ်ဘမ်တွေက ၂ ခွေ ထွက် ပြီးပါပြီ။ ပထမဆုံး တစ်ခွေကတော့  ''အရှုံး မပေးတဲ့ ဝိဉာဉ်''ဆိုတဲ့ အယ်လ်ဘမ် ရယ် ပြီးခဲ့တဲ့ မေ ၁၉ ကပဲ ထွက်ပြီးထားတဲ့ Special one ဆိုပြီးတော့မှ ၂ ခွေ ရှိပါပြီ။
.
ကမ္ဘောဇတိုင်း။   နောက်ထပ် အခွေတွေကော ထပ်ထုတ်ဖို့ ရှိလား။ ရှိခဲ့မယ်ဆိုရင်ရော ဘယ်လို သီချင်း အမျိုးအစားတွေနဲ့ ထုတ်ဖို့စီစဉ်ထား လဲရှင့်။
ဘီလီလမင်းအေး။          နောက်ထပ်သီချင်းတွေကတော့ ဖူးထင်ပါတယ် ၂ ခွေရှိပြီဆိုတော့ ဒီရဲ့ သီချင်းခွေလေး တွေကိုပဲ ပရိသတ်ထဲကို များများ ရောက်ဖို့ ဖူး activity လေးတွေ များများလုပ် ဖို့ ရှိတယ်။ နောက်ခွေတွေ အတွက်ကတော့ ဖူး အများကြီး မစဉ်းစားရသေးဘူးပေါ့နော်။ အခု တော့ သီချင်းလေးတော့ သွင်းနေပြီ။
.
ကမ္ဘောဇတိုင်း။   တေးဆိုအပြင် သီချင်းတွေရေး ဖို့ရော ရှိလား။
ဘီလီလမင်းအေး။          သီချင်းကတော့ ကြိုးစား ပြီးတော့ ရေးကြည့် ကြည့်တယ်ပေါ့နော်။ ဒါပေမဲ့ ဖူးရဲ့ feel  လည်း မဟုတ်တဲ့ခါကျတော့လေ ကြိုးတော့ ကြိုးစားနေပါတယ် သီချင်းရေးဖို့ တော့။
.
ကမ္ဘောဇတိုင်း။   ခုထွက်ရှိထားတဲ့ တစ်ကိုယ်တော် အခွေအကြောင်းလေး မိတ်ဆက်ပေးပါဦး ရှင့်။
ဘီလီလမင်းအေး။          ခုထွက်ထားတဲ့ တစ်ကိုယ် တော်ခွေလေးကကျတော့ ဖူး Myanmar Idol ပြီးကတည်းက ဖူးကို လှိုင်းတေးသံသွင်းကနေ ဒီသီချင်းခွေလေး လုပ်ဖို့တွက် ကမ်းလှမ်းထားတဲ့ ခွေလေးပေါ့နော်။ သူတို့ပဲ produce လုပ်ပေး တယ်ဆိုတော့ Myanmar Idol  ပြီးကတည်းက ဆိုတော့ ၂ နှစ်ကြာသွားပြီပေါ့နော်။ ဒီသီချင်း ခွေလေးလုပ်ဖို့ ၂ နှစ်ကြာသွားပြီ။ ပြီးတော့ ဒီ သီချင်းတွေရဲ့ ၃ ပုံပုံရင် ၂ ပုံကလည်း ပြန်ဆို တေးတွေ ဖြစ်ပါတယ်ရှင့်။
.
ကမ္ဘောဇတိုင်း။   တိုင်းရင်းသူလေး ကျွန်မ သီ ချင်းက တော်တော်အောင်မြင်တယ်လို့လည်း သိရတယ်ရှင့်။ တိုင်းရင်းသူ ဖြစ်ရတဲ့အတွက် ခံစားချက်လေး ပြောပြပေးပါဦးရှင့်။
ဘီလီလမင်းအေး။          တိုင်းရင်းသူ ကျွန်မသီချင်း ကတော့ ပရိသတ်တွေနားထဲမှာ စွဲတယ်ပေါ့ နော်။ သူတို့ ကြိုက်ကြတဲ့အတွက် ဖူးလည်း ကျေးဇူးအများကြီး တင်ပါတယ်။ ပြီးတော့ ဒီသီ ချင်းတွေကို ပရိသတ်တွေ သဘောကျပြီးတော့ မှ ကြိုက်တဲ့အတွက်လည်း ပီတိဖြစ်ရပါတယ်။
.
ကမ္ဘောဇတိုင်း။   ပြိုင်ပွဲဝင်တုန်းကနဲ့ အခုနဲ့ဆို ဘယ်လိုတွေ ကွာသွားပြီလဲ။ (ဥပမာ- ပရိသတ် အားပေးမှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုပေါ့)
ဘီလီလမင်းအေး။          ပြိုင်ပွဲတုန်းကကျတော့ ကိုယ်က စတိတ်ပေါ်မှာ ဒီတိုင်းပဲ ကျလာတဲ့ သီချင်းတွေကို perform လုပ်ရတယ်။ သီချင်း တွေဆိုပြရတယ်။ ဒိုင်တွေရှေ့မှာဆိုရတယ်။ ပရိသတ်တွေရှေ့မှာ အမှားမပါအောင် ဆိုပြရတဲ့ လူတစ်ယောက်ပေါ့နော်။ ဒါပေမဲ့ ခုချိန်မှာ တကယ့် လုပ်ငန်းခွင်ထဲမှာ ဝင်သွားတဲ့ အချိန်မှာ ကျတော့ ကိုယ်လည်း အခု သီချင်းခွေက ၂ ခွေ ထွက်ပြီးသွားပြီဆိုတော့ ကိုယ့်ရဲ့သီချင်းတွေ ကို ပရိသတ်နားထိ ရောက်အောင် ဆိုပေးရတယ်။ ပြီးတော့မှ အရင်တုန်းက စတိတ်မှာဖျော်ဖြေသ \လိုပဲ လူတွေက အမှားကို လိုက်ကြည့်တာ မဟုတ်တော့ဘူးပေါ့နော်။ ဘယ်လိုပြောရမလဲ အများကြီးတော့ ကွာသွားပါပြီ။ အခု ဒီအနုပညာ လမ်းကြောင်းက ပြိုင်ပွဲမှာထက် အများကြီးပိုပြီး ခက်ခဲပါတယ်။
.
ကမ္ဘောဇတိုင်း။   သရုပ်ဆောင် အလုပ်ကိုရော ဝါသနာပါလား။ လုပ်ဖို့ရော အစီအစဉ်ရှိလား။ သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်း ခံရတာတွေကောရှိ လားရှင့်။
ဘီလီလမင်းအေး။          သရုပ်ဆောင်ကတော့ ကမ်းလှမ်းထားတာ မရှိပါဘူး။ ပြီးတော့ဖူးက Music နဲ့ ဒီလမ်းကြောင်းကို ဝင်ခဲ့တာဖြစ်တဲ့အတွက် သီချင်းတွေနဲ့ပဲ ပရိသတ်ကြီးကို ချပြချင် ပါသေးတယ်ရှင့်။
.
ကမ္ဘောဇတိုင်း။   ဂီတကို ဘယ်အရွယ်လောက် ကစပြီး ဝါသနာပါခဲ့တာလဲရှင့်။
ဘီလီလမင်းအေး။          ဂီတကို ဘုရားကျောင်းမှာ ၃ တန်းလောက်ကစပြီး သီချင်းတွေ ဆိုဖြစ်တာ ပါ။ သီချင်းကတော့ မိဘတွေက ပြောဖူးတယ်။ ငယ်ငယ်တုန်းက ဖူးကို သီချင်းနဲ့ ချော့သိပ်ရင် ပိုပြီးတော့ အိပ်ပျော်တယ် ပေါ့နော်။ သီချင်းကို ငယ်ငယ်လေးကတည်းက ဝါသနာပါတာပါ။
.
ကမ္ဘောဇတိုင်း။   မိသားစုနဲ့ မိတ်ဆက်ပေးပါဦး။
ဘီလီလမင်းအေး။          ဖူးရဲ့ မိသားစုမှာကတော့ ဖေဖေရယ်၊ မေမေရယ် ဖူးမှာ ညီမလေးတစ် ယောက်ရှိပါတယ်ရှင့်။
.
ကမ္ဘောဇတိုင်း။   မိဘတွေကရော အနုပညာအလုပ်ကို အားပေးကြလား။
ဘီလီလမင်းအေး။          မိဘတွေကလည်း အနု ပညာအလုပ်ကို အားပေးပါတယ်။ ဖူးလိုအပ်တာ တွေ၊ လိုအပ်တဲ့အကူအညီတွေ မှန်သမျှကိုဘေး ကနေ Supporting ပေးပါတယ်။
.
ကမ္ဘောဇတိုင်း။   အနုပညာအလုပ်အပြင် တ ခြားဝါသနာပါတာမျိုး ဘာတွေရှိသေးလဲရှင့်။
ဘီလီလမင်းအေး။          အနုပညာအပြင် တခြားဝါသနာပါတာကတော့ စာဖတ်တာ ဝါသနာပါ တယ်။ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက် သက်ကလေးနေပြီးတော့မှ ခရီးထွက်ရတာလည်း ဝါသနာ ပါ ပါတယ်။
.
ကမ္ဘောဇတိုင်း။   ဘယ်လို Fashion မျိုးကို သဘောကျလဲရှင့်။
ဘီလီလမင်းအေး။            Fashion ပိုင်းကို ပြောမယ်ဆိုရင်တော့ ဖူးက Free  Style ကို ပိုပြီးတော့ သဘောကျ ပါတယ်။ အရမ်းကြီး မိန်းမ ဆန်နေတာမျိုးကို မကြိုက်ပါဘူး။ ယောကျာ်းဆန်ဆန် လေးတွေ ပိုပြီးတော့ ကြိုက်ပါတယ်။
.
ကမ္ဘောဇတိုင်း။   ရှမ်းပြည်လို ဒေသမျိုးနဲ့ ရန်ကုန်လိုမျိုး နေရာတွေရဲ့ ကွာဟချက်က ဘာလို့ ထင်မလဲ။
ဘီလီလမင်းအေး။          ရှမ်းပြည်လိုဒေသနဲ့ ရန် ကုန်မှာကျတော့ အဓိက ကွာခြားသွားတာက ဒီမှာ ကျတော့ ရာသီဥတု အပြောင်းအလဲပေါ့ နော်။ ရှမ်းပြည်မှာကျတော့ အေးတဲ့ရာသီဥတုဒီ မှာက ပူတဲ့ရာသီဥတုဆိုတော့ ဖူးတို့ရေခဲရေတွေ ရှောင်ရတယ်။ ပြီးတော့ အဆိုတော်တစ်ယောက် ဖြစ်တဲ့အတွက် ဆီကြော်စာတွေ ရှောင်ရတယ်။ အဓိက ကွာဟချက်ကတော့ ရာသီဥတုကတော့ အဓိကပါပဲ။
.
ကမ္ဘောဇတိုင်း။   တေးသီချင်းတွေထဲမှာ ဘယ် လိုသီချင်းမျိုးကို ပိုကြိုက်လဲရှင့်။
ဘီလီလမင်းအေး။          သီချင်းတွေထဲမှာ ဆိုရင် တော့ ဖူးက Pop သီချင်းတွေ ပိုပြီးကြိုက်တယ်။ ပြီးတော့ Blues Music တွေလည်း ကြိုက်ပါ တယ်။
.
ကမ္ဘောဇတိုင်း။   အခုထွက်ရှိထားတဲ့ အခွေထဲ မှာ ဘယ်သီချင်းကို အကြိုက်ဆုံးနဲ့ အားရဆုံး ဖြစ်မလဲရှင့်။
ဘီလီလမင်းအေး။          ဖူးရဲ့ အခုထွက်ထားတဲ့ သီချင်းခွေကလည်း ဘာပဲပြောပြော ကိုယ်အ များကြီး ကြိုးစားထားတဲ့ သီချင်းတွေဖြစ်တဲ့အ တွက်ကြောင့် ဖူး ၁၂ ပုဒ်လုံးကို ကြိုက်ပါတယ်။ ဘယ်ဟာကို ဘယ်လောက်ကြိုက်တယ်ဆိုပြီး နံပါတ်တပ်ထားတာ မရှိပါဘူးရှင့်။
.
ကမ္ဘောဇတိုင်း။   ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ဂီတကို ရူးသွပ်ကြတဲ့၊ ဝါသနာပါကြတဲ့ ညီအစ် ကို မောင်နှမတွေကို ဘယ်လို အကြံပြုအားပေး စကား ပြောချင်လဲရှင့်။
ဘီလီလမင်းအေး။          ရှမ်းပြည်မှာရှိတဲ့ ဂီတကို ရူးသွပ်ကြတဲ့ ဝါသနာရှင် ညီအစ်ကိုမောင်နှမတွေ အများကြီး ရှိကြပါတယ်။ သူတို့တွေလည်း ဘာ ပဲပြောပြော ကြိုးစားလို့ရှိရင် တစ်နေ့မှာ ပန်း တိုင်ကို ရောက်မှာပါ။ ပုံမှန်လေးပဲ ကြိုးစားပါ။ သီချင်း၊ ဝါသနာပါတယ် ဆိုလို့ရှိရင်လည်းပဲ ကိုယ်ဖြစ်ချင်တာကို လက်တွေ့ အကောင်အထည်ဖော် ကြည့်ပါ။ တစ်နေ့မှာ အောင်မြင်မှုပန်း တိုင်ကို ရောက်ပါလိမ့်မယ်။
.
ကမ္ဘောဇတိုင်း။   Myanmar Idol Season 4  ပြိုင်ပွဲကြီးလည်း စတော့မယ်ရှင့်။ အဲဒီပြိုင်ပွဲကို ဝင်ပြိုင်ကြမယ့် ညီအစ်ကို မောင်နှမတွေကိုရော အကြံပြု စကားလေး ပြောပေးပါဦးရှင့်။
ဘီလီလမင်းအေး။          Myanmar Idol Season 4 လည်း စတော့မှာဆိုတော့ ပြိုင်ပွဲဝင်မယ့် ညီ အစ်ကိုမောင်နှမတွေကို သီချင်းများများ နား ထောင်ပါ။ ပြီးတော့ ကိုယ်ကျထားတဲ့ ကဏ္ဍမှာ ကိုယ်ရရှိထားတဲ့ မိနစ်တွေကို တန်ဖိုးထားပါ။ တစ်မိနစ်က ကိုယ့်အတွက် အရမ်းကို တန်ဖိုးရှိ ပါတယ်။ သီချင်းတွေကို အကောင်းဆုံးဆိုပြပါ။ အောင်မြင်မှု ပန်းတိုင်ကိုရောက်ရှိကြပါစေလို့ ဆုတောင်းပေးပါတယ်။
.
ကမ္ဘောဇတိုင်း။   ညီမကို အားပေးနေကြတဲ့ ရှမ်း ပြည်က ပရိသတ်တွေကိုရော ကမ္ဘောဇတိုင်းက နေတဆင့် ဘာများပြောချင်သေးလဲရှင့်။
ဘီလီလမင်းအေး။          ဖူးကိုအားပေးနေကြတဲ့ ရှမ်းပြည်က ပရိသတ်ကြီးကို ကမ္ဘောဇတိုင်းက နေပြီးတော့မှ ဆက်ပြီးတော့မှ ဖူးကို အားပေး ကြပါ။ ဖူးကို ချစ်ပေးပါ။ ဖူးအများကြီး ကြိုးစား ပါဦးမယ်။ ဆက်လက်ပြီးတော့မှ ဖူးရဲ့ သီချင်း လေးတွေကိုလည်း နားထောင်ပြီးတော့မှ ဖူးကို ဝေဖန်ပြီး အကြံပေးပါဦးလို့လည်း ပြောချင်ပါ တယ်ရှင့်။
.
ကမ္ဘောဇတိုင်း။   တခြား ဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပေးပါဦးရှင့်။
ဘီလီလမင်းအေး။          တခြားတော့ ဖူးဘာမှပြော စရာ မရှိတော့ပါဘူး။ ဖူးကို အားပေးနေတဲ့ ပ ရိသတ်ကြီး၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ ကမ္ဘောဇတိုင်းကိုလည်း ကျေးဇူးအများကြီးတင် ပါတယ်လို့ ပြောချင်ပါတယ်ရှင့်။ ဖူးရဲ့ အနုပညာ လှုပ်ရှားမှုတွေကိုလည်း စောင့်ကြည့်အားပေးကြ ပါဦးလို့ ပြောချင်ပါတယ်။
.

No comments:

Post a Comment