တာခ်ီလိတ္၌ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၉၆ ဦးအား မိမိတို႔ေနရပ္ျပန္ႏိုင္ေရးအတြက္ ေဆာင္ရြက္ေပး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, June 25, 2019

တာခ်ီလိတ္၌ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၉၆ ဦးအား မိမိတို႔ေနရပ္ျပန္ႏိုင္ေရးအတြက္ ေဆာင္ရြက္ေပး


မိုင္းေမာ (ႀတိဂံနယ္ေျမ)
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္၊ မဟာျမတ္မုနိဘုန္းႀကီးေက်ာင္းတြင္ ဇြန္လ ၂၄ ရက္၊ ညေနပိုင္းက  ထိုင္းႏိုင္ငံမွ လႊဲေျပာင္းေပးေသာ တရား မဝင္ ျမန္မာအလုပ္သမား ၉၆ ဦးတို႔ကို ေနရပ္ျပန္ႏိုင္ေရးအတြက္ ၄င္းတို႔ေဆြမ်ဳိးမ်ားထံ ျပန္လည္ေပးအပ္ခဲ့ေၾကာင္း သိရသည္။
.


.
ျမန္မာ-ထိုင္း အမွတ္(၂) ခ်စ္ၾကည္ေရးတံတားတြင္ ထိုင္းႏိုင္ငံ၊ မယ္ဆိုင္လဝကအရာရွိ Somask Sinkham ဦးစီးအဖြဲ႕သည္ ဇြန္လ ၂၄ ရက္၊ ညေန ၂ နာရီခန္႔က တရားမဝင္ ျမန္မာအလုပ္သမား အမ်ိဳးသား ၅၅ ဦးႏွင့္ အမ်ိဳးသမီး ၄ဝ ဦး၊ ကေလး တစ္ဦး၊ စုစုေပါင္း ၉၆ ဦးတို႔အား လာေရာက္လႊဲေျပာင္းေပးအပ္ရာ ျမန္မာႏိုင္ငံဘက္မွ ခ႐ိုင္/ၿမိဳ႕နယ္လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႕ဝင္မ်ား၊ လူဝင္မႈႀကီးၾကပ္ေရးဌာနခြဲ (တာခ်ီလိတ္)မွ လူဝင္မႈႀကီးၾကပ္ေရးမွဴး ခင္ေမာင္ရီ၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စိတ္(၁)မွ တာဝန္ရွိသူမ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕မွ ႀကိဳဆိုလက္ခံ ေဆာင္ရြက္ေပးခဲ့ၿပီး ၎တို႔၏ ေဆြမ်ိဳးမ်ားႏွင့္ ခ်ိတ္ဆက္ကာ ေနရပ္ျပန္ႏိုင္ေရးအတြက္ ကူညီေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။
.
လႊဲေျပာင္းေပးသည့္ ျမန္မာႏိုင္ငံသားမ်ားအား တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္ရွိ မဟာျမတ္မုနိေက်ာင္းဝင္း အတြင္း၌ အေျချပဳၿပီးကာ ပူးေပါင္း အဖြဲ႕ျဖင့္ စစ္ေဆးခဲ့ရာ ထိုင္းႏိုင္ငံအတြင္း အလုပ္သြားလုပ္ရာမွ လမ္းခရီး စစ္ေဆးေရး ဂိတ္မ်ားတြင္ ထိုင္းႏိုင္ငံ တာဝန္ရွိသူမ်ားက ေရွာင္တခင္စစ္ေဆးရာ ႏိုင္ငံကူးလက္မွတ္မပါရွိျခင္း၊ ႏိုင္ငံကူးလက္မွတ္ပါရွိေသာ္လည္း အလုပ္ရွင္မတူျခင္း၊ အလုပ္လုပ္မည့္ ေနရာ ကြဲလြဲျခင္းမ်ားေၾကာင့္ ဖမ္းဆီးခံရၿပီး ျမန္မာႏိုင္ငံသို႔ ျပန္လည္ေစလႊတ္ ခဲ့ရသူမ်ားျဖစ္ၾကသည္။
.
လႊဲေျပာင္းေပးအပ္သည့္ တရားမဝင္ ျမန္မာအလုပ္သမား မ်ားမွာ ၂ဝ၁၉ ခုႏွစ္၊ ဇန္နဝါရီ  ၁၁ ရက္ေန႔မွ ၂ဝ၁၉ ခုႏွစ္ ဇြန္ ၂၄ ရက္ေန႔ထိ အမ်ိဳးသား ၆၇၉ ဦး၊ အမ်ိဳးသမီး ၃၄၄ ဦး၊ ကေလး ၃၃၊ စုစုေပါင္း ၁ဝ၄၆ ဦး ရွိေၾကာင္း သိရသည္။
.
တာချီလိတ်၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၆ ဦးအား မိမိတို့နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေး
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မဟာမြတ်မုနိဘုန်းကြီးကျောင်းတွင် ဇွန်လ ၂၄ ရက်၊ ညနေပိုင်းက  ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးသော တရား မဝင် မြန်မာအလုပ်သမား ၉၆ ဦးတို့ကို နေရပ်ပြန်နိုင်ရေးအတွက် ၄င်းတို့ဆွေမျိုးများထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
.
မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်လဝကအရာရှိ Somask Sinkham ဦးစီးအဖွဲ့သည် ဇွန်လ ၂၄ ရက်၊ ညနေ ၂ နာရီခန့်က တရားမဝင် မြန်မာအလုပ်သမား အမျိုးသား ၅၅ ဦးနှင့် အမျိုးသမီး ၄ဝ ဦး၊ ကလေး တစ်ဦး၊ စုစုပေါင်း ၉၆ ဦးတို့အား လာရောက်လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံဘက်မှ ခရိုင်/မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (တာချီလိတ်)မှ လူဝင်မှုကြီးကြပ်ရေးမှူး ခင်မောင်ရီ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(၁)မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ ကြိုဆိုလက်ခံ ဆောင်ရွက်ပေးခဲ့ပြီး ၎င်းတို့၏ ဆွေမျိုးများနှင့် ချိတ်ဆက်ကာ နေရပ်ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.
လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသားများအား တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိကျောင်းဝင်း အတွင်း၌ အခြေပြုပြီးကာ ပူးပေါင်း အဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံအတွင်း အလုပ်သွားလုပ်ရာမှ လမ်းခရီး စစ်ဆေးရေး ဂိတ်များတွင် ထိုင်းနိုင်ငံ တာဝန်ရှိသူများက ရှောင်တခင်စစ်ဆေးရာ နိုင်ငံကူးလက်မှတ်မပါရှိခြင်း၊ နိုင်ငံကူးလက်မှတ်ပါရှိသော်လည်း အလုပ်ရှင်မတူခြင်း၊ အလုပ်လုပ်မည့် နေရာ ကွဲလွဲခြင်းများကြောင့် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ် ခဲ့ရသူများဖြစ်ကြသည်။
.
လွှဲပြောင်းပေးအပ်သည့် တရားမဝင် မြန်မာအလုပ်သမား များမှာ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ  ၁၁ ရက်နေ့မှ ၂ဝ၁၉ ခုနှစ် ဇွန် ၂၄ ရက်နေ့ထိ အမျိုးသား ၆၇၉ ဦး၊ အမျိုးသမီး ၃၄၄ ဦး၊ ကလေး ၃၃၊ စုစုပေါင်း ၁ဝ၄၆ ဦး ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats