ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး (စတုတၳေန႔) တြင္ ရွမ္းျပည္နယ္၏ ေနာက္ထပ္ဘ႑ာေငြ ခြဲေဝသံုးစြဲေရး ဥပေဒၾကမ္းအား လႊတ္ေတာ္၏အဆံုးအျဖတ္ ရယူသြားမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, June 13, 2019

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး (စတုတၳေန႔) တြင္ ရွမ္းျပည္နယ္၏ ေနာက္ထပ္ဘ႑ာေငြ ခြဲေဝသံုးစြဲေရး ဥပေဒၾကမ္းအား လႊတ္ေတာ္၏အဆံုးအျဖတ္ ရယူသြားမည္


ကေမ႓ာဇတိုင္း
.
ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး (စတုတၳေန႔) ကို ယေန႔ ဇြန္လ ၁၃ ရက္၊ နံနက္ပိုင္းက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ခန္းမတြင္ က်င္းပျပဳလုပ္လ်က္ရွိရာ အစည္းအေဝး အတြင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ တင္သြင္းေသာ ၂၀၁၈-၂၀၁၉ ခု ဘ႑ာေရးႏွစ္ ရွမ္းျပည္နယ္၏ ေနာက္ထပ္ ဘ႑ာေငြ ခြဲေဝသံုးစြဲေရး ဥပေဒၾကမ္းအား လႊတ္ေတာ္၏ အဆံုးအျဖတ္ ရယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
.
.
လႊတ္ေတာ္အစည္းအေဝးသို႔ တက္ေရာက္ခြင့္ရွိေသာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၀ ဦး ရွိသည့္ အနက္ စတုတၳေန႔တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၂၇ ဦး တက္ေရာက္ၿပီး ၁၃ ဦး ခြင့္တိုင္ၾကားသည့္အတြက္ အစည္းအေဝးတက္ေရာက္ေသာ လႊတ္ေတာ္ကိုယ္စားလွယ္ ရာခိုင္ႏႈန္းအားျဖင့္ ၉၀ ဒသမ ၇၁ ရခိုင္ႏႈန္း ရွိေၾကာင္း သိရသည္။
.
အစည္းအေဝး စတုတၳေန႔တြင္ ကေလာၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂) မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းထိုက္၏ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္အတြက္ အင္းေလးကန္ ဇုန္ဝင္ေၾကးႏွင့္ စပ္လ်ဥ္း၍ ရေငြလ်ာထား ခ်က္၊ ေလလံေအာင္ျမင္သူႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုမႈအရ ေလံလံေၾကးႏွင့္ စာခ်ဳပ္ပါအတိုင္း ေဆာင္ရြက္ထားရွိမႈ အေျခအေနကို သိရွိလိုေၾကာင္း ေမးခြန္း အပါအဝင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ၈ ဦးမွ ၾကယ္ပြင့္ျပ ေမးခြန္း ၁၄ ခု ေမးျမန္းျခင္းႏွင့္ သက္ဆိုင္ရာ ျပည္နယ္အဆင့္ အဖြဲ႕အစည္းဝင္ပုဂၢိဳလ္မ်ားမွ ျပန္လည္ေျဖၾကားျခင္း တို႔ကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
ထို႔အျပင္ တိုင္ၾကားစာမ်ား စိစစ္ေရးေကာ္မတီ၊ ရွမ္းျပည္နယ္အစိုးရ၏ အာမခံခ်က္မ်ား၊ ကတိကဝတ္မ်ားႏွင့္ တာဝန္ခံခ်က္မ်ား စိစစ္ေရးေကာ္မတီႏွင့္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ လွ်ပ္စစ္ေကာ္မတီ တို႔၏ အဖြဲ႕ဝင္မ်ား တိုးခ်ဲ႕ဖြဲ႕စည္းျခင္းကို လႊတ္ေတာ္၏ အတည္ျပဳခ်က္ ရယူျခင္း၊ ျပည္နယ္လႊတ္ေတာ္ဥကၠဌမွ ရွမ္း ျပည္နယ္လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး ေဆာင္ရြက္ခ်က္မ်ားအပါအဝင္ လႊတ္ေတာ္လုပ္ငန္း ဆိုင္ရာမ်ားအား ရွင္းလင္းတင္ျပျခင္း တို႔ကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အစည္းအေဝးမ်ားကို ဇြန္လ ၁၀ ရက္မွစ၍ ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္ရွိ ျပည္နယ္လႊတ္ေတာ္ ခန္းမတြင္ က်င္းပျပဳလုပ္ေနျခင္းျဖစ္သည္။
.
ၿပီးခဲ့သည့္ ဒုတိယအႀကိမ္ ရွမ္း ျပည္နယ္လႊတ္ေတာ္ (၁၄) ႀကိမ္ ေျမာက္ ပုံမွန္အစည္းအေဝးကို ၂ဝ၁၉ ခုႏွစ္၊ ဧၿပီလ ၂ ရက္မွ ၅ ရက္အထိ ၄ ရက္ၾကာ က်င္းပျပဳလုပ္ ခဲ့ကာ ျပည္နယ္လႊတ္ေတာ္ကိုယ္စား လွယ္ ၃၅ ဦးမွ ၾကယ္ပြင့္ျပ ေမးခြန္း ၄၈ ခု ေမးျမန္းေျဖၾကားျခင္းတို႔ကို ေဆာင္ရြက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) တွင် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား လွှတ်တော်၏အဆုံးအဖြတ် ရယူသွားမည်
.
ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို ယနေ့ ဇွန်လ ၁၃ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် ခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိရာ အစည်းအဝေး အတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
.
လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၄၀ ဦး ရှိသည့် အနက် စတုတ္ထနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၁၂၇ ဦး တက်ရောက်ပြီး ၁၃ ဦး ခွင့်တိုင်ကြားသည့်အတွက် အစည်းအဝေးတက်ရောက်သော လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်းအားဖြင့် ၉၀ ဒသမ ၇၁ ရခိုင်နှုန်း ရှိကြောင်း သိရသည်။
.
အစည်းအဝေး စတုတ္ထနေ့တွင် ကလောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အင်းလေးကန် ဇုန်ဝင်ကြေးနှင့် စပ်လျဉ်း၍ ရငွေလျာထား ချက်၊ လေလံအောင်မြင်သူနှင့် စာချုပ်ချုပ်ဆိုမှုအရ လေံလံကြေးနှင့် စာချုပ်ပါအတိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေကို သိရှိလိုကြောင်း မေးခွန်း အပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၈ ဦးမှ ကြယ်ပွင့်ပြ မေးခွန်း ၁၄ ခု မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များမှ ပြန်လည်ဖြေကြားခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် တိုင်ကြားစာများ စိစစ်ရေးကော်မတီ၊ ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လျှပ်စစ်ကော်မတီ တို့၏ အဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းခြင်းကို လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဌမှ ရှမ်း ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်း ဆိုင်ရာများအား ရှင်းလင်းတင်ပြခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးများကို ဇွန်လ ၁၀ ရက်မှစ၍ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လွှတ်တော် ခန်းမတွင် ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။
.
ပြီးခဲ့သည့် ဒုတိယအကြိမ် ရှမ်း ပြည်နယ်လွှတ်တော် (၁၄) ကြိမ် မြောက် ပုံမှန်အစည်းအဝေးကို ၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၂ ရက်မှ ၅ ရက်အထိ ၄ ရက်ကြာ ကျင်းပပြုလုပ် ခဲ့ကာ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ၃၅ ဦးမှ ကြယ်ပွင့်ပြ မေးခွန်း ၄၈ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment