ဒုတိယအႀကိမ္ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ပံုမွန္အစည္းအေ၀း (ဒုတိယေန႔)တြင္ အေျခခံပညာ ေက်ာင္းမ်ား ေဘးကင္းစိတ္ခ်ရေသာ အစားအေသာက္ဥပေဒ (မူၾကမ္း) အား တင္သြင္းသြားမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, June 11, 2019

ဒုတိယအႀကိမ္ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ပံုမွန္အစည္းအေ၀း (ဒုတိယေန႔)တြင္ အေျခခံပညာ ေက်ာင္းမ်ား ေဘးကင္းစိတ္ခ်ရေသာ အစားအေသာက္ဥပေဒ (မူၾကမ္း) အား တင္သြင္းသြားမည္

ကေမ႓ာဇတိုင္း
.
ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝးကို ယေန႔ ဇြန္လ ၁၁ ရက္၊ နံနက္ပိုင္းက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္လႊတ္ေတာ္ အစည္းအေဝးခန္းမတြင္ က်င္းပျပဳလုပ္လ်က္ရွိရာ ရွမ္းျပည္နယ္ အေျခခံပညာေက်ာင္းမ်ားတြင္ ေဘးကင္းစိတ္ခ်ရေသာ အစားအေသာက္ ဥပေဒ (မူၾကမ္း) အား လႊတ္ေတာ္သို႔ တင္သြင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
.
.
လႊတ္ေတာ္အစည္းအေဝး ဒုတိယေန႔တြင္ တက္ေရာက္ခြင့္ရွိေသာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၀ ဦး ရွိသည့္အနက္ ၁၂၉ ဦး တက္ေရာက္ၿပီး ခြင့္ပန္ၾကားသူ ၁၁ ဦး ရွိသည့္အတြက္ တက္ေရာက္သူ ၉၂ ဒသမ ၁၄ရာခိုင္ႏႈန္းအားျဖင့္ ရာခိုင္ႏႈန္း ရွိေၾကာင္း သိရသည္။

.
ထို႔အျပင္ လႊတ္ေတာ္အစည္းအေဝး ဒုတိယေန႔တြင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ၁၂ ဦးတို႔မွ ၾကယ္ပြင့္ျပ ေမးခြန္း ၁၆ ခု ေမးျမန္းျခင္းႏွင့္ သက္ဆိုင္ရာ ျပည္နယ္အဖြဲ႕အစည္းဝင္မ်ားမွ ေျဖၾကားျခင္း၊ ရွမ္းျပည္နယ္ တရား လႊတ္ေတာ္၏ ၂၀၁၈ ခုႏွစ္အတြင္း လုပ္ငန္းေဆာင္ရြက္ခ်က္အစီရင္ခံစာကို လႊတ္ေတာ္သို႔ ဖတ္ၾကားတင္ျပျခင္းတို႔ကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝးမ်ားကို ဇြန္လ ၁၀ ရက္မွ စတင္၍ ရွမ္းျပည္နယ္လႊတ္ေတာ္ အေဆာက္အအံုအတြင္း စတင္က်င္းပေနျခင္းျဖစ္ေၾကာင္း သိရသည္။
.
ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)တွင် အခြေခံပညာ ကျောင်းများ ဘေးကင်းစိတ်ချရသော အစားအသောက်ဥပဒေ (မူကြမ်း) အား တင်သွင်းသွားမည်
.
ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ယနေ့ ဇွန်လ ၁၁ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိရာ ရှမ်းပြည်နယ် အခြေခံပညာကျောင်းများတွင် ဘေးကင်းစိတ်ချရသော အစားအသောက် ဥပဒေ (မူကြမ်း) အား လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
.
လွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၄၀ ဦး ရှိသည့်အနက် ၁၂၉ ဦး တက်ရောက်ပြီး ခွင့်ပန်ကြားသူ ၁၁ ဦး ရှိသည့်အတွက် တက်ရောက်သူ ၉၂ ဒသမ ၁၄ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
.
ထို့အပြင် လွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးတို့မှ ကြယ်ပွင့်ပြ မေးခွန်း ၁၆ ခု မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ်အဖွဲ့အစည်းဝင်များမှ ဖြေကြားခြင်း၊ ရှမ်းပြည်နယ် တရား လွှတ်တော်၏ ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို ဇွန်လ ၁၀ ရက်မှ စတင်၍ ရှမ်းပြည်နယ်လွှတ်တော် အဆောက်အအုံအတွင်း စတင်ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment