ရွမ္းျပည္နယ္နဲ႔ ၂၆၁ ျပႆနာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, June 13, 2019

ရွမ္းျပည္နယ္နဲ႔ ၂၆၁ ျပႆနာ


နန္းနန္းတိုင္း
.
၂ဝဝ၈ ဖြဲ႕စည္းပုံအေျခခံဥပေဒထဲမွာ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ရဲ႕ ဝန္ႀကီးခ်ဳပ္ေတြကို ဘယ္လို ခန္႔အပ္တာဝန္ေပးရမလဲ ဆိုတာကို ပုဒ္မ ၂၆၁(ခ)မွာ ေဖာ္ျပထားပါတယ္။ ဝန္ႀကီးခ်ဳပ္ ကိုသက္ဆိုင္ရာတိုင္းနဲ႔ ျပည္နယ္လႊတ္ေတာ္ရဲ႕ သေဘာတူညီခ်က္နဲ႔ လႊတ္ေတာ္ကိုယ္စား လွယ္ထဲက သင့္ေလ်ာ္တဲ့သူကို ႏိုင္ငံေတာ္သမၼတက ခန္႔အပ္တာဝန္ေပးအပ္ရမွာျဖစ္ပါတယ္။ သေဘာကေတာ့ သမၼတႀကိဳက္မွ၊ အႏိုင္ရပါတီက ႀကိဳက္ပါမွ ဝန္ႀကီးခ်ဳပ္ျဖစ္လာမွာ ျဖစ္ပါတယ္။ ျပည္နယ္လႊတ္ ေတာ္ထဲမွာ ကိုယ္စားလွယ္ေနရာ အမ်ားႀကီးရွိေနတဲ့ ပါတီျဖစ္ေပ မယ့္လည္း ဝန္ႀကီးခ်ဳပ္ ေနရာရဖို႔ဆိုတာက မျဖစ္ႏိုင္ပါဘူး။ သမၼတက ခန္႔အပ္မွသာ ဝန္ႀကီးခ်ဳပ္ျဖစ္လာမွာျဖစ္ၿပီး ျပည္နယ္အစိုးရအဖြဲ႕ကို ဦးေဆာင္ဖြဲ႕စည္းႏိုင္မွာပါ။ အဲဒီေတာ့ သမၼတနဲ႔ အႏိုင္ရပါတီက ခိုင္းတာကို လုပ္ေပးမယ့္ သူကသာလွ်င္ ဝန္ႀကီးခ်ဳပ္ျဖစ္ဖို႔ ေသခ်ာမွာပါ။ ဒါေၾကာင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ လုပ္တဲ့သူဟာ ျပည္နယ္လႊတ္ေတာ္ကို တာဝန္ခံတာထက္ သမၼတမ်က္ႏွာကို တစ္ေနကုန္ ၾကည့္ေနရတာေၾကာင့္ အားနည္းခ်က္ေတြရွိမွာေတာ့ အမွန္ပါပဲ။ ဒါဟာ ဖက္ဒရယ္စနစ္နဲ႔လည္း ကိုက္ညီျခင္း မရွိဘူးလို႔ ဆိုႏိုင္ပါတယ္။
.
လက္ရွိ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၂၆၁(ခ)မွာ ဒီလိုဆိုထားပါတယ္။ ''(၁)ႏိုင္ငံ ေတာ္သမၼတသည္ သက္ဆိုင္ရာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ ခန္႔ အပ္တာဝန္ေပးရန္၊ သက္ဆိုင္ရာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စား လွယ္မ်ားထဲက သတ္မွတ္ထားသည့္ အရည္အခ်င္းမ်ားႏွင့္ ျပည့္စုံေသာ သင့္ေလ်ာ္သည့္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးအား ေရြးခ်ယ္ရမည္။ (၂)ေရြးခ်ယ္ထားသည့္ လႊတ္ေတာ္ ကိုယ္စားလွယ္၏ အမည္စာရင္းကို သက္ဆိုင္ရာတိုင္းေဒသႀကီး သို႔႔မဟုတ္ ျပည္နယ္လႊတ္ေတာ္သို႔ ေပးပို႔လ်က္ သေဘာတူညီခ်က ္ရယူရမည္''လို႔ ေဖာ္ျပထားပါတယ္။
.

တပ္မေတာ္ကေတာ့ ယွဥ္ၿပိဳင္ အေရြးခ်ယ္ခံရသူေတြ မဟုတ္ ေပမယ့္လည္း ကိုယ္စားလွယ္ေနရာ ၃၆ ဦးနဲ႔ ပထမေနရာမွာ ရွိေနပါတယ္။ တပ္မေတာ္နဲ႔ ျပည္ခိုင္ၿဖိဳး ေပါင္းလိုက္ရင္ကိုပဲ ဝန္ႀကီးခ်ဳပ္ ကုလားထိုင္ကို ေအးေအးေဆးေဆး သိမ္းပိုက္လို႔ ရသြားပါၿပီ။

 
အဲဒီ ေဖာ္ျပထားတာနဲ႔ ပတ္သက္ၿပီး ရွမ္းျပည္နယ္လႊတ္ေတာ္အေၾကာင္းကိုပဲ ေျပာရမယ္ဆိုရင္ ၂၆၁ သာ ျပင္ျဖစ္မယ္ဆိုရင္ လက္ရွိ ရွမ္းျပည္နယ္ လႊတ္ေတာ္မွာေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၃ ဦးနဲ႔ ဖြဲ႕စည္းထားၿပီး ျပည္ခိုင္ၿဖဳိး ပါတီက ၃၁ ေနရာနဲ႔ ဒုတိယ SNLDက်ားေခါင္းပါတီ က ၂၈ ေနရာနဲ႔ တတိယ၊NLD ပါတီက ၂၅ ေနရာနဲ႔ စတုတၱေနရာမွာ ရွိပါတယ္။ တပ္မေတာ္ကေတာ့ ယွဥ္ၿပိဳင္အေရြးခ်ယ္ခံရသူေတြ မဟုတ္ေပမယ့္လည္း ကိုယ္စားလွယ္ေနရာ ၃၆ ဦးနဲ႔ ပထမေနရာမွာရွိေနပါတယ္။ တပ္မေတာ္နဲ႔ ျပည္ခိုင္ၿဖိဳး ေပါင္းလိုက္ရင္ကိုပဲ ဝန္ႀကီးခ်ဳပ္ ကုလားထိုင္ကို ေအးေအးေဆးေဆး သိမ္းပိုက္ လို႔ ရသြားပါၿပီ။ ထပ္ၿပီး လိုေနေသးရင္ေတာင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသက မဟာမိတ္ပါတီ ေတြရဲ႕ အင္အားကို ယူလို႔ရပါေသးတယ္။ ဒါကေတာ့ လက္ရွိ အရွိတရားကို ေျပာျပတာပါ။
.
ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕မွာ တပ္မေတာ္ ေထာက္ခံပြဲနဲ႔ ပုဒ္မ ၂၆၁ ကို ဥပေဒနဲ႔ အညီ ျပင္ဆင္ေပးဖို႔ လူထု ဆႏၵေဖာ္ထုတ္ပြဲကို အမ်ိဳးသားလုံၿခဳံေရး လူမႈကြန္ယက္(ဗဟို)က ဦးေဆာင္ၿပီး ၿပီးခဲ့တဲ့ ေမလ ၁၅ ရက္က ျပဳလုပ္ ခဲ့ပါေသးတယ္။ ပြဲ လုပ္ရျခင္းရဲ႕ အေၾကာင္းနဲ႔ ပတ္သက္ၿပီးေတာ့ ဦးေဆာင္သူ ဦးေနဝင္းေထြးက ''အဓိက ကေတာ့ ပုဒ္မ ၂၆၁ ေပါ့။ ကိုယ့္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကို ျပည္နယ္ လႊတ္ေတာ္မွာပဲ ခန္႔ေစခ်င္တာပါ။ အဲဒါေၾကာင့္ ပုဒ္မ ၂၆၁ ကို ဥပေဒနဲ႔အညီ ျပင္ဆင္ေပးဖို႔ ဆႏၵ ထုတ္ေဖာ္တာပါ။ အရင္ကလည္း တပ္မေတာ္ ေထာက္ခံပြဲ ေတြ လုပ္ခဲ့ဖူးပါတယ္။''လို႔ ေျပာဆိုခဲ့ပါတယ္။ အဲဒီ တပ္မေတာ္ ေထာက္ခံပြဲနဲ႔ ပုဒ္မ ၂၆၁ ျပင္ဆင္ေပးေရး လူထုဆႏၵ ထုတ္ေဖာ္ပြဲကို အမ်ိဳးသား လုံၿခဳံေရး လူမႈကြန္ယက္(ဗဟို)က ဦးမင္း ရဲသူရ ဦးေဆာင္ၿပီး ေတာင္ႀကီးၿမိဳ႕၊ မူလမင္းကြန္းေက်ာင္းေရွ႕မွာ စုရပ္ျပဳၿပီး အင္အား ၃ဝဝ ခန္႔နဲ႔ ဗိုလ္ခ်ဳပ္လမ္းမႀကီး အတိုင္း စီတန္းလွည့္လည္ ကာ မိုးလုံေလလုံ အားကစား႐ုံမွာ ေဒၚေဒြးနဒီ လူပုဂၢိဳလ္ ၅ ဦးက ေဟာေျပာမႈေတြ ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီ အမ်ိဳးသားလုံၿခဳံေရး လူမႈကြန္ယက္(ဗဟို)အဖြဲ႕က ေတာင္ႀကီးၿမိဳ႕မွာ တပ္မေတာ္ ေထာက္ခံပြဲကို ၂ ႀကိမ္ ျပဳလုပ္ထား တဲ့ အဖြဲ႕လည္း ျဖစ္ပါတယ္။
.
အဲဒီ ေထာက္ခံပြဲကို တက္ေရာက္ခဲ့ၾကတဲ့ ေဒသခံေတြကေတာ့ ရြာလူႀကီး လာခိုင္းလို႔၊ လူႀကီး ႀကိဳရမယ္ဆုိလို႔ ဘာမွန္း မသိဘဲ လာခဲ့ၾကတာလို႔  ဆိုၾကပါတယ္။ ႐ိုးသားတဲ့ ေဒသခံ တိုင္းရင္းသားေတြဟာ ခုခ်ိန္ထိ အေၾကာက္တရားေတြနဲ႔  ႀကဳံေတြ႕ေနရဆဲ ျဖစ္ပါတယ္။
.
ဒီပုဒ္မ ၂၆၁ ကို ျပင္ဆင္ဖို႔ကို အရင္ ပထမအႀကိမ္ လႊတ္ေတာ္ သက္တမ္းတုန္းက ျပည္ခိုင္ၿဖိဳးပါတီက ျပည္ေထာင္စု လႊတ္ေတာ္ကို တင္သြင္းခဲ့ေပမယ့္လည္း တပ္မေတာ္ဘက္က အျပည့္အဝ ေထာက္ခံမႈ မရွိတာမို႔ အရာ မထင္ခဲ့ပါဘူး။ သူတို႔ ျပင္မွာက ဝန္ႀကီးခ်ဳပ္ လုပ္မယ့္ သူကို သက္ဆိုင္ရာ တိုင္းေဒသႀကီးနဲ႔ လႊတ္ေတာ္မ်ားကေန ဆႏၵမဲနဲ႔ ေရြးၿပီး သမၼတက အတည္ျပဳေပးဖို႔ ျဖစ္ပါတယ္။
.
ဒါေပမဲ့လည္း ျပင္ဆင္ႏိုင္ျခင္း မရွိခဲ့ပါဘူး။ လက္ရွိ ဒုတိယအႀကိမ္ လႊတ္ေတာ္ သက္တမ္းမွာလည္း NLD ပါတီက ဦးေဆာင္ၿပီး ဖြဲ႕စည္းပုံအေျခခံ ဥပေဒကို စုေပါင္း အင္အားနဲ႔ ျပင္ဆင္မယ္ဆိုၿပီး ေကာ္မတီဖြဲ႕ၿပီး ေဆာင္ရြက္ေနတာျဖစ္ပါတယ္။ အဲဒီမွာပဲ ျပည္ခိုင္ၿဖိဳး ပါတီကလည္း ပုဒ္မ ၂၆၁ ကို ျပင္ဆင္မယ္ဆိုၿပီး လုပ္လာျပန္ပါတယ္။ အရင္ သက္တမ္းတုန္းကနဲ႔ မတူတဲ့ အခ်က္ကေတာ့ တပ္မေတာ္က ပုဒ္မ ၂၆၁ ျပင္ဆင္ေရးကို ေထာက္ခံမယ့္ သေဘာရွိေနတာကို ေတြ႕ေနရပါတယ္။
.
အဲဒီ ပုဒ္မ ၂၆၁ ကို ျပင္ဆင္ျဖစ္ခဲ့မယ္ ဆိုရင္ေတာ့ ေယဘုယ်အားျဖင့္ ဖက္ဒရယ္ျပည္ ေထာင္စု စနစ္ကို ပိုမို ပီျပင္လာႏိုင္ေပမယ့္လည္း လႊတ္ေတာ္အသီးသီးမွာ ကိုယ္စားလွယ္ေနရာ ၂၅ ရာခိုင္ႏႈန္းကို ရယူထားတဲ့ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ အခန္းက႑ ဟာ လက္ရွိ ထက္ ပိုမို အေရးပါလာႏိုင္တယ္လို႔ လည္း NLD ပါတီနဲ႔ ဒီမိုကရက္တစ္ ပါတီေတြကို ဝန္းရံသူေတြက ေျပာဆိုေနၾကပါတယ္။ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ လႊတ္ေတာ္ေတြမွာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ခန္႔အပ္တဲ့ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္းက အေျခခံဥပေဒအရ အလိုအေလ်ာက္ ပါဝင္ေနတာ ျဖစ္ပါတယ္။
.
ပုဒ္မ ၂၆၁ အပါအဝင္ အေျခခံဥပေဒမွာပါတဲ့ ပုဒ္မေတြ အကုန္လုံးကို ျပင္ဆင္မယ္ ဆိုရင္ေတာ့ မဟာတံတိုင္းႀကီး ျဖစ္တဲ့ ပုဒ္မ ၄၃၆ အရ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းက ေထာက္ခံမွသာ ျပင္ဆင္လို႔ ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ရွိ အႏိုင္ရ NLD က ျပင္ခ်င္တယ္ ဆိုရင္လည္း တပ္မေတာ္နဲ႔ အတိုက္အခံ ျပည္ခိုင္ၿဖိဳးပါတီက သေဘာတူမွ ရမွာျဖစ္ပါတယ္။ အဲဒီလိုပဲ တပ္မေတာ္နဲ႔ ျပည္ခိုင္ၿဖိဳးက ျပင္မယ္ဆိုရင္လည္း NLD က မေထာက္ခံရင္ မရျပန္ပါဘူး။
.

ေနာက္တစ္ခ်က္က ဒီပုဒ္မ ၂၆၁ ကို ျပင္ဆင္ဖို႔ ႀကိဳးစားေနသူေတြ တစ္ခု သတိထားရမွာ က ပုဒ္မ ၂၆၄၊ ပုဒ္မခြဲ(ခ)၊ ပုဒ္မခြဲငယ္(၁) ပဲ ျဖစ္ပါတယ္။ ပုဒ္မ ၂၆၄(ခ)(၁)မွာေတာ့ ''ႏိုင္ငံေတာ္ သမၼတသည္ လုပ္ငန္း တာဝန္ကို ေက် ပြန္စြာ မထမ္းေဆာင္ႏိုင္ေသာ တိုင္းေဒသႀကီး    သို႔မဟုတ္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ သို႔မဟုတ္ ဝန္ႀကီးအား ရာထူးမွ ႏုတ္ထြက္ရန္ ၫႊန္ၾကားႏိုင္သည္။ ၫႊန္ၾကားသည္ကို လိုက္နာျခင္း မျပဳလွ်င္ တာဝန္မွ ရပ္စဲရမည္''လို႔ ေဖာ္ျပထားပါ တယ္။ ဒါေပမဲ့လည္း ပုဒ္မ ၂၆၄ (ခ) (၂) မွာေတာ့ ''ရာထူးမွ ႏုတ္ထြက္ရမည့္ သို႔မဟုတ္ တာဝန္ မွ ရပ္စဲခံရမည့္ တပ္မေတာ္သား တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ဝန္ႀကီးႏွင့္ ပတ္သက္လွ်င္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ညိႇႏႈိင္း ေဆာင္ရြက္ရမည္။''လို႔ တပ္မေတာ္ကာ ကြယ္ေရး ဦးစီးခ်ဳပ္ရဲ႕ လုပ္ပိုင္ခြင့္ကို ေဖာ္ျပ ထားျပန္ပါတယ္။
.
ဒါေၾကာင့္ ပုဒ္မ ၂၆၁ ကို ျပင္ျဖစ္မယ္ဆိုရင္ တိုင္းနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို သက္ဆိုင္ရာ လႊတ္ေတာ္က ခန္႔အပ္ႏိုင္ေပမယ့္ သမၼတက သေဘာမက်ရင္ အဲဒီဝန္ႀကီးခ်ဳပ္က ပုဒ္မ ၂၆၄ အရ ႏုတ္ထြက္ရမွာ ျဖစ္သလို အခန္႔မသင့္ရင္ ထုတ္ပယ္ခံရမွာပဲ ျဖစ္တာမို႔ ပုဒ္မ ၂၆၄ လိုမ်ိဳး ဆက္စပ္ ပုဒ္မေတြကိုလည္း ျပင္ဆင္ဖို႔ လုိအပ္မွာျဖစ္ပါတယ္။
.
ဒါ့အျပင္ ၂၁ ရာစုပင္လုံညီလာခံကေန အတည္ျပဳၿပီး ျဖစ္တဲ့ ျပည္ေထာင္စုသေဘာတူ စာခ်ဳပ္ အစိတ္အပိုင္း (၁)မွာ အေရးႀကီးဆုံးျဖစ္တဲ့ ''ႏိုင္ငံေတာ္ကို ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ စနစ္ကို အေျခခံေသာ ျပည္ေထာင္စုအျဖစ္ ဖြဲ႕စည္းမည္''ဆိုတဲ့ အခ်က္နဲ႔ ကိုက္ညီမႈ ရွိေစဖို႔ ဖြဲ႕စည္းပုံ အေျခခံဥပေဒ အခန္း(၁) ျဖစ္တဲ့ ႏိုင္ငံေတာ္အေျခခံမူေတြကေန စၿပီး ျပင္ဆင္မွသာ လက္ရွိ ျပင္ဆင္ဖို႔ လိုအပ္တဲ့ ပုဒ္မ တစ္ခုခ်င္းစီကို ျပင္ဆင္မယ္ဆိုရင္ ျပင္ဆင္တဲ့ ဥပေဒၾကမ္းေတြကို လႊတ္ေတာ္မွာ အႀကိမ္ႀကိမ္ တင္သြင္း ေဆာင္ရြက္ဖို႔ လိုအပ္မွာလည္း ျဖစ္ပါတယ္။
.
အေျခခံဥပေဒရဲ႕ အေျခခံမူျဖစ္တဲ့ ပုဒ္မ ၆(စ)က ''ႏိုင္ငံေတာ္၏ အမ်ိဳးသားႏိုင္ငံေရး ဦးေဆာင္မႈ အခန္းက႑တြင္ တပ္မေတာ္က ပါဝင္ ထမ္းေဆာင္ႏိုင္ေရးတို႔ကို အစဥ္တစိုက္ ဦးတည္ သည္''ဆိုတဲ့ ပုဒ္မလိုမ်ိဳး တပ္မေတာ္ရဲ႕အခန္း က႑ကိုလည္း ထည့္သြင္းစဥ္းစားဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။ အဲဒီ ပုဒ္မ ၆(စ)မွာ အမ်ိဳးသားႏိုင္ငံေရး ဦးေဆာင္မႈ အခန္းက႑မွာ တပ္မေတာ္က ပါဝင္ မယ္လို႔ ဆိုထားေပမယ့္လည္း မ႑ိဳင္ႀကီး ၃ ရပ္ျဖစ္တဲ့ အုပ္ခ်ဳပ္ေရးမ႑ိဳင္ျဖစ္တဲ့ အစိုးရ၊ ဥပေဒျပဳေရး မ႑ိဳင္ျဖစ္တဲ့ လႊတ္ေတာ္၊ တရား ေရးမ႑ိဳင္ျဖစ္တဲ့ တရားလႊတ္ေတာ္ေတြမွာ တပ္မေတာ္က ပါဝင္ေနတာလည္း ျဖစ္ပါတယ္။ ဒီေနရာမွာ ေျပာစရာရွိတာက တရားေရးမ႑ိဳင္မွာ တပ္မေတာ္က မပါဝင္ဘူးလို႔ ဆိုႏိုင္ေပမယ့္လည္း တပ္မေတာ္နဲ႔ ပတ္သက္တဲ့ တရားစီရင္ေရး ကိစၥရပ္ေတြမွာ ပုဒ္မ ၃၄၃(ခ) အရ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ အဆုံးအျဖတ္သည္ အၿပီးအျပတ္ ျဖစ္သည္လို႔ ဆိုထားတာေၾကာင့္ တရားေရးမ႑ိဳင္မွာလည္း တပ္မေတာ္က ပါဝင္ေနတယ္လို႔ ဆိုလိုခ်င္တာပါ။ က်န္တဲ့ အုပ္ခ်ဳပ္ေရးပိုင္းမွာ အေရးပါတဲ့ ျပည္ေထာင္စု ဝန္ႀကီး ၃ ဦးနဲ႔ လႊတ္ေတာ္အသီးသီးမွာ ကိုယ္စားလွယ္ေနရာ ၂၅ ရာခိုင္ႏႈန္းကို တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က ခန္႔အပ္ထားတာက ေတာ့ လူတိုင္းသိတဲ့အရာပဲ ျဖစ္ပါတယ္။
.
၂ဝဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ၾကမယ္ဆိုရင္ အေရးပါတဲ့ အင္အားစုအားလုံးက ညီၫြတ္မွ သေဘာတူမွ ျပင္ႏိုင္မွာပါ။ ဘယ္ ပုဒ္မကိုပဲ ျပင္ျပင္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္ စားလွယ္ဦးေရ စုစုေပါင္းရဲ႕ ၇၅ ရာခိုင္ႏႈန္းေက်ာ္က ေထာက္ခံဖို႔ လိုအပ္ေနလို႔ျဖစ္ပါတယ္။ တပ္မေတာ္ဘက္က သေဘာမတူဘူးဆိုရင္ ျပင္လို႔မရပါဘူး။ အလားတူ တပ္နဲ႔ျပည္ခိုင္ၿဖိဳးက သေဘာ တူညီေပမယ့္လည္း NLD က မေထာက္ခံျပန္ရင္လည္း ျပင္လို႔ မရပါဘူး။ ေနာက္ဆုံးေတာ့ တိုင္းျပည္မ်က္ႏွာ၊ ရွမ္းျပည္နယ္ရဲ႕ မ်က္ႏွာကို ၾကည့္မယ့္၊ ျပည္သူ႔မ်က္ႏွာကို ၾကည့္မယ့္ စစ္ဗိုလ္ေတြနဲ႔ ႏိုင္ငံေရးသမားေတြကိုပဲ ေမွ်ာ္ ေနရေတာ့မွာပါ။         
.

ရှမ်းပြည်နယ်နဲ့ ၂၆၁ ပြဿနာ
.
နန်းနန်းတိုင်း
.
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရဲ့ ဝန်ကြီးချုပ်တွေကို ဘယ်လို ခန့်အပ်တာဝန်ပေးရမလဲ ဆိုတာကို ပုဒ်မ ၂၆၁(ခ)မှာ ဖော်ပြထားပါတယ်။ ဝန်ကြီးချုပ် ကိုသက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ လွှတ်တော်ကိုယ်စား လှယ်ထဲက သင့်လျော်တဲ့သူကို နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးအပ်ရမှာဖြစ်ပါတယ်။ သဘောကတော့ သမ္မတကြိုက်မှ၊ အနိုင်ရပါတီက ကြိုက်ပါမှ ဝန်ကြီးချုပ်ဖြစ်လာမှာ ဖြစ်ပါတယ်။ ပြည်နယ်လွှတ် တော်ထဲမှာ ကိုယ်စားလှယ်နေရာ အများကြီးရှိနေတဲ့ ပါတီဖြစ်ပေ မယ့်လည်း ဝန်ကြီးချုပ် နေရာရဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ သမ္မတက ခန့်အပ်မှသာ ဝန်ကြီးချုပ်ဖြစ်လာမှာဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်မှာပါ။ အဲဒီတော့ သမ္မတနဲ့ အနိုင်ရပါတီက ခိုင်းတာကို လုပ်ပေးမယ့် သူကသာလျှင် ဝန်ကြီးချုပ်ဖြစ်ဖို့ သေချာမှာပါ။ ဒါကြောင့် ပြည်နယ်ဝန်ကြီးချုပ် လုပ်တဲ့သူဟာ ပြည်နယ်လွှတ်တော်ကို တာဝန်ခံတာထက် သမ္မတမျက်နှာကို တစ်နေကုန် ကြည့်နေရတာကြောင့် အားနည်းချက်တွေရှိမှာတော့ အမှန်ပါပဲ။ ဒါဟာ ဖက်ဒရယ်စနစ်နဲ့လည်း ကိုက်ညီခြင်း မရှိဘူးလို့ ဆိုနိုင်ပါတယ်။
.
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁(ခ)မှာ ဒီလိုဆိုထားပါတယ်။ ''(၁)နိုင်ငံ တော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့် အပ်တာဝန်ပေးရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များထဲက သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ရမည်။ (၂)ရွေးချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်၏ အမည်စာရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပေးပို့လျက် သဘောတူညီချက ်ရယူရမည်''လို့ ဖော်ပြထားပါတယ်။
.
အဲဒီ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်လွှတ်တော်အကြောင်းကိုပဲ ပြောရမယ်ဆိုရင် ၂၆၁ သာ ပြင်ဖြစ်မယ်ဆိုရင် လက်ရှိ ရှမ်းပြည်နယ် လွှတ်တော်မှာတော့ လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးနဲ့ ဖွဲ့စည်းထားပြီး ပြည်ခိုင်ဖြိုး ပါတီက ၃၁ နေရာနဲ့ ဒုတိယ SNLDကျားခေါင်းပါတီ က ၂၈ နေရာနဲ့ တတိယ၊NLD ပါတီက ၂၅ နေရာနဲ့ စတုတ္တနေရာမှာ ရှိပါတယ်။ တပ်မတော်ကတော့ ယှဉ်ပြိုင်အရွေးချယ်ခံရသူတွေ မဟုတ်ပေမယ့်လည်း ကိုယ်စားလှယ်နေရာ ၃၆ ဦးနဲ့ ပထမနေရာမှာရှိနေပါတယ်။ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ပေါင်းလိုက်ရင်ကိုပဲ ဝန်ကြီးချုပ် ကုလားထိုင်ကို အေးအေးဆေးဆေး သိမ်းပိုက် လို့ ရသွားပါပြီ။ ထပ်ပြီး လိုနေသေးရင်တောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မဟာမိတ်ပါတီ တွေရဲ့ အင်အားကို ယူလို့ရပါသေးတယ်။ ဒါကတော့ လက်ရှိ အရှိတရားကို ပြောပြတာပါ။
.

တပ်မတော်ကတော့ ယှဉ်ပြိုင် အရွေးချယ်ခံရသူတွေ မဟုတ် ပေမယ့်လည်း ကိုယ်စားလှယ်နေရာ ၃၆ ဦးနဲ့ ပထမနေရာမှာ ရှိနေပါတယ်။ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ပေါင်းလိုက်ရင်ကိုပဲ ဝန်ကြီးချုပ် ကုလားထိုင်ကို အေးအေးဆေးဆေး သိမ်းပိုက်လို့ ရသွားပါပြီ။
 
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ တပ်မတော် ထောက်ခံပွဲနဲ့ ပုဒ်မ ၂၆၁ ကို ဥပဒေနဲ့ အညီ ပြင်ဆင်ပေးဖို့ လူထု ဆန္ဒဖော်ထုတ်ပွဲကို အမျိုးသားလုံခြုံရေး လူမှုကွန်ယက်(ဗဟို)က ဦးဆောင်ပြီး ပြီးခဲ့တဲ့ မေလ ၁၅ ရက်က ပြုလုပ် ခဲ့ပါသေးတယ်။ ပွဲ လုပ်ရခြင်းရဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့ ဦးဆောင်သူ ဦးနေဝင်းထွေးက ''အဓိက ကတော့ ပုဒ်မ ၂၆၁ ပေါ့။ ကိုယ့်ပြည်နယ် ဝန်ကြီးချုပ်ကို ပြည်နယ် လွှတ်တော်မှာပဲ ခန့်စေချင်တာပါ။ အဲဒါကြောင့် ပုဒ်မ ၂၆၁ ကို ဥပဒေနဲ့အညီ ပြင်ဆင်ပေးဖို့ ဆန္ဒ ထုတ်ဖော်တာပါ။ အရင်ကလည်း တပ်မတော် ထောက်ခံပွဲ တွေ လုပ်ခဲ့ဖူးပါတယ်။''လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီ တပ်မတော် ထောက်ခံပွဲနဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ပေးရေး လူထုဆန္ဒ ထုတ်ဖော်ပွဲကို အမျိုးသား လုံခြုံရေး လူမှုကွန်ယက်(ဗဟို)က ဦးမင်း ရဲသူရ ဦးဆောင်ပြီး တောင်ကြီးမြို့၊ မူလမင်းကွန်းကျောင်းရှေ့မှာ စုရပ်ပြုပြီး အင်အား ၃ဝဝ ခန့်နဲ့ ဗိုလ်ချုပ်လမ်းမကြီး အတိုင်း စီတန်းလှည့်လည် ကာ မိုးလုံလေလုံ အားကစားရုံမှာ ဒေါ်ဒွေးနဒီ လူပုဂ္ဂိုလ် ၅ ဦးက ဟောပြောမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ အမျိုးသားလုံခြုံရေး လူမှုကွန်ယက်(ဗဟို)အဖွဲ့က တောင်ကြီးမြို့မှာ တပ်မတော် ထောက်ခံပွဲကို ၂ ကြိမ် ပြုလုပ်ထား တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
.
အဲဒီ ထောက်ခံပွဲကို တက်ရောက်ခဲ့ကြတဲ့ ဒေသခံတွေကတော့ ရွာလူကြီး လာခိုင်းလို့၊ လူကြီး ကြိုရမယ်ဆိုလို့ ဘာမှန်း မသိဘဲ လာခဲ့ကြတာလို့  ဆိုကြပါတယ်။ ရိုးသားတဲ့ ဒေသခံ တိုင်းရင်းသားတွေဟာ ခုချိန်ထိ အကြောက်တရားတွေနဲ့  ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။
.
ဒီပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ကို အရင် ပထမအကြိမ် လွှတ်တော် သက်တမ်းတုန်းက ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းခဲ့ပေမယ့်လည်း တပ်မတော်ဘက်က အပြည့်အဝ ထောက်ခံမှု မရှိတာမို့ အရာ မထင်ခဲ့ပါဘူး။ သူတို့ ပြင်မှာက ဝန်ကြီးချုပ် လုပ်မယ့် သူကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ လွှတ်တော်များကနေ ဆန္ဒမဲနဲ့ ရွေးပြီး သမ္မတက အတည်ပြုပေးဖို့ ဖြစ်ပါတယ်။
.
ဒါပေမဲ့လည်း ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပါဘူး။ လက်ရှိ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းမှာလည်း NLD ပါတီက ဦးဆောင်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို စုပေါင်း အင်အားနဲ့ ပြင်ဆင်မယ်ဆိုပြီး ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီမှာပဲ ပြည်ခိုင်ဖြိုး ပါတီကလည်း ပုဒ်မ ၂၆၁ ကို ပြင်ဆင်မယ်ဆိုပြီး လုပ်လာပြန်ပါတယ်။ အရင် သက်တမ်းတုန်းကနဲ့ မတူတဲ့ အချက်ကတော့ တပ်မတော်က ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို ထောက်ခံမယ့် သဘောရှိနေတာကို တွေ့နေရပါတယ်။
.
အဲဒီ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖြစ်ခဲ့မယ် ဆိုရင်တော့ ယေဘုယျအားဖြင့် ဖက်ဒရယ်ပြည် ထောင်စု စနစ်ကို ပိုမို ပီပြင်လာနိုင်ပေမယ့်လည်း လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းကို ရယူထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍ ဟာ လက်ရှိ ထက် ပိုမို အရေးပါလာနိုင်တယ်လို့ လည်း NLD ပါတီနဲ့ ဒီမိုကရက်တစ် ပါတီတွေကို ဝန်းရံသူတွေက ပြောဆိုနေကြပါတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက အခြေခံဥပဒေအရ အလိုအလျောက် ပါဝင်နေတာ ဖြစ်ပါတယ်။
.
ပုဒ်မ ၂၆၁ အပါအဝင် အခြေခံဥပဒေမှာပါတဲ့ ပုဒ်မတွေ အကုန်လုံးကို ပြင်ဆင်မယ် ဆိုရင်တော့ မဟာတံတိုင်းကြီး ဖြစ်တဲ့ ပုဒ်မ ၄၃၆ အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံမှသာ ပြင်ဆင်လို့ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ အနိုင်ရ NLD က ပြင်ချင်တယ် ဆိုရင်လည်း တပ်မတော်နဲ့ အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီက သဘောတူမှ ရမှာဖြစ်ပါတယ်။ အဲဒီလိုပဲ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးက ပြင်မယ်ဆိုရင်လည်း NLD က မထောက်ခံရင် မရပြန်ပါဘူး။
.
နောက်တစ်ချက်က ဒီပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ ကြိုးစားနေသူတွေ တစ်ခု သတိထားရမှာ က ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁) ပဲ ဖြစ်ပါတယ်။ ပုဒ်မ ၂၆၄(ခ)(၁)မှာတော့ ''နိုင်ငံတော် သမ္မတသည် လုပ်ငန်း တာဝန်ကို ကျေ ပွန်စွာ မထမ်းဆောင်နိုင်သော တိုင်းဒေသကြီး    သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည်ကို လိုက်နာခြင်း မပြုလျှင် တာဝန်မှ ရပ်စဲရမည်''လို့ ဖော်ပြထားပါ တယ်။ ဒါပေမဲ့လည်း ပုဒ်မ ၂၆၄ (ခ) (၂) မှာတော့ ''ရာထူးမှ နုတ်ထွက်ရမည့် သို့မဟုတ် တာဝန် မှ ရပ်စဲခံရမည့် တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးနှင့် ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။''လို့ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ဖော်ပြ ထားပြန်ပါတယ်။
.
ဒါကြောင့် ပုဒ်မ ၂၆၁ ကို ပြင်ဖြစ်မယ်ဆိုရင် တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်က ခန့်အပ်နိုင်ပေမယ့် သမ္မတက သဘောမကျရင် အဲဒီဝန်ကြီးချုပ်က ပုဒ်မ ၂၆၄ အရ နုတ်ထွက်ရမှာ ဖြစ်သလို အခန့်မသင့်ရင် ထုတ်ပယ်ခံရမှာပဲ ဖြစ်တာမို့ ပုဒ်မ ၂၆၄ လိုမျိုး ဆက်စပ် ပုဒ်မတွေကိုလည်း ပြင်ဆင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
.
ဒါ့အပြင် ၂၁ ရာစုပင်လုံညီလာခံကနေ အတည်ပြုပြီး ဖြစ်တဲ့ ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း (၁)မှာ အရေးကြီးဆုံးဖြစ်တဲ့ ''နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းမည်''ဆိုတဲ့ အချက်နဲ့ ကိုက်ညီမှု ရှိစေဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) ဖြစ်တဲ့ နိုင်ငံတော်အခြေခံမူတွေကနေ စပြီး ပြင်ဆင်မှသာ လက်ရှိ ပြင်ဆင်ဖို့ လိုအပ်တဲ့ ပုဒ်မ တစ်ခုချင်းစီကို ပြင်ဆင်မယ်ဆိုရင် ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေကို လွှတ်တော်မှာ အကြိမ်ကြိမ် တင်သွင်း ဆောင်ရွက်ဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။
.
အခြေခံဥပဒေရဲ့ အခြေခံမူဖြစ်တဲ့ ပုဒ်မ ၆(စ)က ''နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည် သည်''ဆိုတဲ့ ပုဒ်မလိုမျိုး တပ်မတော်ရဲ့အခန်း ကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီ ပုဒ်မ ၆(စ)မှာ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင် မယ်လို့ ဆိုထားပေမယ့်လည်း မဏ္ဍိုင်ကြီး ၃ ရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ အစိုးရ၊ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်၊ တရား ရေးမဏ္ဍိုင်ဖြစ်တဲ့ တရားလွှတ်တော်တွေမှာ တပ်မတော်က ပါဝင်နေတာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက တရားရေးမဏ္ဍိုင်မှာ တပ်မတော်က မပါဝင်ဘူးလို့ ဆိုနိုင်ပေမယ့်လည်း တပ်မတော်နဲ့ ပတ်သက်တဲ့ တရားစီရင်ရေး ကိစ္စရပ်တွေမှာ ပုဒ်မ ၃၄၃(ခ) အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည်လို့ ဆိုထားတာကြောင့် တရားရေးမဏ္ဍိုင်မှာလည်း တပ်မတော်က ပါဝင်နေတယ်လို့ ဆိုလိုချင်တာပါ။ ကျန်တဲ့ အုပ်ချုပ်ရေးပိုင်းမှာ အရေးပါတဲ့ ပြည်ထောင်စု ဝန်ကြီး ၃ ဦးနဲ့ လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားတာက တော့ လူတိုင်းသိတဲ့အရာပဲ ဖြစ်ပါတယ်။
.
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကြမယ်ဆိုရင် အရေးပါတဲ့ အင်အားစုအားလုံးက ညီညွတ်မှ သဘောတူမှ ပြင်နိုင်မှာပါ။ ဘယ် ပုဒ်မကိုပဲ ပြင်ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ်ဦးရေ စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံဖို့ လိုအပ်နေလို့ဖြစ်ပါတယ်။ တပ်မတော်ဘက်က သဘောမတူဘူးဆိုရင် ပြင်လို့မရပါဘူး။ အလားတူ တပ်နဲ့ပြည်ခိုင်ဖြိုးက သဘော တူညီပေမယ့်လည်း NLD က မထောက်ခံပြန်ရင်လည်း ပြင်လို့ မရပါဘူး။ နောက်ဆုံးတော့ တိုင်းပြည်မျက်နှာ၊ ရှမ်းပြည်နယ်ရဲ့ မျက်နှာကို ကြည့်မယ့်၊ ပြည်သူ့မျက်နှာကို ကြည့်မယ့် စစ်ဗိုလ်တွေနဲ့ နိုင်ငံရေးသမားတွေကိုပဲ မျှော် နေရတော့မှာပါ။  
.

No comments:

Post a Comment