တီကျစ် ကျောက်မီးသွေး စက်ရုံနှင့် အစိုးရကို တရားစွဲမည် ဆိုပါက လက်ခံမည် မဟုတ်ဘဲ တုံ့ပြန်သွားမည်ဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, June 10, 2019

တီကျစ် ကျောက်မီးသွေး စက်ရုံနှင့် အစိုးရကို တရားစွဲမည် ဆိုပါက လက်ခံမည် မဟုတ်ဘဲ တုံ့ပြန်သွားမည်ဟု ဆို

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရှိ တီကျစ် ကျောက်မီးသွေး မိုင်းတွင်း၏ အဆိပ်သင့်နေမှု အခြေအနေများကို အစိုးရမှ ဖြေရှင်း ဆောင်ရွက်ပေးခြင်း မရှိလျှင် အစိုးရနှင့် စက်ရုံကို ပြည်သူလူထု ကိုယ်စား MATA အဖွဲ့မှ တရားစွဲဆိုသွားမည် ဆိုပါက လက်ခံမည် မဟုတ်ဘဲ တုံ့ပြန်သွားမည် ဖြစ်ကြောင်း အဆိုပါ စက်ရုံ၏ တာဝန်ရှိသူနှင့် ဒေသခံ ဆရာတော် တစ်ပါးက မိန့်ကြား ပြောဆိုခဲ့သည်။
.
အစိုးရနဲ့ စက်ရုံကို MATA က တရား စွဲမယ်ဆိုရင် ဘာကို အခြေခံပြီး တရားစွဲမှာလဲ၊ စွဲဖို့ အကြောင်းပြချက်ကရော ဘာရှိလို့လဲ။ နိုင်ငံတော်အစိုးရနဲ့ ကုမ္ပဏီက ပူးပေါင်းပြီး စည်းမျဉ်းစည်းကမ်းတကျနဲ့ လုပ်နေတာပါ။ စက်ရုံ လည်ပတ်မှု အပိုင်းမှာရော၊ ပညာရှင် အပိုင်းမှာရော အကုန်လုံးက စံချိန် စံညွှန်းနဲ့အညီ လုပ်နေတာပါ။ MATA က ပြောသလိုမျိုး တရုတ် စံချိန်စံညွှန်း မဟုတ်ဘူး၊ ကမ္ဘာ့ စံချိန်စံညွှန်းပါ။ MATA ကပြောတဲ့ ဆိုးကျိုး ဆိုတာကရော ၂၀၁၅ ခုနှစ်က စက်ရုံ တည်ဆောက်စဉ်ကတော့ ဟုတ်ပါတယ်၊ အခုကတော့ အားလုံး ပြောင်းပြန် ဖြစ်သွားပါပြီ။
MATA အဖွဲ့အစည်းက တီကျစ်ဒေသခံ ပြည်သူတွေရဲ့ အားကိုးရာ အဖွဲ့အစည်း တစ်ခု မဟုတ်ဘူးဆိုတာ တိတိကျကျ ပြောရဲတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ လာပြီးတော့ ပြောနေတာတွေက တခြားဒေသက လူတွေပဲ ဖြစ်ပါတယ်၊ ဒေသခံ မပါသလောက်ပါပဲ။ လုံးဝ မပါဘူးလို့တော့ မဆိုလိုပါဘူး။ သူတို့ အဖွဲ့အစည်းက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အနှောက်အယှက် အဟန့်အတား ဖြစ်စေတဲ့ ဆူးညှောင့်ခလုတ်လိုပဲ ပြောချင်ပါတယ်။ သူတို့ စွပ်ဆွဲသလို ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ဂဃနဏ လိုက်ကြည့်တော့ တစ်ယောက်မှ (တိကျသည့်အဖြေ) မတွေ့ရဘူး။ မြို့နယ်ဆရာဝန်ရဲ့ ကျန်းမာရေး စစ်တမ်းတွေ၊ တီကျစ်တိုက်နယ်ဆေးရုံရဲ့ စစ်တမ်းတွေအရ ဖြစ်စေ၊ အရပ်ထဲမှာ လိုက်မေးလို့ ဖြစ်စေ သူတို့ စွပ်ဆွဲတဲ့ ရောဂါမျိုး မဖြစ်ပါဘူး။ဟု တီကျစ်ကျောက်မီးသွေး စက်ရုံမှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ တွေ့ဆုံ ပြောကြားခဲ့သည်။
.
အဆိုပါ စက်ရုံမှ တစ်ရက်လျင် လျှပ်စစ်ဓါတ်အား ၉၀ မဂ္ဂါဝပ်ခန့် ထွက်ရှိမည်ဖြစ်ပြီး မဟာဓါတ်အားလိုင်းကို ပေါင်းမထည့်ဘဲ ရှမ်းပြည်နယ်၌ ဖြန့်ဝေမည် ဆိုပါက ရှမ်းပြည်နယ် တောင်ပိုင်း ဒေသတစ်ခုလုံးကို လုံလောက်စွာ လျှပ်စစ်မီး ပေးနိုင်မည် ဖြစ်ကြောင်းကိုလည်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
.
စက်ရုံအား တာဝန်ယူ ဆောင်ရွက်နေသည့် ၀ူရှီးဟွာကွမ်းကုမ္ပဏီ အနေဖြင့် ၂၀၁၇ ခုနှစ်အတွင်းက ငွေကျပ် ၂၆၄၁ သိန်းကျော်တန်ဖိုးရှိ ဓါတ်တိုင်နှင့် လျှပ်စစ်ဓါတ်အားကြိုးများအား တည်ဆောက် ပေးခြင်း၊ အသစ် လဲလှယ်ပေးခြင်း၊ ၂၀၁၈ ခုနှစ်တွင် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ငွေကျပ် သိန်း ၂၅၀၀ ကျော်ကို ထောက်ပံ့ ပေးအပ်ခဲ့သည့်အပြင် စက်ယန္တရားများ ငှါးရမ်းပေးခြင်း၊ အုတ် လှူဒါန်းပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.

ဆက်လက်၍ တီကျစ်ကျောက်မီးသွေး စက်ရုံ တာဝန်ရှိသူကလက်ရှိ အစိုးရက ပြည်သူ့အစိုးရ စစ်စစ်ပါ။ အဲဒါကြောင့် ပြည်သူတွေ အမှန်တကယ် ထိခိုက် နစ်နာနေတယ်ဆိုရင်တော့ အစိုးရက လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ အရေးယူမှာပေါ့၊ စည်းမျဉ်း စည်းကမ်းနဲ့ အညီ လုပ်နေတာတွေကို နိုင်ငံတော်အစိုးရက သိနေတယ်။ ဘာဆိုးကျိုးမှ မရှိဘူးဆိုတာလည်း သိနေတယ်။  နိုင်ငံ တစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် လျှပ်စစ်မီးက အင်မတန် အရေးကြီးပါတယ်။ပြောကြားခဲ့သည်။
.
ထို့အတူ ဒေသခံ ဆရာတော် တစ်ပါးမှလည်း စက်ရုံကို MATA အဖွဲ့က အစိုးရနှင့် စက်ရုံကို တရားစွဲရန် စီစဉ်နေမှုနှင့် ပတ်သက်၍ဘုန်းဘုန်း သဘောကတော့ တရားမစွဲသင့်ဘူးလို့ ပြောချင်ပါတယ်။ MATA အဖွဲ့ အပေါ်မှာလည်း ဒေသခံ ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုကလည်း သိပ်ပြီး မရှိပါဘူး။ စက်ရုံကလည်း ဒေသဖွံ့ဖြိုးရေးအတွက် အများကြီး လုပ်ဆောင်ပေးနေပါတယ်။ စက်ရုံ မရှိတော့ဘူးဆိုရင် ဒေသနဲ့ နိုင်ငံတော်အတွက် အများကြီး ထိခိုက် နစ်နာမှုတွေ ရှိလာမယ်၊ သူတို့ (ကုမ္ပဏီ) လုပ်နေတာကလည်း အခု အစိုးရလက်ထက်မှာ စနစ် ကျပါတယ်။ အရင်အစိုးရ လက်ထက်ကမျိုး မဟုတ်တော့ပါဘူး။ဟု မိန့်ကြားခဲ့သည်။
.
ယင်း စက်ရုံနှင့် ပတ်သက်၍  MATA အဖွဲ့မှ ဦးအောင်ကျော်မိုးကလည်း အဲဒီ ဒေသမှာ ပြာတွေကို စနစ်တကျ မစွန့်ပစ်တဲ့အတွက် ဆိုးကျိုးတွေ အများကြီး ဖြစ်နေတယ်။ အဲဒီ ပြာတွေကို စနစ်တကျ စွန့်ပစ်အောင် အစိုးရကလည်း ထိန်းကျောင်းပေး နိုင်ခြင်းမရှိဘူး။ အဲဒါကြောင့် အဲဒီ ဒေသမှာ ရေအဆိပ်သင့်တာတွေ ရှိ နေတယ်။ နောက်တစ်ခုက ကျောက်မီး သွေးမိုင်းပေါ့။ သူ့ဆီကထွက်တဲ့ရေ တွေကို စနစ်တကျ ထိန်းကျောင်း ပေးခြင်းမရှိဘူး။ အဓိကက ကုမ္ပဏီနဲ့ မိုင်းတွင်းပေါ့။ မိုင်းဆိုတာကလည်း ဥပဒေနဲ့အညီ အလုပ်လုပ်ကြရမှာပါ။ လူတွေက ဒုက္ခရောက်လာတယ်။ က လေးတွေကို စမ်းသပ်ကြည့်တော့ အဆိပ်သင့်နေတာတွေ ဖြစ်နေ တယ်။ လူကြီးတွေလည်း ပါတယ်။ လူအခွင့်အရေး ရှုထောင့်ကကြည့် ရင် ဒါက လူသားမျိုးနွယ်တစ်ခုလုံး ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်နေတယ်။ အဲဒါကို ဖန်တီးတဲ့ စက်ရုံနဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ ထိန်းကျောင်းပေးတာ မရှိဘူး။ အဲဒါတွေ ကို တာဝန်ယူရမှာပါ။ တာဝန်မယူဘူး ဆိုရင် တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်'' ဟု ပြောဆိုထားသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ တည်ရှိသည့် ယင်း တီကျစ် ဓာတ်အားပေး စက်ရုံတွင် ကျောက်မီးသွေး လောင်စာသုံး၊ ရေနွေးငွေ့ဘွိုင်လာ()လုံး၊ တာဘိုင်()လုံး၊ စက်တပ်ဆင်အား မဂ္ဂါဝပ်() စက်()စုံ၊ ကျောက်မီးသွေး ရရှိနိုင်မှု(.)သန်း တန်၊ တစ်နှစ်ဓာတ်အားထုတ်လုပ်ရာတွင် အသုံး ပြုကျောက်မီးသွေး ပမာဏ (၆၄ဝဝဝဝ)တန်၊ နှစ်စဉ် ထုတ်လုပ်နိုင်မှု ဓာတ်အား ယူနစ်သန်းပေါင်း (၉၆)ခန့်၊ ဓာတ်အား ဖြန့်ဖြူးပေးသည့် နေရာ Power Grid System၊ စက်တပ်ဆင်သည့်နေ့ ၂ဝဝ၂ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်၊ ရင်းနှီးမြုပ်နှံမှု အမေရိကန် ဒေါ်လာ ၄၃.၁၅ဝ သန်း၊ ပြည် တွင်း ကျပ်ငွေသန်းပေါင်း၂၈၈၆၆.၁၉၉၊ စတင် လည်ပတ်သည့် နေ့ အမှတ်()စက်(ဝဝခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်)၊ အမှတ်()စက် (ဝဝခုနှစ်၊ မေလ ၃ ရက်) ဓာတ်အားပေးစက်များ ပြု ပြင်ပြီးပြန်လည်မောင်းနှင်သည့် ရက် ၂ဝ၁၇ ခုနှစ်၊ မေလ ၂၆ရက်တို့ ဖြစ်ကြောင်း စီမံကိန်းစာရွက် စာတမ်းများအရ သိရသည်။
.
လက်ရှိတွင် လျှပ်စစ်ဓါတ်အား လိုအပ်ချက်များကြောင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အပါအ၀င် မြန်မာ တစ်နိုင်ငံလုံးတွင် အလှည့်ကျ လျှပ်စစ်ဓါတ်အား ပေးသည့် စနစ်ကို ကျင့်သုံးနေလျက်ရှိသည်။

No comments:

Post a Comment

Journal Download

Photo of three cats