ေတာင္ႀကီး-ဟိုပံုးအထြက္လမ္းရွိ သူေဌးက်ဴးေက်ာ္မ်ားအား ဖယ္ရွား ရွင္းလင္းသြားမည္ဟု ရွမ္းျပည္နယ္အစိုးရအဖဲြ႕ ေျပာၾကား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, June 19, 2019

ေတာင္ႀကီး-ဟိုပံုးအထြက္လမ္းရွိ သူေဌးက်ဴးေက်ာ္မ်ားအား ဖယ္ရွား ရွင္းလင္းသြားမည္ဟု ရွမ္းျပည္နယ္အစိုးရအဖဲြ႕ ေျပာၾကား

ရဲရင့္ဇြဲ
.
ေတာင္ႀကီးၿမိဳ႕ေတာင္ဘက္ ဟို ပံုး အထြက္လမ္းရွိ သူေဌးက်ဴးေက်ာ္ မ်ားအား မၾကာမီ ကာလအတြင္းဥပေဒ ႏွင့္အညီ ဖယ္ရွား ရွင္းလင္းသြားမည္ ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရ အဖြဲ႕ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္က ေျပာၾကားခဲ့သည္။

.
ရွမ္းျပည္နယ္အစိုးရ၏ တတိယ တစ္ႏွစ္တာ လုပ္ငန္းေဆာင္ရြက္ ခ်က္မ်ား သတင္းစာရွင္းလင္းပြဲကို ဇြန္ လ ၁၄ ရက္၊ မြန္းလြဲပိုင္းက ေတာင္ႀကီး ၿမိဳ႕၊ သစ္ေတာရပ္ကြက္ရွိၿမိဳ႕ေတာ္ခန္း မတြင္ ျပဳလုပ္ရာ ဦးစိုးစိုးေဇာ္က ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္း ျဖစ္သည္။

.
''လက္ရွိ အဲဒီေနရာမွာ က်န္တဲ့ ေျမကြက္ေတြေပၚမွာ က်ဳးေက်ာ္ေန ၾကတဲ့သူေတြရွိပါတယ္။ အဲဒါကို လည္း ဖယ္ရွားဖို႔ သက္ဆိုင္ရာစည္ ပင္သာယာေရးဝန္ႀကီးဌာနက စည္း ကမ္း ဥပေဒနဲ႔အညီ သတိေပးေဆာင္ ရြက္ထားၿပီး ျဖစ္ပါတယ္။ မၾကာခင္ မွာလည္း အဲဒီေနရာေတြကို ဥပေဒနဲ႔ အညီ ရွင္းလင္းဖယ္ရွားေဆာင္ရြက္ သြားမွာ ျဖစ္ပါတယ္'' ဟု ဦးစိုးစိုးေဇာ္ က မီဒီယာမ်ားအား ေျပာဆိုခဲ့သည္။
.
သတင္းစာရွင္းလင္းပြဲတြင္ အစိုး ရ စီမံခန္႔ခြဲပိုင္ခြင့္ရွိေသာ ေျမမ်ားတြင္ တည္ေဆာက္ အသံုးျပဳေနၾကသည့္ သူေဌး က်ဴးေက်ာ္မ်ားကို ဖယ္ရွားရွင္း လင္းရန္ ေဆာင္ရြက္မႈ အေျခအေန ႏွင့္ပတ္သက္၍ ကေမၻာဇတိုင္း၏ ေမးခြန္းေမးျမန္းမႈကို ဦးစိုးစိုးေဇာ္က ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
.
အဆိုပါ က်ဴးေက်ာ္ေျမႏွင့္ ပတ္ သက္၍ ရွမ္းျပည္ႏိုင္ငံေရး အက်ဥ္း သားေဟာင္းမ်ားအဖြဲ႕မွ ကိုယဥ္ေဌး က ''အဲဒီေနရာက သစ္ေတာေျမပဲ။ အခုေနာက္ပိုင္း အစိုးရ စီမံခန္႔ခြဲပုိင္ ခြင့္ရွိတဲ့ ေျမျဖစ္တယ္လို႔ သိရတယ္။ အဲဒီလို ေနရာမ်ိဳးမွာ ပုဂၢလိက က လာေဆာက္ထားတာ။ ဒါကပြင့္လင္း ျမင္သာမႈ မရွိတာဘဲ။ အစိုးရဌာနေတြ ျဖစ္တယ္ဆိုရင္ေတာ့တစ္မ်ိဳးေပါ့။ အခုက ပုဂၢလိက က ေဆာက္ထားတာ ဆိုေတာ့ တစ္ေယာက္ေယာက္နဲ႔ပိုင္ လို႔ လုပ္တာျဖစ္ႏုိင္တယ္။ လက္ညႇိဳး ထုိးၿပီး ေရာင္းစားတဲ့ပံုစံျဖစ္ေနတယ္။ ဒါကိုအစိုးရက ထိထိေရာက္ေရာက္ အေရးယူသင့္တယ္။ တျခား မ်က္ႏွာ မြဲ ျပည္သူေတြေတာ့ အဖ်က္ခံရ။ သိမ္း ဆည္းခံရ၊ ေထာင္ခ်ခံရတယ္။ အ စိုးရ အေနနဲ႔လည္း ျပည္သူေတြေရွ႕ မွာ ခ်ျပၿပီး ပြင့္ပြင့္လင္းလင္း လုပ္ သင့္ပါတယ္။ တားျမစ္႐ံုနဲ႔လည္း မ လံုေလာက္ေသးဘူး၊ ဒါမ်ိဳးေတြဆက္ ၿပီး ျဖစ္ေပၚမလာဖို႔အတြက္ ေရာင္းသူ ေရာ၊ ဝယ္သူေရာ၊ ဒီအေဆာက္အဦ ကိစၥမွာ ပါဝင္ပတ္သက္ေနတဲ့ သူ ေတြကိုေရာ ထိထိေရာက္ေရာက္ အ ေရးယူ ေဆာင္ရြက္သင့္ပါတယ္''ဟု ၄င္း၏အျမင္ကို ေျပာဆိုခဲ့သည္။
.
ရွမ္းျပည္နယ္ အစိုးရအဖြဲ႕မွ စီမံ ခန္႔ခဲြပိုင္ခြင့္ရွိေသာ ေျမေနရာျဖစ္ သည့္ ေတာင္ႀကီးၿမိဳ႕၊ ကံႀကီးရပ္ကြက္၊ ေတာင္ႀကီး-ဟိုပံုးသြား ကားလမ္း ညာဘက္အတြင္းရွိ လွ်ပ္စစ္ဓာတ္ အား ျဖန္႔ျဖဴးေရး႐ုံးအနီး၌ ခြင့္ျပဳခ်က္ မရွိဘဲ တရားမဝင္ ေဆာက္လုပ္ေန ေသာ အေဆာက္အဦအား လြန္ခဲ့ သည့္ ဒီဇင္ဘာလအတြင္းက ေတာင္ ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာ နမွ တားျမစ္စာ ထုတ္ျပန္ထားခဲ့ၿပီး  လက္ရွိအခ်ိန္တြင္ အဆုိပါ အေဆာက္ အဦအား ဆက္လက္ေဆာက္လုပ္ ျခင္း မရွိေတာ့ဘဲလုပ္ငန္းမ်ား ရပ္ ဆိုင္းထားေၾကာင္း သိရသည္။
.
တောင်ကြီး-ဟိုပုံးအထွက်လမ်းရှိ သူဌေးကျူးကျော်များအား ဖယ်ရှား ရှင်းလင်းသွားမည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောကြား
.
ရဲရင့်ဇွဲ
.
တောင်ကြီးမြို့တောင်ဘက် ဟို ပုံး အထွက်လမ်းရှိ သူဌေးကျူးကျော် များအား မကြာမီ ကာလအတွင်းဥပဒေ နှင့်အညီ ဖယ်ရှား ရှင်းလင်းသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်အစိုးရ၏ တတိယ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက် ချက်များ သတင်းစာရှင်းလင်းပွဲကို ဇွန် လ ၁၄ ရက်၊ မွန်းလွဲပိုင်းက တောင်ကြီး မြို့၊ သစ်တောရပ်ကွက်ရှိမြို့တော်ခန်း မတွင် ပြုလုပ်ရာ ဦးစိုးစိုးဇော်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
''လက်ရှိ အဲဒီနေရာမှာ ကျန်တဲ့ မြေကွက်တွေပေါ်မှာ ကျုးကျော်နေ ကြတဲ့သူတွေရှိပါတယ်။ အဲဒါကို လည်း ဖယ်ရှားဖို့ သက်ဆိုင်ရာစည် ပင်သာယာရေးဝန်ကြီးဌာနက စည်း ကမ်း ဥပဒေနဲ့အညီ သတိပေးဆောင် ရွက်ထားပြီး ဖြစ်ပါတယ်။ မကြာခင် မှာလည်း အဲဒီနေရာတွေကို ဥပဒေနဲ့ အညီ ရှင်းလင်းဖယ်ရှားဆောင်ရွက် သွားမှာ ဖြစ်ပါတယ်'' ဟု ဦးစိုးစိုးဇော် က မီဒီယာများအား ပြောဆိုခဲ့သည်။
.
သတင်းစာရှင်းလင်းပွဲတွင် အစိုး ရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများတွင် တည်ဆောက် အသုံးပြုနေကြသည့် သူဌေး ကျူးကျော်များကို ဖယ်ရှားရှင်း လင်းရန် ဆောင်ရွက်မှု အခြေအနေ နှင့်ပတ်သက်၍ ကမ္ဘောဇတိုင်း၏ မေးခွန်းမေးမြန်းမှုကို ဦးစိုးစိုးဇော်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ကျူးကျော်မြေနှင့် ပတ် သက်၍ ရှမ်းပြည်နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့မှ ကိုယဉ်ဌေး က ''အဲဒီနေရာက သစ်တောမြေပဲ။ အခုနောက်ပိုင်း အစိုးရ စီမံခန့်ခွဲပိုင် ခွင့်ရှိတဲ့ မြေဖြစ်တယ်လို့ သိရတယ်။ အဲဒီလို နေရာမျိုးမှာ ပုဂ္ဂလိက က လာဆောက်ထားတာ။ ဒါကပွင့်လင်း မြင်သာမှု မရှိတာဘဲ။ အစိုးရဌာနတွေ ဖြစ်တယ်ဆိုရင်တော့တစ်မျိုးပေါ့။ အခုက ပုဂ္ဂလိက က ဆောက်ထားတာ ဆိုတော့ တစ်ယောက်ယောက်နဲ့ပိုင် လို့ လုပ်တာဖြစ်နိုင်တယ်။ လက်ညှိုး ထိုးပြီး ရောင်းစားတဲ့ပုံစံဖြစ်နေတယ်။ ဒါကိုအစိုးရက ထိထိရောက်ရောက် အရေးယူသင့်တယ်။ တခြား မျက်နှာ မွဲ ပြည်သူတွေတော့ အဖျက်ခံရ။ သိမ်း ဆည်းခံရ၊ ထောင်ချခံရတယ်။ အ စိုးရ အနေနဲ့လည်း ပြည်သူတွေရှေ့ မှာ ချပြပြီး ပွင့်ပွင့်လင်းလင်း လုပ် သင့်ပါတယ်။ တားမြစ်ရုံနဲ့လည်း မ လုံလောက်သေးဘူး၊ ဒါမျိုးတွေဆက် ပြီး ဖြစ်ပေါ်မလာဖို့အတွက် ရောင်းသူ ရော၊ ဝယ်သူရော၊ ဒီအဆောက်အဦ ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ သူ တွေကိုရော ထိထိရောက်ရောက် အ ရေးယူ ဆောင်ရွက်သင့်ပါတယ်''ဟု ၄င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ စီမံ ခန့်ခွဲပိုင်ခွင့်ရှိသော မြေနေရာဖြစ် သည့် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ တောင်ကြီး-ဟိုပုံးသွား ကားလမ်း ညာဘက်အတွင်းရှိ လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးရေးရုံးအနီး၌ ခွင့်ပြုချက် မရှိဘဲ တရားမဝင် ဆောက်လုပ်နေ သော အဆောက်အဦအား လွန်ခဲ့ သည့် ဒီဇင်ဘာလအတွင်းက တောင် ကြီးမြို့နယ် စည်ပင်သာယာရေးဌာ နမှ တားမြစ်စာ ထုတ်ပြန်ထားခဲ့ပြီး  လက်ရှိအချိန်တွင် အဆိုပါ အဆောက် အဦအား ဆက်လက်ဆောက်လုပ် ခြင်း မရှိတော့ဘဲလုပ်ငန်းများ ရပ် ဆိုင်းထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats