တစ္ပတ္တာ ကံၾကမၼာ - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Thursday, June 13, 2019
တစ္ပတ္တာ ကံၾကမၼာ
ဆရာ ယဉ်မင်းအောင်
တနင်္ဂနွေ
.
တနင်္လာ
.
အင်္ဂါ
ယတြာ။         စေတီမှာ တံခွန်လှူပါ။
.
ဗုဒ္ဓဟူး
.
ကြာသပတေး
.
သောကြာ
.
စနေ
.
တစ်ပတ်တာ ကံကြမ္မာ
.
ဆရာ ယဉ်မင်းအောင်
တနင်္ဂနွေ
နောက်ထပ် ခရီးတစ်ခု ထပ်သွားရမည်။ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေလိမ့်မည်။ အကြံအစည် ရှုပ်ထွေး  နေလိမ့်မည်။ ခက်ခဲသော အနေအထားတစ်ခုကို ကျော်ဖြတ်ရလိမ့်မည်။ ငွေကြေး အကူအညီ ရလိမ့်မည်။ မိတ်ဆွေကောင်းနဲ့ တွေ့မည်။ သားသမီးကိစ္စဆောင်ရွက်ရမည်။ စိတ်မောရလိမ့်မည်။ သူတစ်ပါး ကူညီခံရမည်။ ကုန်သည်များ အရောင်းပြန်ကောင်းလာပြီး အကျိုးအမြတ်ရလိမ့်မည်။ ရွှေဈေးပြန်အေးလိမ့်မည်။ ဝန်ထမ်းများ နေရာ၊ ရာထူးအပြောင်းအလဲ ပေါ်ပေါက်မည်။ ပွဲစားများ အိမ်ငှား တည့်လိမ့်မည်။ ငယ်သူများ အချစ်ရေး ကိစ္စ တွင် ချစ်သူပေးသော သတင်းကောင်းကြားသိရမည်။ ကျန်းမာရေးကိစ္စများတွင် နားနာမည်။ ယားယံခြင်း စသည်ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၄/၉)ဖြစ်သည်။
ယတြာ။         ဘုရားတွင် ပေါက်ပေါက်လှူပါ။
.
တနင်္လာ
ဆိုင်ကယ် ဝင်မည်။ အလဲအထပ်လည်း လုပ်ရတတ်သည်။ ကားရှိသူများ ကားအောက်ပိုင်း ပြုပြင်ရမည်။ ထင်ရှားသော သူများနဲ့ တွေ့ဆုံခင်မင်ရလိမ့်မည်။ အနောက်တိုင်း အစားအစာများ စားရကံပေါ်မည်။ ပွဲတစ်ခု ခု သွားလာရမည်။ အလုပ်စီးပွားရေးများ ပြန်ကောင်းမွန်လာမည်။ ငွေအထူးဝင်လာမည်။ ကုန်သည်များမှာ အြေ<ွကးပြန်ကောက်ရလိမ့်မည်။ ဝန်ထမ်းများ တာဝန်ကြောင့် ခရီးထွက်ရမည်။ မြို့ထဲထွက်ရမည်။ ပွဲစားများ အလုပ်ရပ်တန့်နေဦးမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူပေးသော လက်ဆောင်ကောင်းရလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် ဝမ်းကိုက်မည်။ ခြေလက်ထိခိုက်မှု အသေးစားဖြစ်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၅/၇)ဖြစ်သည်။
ယတြာ။         စေတီတွင် နှင်းဆီလှူပါ။
.
အင်္ဂါ
ကား ဝင်ခြင်း၊ ကားအလဲအထပ် ပြုခြင်း ကြုံမည်။ ကားကြောင့် ငွေဝင်ခြင်းမျိုးလည်း ကြုံတတ်ပါသည်။ ဘီဒို မဝယ်ရ လာဘ်လွဲမည်။ စီးပွားရေး ကိစ္စများ တိုးချဲ့ရန် ပေါ်ပေါက်မည်။ အကြံအစည်သစ်များ ဖြစ်ပေါ် မည်။ အဝေးမှ ဧည့်သည်လာမည်။ အလုပ်ရှုပ်ထွေးပြီး ပိနေလိမ့်မည်။ ရွှေမဝယ်သင့်သောကာလဖြစ်သည်။ ကုန်သည်များမှာ အရောင်းအဝယ်ကိစ္စ ရှုပ်ထွေးနေလိမ့်မည်။ ဝန်ထမ်းများ သင်တန်းပေါ်ခြင်း၊ ပညာလေ့လာ ရခြင်းကြုံမည်။ ပွဲစားများ ငွေချေးငှားပေးခြင်းမှ ပွဲခရလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနဲ့ စား သောက်ဆိုင် အတူသွားရခြင်း၊ ရုပ်ရှင်အတူကြည့်ရခြင်း ကြုံမည်။ ကျန်းမာရေးကိစ္စတွင် ဖျားလိမ့်မည်။ ကံ ကောင်းစေသော ဂဏန်းမှာ(၄/၆/၈)ဖြစ်သည်။
ယတြာ။         စေတီမှာ တံခွန်လှူပါ။
.
ဗုဒ္ဓဟူး
ခိုက်ရန် နည်းနည်း ကြုံမည်။ မိသားစုအတွင်း ပျော်ရွှင် ကျေနပ်စရာ ပေါ်ပေါက်လာတော့မည်။ ငွေကြေးအ ထွက်များမည်။ ငွေအရင်းမြှုပ်နေမည်။ ခရီးဝေးသွားလာရမည်။ ကောင်းသော အကြံဉာဏ်များ ပေးသူပေါ်လာ မည်။ စီးပွားရေးကောင်းလာမည်။ နေအိမ်အတွင်း ပစ္စည်းကောင်းများ ဝင်လာလိမ့်မည်။ ကုန်သည်များ စာရင်း အင်းပျောက်ဆုံးတတ်သောကြောင့် သတိထားပါ။ ဝန်ထမ်းများမှာ ကြီးသူဖိအားနည်းနည်းကြုံပါမည်။ ပွဲစား များ ပွဲခ၇တော့မည်။ ငယ်ရွယ်သူများမှာ ချစ်သူအတွက် အပူသောက နည်းနည်းတွေ့ပါမည်။ ကျန်းမာရေး ကိစ္စတွင် ကိုယ်လက်ကိုက်ခဲညောင်းညာနေမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၃/၆)ဖြစ်သည်။
ယတြာ။         သံဃာတော်ကို ဆပ်ပြာလှူပါ။
.
ကြာသပတေး
နေအိမ်သို့ သူခိုးကပ်မည်။ သတိပြုပါ။ ချော်လဲတတ်ခြင်း၊ ခလုတ်တိုက်မိခြင်းလည်း ကြုံလိမ့်မည်။ ငွေ ကြေး အခြေအနေမှာ ဝင်ငွေမလုံလောက်သေး။ ဝင်နေသော်လည်း အထွက်များလွန်းနေမည်။ စီးပွားရေး လုပ် ငန်းပြောင်းလဲရန် စိတ်ကူးကြံစည်နေမည်။ ပိုင်ဆိုင်ပြီးသော ပစ္စည်းအချို့ ပြန်လည်ထွက်ခွာသွားမည်။ ကုန် သည်များမှာ အရောင်းအား ကျဆင်းသွားလိမ့်မည်။ ဝန်ထမ်းများမှာ အလုပ်တာဝန်အသစ် ပေးအပ်ခံရမည်။ ပွဲစားများမှာ အလုပ်မဖြစ်သဖြင့် စိတ်ညစ်နေမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနှင့် အလည်အပတ် သွားရလိမ့်မည်။ ကျန်းမာရေးတွင် သွေးတိုးခြင်း၊ ခေါင်းကိုက်ခြင်း အသေးစားကြုံလိမ့်မည်။ ကံကောင်းစေ သော ဂဏန်းမှာ(၁/၄/၉)ဖြစ်သည်။
ယတြာ။         သံဃာတော်ကို သကြားဆွမ်းလှူပါ။
.
သောကြာ
အလုပ်များ ပိနေပြီး မအားမလပ် ကြုံရလိမ့်မည်။ ရတနာနှင့် ပတ်သက်ပြီး အကျိုးခံစားရလိမ့်မည်။ နေ အိမ်တွင် နည်းနည်းပြုပြင်ရအံ့။ သားသမီးရှိသူများ အပူတွေ့မည်။ ငွေကုန်မည်။ ဝေးကွာနေသော သူများနှင့် ပြန်လည်ဆုံတွေ့မည်။ ကောင်းမွန်သော ဖုန်းများ အသစ်ဝင်လာကံရှိသည်။ တောင်အရပ် ညအိပ်မသွားသင့် ပါ။ ကုန်သည်များ ဖောက်သည်အသစ် တိုးတက်လာမည်။ ဝန်ထမ်းများမှာ ပျင်းရိစွာ အချိန်ကုန်ဆုံးနေလိမ့် မည်။ ပွဲစားများ ငွေချေးငှား သုံးရလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် အဆင်ပြေလိမ့်မည်။ အချို့ မှာ ချစ်သူက အဝေးယာယီသွားလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် အအေးမိခြင်း၊ အဆုတ်ပွခြင်းကြုံမည်။ ကံ ကောင်းစေသော ဂဏန်းမှာ(ဝ/၇/၉)ဖြစ်သည်။
ယတြာ။         စေတီမှာ ကောက်ညှင်းပေါင်းလှူပါ။
.
စနေ
မော်တော်ကား ပြုပြင်ခြင်း၊ ယာဉ်ပြုပြင်ခြင်း ကြုံလိမ့်မည်။ ကြီးသူများအတွက် အပူတွေ့လိမ့်မည်။ ခက်ခဲ သော အလုပ်များ ပြီးစီးအောင်မြင်သွားလိမ့်မည်။ ရွှေရတနာဝင်ကိန်းကြုံမည်။ ဘုရား စေတီများ ဖူးမြော်ရ မည်။ စီးပွားရေးငွေကြေးများ အဆင်ပြေတော့မည်။ အလုပ်ကောင်းမွန်လာမည်။ ထူးခြားသော ပွဲလမ်းများ သွားရောက်ရမည်။ အလိုရှိသော ပစ္စည်းများလည်း ဝင်လာရရှိလိမ့်မည်။ စက်ဝင်မည်။ ကုန်သည်များမှာ အ လိမ်ခံရတတ်သဖြင့် သတိထားပါ။ ဝန်ထမ်းများမှာ နေရာရွှေ့ပြောင်းရမည်။ အချို့မှာ ခရီးသွားလာရမည်။ ပွဲ စားများမှာ အရောင်းအဝယ်တည့်သဖြင့် ပျော်ရွှင်ရမည်။ ငယ်သူများ အချစ်ရေးတွင် အဆင်ပြေနေလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၅/၇) ဖြစ်သည်။
ယတြာ။         သံဃာတော်ကို တံဘက် လှူပါ။
No comments:
Post a Comment