အင္းေလးကန္ ေရခန္းေျခာက္မႈကို ကာကြယ္ရန္အတြက္ ေရထြက္ေျမာင္းမ်ားကို ျပန္လည္ပိတ္ဆို႔ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, June 14, 2019

အင္းေလးကန္ ေရခန္းေျခာက္မႈကို ကာကြယ္ရန္အတြက္ ေရထြက္ေျမာင္းမ်ားကို ျပန္လည္ပိတ္ဆို႔


လႊမ္းပိုင္စိုး
.
အင္းေလးကန္ ေရခန္းေျခာက္ လာမႈအနက္ အဓိကအေၾကာင္းအရင္း တစ္ခုျဖစ္ေသာ ထြက္ေရမ်ားျပားေနမႈကို ကာကြယ္ႏိုင္ရန္အတြက္ ေရထြက္ေျမာင္းမ်ားကို ျပန္လည္ပိတ္ ဆို႔႔လ်က္ရွိေၾကာင္း သိရသည္။
.
.
ယခင္ အင္းေလးေဒသတြင္ ေရ ႀကီးေရလွ်ံမႈ ျဖစ္ပြားျခင္းေၾကာင့္ေသာ္ လည္းေကာင္း၊ ေဒသခံမ်ားမွ ၎တို႔ ၏ စိုက္ခင္းမ်ားအတြက္ေသာ္လည္းေကာင္း ရည္ရြယ္၍ ေရထြက္ေျမာင္းမ်ားကို တိုးခ်ဲ႕ေဖာက္လုပ္ခဲ့ရာ အင္းေလးကန္ အတြင္း ေရနည္းပါးလာသျဖင့္ ယင္းကဲ့သို႔ ေရထြက္ေျမာင္းမ်ား ကို ျပန္လည္ ပိတ္ဆို႔ရျခင္း ျဖစ္ေၾကာင္း သိရသည္။ 
.
''အင္းေလးကန္ဆိုတာ တစ္အင္းလုံးနဲ႔ဆိုင္ပါတယ္။ ေက်းရြာေပါင္း ၄၄၅ ရြာ၊ လူဦးေရေပါင္း ၁၉ဝဝဝဝ ေက်ာ္ရွိ တယ္။ လူနည္းစုရဲ႕ အက်ိဳးစီးပြားကို မ်က္ႏွာမူမလား။ တစ္အင္းလုံးမွာရွိတဲ့ အမ်ားစုရဲ႕ ေရရွည္အက်ိဳးကို မ်က္ႏွာမူ မလားလို႔ ႏႈိင္းယွဥ္သုံးသပ္ၿပီး ဒီေနရာကို ပိတ္ဆို႔ဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။ ေဒသခံ ရြာသားမ်ားရဲ႕ ေတာင္းဆို ခ်က္အရ ဘန္းကန္မေရာက္ခင္ အထက္ေျမျခားရြာမွာ သစ္သားတိုင္ေတြနဲ႔ လက္႐ိုက္ဆည္တစ္ခု ျပန္လည္ တည္ေဆာက္ေပးသြားမွာ ျဖစ္ပါတယ္''ဟု အင္းသားလူမႈေရးအသင္းမွ ဦးေအာင္ေက်ာ္ႏိုင္က ေျပာသည္။
.
အင္းေလးကန္ ေဒသအတြင္း စိုက္ခင္းမ်ား ေရျမဳပ္ပ်က္စီးရသည္ဟူ ေသာ အေၾကာင္းျပခ်က္ျဖင့္ ေရမ်ား အား လႊဲေရွာင္ရန္ရည္ရြယ္၍ ဒိုးယို ေပါက္ ေဖာက္ခ်ခဲ့ေသာ ကုန္းက်ိဳင္း ေက်းရြာ၊ ေလွထမ္းေကြ႕ေခ်ာင္း ေရ လႊဲတူးေျမာင္းအား Back Hole ျဖင့္ ပိတ္ဆို႔ရန္ ေဆာင္ရြက္စဥ္ ေဒသခံ ရြာသားအခ်ိဳ႕မွ လာေရာက္တားျမစ္ ကန္႔ကြက္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရ သည္။
.
ယင္းကဲ့သို႔ ကန္႔ကြက္မႈမ်ားႏွင့္ ပတ္သက္၍ အင္းေလးေဒသခံတစ္ဦး ျဖစ္ေသာ ေတာင္ႀကီးၿမိဳ႕၊ နဂါးပြက္ေက်ာင္း ဆရာေတာ္က ''ဒီလို ေရလႊဲေျမာင္းေဖာက္လုပ္ျခင္းေၾကာင့္ အင္းေလးကန္က ေရေတြ ဘီလူးေခ်ာင္း အတြင္းကို ေဖာက္ခ်လိုက္သလို ျဖစ္ေနပါတယ္။ ဒါေၾကာင့္ Back Hole အကူအညီနဲ႔ ေရေျမာင္းပိတ္ဆို႔သြား မွာျဖစ္ၿပီး အင္းဝန္ႀကီးနဲ႔ သက္ဆိုင္ရာအဖြဲ႕အစည္းေတြကို တင္ျပၿပီးရင္ ေက်ာက္နဲ႔တာ႐ိုးတည္ေဆာက္မွာ ျဖစ္တဲ့အတြက္ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ေက်းရြာသူ/သားေတြက အင္းေလးကန္ ထိန္းသိမ္းကာကြယ္ေစာင့္ ေရွာက္ေရးမွာ တစ္ခန္း တစ္က႑ကေန ပါဝင္ဖို႔လိုပါတယ္''ဟု မိန္႔ၾကား ခဲ့သည္။
.
အင္းေလးကန္ ေရခန္းေျခာက္မႈ အေၾကာင္းအရင္းတြင္ ယင္းကဲ့သို႔ ထြက္ေရ မ်ားျပားျခင္းအျပင္ ေရေလွာင္တမံ မ်ားမွ အင္းေတာင္ပိုင္း၊ စံကားအင္းကို ေရမ်ားစြာ စီးဆင္း ေနျခင္း၊ ေရထြက္ေပါက္ မ်ားျပားလာျခင္း၊ ဒိုက္ေမွာ္ပင္ မ်ားမရွိေတာ့ျခင္း၊  မိုးရြာသြန္းမႈ မ်ားျပားျခင္း၊ ေရေဝေရလဲ သစ္ေတာျပဳန္းတီးျခင္း၊ ေရႊ႕ေျပာင္းေတာင္ယာစနစ္ ေၾကာင့္ ေခ်ာင္းကမ္းပါးမ်ား ၿပိဳက်ျခင္း၊ ႏုန္း အနယ္အႏွစ္မ်ား က်ဆင္းျခင္း၊ လူေနအိမ္ႏွင့္ စိုက္ပ်ိဳးေျမမ်ား တိုးခ်ဲ႕ လာျခင္းတို႔ေၾကာင့္ ျဖစ္ေၾကာင္း သိရသည္။
.
အင္းေလးကန္ကို အင္းေလး ကန္ေရျပင္၊ ေရလယ္ရြာမ်ား၊ ေရတစ္ပိုင္း ကုန္းတစ္ပိုင္းရြာမ်ား ေရေပၚကြၽန္းေမ်ာ စိုက္ခင္းမ်ား၊ ကြၽန္းေမ်ာ႐ိုင္းမ်ား၊ ေရတိမ္ေဒသမ်ား၊ ေခ်ာင္းဝမ်ားအျပင္ ၾကားခံဧရိယာအ ျဖစ္ ကန္ပတ္လည္ အနီးဆုံးေတာင္ ေၾကာမ်ားရွိ ေရေဝေရလဲေဒသမ်ား၊ ကုန္းေပၚရြာ ဧရိယာမ်ား၊ သဘာဝ သစ္ေတာ ဧရိယာမ်ားျဖင့္ ဖြဲ႕စည္း ထားရွိၿပီး ေဒသဆိုင္ရာ အခ်က္အ လက္မ်ားအရ ရြာေပါင္း ၄၄၅ ရြာရွိ ကာ ေနထိုင္သူ ၁၉ဝဝဝဝ ေက်ာ္ရွိ ေၾကာင္း သိရသည္။
.
အင်းလေးကန် ရေခန်းခြောက်မှုကို ကာကွယ်ရန်အတွက် ရေထွက်မြောင်းများကို ပြန်လည်ပိတ်ဆို့
.
လွှမ်းပိုင်စိုး
.
အင်းလေးကန် ရေခန်းခြောက် လာမှုအနက် အဓိကအကြောင်းအရင်း တစ်ခုဖြစ်သော ထွက်ရေများပြားနေမှုကို ကာကွယ်နိုင်ရန်အတွက် ရေထွက်မြောင်းများကို ပြန်လည်ပိတ် ဆို့့လျက်ရှိကြောင်း သိရသည်။
.
ယခင် အင်းလေးဒေသတွင် ရေ ကြီးရေလျှံမှု ဖြစ်ပွားခြင်းကြောင့်သော် လည်းကောင်း၊ ဒေသခံများမှ ၎င်းတို့ ၏ စိုက်ခင်းများအတွက်သော်လည်းကောင်း ရည်ရွယ်၍ ရေထွက်မြောင်းများကို တိုးချဲ့ဖောက်လုပ်ခဲ့ရာ အင်းလေးကန် အတွင်း ရေနည်းပါးလာသဖြင့် ယင်းကဲ့သို့ ရေထွက်မြောင်းများ ကို ပြန်လည် ပိတ်ဆို့ရခြင်း ဖြစ်ကြောင်း သိရသည်။ 
.
''အင်းလေးကန်ဆိုတာ တစ်အင်းလုံးနဲ့ဆိုင်ပါတယ်။ ကျေးရွာပေါင်း ၄၄၅ ရွာ၊ လူဦးရေပေါင်း ၁၉ဝဝဝဝ ကျော်ရှိ တယ်။ လူနည်းစုရဲ့ အကျိုးစီးပွားကို မျက်နှာမူမလား။ တစ်အင်းလုံးမှာရှိတဲ့ အများစုရဲ့ ရေရှည်အကျိုးကို မျက်နှာမူ မလားလို့ နှိုင်းယှဉ်သုံးသပ်ပြီး ဒီနေရာကို ပိတ်ဆို့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒေသခံ ရွာသားများရဲ့ တောင်းဆို ချက်အရ ဘန်းကန်မရောက်ခင် အထက်မြေခြားရွာမှာ သစ်သားတိုင်တွေနဲ့ လက်ရိုက်ဆည်တစ်ခု ပြန်လည် တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်''ဟု အင်းသားလူမှုရေးအသင်းမှ ဦးအောင်ကျော်နိုင်က ပြောသည်။
.
အင်းလေးကန် ဒေသအတွင်း စိုက်ခင်းများ ရေမြုပ်ပျက်စီးရသည်ဟူ သော အကြောင်းပြချက်ဖြင့် ရေများ အား လွှဲရှောင်ရန်ရည်ရွယ်၍ ဒိုးယို ပေါက် ဖောက်ချခဲ့သော ကုန်းကျိုင်း ကျေးရွာ၊ လှေထမ်းကွေ့ချောင်း ရေ လွှဲတူးမြောင်းအား Back Hole ဖြင့် ပိတ်ဆို့ရန် ဆောင်ရွက်စဉ် ဒေသခံ ရွာသားအချို့မှ လာရောက်တားမြစ် ကန့်ကွက်မှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
.
ယင်းကဲ့သို့ ကန့်ကွက်မှုများနှင့် ပတ်သက်၍ အင်းလေးဒေသခံတစ်ဦး ဖြစ်သော တောင်ကြီးမြို့၊ နဂါးပွက်ကျောင်း ဆရာတော်က ''ဒီလို ရေလွှဲမြောင်းဖောက်လုပ်ခြင်းကြောင့် အင်းလေးကန်က ရေတွေ ဘီလူးချောင်း အတွင်းကို ဖောက်ချလိုက်သလို ဖြစ်နေပါတယ်။ ဒါကြောင့် Back Hole အကူအညီနဲ့ ရေမြောင်းပိတ်ဆို့သွား မှာဖြစ်ပြီး အင်းဝန်ကြီးနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တင်ပြပြီးရင် ကျောက်နဲ့တာရိုးတည်ဆောက်မှာ ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာသူ/သားတွေက အင်းလေးကန် ထိန်းသိမ်းကာကွယ်စောင့် ရှောက်ရေးမှာ တစ်ခန်း တစ်ကဏ္ဍကနေ ပါဝင်ဖို့လိုပါတယ်''ဟု မိန့်ကြား ခဲ့သည်။
.
အင်းလေးကန် ရေခန်းခြောက်မှု အကြောင်းအရင်းတွင် ယင်းကဲ့သို့ ထွက်ရေ များပြားခြင်းအပြင် ရေလှောင်တမံ များမှ အင်းတောင်ပိုင်း၊ စံကားအင်းကို ရေများစွာ စီးဆင်း နေခြင်း၊ ရေထွက်ပေါက် များပြားလာခြင်း၊ ဒိုက်မှော်ပင် များမရှိတော့ခြင်း၊  မိုးရွာသွန်းမှု များပြားခြင်း၊ ရေဝေရေလဲ သစ်တောပြုန်းတီးခြင်း၊ ရွှေ့ပြောင်းတောင်ယာစနစ် ကြောင့် ချောင်းကမ်းပါးများ ပြိုကျခြင်း၊ နုန်း အနယ်အနှစ်များ ကျဆင်းခြင်း၊ လူနေအိမ်နှင့် စိုက်ပျိုးမြေများ တိုးချဲ့ လာခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
.
အင်းလေးကန်ကို အင်းလေး ကန်ရေပြင်၊ ရေလယ်ရွာများ၊ ရေတစ်ပိုင်း ကုန်းတစ်ပိုင်းရွာများ ရေပေါ်ကျွန်းမျော စိုက်ခင်းများ၊ ကျွန်းမျောရိုင်းများ၊ ရေတိမ်ဒေသများ၊ ချောင်းဝများအပြင် ကြားခံဧရိယာအ ဖြစ် ကန်ပတ်လည် အနီးဆုံးတောင် ကြောများရှိ ရေဝေရေလဲဒေသများ၊ ကုန်းပေါ်ရွာ ဧရိယာများ၊ သဘာဝ သစ်တော ဧရိယာများဖြင့် ဖွဲ့စည်း ထားရှိပြီး ဒေသဆိုင်ရာ အချက်အ လက်များအရ ရွာပေါင်း ၄၄၅ ရွာရှိ ကာ နေထိုင်သူ ၁၉ဝဝဝဝ ကျော်ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment