ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ပံုမွန္အစည္းအေဝး (တတိယေန႔) ဆက္လက္က်င္းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, June 12, 2019

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ပံုမွန္အစည္းအေဝး (တတိယေန႔) ဆက္လက္က်င္းပ


ကေမ႓ာဇတိုင္း
.
ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး (တတိယေန႔) အစီအစဥ္မ်ားကို ယေန႔ ဇြန္လ ၁၂ ရက္၊ နံနက္ပိုင္းက ေတာင္ႀကီးၿမိဳ႕ရွိ ရွမ္းျပည္နယ္လႊတ္ေတာ္ ခန္းမတြင္ ဆက္လက္က်င္းပျပဳလုပ္ လ်က္ရွိေၾကာင္း သိရသည္။
.
.
လႊတ္ေတာ္အစည္းအေဝးသို႔ တက္ေရာက္ခြင့္ရွိေသာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၀ ဦး ရွိသည့္ အနက္ တတိယေန႔တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၂၇ ဦး တက္ေရာက္ၿပီး ၁၃ ဦး ခြင့္တိုင္ၾကားသည့္အတြက္ အစည္းအေဝးတက္ ေရာက္ေသာ လႊတ္ေတာ္ကိုယ္စားလွယ္ ရာခိုင္ႏႈန္းအားျဖင့္ ၉၀ ဒသမ ၇၁ ရခိုင္ႏႈန္း ရွိေၾကာင္း သိရသည္။
.
အစည္းအေဝး တတိယေန႔တြင္ ေညာင္ေရႊၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္ (၁) မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ဝင္း၏ ရွမ္းျပည္နယ္အတြင္း ႏိုင္ငံသားစိစစ္ေရးကတ္ျပား၊ မွတ္ပံုတင္၊ အိမ္ေထာင္စုဇယားမ်ားအား စီမံခ်က္ျဖင့္ေဆာင္ရြက္ေပးေနမႈ အပါအဝင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ၁၁ ဦးမွ ၾကယ္ပြင့္ျပေမးခြန္း ၁၆ ခုေမးျမန္းျခင္းႏွင့္ သက္ဆိုင္ရာ ျပည္နယ္အဆင့္ အဖြဲ႕အစည္းဝင္ ပုဂၢိဳလ္မ်ားမွ ျပန္လည္ေျဖၾကားျခင္းကို ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အစည္းအေဝးမ်ားကို ဇြန္လ ၁၀ ရက္မွစ၍ ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္ရွိ ျပည္နယ္လႊတ္ေတာ္ ခန္းမတြင္ က်င္းပျပဳလုပ္ေနျခင္းျဖစ္သည္။
.
ၿပီးခဲ့သည့္ ဒုတိယအႀကိမ္ ရွမ္း ျပည္နယ္လႊတ္ေတာ္ (၁၄) ႀကိမ္ ေျမာက္ ပုံမွန္အစည္းအေဝးကို ၂ဝ၁၉ ခုႏွစ္၊ ဧၿပီလ ၂ ရက္မွ ၅ ရက္အထိ ၄ ရက္ၾကာ က်င္းပျပဳလုပ္ ခဲ့ကာ ျပည္နယ္လႊတ္ေတာ္ကိုယ္စား လွယ္ ၃၅ ဦးမွ ၾကယ္ပြင့္ျပ ေမးခြန္း ၄၈ ခု ေမးျမန္းေျဖၾကားျခင္းတို႔ကို ေဆာင္ရြက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) ဆက်လက်ကျင်းပ
.
ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) အစီအစဉ်များကို ယနေ့ ဇွန်လ ၁၂ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လွှတ်တော် ခန်းမတွင် ဆက်လက်ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။
.
လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၄၀ ဦး ရှိသည့် အနက် တတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၁၂၇ ဦး တက်ရောက်ပြီး ၁၃ ဦး ခွင့်တိုင်ကြားသည့်အတွက် အစည်းအဝေးတက် ရောက်သော လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်းအားဖြင့် ၉၀ ဒသမ ၇၁ ရခိုင်နှုန်း ရှိကြောင်း သိရသည်။
.
အစည်းအဝေး တတိယနေ့တွင် ညောင်ရွှေမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၏ ရှမ်းပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားများအား စီမံချက်ဖြင့်ဆောင်ရွက်ပေးနေမှု အပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၁၆ ခုမေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များမှ ပြန်လည်ဖြေကြားခြင်းကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးများကို ဇွန်လ ၁၀ ရက်မှစ၍ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လွှတ်တော် ခန်းမတွင် ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။
.
ပြီးခဲ့သည့် ဒုတိယအကြိမ် ရှမ်း ပြည်နယ်လွှတ်တော် (၁၄) ကြိမ် မြောက် ပုံမှန်အစည်းအဝေးကို ၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၂ ရက်မှ ၅ ရက်အထိ ၄ ရက်ကြာ ကျင်းပပြုလုပ် ခဲ့ကာ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ၃၅ ဦးမှ ကြယ်ပွင့်ပြ မေးခွန်း ၄၈ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment