ရပ္ေစာက္တြင္ ကိုရင္ ၅ ပါး အစာအဆိပ္သင့္ရာမွ ၂ ပါး ပ်ံလြန္ေတာ္မူ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, June 21, 2019

ရပ္ေစာက္တြင္ ကိုရင္ ၅ ပါး အစာအဆိပ္သင့္ရာမွ ၂ ပါး ပ်ံလြန္ေတာ္မူ


ဆရာမ်ိဳး
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ေကာင္းဘို႔ေက်းရြာအုပ္စု၊ ရြာမေက်ာင္းတြင္ ဇြန္လ ၁၄ ရက္က မိႈတစ္မ်ိဳးကို စားသံုးမိရာမွ ကိုရင္ငယ္ ၅ ပါး အစာအဆိပ္သင့္မႈ ျဖစ္ပြားခဲ့ၿပီး ၂ ပါးပ်ံလြန္ေတာ္မူကာ တစ္ပါးမွာ လက္ရွိအခ်ိန္ထိ ေဆးဝါးကုသမႈ ခံယူေနရဆဲျဖစ္သည္ဟု ဇြန္လ ၂၀ ရက္က သိရသည္။
.
.
ရြာမေက်ာင္းမွ ကိုရင္ ၅ ပါးသည္ စာသင္ေက်ာင္းႏွင့္ ေဘာလံုးကြင္းအနီးတြင္ ေဆာ့ကစားေနစဥ္ အေလ့က် ေပါက္ေနေသာ အျဖဴေရာင္ႏွင့္ အနီေရာင္အစင္းပါ မိႈမ်ားကို ေတြ႕ရွိသျဖင့္ မီးဖုတ္စားၾကရာမွ ဗိုက္နာျခင္း၊ ဝမ္း ေလွ်ာျခင္းတို႔ ျဖစ္ပြားၿပီး ဇြန္လ ၁၅ ရက္တြင္ မိုင္းအင္ေဆး႐ံုမွတဆင့္ ေတာင္ႀကီးၿမိဳ႕၊ စဝ္စံထြန္းေဆး႐ံုသို႔ ဆက္လက္တင္ပို႔ခဲ့ရေၾကာင္း သိရသည္။
.
ထိုသို႔ တင္ပို႔ၿပီးေနာက္ ဇြန္လ ၁၆ ရက္၊ ညေနပိုင္းတြင္ ေငြတြင္းေက်းရြာေန ဦးက်န္+ေဒၚေအာင္တို႔၏ သား ရွင္နႏၵ (၁၄) ႏွစ္သည္လည္းေကာင္း၊ ဇြန္လ ၁၉ ရက္၊ နံနက္ပိုင္းတြင္ ေရမည္းဆံုရြာေန ရွင္ဣႏၵက (၁၂) ႏွစ္သည္လည္း ေကာင္း အသီးသီး ပ်ံလြန္ေတာ္မူခဲ့ၿပီး ရွင္ဩရိသ (၁၃) ႏွစ္ႏွင့္ ရွင္ေခမာစာရ (၉) ႏွစ္တို႔မွာ ေပ်ာက္ကင္းသက္သာ ၿပီး ေဆး႐ံုမွ ဆင္းခြင့္ရခဲ့ၿပီးျဖစ္ကာ ရွင္နႏၵိယ (၁၄) ႏွစ္မွာ စိတ္မခ်ရသည့္ အေနအထား ျဖစ္သျဖင့္ ဇြန္လ ၂၀ ရက္အထိ ေဆး႐ံုတြင္ တက္ေရာက္ေဆးကုသမႈ ခံယူေနရဆဲျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ ကိုရင္မ်ားမွာ ေကာင္းဘို႔ေက်းရြာအုပ္စု၊ ရြာမေက်ာင္း၌ သီတင္းသံုး ေနထိုင္ၾကၿပီး ပိုပေလာင္ ကမၼ႒ာန္း ေက်ာင္းတိုက္၌ တအာင္းပေလာင္စာေပ သင္ယူေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။
.
ကမ႓ာေပၚတြင္ မိႈအမ်ိဳးအစားေပါင္း ၃၈၀၀၀ ေက်ာ္ရွိသျဖင့္ စားသံုးရန္သင့္/မသင့္ ခြဲျခားႏိုင္ရန္ ခက္ခဲၿပီး အၾကမ္း အားျဖင့္ ေရာင္စံုရွိေသာမိႈမ်ား၊ အစက္အေျပာက္ပါရွိေသာမိႈမ်ား၊ အဖုအပိန္႔ထေနေသာ မိႈမ်ား၊ ဦးေခါင္းမွာ ထီးပံု သ႑ာန္မဟုတ္ေသာ မိႈမ်ား၊ ပတ္ဝန္းက်င္ မသန္႔ရွင္းေသာေနရာတြင္ ေပါက္ေရာက္ေသာမိႈမ်ားမွာ စားသံုးရန္ မသင့္သည့္ မိႈအမ်ိဳးအစားမ်ားျဖစ္ေၾကာင္း သိရသည္။
.
အဆိပ္ရွိေသာမိႈကို စားသံုးမိပါက ၄ နာရီမွ ၆ နာရီအတြင္း အစာအိမ္ႏွင့္ ေသြးေၾကာမ်ားအတြင္းသို႔ မိႈဆိပ္ ေရာက္ရွိသြားၿပီး ဝမ္းဗိုက္မခံမရပ္ႏိုင္ေအာင္ ေအာင့္လာျခင္း၊ ေခါင္းကိုက္ျခင္း၊ အန္ျခင္း၊ ဝမ္းမၾကာခဏသြားျခင္း၊ ကိုယ္အပူခ်ိန္ ျမင့္တက္လာျခင္း၊ တစ္ကိုယ္လံုး အဖုအပိန္႔မ်ား ထြက္လာျခင္းတို႔ ျဖစ္ေပၚလာၿပီး အစာကုန္ေအာင္ ျပန္မအန္ႏိုင္လွ်င္ျဖစ္ေစ ဝမ္းမ်ားမ်ား မသြားလွ်င္ျဖစ္ေစ၊ ေသြးထဲတြင္ ပ်ံ႕ႏွံ႔ေနေသာ မိႈအဆိပ္ကို ေျပေအာင္ မလုပ္ႏိုင္လွ်င္ ျဖစ္ေစ လူနာ၏ အသက္အႏၲရာယ္ကို ထိခိုက္ေစႏိုင္ေၾကာင္း သိရသည္။
.
ရပ်စောက်တွင် ကိုရင် ၅ ပါး အစာအဆိပ်သင့်ရာမှ ၂ ပါး ပျံလွန်တော်မူ
.
ဆရာမျိုး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ ရွာမကျောင်းတွင် ဇွန်လ ၁၄ ရက်က မှိုတစ်မျိုးကို စားသုံးမိရာမှ ကိုရင်ငယ် ၅ ပါး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး ၂ ပါးပျံလွန်တော်မူကာ တစ်ပါးမှာ လက်ရှိအချိန်ထိ ဆေးဝါးကုသမှု ခံယူနေရဆဲဖြစ်သည်ဟု ဇွန်လ ၂၀ ရက်က သိရသည်။
.
ရွာမကျောင်းမှ ကိုရင် ၅ ပါးသည် စာသင်ကျောင်းနှင့် ဘောလုံးကွင်းအနီးတွင် ဆော့ကစားနေစဉ် အလေ့ကျ ပေါက်နေသော အဖြူရောင်နှင့် အနီရောင်အစင်းပါ မှိုများကို တွေ့ရှိသဖြင့် မီးဖုတ်စားကြရာမှ ဗိုက်နာခြင်း၊ ဝမ်း လျှောခြင်းတို့ ဖြစ်ပွားပြီး ဇွန်လ ၁၅ ရက်တွင် မိုင်းအင်ဆေးရုံမှတဆင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ဆက်လက်တင်ပို့ခဲ့ရကြောင်း သိရသည်။
.
ထိုသို့ တင်ပို့ပြီးနောက် ဇွန်လ ၁၆ ရက်၊ ညနေပိုင်းတွင် ငွေတွင်းကျေးရွာနေ ဦးကျန်+ဒေါ်အောင်တို့၏ သား ရှင်နန္ဒ (၁၄) နှစ်သည်လည်းကောင်း၊ ဇွန်လ ၁၉ ရက်၊ နံနက်ပိုင်းတွင် ရေမည်းဆုံရွာနေ ရှင်ဣန္ဒက (၁၂) နှစ်သည်လည်း ကောင်း အသီးသီး ပျံလွန်တော်မူခဲ့ပြီး ရှင်ဩရိသ (၁၃) နှစ်နှင့် ရှင်ခေမာစာရ (၉) နှစ်တို့မှာ ပျောက်ကင်းသက်သာ ပြီး ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီးဖြစ်ကာ ရှင်နန္ဒိယ (၁၄) နှစ်မှာ စိတ်မချရသည့် အနေအထား ဖြစ်သဖြင့် ဇွန်လ ၂၀ ရက်အထိ ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကိုရင်များမှာ ကောင်းဘို့ကျေးရွာအုပ်စု၊ ရွာမကျောင်း၌ သီတင်းသုံး နေထိုင်ကြပြီး ပိုပလောင် ကမ္မဋ္ဌာန်း ကျောင်းတိုက်၌ တအာင်းပလောင်စာပေ သင်ယူနေကြခြင်းဖြစ်ကြောင်း သိရသည်။
.
ကမ႓ာပေါ်တွင် မှိုအမျိုးအစားပေါင်း ၃၈၀၀၀ ကျော်ရှိသဖြင့် စားသုံးရန်သင့်/မသင့် ခွဲခြားနိုင်ရန် ခက်ခဲပြီး အကြမ်း အားဖြင့် ရောင်စုံရှိသောမှိုများ၊ အစက်အပြောက်ပါရှိသောမှိုများ၊ အဖုအပိန့်ထနေသော မှိုများ၊ ဦးခေါင်းမှာ ထီးပုံ သဏ္ဍာန်မဟုတ်သော မှိုများ၊ ပတ်ဝန်းကျင် မသန့်ရှင်းသောနေရာတွင် ပေါက်ရောက်သောမှိုများမှာ စားသုံးရန် မသင့်သည့် မှိုအမျိုးအစားများဖြစ်ကြောင်း သိရသည်။
.
အဆိပ်ရှိသောမှိုကို စားသုံးမိပါက ၄ နာရီမှ ၆ နာရီအတွင်း အစာအိမ်နှင့် သွေးကြောများအတွင်းသို့ မှိုဆိပ် ရောက်ရှိသွားပြီး ဝမ်းဗိုက်မခံမရပ်နိုင်အောင် အောင့်လာခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ ဝမ်းမကြာခဏသွားခြင်း၊ ကိုယ်အပူချိန် မြင့်တက်လာခြင်း၊ တစ်ကိုယ်လုံး အဖုအပိန့်များ ထွက်လာခြင်းတို့ ဖြစ်ပေါ်လာပြီး အစာကုန်အောင် ပြန်မအန်နိုင်လျှင်ဖြစ်စေ ဝမ်းများများ မသွားလျှင်ဖြစ်စေ၊ သွေးထဲတွင် ပျံ့နှံ့နေသော မှိုအဆိပ်ကို ပြေအောင် မလုပ်နိုင်လျှင် ဖြစ်စေ လူနာ၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats