အင္းေလးကန္ ေရနည္းပါးမႈ ပိုမို ဆိုးရြားလာသျဖင့္ ရြာေပါင္း ၁၅ဝ ခန္႔ သြားလာမႈ ခက္ခဲေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, June 7, 2019

အင္းေလးကန္ ေရနည္းပါးမႈ ပိုမို ဆိုးရြားလာသျဖင့္ ရြာေပါင္း ၁၅ဝ ခန္႔ သြားလာမႈ ခက္ခဲေန


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ေညာင္ ေရႊၿမိဳ႕နယ္ရွိ ကမၻာေက်ာ္ အင္းေလး ကန္ကို မီွခိုေနၾကသည့္ ရြာေပါင္း ၁၅ဝ ခန္႔မွာ ကန္ေရနည္းပါးမႈေၾကာင့္ သြားလာေရးအခက္အခဲမ်ား ႀကံဳေတြ႕ေနရ ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
.
.
အဆိုပါ အင္းေလးကန္ ေရနည္း ပါးမႈကို ကုစားႏိုင္ရန္အတြက္ ေဆး ၿမီးတိုမ်ားျဖင့္ လုပ္ေနမည့္အစား ႏိုင္ငံေတာ္ အဆင့္မွ ပညာရွင္မ်ားလာ ေရာက္ကာ ျပဳျပင္ထိန္းသိမ္းေပးမွသာ အင္းေလးကန္ႀကီး ဆက္လက္ရွင္သန္ႏိုင္မည္ ျဖစ္သည္ဟု ေဒသခံမ်ားမွ ေျပာဆိုလ်က္ရွိသည္။
.
''အရင္ကေတာ့ လက္လုပ္ဆည္ေတြနဲ႔ ႏွစ္တိုင္းလိုလို ေရထိန္းခဲ့တာေပါ့။ ၂ဝ၁၈ မွာ လယ္သမားေတြက ကန္သင္း မေပၚလို႔ ေရခ်ေပးဖို႔ေတာင္း ဆိုတာ တခ်ိဳ႕က ကမ္းထိန္းေက်ာက္ စီနံရံေတြ လုပ္ခ်င္တယ္ေျပာလို႔ ေရထြက္ကို ၅ ေပ ဖြင့္ထုတ္တယ္လို႔ အင္းဝန္ႀကီးက ေျပာတယ္။ ေနာက္ႏွစ္ေတာ့ ဘယ္အဖြဲ႕က ေတာင္းဆိုဆို ေရထိန္းေတြလုပ္ၿပီး ေရဖြင့္တာ ထိန္းဖြင့္မယ္လို႔ ေျပာပါတယ္။ အခုက ေရနည္းလာေတာ့ ခရမ္းခ်ဥ္သီး စိုက္ခင္းေတြက ေျခာက္ၿပီး ေတာမီး ေလာင္တာ ၇ ခါေလာက္ရွိၿပီ။ ကန္ေရနည္းတာက သြားေရးလာေရး အျပင္မီးပါ ေၾကာက္လာေနရတယ္။ ကမ္း ကပ္ရြာေတြကေတာ့ ကားလမ္းအသံုး ျပဳေနရေတာ့ သိပ္မခက္ဘူးေပါ့''ဟု အင္းေပါခံု ရြာေန ယခင္ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း၊ အင္းအမ်ိဳးေခသား အဖြဲ႕ခ်ဳပ္ပါတီ (ေလွ်ာက္ထားဆဲ)၏ ဥကၠဌျဖစ္သူ ဦးေအာင္ၾကည္ဝင္းက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါကိစၥႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ အင္းတိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာ ထြန္းလိႈင္ထံ ဆက္သြယ္ ေမးျမန္းခဲ့ေသာ္လည္း တယ္လီဖုန္း ေျဖၾကားျခင္းမရွိခဲ့ေခ်။
.
အင္းေလးကန္ကို ေႏြရာသီ ေရာက္တိုင္း ေရထိန္းခဲ့ၾကၿပီး ၂ဝ၁ဝ ခုႏွစ္မွ ၂ဝ၁၅ ခုႏွစ္အထိေရထိန္း လက္႐ိုက္ ဆည္မ်ားျပဳလုပ္ခဲ့ၾကၿပီး ယခုႏွစ္တြင္မူ ေရထိန္းဆည္မ်ား မရွိသျဖင့္ ကန္ေရ မထိန္းႏိုင္ျဖစ္ကာ အင္းေပါခံုရြာသို႔ စီးဝင္ေနသည့္ေခ်ာင္း ၅ ေခ်ာင္းအနက္ ရြာပတ္ေခ်ာင္းတစ္ ေခ်ာင္းသာ ေရ ၂ ေပခန္႔က်န္ရွိၿပီးယင္း လမ္းကိုသာ အသံုးျပဳေနရေၾကာင္း ဦးေအာင္ၾကည္ဝင္းက ဆက္လက္ေျပာ ၾကားခဲ့သည္။
.
''အခုက အင္းေလးကန္ႀကီး အသက္ငင္ေနတဲ့ အေနအထားေရာက္ ေနတဲ့ သေဘာပါပဲ။ တျဖည္းျဖည္း ေရနည္းလာတာ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုပိုလာတာျဖစ္လို႔  ေနာက္ႏွစ္ အနည္းငယ္အတြင္းမွာ အင္းေလးကန္ ေနရာက ေျမျပင္ကိုပဲ ေတြ႕ရေတာ့မယ္ ထင္ပါတယ္။ ဒါေၾကာင့္ ႏိုင္ငံေတာ္ အဆင့္ကေန တုိင္းျပည္ရဲ႕ အသည္း ႏွလံုး အင္းေလးကန္ႀကီးကို လာေရာက္ ကယ္တင္ေပးပါလို႔ ပန္ၾကား တင္ျပလိုပါတယ္။ အခုက ေရလယ္မွာ ေနၿပီး ေရရွားေနတဲ့ဘဝ ေရာက္ေန ပါၿပီ''ဟု အင္းေလးကန္ ေတာင္ ဘက္၊ အင္းေပါခံုအုပ္စု၊ကန္ေခါင္းရြာ ေန ဦးေက်ာ္ေဝက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ကန္ေခါင္းရြာမွာ ကန္ေရနည္းပါးမႈေၾကာင့္ ေလွသြားမရျဖစ္ကာေသာက္ သံုးေရအတြက္ပင္ အဝီစိတြင္း တူးၿပီး အသံုးျပဳေနရၿပီ ျဖစ္ေၾကာင္းႏွင့္  ကန္မွ စီးထြက္သည့္ ဘီလူးေခ်ာင္း တြင္မူ ေရမ်ားသျဖင့္ စက္ေလွမ်ား အသံုးျပဳသြားလာမႈ မ်ားျပားလာေန ရာ အင္းေလးကန္ႀကီး မပ်က္စီးမီ အခ်ိန္မီ ထိန္းသိမ္းရန္ လိုအပ္ေန ေၾကာင္း ၎မွ ဆက္လက္ေျပာၾကား ခဲ့သည္။
.
လတ္တေလာ ျပဳလုပ္ေနသည့္ လက္လုပ္ဆည္မ်ားမွာ ေရထြက္ေပါက္ကို ေရအားေကာင္းေအာင္ ျပဳလုပ္ ေပးသကဲ့သို႔ ျဖစ္ေနသျဖင့္ ေရအားကို ထိန္းၿပီး လုပ္ေဆာင္ႏိုင္ပါက ပိုမို ေကာင္းမြန္မည္ဟု ယူဆေၾကာင္း၊ ၁၉၉ဝ ဝန္းက်င္က ေဖာင္ေပၚဘက္ဟိုး စက္တင္၍ ေရထြက္ေခ်ာင္း တစ္ေလွ်ာက္နက္ေအာင္ တူးေဖာ္ခဲ့မႈက ျပင္မရသည့္ အမွားျဖစ္ေနသျဖင့္ တတ္သိ ပညာရွင္မ်ားမွ အင္းေလးကန္ႀကီး ကို လာေရာက္ ကယ္တင္ေပးေစလို ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
.
အင္းေလးကန္ ေတာင္ပိုင္း၊ ေတာင္တိုေက်းရြာအုပ္စု၊ ပန္းကန္ ေက်းရြာေန ဦးသန္းဦးကလည္း ေရ နည္းပါးမႈက ရြာမ်ားကို ဒုကၡေရာက္ ေစသည့္အျပင္ အင္းေလးကန္ႀကီး ပ်က္သုဥ္းသြားမည္ကို အထူးစိုးရိမ္ရ ေၾကာင္းႏွင့္ မိုးရြာလွ်င္လည္း ဆက္တိုက္ရြာမွသာ ကန္ေရျမင့္တက္လာ မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။
.
လက္ရွိတြင္ အင္းေလးကန္ရွိ ဆည္ေခါင္းရြာ၊ ေတာင္ပို႔နီရြာ၊ အင္း ေပါခံုရြာ၊ ဟဲခမ္းရြာ၊ ေခ်ာင္းကန္႕ရြာ၊ ေက်ာက္ေတာရြာ၊ ေျမာင္းဝ၊ က်ိဳင္း ခမ္း၊ ၾကာေတာ၊ သိမ္ေထာင့္၊ မ က်ည္းဆိပ္၊ ေကလာ၊ အင္းၿခံ၊ ရြာ ႀကီး၊ ဆီဆံု၊ ေရတန္း၊ ဟပ္ပံုး၊ မိုင္း ပ်ိဳး၊ ေကလာ၊ သာေလး၊ ေျမေပြး၊ လယ္သစ္၊ ဇရပ္ႀကီး၊ ငဖယ္ေခ်ာင္း၊ ေရကာ၊ ေရသာ၊ ဟဲလံု၊ ကန္ေခါင္းစ သည့္ ရြာေပါင္း ၁၄၈ ရြာတြင္ သြား လာေရးခက္ခဲသည့္အျပင္ မီးေလာင္မႈ အႏၲရာယ္ ျဖစ္ေပၚလာမည္ကို စိုးရိမ္ ေနရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
.
အင်းလေးကန် ရေနည်းပါးမှု ပိုမို ဆိုးရွားလာသဖြင့် ရွာပေါင်း ၁၅ဝ ခန့် သွားလာမှု ခက်ခဲနေ
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင် ရွှေမြို့နယ်ရှိ ကမ္ဘာကျော် အင်းလေး ကန်ကို မှီခိုနေကြသည့် ရွာပေါင်း ၁၅ဝ ခန့်မှာ ကန်ရေနည်းပါးမှုကြောင့် သွားလာရေးအခက်အခဲများ ကြုံတွေ့နေရ ကြောင်း ဒေသခံများထံမှ သိရသည်။
.
အဆိုပါ အင်းလေးကန် ရေနည်း ပါးမှုကို ကုစားနိုင်ရန်အတွက် ဆေး မြီးတိုများဖြင့် လုပ်နေမည့်အစား နိုင်ငံတော် အဆင့်မှ ပညာရှင်များလာ ရောက်ကာ ပြုပြင်ထိန်းသိမ်းပေးမှသာ အင်းလေးကန်ကြီး ဆက်လက်ရှင်သန်နိုင်မည် ဖြစ်သည်ဟု ဒေသခံများမှ ပြောဆိုလျက်ရှိသည်။
.
''အရင်ကတော့ လက်လုပ်ဆည်တွေနဲ့ နှစ်တိုင်းလိုလို ရေထိန်းခဲ့တာပေါ့။ ၂ဝ၁၈ မှာ လယ်သမားတွေက ကန်သင်း မပေါ်လို့ ရေချပေးဖို့တောင်း ဆိုတာ တချို့က ကမ်းထိန်းကျောက် စီနံရံတွေ လုပ်ချင်တယ်ပြောလို့ ရေထွက်ကို ၅ ပေ ဖွင့်ထုတ်တယ်လို့ အင်းဝန်ကြီးက ပြောတယ်။ နောက်နှစ်တော့ ဘယ်အဖွဲ့က တောင်းဆိုဆို ရေထိန်းတွေလုပ်ပြီး ရေဖွင့်တာ ထိန်းဖွင့်မယ်လို့ ပြောပါတယ်။ အခုက ရေနည်းလာတော့ ခရမ်းချဉ်သီး စိုက်ခင်းတွေက ခြောက်ပြီး တောမီး လောင်တာ ၇ ခါလောက်ရှိပြီ။ ကန်ရေနည်းတာက သွားရေးလာရေး အပြင်မီးပါ ကြောက်လာနေရတယ်။ ကမ်း ကပ်ရွာတွေကတော့ ကားလမ်းအသုံး ပြုနေရတော့ သိပ်မခက်ဘူးပေါ့''ဟု အင်းပေါခုံ ရွာနေ ယခင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း၊ အင်းအမျိုးခေသား အဖွဲ့ချုပ်ပါတီ (လျှောက်ထားဆဲ)၏ ဥက္ကဌဖြစ်သူ ဦးအောင်ကြည်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ ထွန်းလှိုင်ထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း တယ်လီဖုန်း ဖြေကြားခြင်းမရှိခဲ့ချေ။
.
အင်းလေးကန်ကို နွေရာသီ ရောက်တိုင်း ရေထိန်းခဲ့ကြပြီး ၂ဝ၁ဝ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိရေထိန်း လက်ရိုက် ဆည်များပြုလုပ်ခဲ့ကြပြီး ယခုနှစ်တွင်မူ ရေထိန်းဆည်များ မရှိသဖြင့် ကန်ရေ မထိန်းနိုင်ဖြစ်ကာ အင်းပေါခုံရွာသို့ စီးဝင်နေသည့်ချောင်း ၅ ချောင်းအနက် ရွာပတ်ချောင်းတစ် ချောင်းသာ ရေ ၂ ပေခန့်ကျန်ရှိပြီးယင်း လမ်းကိုသာ အသုံးပြုနေရကြောင်း ဦးအောင်ကြည်ဝင်းက ဆက်လက်ပြော ကြားခဲ့သည်။
.
''အခုက အင်းလေးကန်ကြီး အသက်ငင်နေတဲ့ အနေအထားရောက် နေတဲ့ သဘောပါပဲ။ တဖြည်းဖြည်း ရေနည်းလာတာ တစ်နှစ်ထက်တစ်နှစ် ပိုပိုလာတာဖြစ်လို့  နောက်နှစ် အနည်းငယ်အတွင်းမှာ အင်းလေးကန် နေရာက မြေပြင်ကိုပဲ တွေ့ရတော့မယ် ထင်ပါတယ်။ ဒါကြောင့် နိုင်ငံတော် အဆင့်ကနေ တိုင်းပြည်ရဲ့ အသည်း နှလုံး အင်းလေးကန်ကြီးကို လာရောက် ကယ်တင်ပေးပါလို့ ပန်ကြား တင်ပြလိုပါတယ်။ အခုက ရေလယ်မှာ နေပြီး ရေရှားနေတဲ့ဘဝ ရောက်နေ ပါပြီ''ဟု အင်းလေးကန် တောင် ဘက်၊ အင်းပေါခုံအုပ်စု၊ကန်ခေါင်းရွာ နေ ဦးကျော်ဝေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကန်ခေါင်းရွာမှာ ကန်ရေနည်းပါးမှုကြောင့် လှေသွားမရဖြစ်ကာသောက် သုံးရေအတွက်ပင် အဝီစိတွင်း တူးပြီး အသုံးပြုနေရပြီ ဖြစ်ကြောင်းနှင့်  ကန်မှ စီးထွက်သည့် ဘီလူးချောင်း တွင်မူ ရေများသဖြင့် စက်လှေများ အသုံးပြုသွားလာမှု များပြားလာနေ ရာ အင်းလေးကန်ကြီး မပျက်စီးမီ အချိန်မီ ထိန်းသိမ်းရန် လိုအပ်နေ ကြောင်း ၎င်းမှ ဆက်လက်ပြောကြား ခဲ့သည်။
.
လတ်တလော ပြုလုပ်နေသည့် လက်လုပ်ဆည်များမှာ ရေထွက်ပေါက်ကို ရေအားကောင်းအောင် ပြုလုပ် ပေးသကဲ့သို့ ဖြစ်နေသဖြင့် ရေအားကို ထိန်းပြီး လုပ်ဆောင်နိုင်ပါက ပိုမို ကောင်းမွန်မည်ဟု ယူဆကြောင်း၊ ၁၉၉ဝ ဝန်းကျင်က ဖောင်ပေါ်ဘက်ဟိုး စက်တင်၍ ရေထွက်ချောင်း တစ်လျှောက်နက်အောင် တူးဖော်ခဲ့မှုက ပြင်မရသည့် အမှားဖြစ်နေသဖြင့် တတ်သိ ပညာရှင်များမှ အင်းလေးကန်ကြီး ကို လာရောက် ကယ်တင်ပေးစေလို ကြောင်း ဒေသခံများထံမှ သိရသည်။
.
အင်းလေးကန် တောင်ပိုင်း၊ တောင်တိုကျေးရွာအုပ်စု၊ ပန်းကန် ကျေးရွာနေ ဦးသန်းဦးကလည်း ရေ နည်းပါးမှုက ရွာများကို ဒုက္ခရောက် စေသည့်အပြင် အင်းလေးကန်ကြီး ပျက်သုဉ်းသွားမည်ကို အထူးစိုးရိမ်ရ ကြောင်းနှင့် မိုးရွာလျှင်လည်း ဆက်တိုက်ရွာမှသာ ကန်ရေမြင့်တက်လာ မည်ဖြစ်ကြောင်း ပြောကြားသည်။
.
လက်ရှိတွင် အင်းလေးကန်ရှိ ဆည်ခေါင်းရွာ၊ တောင်ပို့နီရွာ၊ အင်း ပေါခုံရွာ၊ ဟဲခမ်းရွာ၊ ချောင်းကန့်ရွာ၊ ကျောက်တောရွာ၊ မြောင်းဝ၊ ကျိုင်း ခမ်း၊ ကြာတော၊ သိမ်ထောင့်၊ မ ကျည်းဆိပ်၊ ကေလာ၊ အင်းခြံ၊ ရွာ ကြီး၊ ဆီဆုံ၊ ရေတန်း၊ ဟပ်ပုံး၊ မိုင်း ပျိုး၊ ကေလာ၊ သာလေး၊ မြေပွေး၊ လယ်သစ်၊ ဇရပ်ကြီး၊ ငဖယ်ချောင်း၊ ရေကာ၊ ရေသာ၊ ဟဲလုံ၊ ကန်ခေါင်းစ သည့် ရွာပေါင်း ၁၄၈ ရွာတွင် သွား လာရေးခက်ခဲသည့်အပြင် မီးလောင်မှု အန္တရာယ် ဖြစ်ပေါ်လာမည်ကို စိုးရိမ် နေရကြောင်း ဒေသခံများထံမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats