ကျိုင်းတုံရဲစခန်းမှ ခွင့်မဲ့ပျက်ကွက် ဖြစ်နေသော ရဲတပ်ကြပ်ကြီးအား ရဟန်းဝတ်ဖြင့် ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, June 3, 2019



ထက်တိုင်းကျော်
.
ရှမ်းပည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မရဲစခန်း၌ ထိန်းသိမ်းထားသည့် ဖူရောင် ပုံဆောင်ခဲ ICE တစ် ကီလိုဂရမ်ရှိ အထုပ်ပေါင်း  ၆၄ ထုမှာ မူလ ထ်ုပိုးမှု ပုံစံ ပျက်ကာ ကျောက်ချဉ်ဖင့် အစားထိုးထားသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ခွင့်မဲ့ပျက်ကွက် ဖြစ်၍ ထွက်ပေး တိမ်းရှောင်နေသော ရဲတပ်ကပ်ကြီး မင့်နိုင်အား ဇွန်လ ၂ ရက်တွင် ရဟန်းဝတ်ဖင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့မရဲစခန်းမှ မေလ ၁၅ ရက်တွင် အကောင်းမဲ့ ခွင့်မဲ့ပျက်ကွက်ဖင့် ထွက်ပေး တိမ်းရှောင်နေသည့် ရဲတပ်ကပ်ကြီး မင့်နိုင်အား ရှမ်းပည်နယ်တောင်ပိုင်း ၊ ပင်လောင်းမြို့နယ်၊ ဘန်းပင်ကျေးရွာအုပ်စု ၊ နောင်လင်ရွာဘုန်းကြီးကျောင်းတွင် သင်္ကန်းဝတ်ဖင့် ဇွန်လ ၂ ရက်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

ရဲတပ်ကပ်ကြီး မင့်နိုင်နှင့် ဆပ်စပ် သင်္ကာမကင်းသူများကို ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၃၅/၂၀၁၉ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပောင်းလဲစေတတ်သော ပုဒ်မ ၁၈(ဃ)/၂၂(ဃ)ဖင့် အမှုဖွင့်ထားခြင်း ဖြစ်ပြီး ယင်းအမှုတွဲတွင် ပါဝင်သူ ရဲတပ်ကပ် ဝေဖြိုး အား ပဲခူးမြို့တွင် ဖမ်းဆီးရမိခဲ့ပြီးနောက် ကျိုင်းတုံမြို့မရဲစခန်းသို့ လွှဲပောင်းထားကာင်းလည်း သိရသည်။
.
ကျိုင်းတုံခရိုင် အတွင်းရှိ ရဲစခန်းများမှ ဖမ်းဆီးရမိခဲ့ပြီးနောက် သက်ဆိုင်ရာ တရားရုံးများက အမှု ပြီးပတ်၍ သက်သေခံ ပစ္စည်းအဖစ် ကျိုင်းတုံမြို့မရဲစခန်း၊ စတိုခန်းအတွင်း ထိန်းသိမ်းထားသည့် အဖူရောင် ပုံဆောင်ခဲ ICE ၁၀၃ ထုအနက် ၆၄ ထ်ုပါသော စက္ကူပုံးများသည် ရဲလုပ်ထုံး လုပ်နည်းနှင့် အညီ ပြုလုပ်ထားသော အမှတ်အသား မူလ ပုံစံများ ပျက်ယွင်းနေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးစဉ် ကျောက်ချဉ်ဖင့် အစားထိုး လဲလှယ်ထားသည်ကို သိရှိရခြင်း ဖြစ်ပြီး ရဲတပ်ကပ်ကြီး မင့်နိုင် အပါအ၀င် တာဝန်ရှိသူ အဆင့်ဆင့်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတုံရဲစခန်းမှ ခွင့်မဲ့ပျက်ကွက် ဖြစ်နေသော ရဲတပ်ကြပ်ကြီးအား ရဟန်းဝတ်ဖြင့် ဖမ်းမိ
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျ ိုင်းတုံမြို့မရဲစခန်း၌ ထိန်းသိမ်းထားသည့် အဖြူရောင် ပုံဆောင်ခဲ ICE တစ် ကီလိုဂရမ်ရှိ အထုပ်ပေါင်း  ၆၄ ထုပ်မှာ မူလ ထုပ်ပိုးမှု ပုံစံ ပျက်ကာ ကျောက်ချဉ်ဖြင့် အစားထိုးထားသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ခွင့်မဲ့ပျက်ကွက် ဖြစ်၍ ထွက်ပြေး တိမ်းရှောင်နေသော ရဲတပ်ကြပ်ကြီး မြင့်နိုင်အား ဇွန်လ ၂ ရက်တွင် ရဟန်းဝတ်ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့မရဲစခန်းမှ မေလ ၁၅ ရက်တွင် အကြောင်းမဲ့ ခွင့်မဲ့ပျက်ကွက်ဖြင့် ထွက်ပြေး တိမ်းရှောင်နေသည့် ရဲတပ်ကြပ်ကြီး မြင့်နိုင်အား ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်လောင်းမြို့နယ်၊ ဘန်းပြင်ကျေးရွာအုပ်စု ၊ နောင်လင်ရွာဘုန်းကြီးကျောင်းတွင် သင်္ကန်းဝတ်ဖြင့် ဇွန်လ ၂ ရက်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

ရဲတပ်ကြပ်ကြီး မြင့်နိုင်နှင့် ဆပ်စပ် သင်္ကာမကင်းသူများကို ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၃၅/၂၀၁၉ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ပုဒ်မ ၁၈(ဃ)/၂၂(ဃ)ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်ပြီး ယင်းအမှုတွဲတွင် ပါဝင်သူ ရဲတပ်ကြပ် ဝေဖြိုး အား ပဲခူးမြို့တွင် ဖမ်းဆီးရမိခဲ့ပြီးနောက် ကျိုင်းတုံမြို့မရဲစခန်းသို့ လွှဲပြောင်းထားကြောင်းလည်း သိရသည်။
.
ကျိုင်းတုံခရိုင် အတွင်းရှိ ရဲစခန်းများမှ ဖမ်းဆီးရမိခဲ့ပြီးနောက် သက်ဆိုင်ရာ တရားရုံးများက အမှု ပြီးပြတ်၍ သက်သေခံ ပစ္စည်းအဖြစ် ကျိုင်းတုံမြို့မရဲစခန်း၊ စတိုခန်းအတွင်း ထိန်းသိမ်းထားသည့် အဖြူရောင် ပုံဆောင်ခဲ ICE ၁၀၃ ထုပ်အနက် ၆၄ ထုပ်ပါသော စက္ကူပုံးများသည် ရဲလုပ်ထုံး လုပ်နည်းနှင့် အညီ ပြုလုပ်ထားသော အမှတ်အသား မူလ ပုံစံများ ပျက်ယွင်းနေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးစဉ် ကျောက်ချဉ်ဖြင့် အစားထိုး လဲလှယ်ထားသည်ကို သိရှိရခြင်း ဖြစ်ပြီး ရဲတပ်ကြပ်ကြီး မြင့်နိုင် အပါအဝင် တာဝန်ရှိသူ အဆင့်ဆင့်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment