ရာထူးတိုး စာေမးပြဲ စစ္ေဆးရာတြင္ တရားမွ်တ မွန္ကန္မႈ မရွိဟု ဆိုကာ ရွမ္းေရွ႕ေဒသမွ သူနာျပဳ ၄၃ ဦးက ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ထံ တုိင္ၾကား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, June 13, 2019

ရာထူးတိုး စာေမးပြဲ စစ္ေဆးရာတြင္ တရားမွ်တ မွန္ကန္မႈ မရွိဟု ဆိုကာ ရွမ္းေရွ႕ေဒသမွ သူနာျပဳ ၄၃ ဦးက ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ထံ တုိင္ၾကား


ထက္တိုင္းေက်ာ္
.
သူနာျပဳ ရာထူးတိုး စာေမးပြဲ စစ္ေဆးရာတြင္ တရားမွ်တ မွန္ကန္မႈ မရွိဟုဆိုကာ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုခ႐ိုင္၊ တာခ်ီလိတ္ခ႐ိုင္ႏွင့္ မိုင္းဆတ္ခ႐ိုင္အတြင္းရွိ ေဆး႐ုံမ်ားမွ ရာထူးတုိးစာေမးပြဲ ေျဖဆိုခဲ့ၾကသည့္ သူနာျပဳ ဆရာ/ဆရာမ ၄၃ ဦးက ႏုိင္ ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္ က်န္း မာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စု ဝန္ႀကီးထံသို႔ တင္ျပ တုိင္ၾကားထားေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း ေဒသရွိ ေဆး႐ုံမ်ားမွ သတ္မွတ္ အရည္အခ်င္း ႏွင့္ ကိုက္ညီသည့္ သူနာျပဳ ၁၄၃ ဦးသည္ ၂ဝ၁၈ ခုႏွစ္၊ ဇြန္လ ၂၇ ရက္က က်ိဳင္းတံုၿမိဳ႕ရွိ သူနာျပဳ သင္တန္းေက်ာင္းတြင္ ျပဳလုပ္ခဲ့သည့္ ရာထူးတိုး စာေမးပြဲကို ဝင္ေရာက္ေျဖဆိုရာတြင္ က်ိဳင္းတံုၿမိဳ႕ရွိ ျပည္နယ္ကုသေရး ဦးစီးဌာန၊ ျပည္နယ္ က်န္းမာေရး စီမံခန္႔ခြဲမႈ ေကာ္မတီ၏ ၂ဝ၁၉ ခုႏွစ္၊ ဧၿပီလ ၁ဝ ရက္ေန႔ အည္းအေဝး အမွတ္စဥ္ (၄/၂ဝ၁၉) ဆံုးျဖတ္ခ်က္အရ ဝင္ေရာက္ ေျဖဆိုခဲ့သည့္ သူနာျပဳမ်ား အနက္မွ ၄၅ ဦးအား ရာထူးတိုးျမႇင့္ ခန္႔အပ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ သည္။
.
ထိုသို႔ ရာထူးတုိးျမႇင့္ ခန္႔ထားရာတြင္ မပါဝင္သည့္ သူနာျပဳ ဆရာ/ဆရာမ ၄၃ ဦးတို႔က ၂ဝ၁၉ ခုႏွစ္၊ ဧၿပီ လ ၁၈ ရက္တြင္ ေနျပည္ေတာ္ရွိ ကု သေရး ဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴး ထံသို႔ လိပ္မူ၍ ရာထူးတိုးျမႇင့္ခန္႔ထား ျခင္း ခံရသည့္ သူနာျပဳ ၄၅ ဦးအား ႏုိင္ငံ့ဝန္ထမ္း ဥပေဒ ပုဒ္မ ၂၆ ပါ ျပဌာန္းခ်က္မ်ားႏွင့္အညီ ထပ္မံစိစစ္ ေရြးခ်ယ္ေပးေစလိုေၾကာင္း ေရးသား တင္ျပခဲ့သည္ဟု သိရသည္။
.
ယင္းကဲ့သို႔ တင္ျပခဲ့ေသာ္လည္း တစ္စံုတစ္ရာ အေၾကာင္းထူးသျဖင့္ သူနာျပဳဆရာ/ ဆရာမ ၄၃ ဦးတို႔မွ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္ႏွင့္ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး ထံသို႕ ေမလ ၂၄ ရက္တြင္ ထပ္မံ ေရးသားေပးပို႕ တင္ျပခဲ့ၾကေၾကာင္း သိရသည္။
.
တင္ျပစာမ်ားတြင္ ပါဝင္လက္ မွတ္ေရးထိုးခဲ့သည့္ သူနာျပဳ ဆရာမ ေဒၚဂြၽန္လင္းနာက ''ကြၽန္မတို႔ ေျဖဆိုရတဲ့ ရာထူးဝင္ စာေမးပြဲမွာ ေရးေျဖပါတယ္ဆုိတာ ႀကိဳတင္အသိ ေပး ေၾကညာထားျခင္း မရွိဘဲေနာက္ ေန႔ ေျဖမယ့္ရက္မတိုင္ခင္မွကပ္ၿပီး အသိေပးလို႔ ဘာမွ ႀကိဳတင္ေလ့လာ က်က္မွတ္ခ်ိန္ မရလိုက္ပါဘူး။ နယ္ ဆင္း၊ အမွတ္၊ သူနာျပဳတကၠသိုလ္ ေပါင္းကူး အထူးသင္တန္းတက္အ မွတ္၊ အလုပ္ကြၽမ္းက်င္အမွတ္ေတြနဲ႔ ယွဥ္လိုက္ရင္ အမွတ္ေပးစည္းမ်ဥ္းအ ရ ရသင့္သူေတြ က်န္ေနခဲ့ပါတယ္။ စာေမးပြဲမွာ ေျဖဆိုထားတဲ့ အေျဖလႊာ ရမွတ္ေတြကို ျပန္လည္ စစ္ေဆး ၾကည့္မယ္ဆိုရင္ ႐ိုးသားမႈရွိ/မရွိ ဆိုတာ သိႏုိင္မွာ ျဖစ္ပါတယ္''ဟု ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ က်ိဳင္းတံုၿမိဳ႕ရွိ ျပည္နယ္ကုသေရး ဦး စီးဌာန လက္ေထာက္ၫႊန္ၾကားေရးမွဴး ေဒၚသက္ႏြယ္ဦးက ''၂ဝ၁၈ ခုႏွစ္စာ ေမးပြဲမွာေတာ့ ေရးေျဖစာေမးပြဲ ဆိုတာ ရွိေပမယ့္ ႀကိဳတင္အသိေပးအေၾကာင္း ၾကားတာကို စာေမးပြဲေျဖဖို႔ တစ္ရက္ အလိုမွပဲ လုပ္ႏုိင္ခဲ့ပါတယ္''ဟု ေျပာ ဆိုခဲ့သည္။
.
ထို႕အတူ ျပည္နယ္ကုသေရးဦးစီး ဌာနမွဴး ေဒါက္တာျမင့္ေက်ာ္ကလည္း ''သႀကၤန္အႀကိဳေန႔က ရာထူးဝင္စာ ေမးပြဲ တန္းစီဇယားအရ အထက္တန္း သူနာျပဳ ရာထူးခန္႔အပ္ေပးခံရသူထဲ မွာ မပါတဲ့ သူနာျပဳဆရာ/ဆရာမ ၄၁ ဦး ကြၽန္ေတာ့္အိမ္ကို ေရာက္လာ ခဲ့ပါတယ္။ ျပည္နယ္က်န္းမာေရး စီ မံခန္႔ခြဲမႈ ေကာ္မတီ ဘုတ္အဖြဲ႕ရဲ႕ ႏုိင္ ငံ့ဝန္ထမ္းနည္းဥပေဒအတုိင္း ေဆာင္ ရြက္ခဲ့တာျဖစ္တယ္လို႔ ရွင္းလင္းေျပာ ၾကားထားခဲ့ၿပီး ျဖစ္ပါတယ္။ ၂ဝ၁၈ ခုႏွစ္ ရာထူးဝင္ စာေမးပြဲက်င္းပခ်ိန္ မွာေတာ့ ကြၽန္ေတာ္ဒီကို တာဝန္မက် ေသးပါဘူး''ဟု ေျပာဆိုခဲ့သည္။
.
က်န္းမာေရးႏွင့္ အားကစားဝန္ ႀကီးဌာန၊ ကုသေရးဦးစီးဌာန လက္ ေအာက္ရွိ ျပည္သူ႕ေဆး႐ုံမ်ားတြင္တာ ဝန္ထမ္းေဆာင္ေနသည့္ သူနာျပဳ အ နီဝတ္ႏွင့္ အထက္တန္းသူနာျပဳ အ ျပာဝတ္တို႔၏ လစာမွာ ကြာျခားမႈ မရွိ ေသာ္လည္း လုပ္သက္အနည္း/အ မ်ားႏွင့္ အေတြ႕အႀကံဳ ရင့္က်က္မႈ သည္ သူနာျပဳက်င့္ဝတ္အရ အထက္ ေအာက္ တာဝန္မ်ားအား ေလးစား႐ုိ ေသစြာ ဆက္ဆံရသျဖင့္ ရွမ္းျပည္နယ္ အေရွ႕ပိုင္းရွိ ေဆး႐ုံအခ်ိဳ႕တြင္ လုပ္ သက္နည္းသူမ်ားကို ရာထူးတိုးျမႇင့္ ခန္႔ထားေပးျခင္းေၾကာင့္ လုပ္သက္ ရင့္ သူနာျပဳ ဆရာ/ဆရာမမ်ားမွ မေက်နပ္မႈမ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။
.


ရာထူးတိုး စာမေးပွဲ စစ်ဆေးရာတွင် တရားမျှတ မှန်ကန်မှု မရှိဟု ဆိုကာ ရှမ်းရှေ့ဒေသမှ သူနာပြု ၄၃ ဦးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုင်ကြား
.
ထက်တိုင်းကျော်
.
သူနာပြု ရာထူးတိုး စာမေးပွဲ စစ်ဆေးရာတွင် တရားမျှတ မှန်ကန်မှု မရှိဟုဆိုကာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်အတွင်းရှိ ဆေးရုံများမှ ရာထူးတိုးစာမေးပွဲ ဖြေဆိုခဲ့ကြသည့် သူနာပြု ဆရာ/ဆရာမ ၄၃ ဦးက နိုင် ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျန်း မာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးထံသို့ တင်ပြ တိုင်ကြားထားကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသရှိ ဆေးရုံများမှ သတ်မှတ် အရည်အချင်း နှင့် ကိုက်ညီသည့် သူနာပြု ၁၄၃ ဦးသည် ၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၂၇ ရက်က ကျိုင်းတုံမြို့ရှိ သူနာပြု သင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည့် ရာထူးတိုး စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာတွင် ကျိုင်းတုံမြို့ရှိ ပြည်နယ်ကုသရေး ဦးစီးဌာန၊ ပြည်နယ် ကျန်းမာရေး စီမံခန့်ခွဲမှု ကော်မတီ၏ ၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၁ဝ ရက်နေ့ အည်းအဝေး အမှတ်စဉ် (၄/၂ဝ၁၉) ဆုံးဖြတ်ချက်အရ ဝင်ရောက် ဖြေဆိုခဲ့သည့် သူနာပြုများ အနက်မှ ၄၅ ဦးအား ရာထူးတိုးမြှင့် ခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ သည်။
.
ထိုသို့ ရာထူးတိုးမြှင့် ခန့်ထားရာတွင် မပါဝင်သည့် သူနာပြု ဆရာ/ဆရာမ ၄၃ ဦးတို့က ၂ဝ၁၉ ခုနှစ်၊ ဧပြီ လ ၁၈ ရက်တွင် နေပြည်တော်ရှိ ကု သရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ထံသို့ လိပ်မူ၍ ရာထူးတိုးမြှင့်ခန့်ထား ခြင်း ခံရသည့် သူနာပြု ၄၅ ဦးအား နိုင်ငံ့ဝန်ထမ်း ဥပဒေ ပုဒ်မ ၂၆ ပါ ပြဌာန်းချက်များနှင့်အညီ ထပ်မံစိစစ် ရွေးချယ်ပေးစေလိုကြောင်း ရေးသား တင်ပြခဲ့သည်ဟု သိရသည်။
.
ယင်းကဲ့သို့ တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းမထူးသဖြင့် သူနာပြုဆရာ/ ဆရာမ ၄၃ ဦးတို့မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထံသို့ မေလ ၂၄ ရက်တွင် ထပ်မံ ရေးသားပေးပို့ တင်ပြခဲ့ကြကြောင်း သိရသည်။
.
တင်ပြစာများတွင် ပါဝင်လက် မှတ်ရေးထိုးခဲ့သည့် သူနာပြု ဆရာမ ဒေါ်ဂျွန်လင်းနာက ''ကျွန်မတို့ ဖြေဆိုရတဲ့ ရာထူးဝင် စာမေးပွဲမှာ ရေးဖြေပါတယ်ဆိုတာ ကြိုတင်အသိ ပေး ကြေညာထားခြင်း မရှိဘဲနောက် နေ့ ဖြေမယ့်ရက်မတိုင်ခင်မှကပ်ပြီး အသိပေးလို့ ဘာမှ ကြိုတင်လေ့လာ ကျက်မှတ်ချိန် မရလိုက်ပါဘူး။ နယ် ဆင်း၊ အမှတ်၊ သူနာပြုတက္ကသိုလ် ပေါင်းကူး အထူးသင်တန်းတက်အ မှတ်၊ အလုပ်ကျွမ်းကျင်အမှတ်တွေနဲ့ ယှဉ်လိုက်ရင် အမှတ်ပေးစည်းမျဉ်းအ ရ ရသင့်သူတွေ ကျန်နေခဲ့ပါတယ်။ စာမေးပွဲမှာ ဖြေဆိုထားတဲ့ အဖြေလွှာ ရမှတ်တွေကို ပြန်လည် စစ်ဆေး ကြည့်မယ်ဆိုရင် ရိုးသားမှုရှိ/မရှိ ဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်''ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ ပြည်နယ်ကုသရေး ဦး စီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်နွယ်ဦးက ''၂ဝ၁၈ ခုနှစ်စာ မေးပွဲမှာတော့ ရေးဖြေစာမေးပွဲ ဆိုတာ ရှိပေမယ့် ကြိုတင်အသိပေးအကြောင်း ကြားတာကို စာမေးပွဲဖြေဖို့ တစ်ရက် အလိုမှပဲ လုပ်နိုင်ခဲ့ပါတယ်''ဟု ပြော ဆိုခဲ့သည်။
.
ထို့အတူ ပြည်နယ်ကုသရေးဦးစီး ဌာနမှူး ဒေါက်တာမြင့်ကျော်ကလည်း ''သြင်္ကန်အကြိုနေ့က ရာထူးဝင်စာ မေးပွဲ တန်းစီဇယားအရ အထက်တန်း သူနာပြု ရာထူးခန့်အပ်ပေးခံရသူထဲ မှာ မပါတဲ့ သူနာပြုဆရာ/ဆရာမ ၄၁ ဦး ကျွန်တော့်အိမ်ကို ရောက်လာ ခဲ့ပါတယ်။ ပြည်နယ်ကျန်းမာရေး စီ မံခန့်ခွဲမှု ကော်မတီ ဘုတ်အဖွဲ့ရဲ့ နိုင် ငံ့ဝန်ထမ်းနည်းဥပဒေအတိုင်း ဆောင် ရွက်ခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပြော ကြားထားခဲ့ပြီး ဖြစ်ပါတယ်။ ၂ဝ၁၈ ခုနှစ် ရာထူးဝင် စာမေးပွဲကျင်းပချိန် မှာတော့ ကျွန်တော်ဒီကို တာဝန်မကျ သေးပါဘူး''ဟု ပြောဆိုခဲ့သည်။
.
ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၊ ကုသရေးဦးစီးဌာန လက် အောက်ရှိ ပြည်သူ့ဆေးရုံများတွင်တာ ဝန်ထမ်းဆောင်နေသည့် သူနာပြု အ နီဝတ်နှင့် အထက်တန်းသူနာပြု အ ပြာဝတ်တို့၏ လစာမှာ ကွာခြားမှု မရှိ သော်လည်း လုပ်သက်အနည်း/အ များနှင့် အတွေ့အကြုံ ရင့်ကျက်မှု သည် သူနာပြုကျင့်ဝတ်အရ အထက် အောက် တာဝန်များအား လေးစားရို သေစွာ ဆက်ဆံရသဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ဆေးရုံအချို့တွင် လုပ် သက်နည်းသူများကို ရာထူးတိုးမြှင့် ခန့်ထားပေးခြင်းကြောင့် လုပ်သက် ရင့် သူနာပြု ဆရာ/ဆရာမများမှ မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

No comments:

Post a Comment