ရပ္ေစာက္၌ အစ္ကို ျဖစ္သူအား ညီ၀မ္းကဲြက တူမီးေသနတ္ျဖင့္ ပစ္ခတ္လုပ္ၾကံ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, May 16, 2019

ရပ္ေစာက္၌ အစ္ကို ျဖစ္သူအား ညီ၀မ္းကဲြက တူမီးေသနတ္ျဖင့္ ပစ္ခတ္လုပ္ၾကံ


ထမံသီ
.
ရွမ္းျပည္နယ္၊ ေတာင္ႀကီးခရိုင္၊ ရပ္ေစာက္ၿမိဳ႕၊ ေစ်းတန္းရပ္ကြက္၊ ေအးရိပ္သာလမ္း အိမ္အမွတ္ (၁၇၇)တြင္ အစ္ကိုျဖစ္သူအား ညီ၀မ္းကဲြ ေတာ္စပ္သူက ေမလ ၁၅ ရက္၊ ေန႔လယ္ပိုင္းတြင္ တူမီးေသနတ္ျဖင့္ ပတ္ခတ္ လုပ္ႀကံခဲ့ေၾကာင္း သိရသည္။
.
“ ေန႔လယ္စာ စားျပီး အိမ္ျပဴတင္းေပါက္နားမွ ေရေႏြး ေသာက္တယ္။ ေသာက္ျပီးလို႔ ေရေႏြးခြက္ကို ခ်ျပီး ျပဴတင္းေပါက္ဘက္ကို ေက်ာေပးအလွည့္မွာ တူမီးေသနတ္သံ ၾကားတယ္။ ေခါင္းမွာ ေဆာင္းထားတဲ့ ဦးထုပ္လြင့္သြားျပီး ေခါင္းနဲ႔ ဘယ္ဘက္ လက္ေမာင္းေတြ နာလာလို႔ စမ္းၾကည့္ေတာ့ ေသြးေတြ ထြက္တာျမင္မွ ကၽြန္ေတာ့္ကို ထိမွန္း သိတာ။ ဒါန႔ဲ တူမီးသံ ၾကားရာ လွမ္းၾကည္႔ေတာ့ ညီ၀မ္းကြဲေတာ္စပ္တဲ့ ေအာင္မ်ိဳးခိုင္က သူ႔ အိမ္မ တံခါးေပါက္ကေန တူမီးကိုင္ျပီး အိမ္ထဲေျပး၀င္သြားတာ ေတြ႕လိုက္တယ္။ ဒီေတာ့မွ သူ ကြ်န္ေတာ့္ကို လုပ္ၾကံမွန္း သိလိုက္ရတာ” ဟု တူမီးျဖင့္ ပစ္ခတ္လုပ္ၾကံခံရသူ ဦးေသာင္းတင္မွ ကေမာၻဇတိုင္းသို႔ ေျပာသည္။
.
ယင္း ပတ္ခတ္မႈတြင္ တူမီးေသနတ္ျဖင့္ ခဲက်ည္ ၃ လံုးကို ထည့္ပစ္ျခင္း ျဖစ္ျပီး တစ္လံုးမွာ ဦးေသာင္းတင္၏ ဦးေခါင္းေနာက္ေစ့ အေရးျပားအား ေဖါက္ထြက္ကာ၊ ဒုတိယ ခဲက်ည္မွာ ဘယ္ဘက္ လက္ေမာင္းအား ေဖါက္ထြက္ခဲ့ၿပီး က်န္တစ္လံုးမွာ ေရေႏြးခြက္အနီးရွိ ခရမ္းခ်ဥ္သီး ထုတ္အား ထိမွန္ခဲ့ျခင္းျဖစ္ေၾကာင္း လုပ္ၾကံခံရသူမွ ဆက္လက္ ေျပာၾကားသည္။
.
“သူ႕ကို ရဲေတြ လာဖမ္းျပီး လက္ထိပ္ခတ္ေတာ့ ဦးေသာင္းတင္ ေသျပီလား။ ကြ်န္ေတာ္က ပစ္ရင္ ဘယ္ေတာ့မွ မလြဲဘူးလို႔ ေျပာတယ္။” ဟု ဦးေသာင္းတင္မွ ဆိုသည္။
.
တူမီးျဖင့္ ပစ္ခတ္သူ ေအာင္မ်ိဳးခိုင္(ခ)ေအာင္ငဲ ဆိုသူသည္ လြန္ခဲ့သည့္ ႏွစ္ ၂၀ ခန္႔က ဖခင္ ျဖစ္သူ ဦးကံေပၚအား ဓားေျမွာင္ျဖင့္ ပစ္သတ္ခဲ့ျခင္းေၾကာင့္ ရာဇသတ္ၾကီးပုဒ္မ ၃၀၂(၁)ျဖင့္ ျပစ္ဒဏ္ ေထာင္ ၅ ႏွစ္က်ခံခဲ့ဖူးသူ ျဖစ္သည့္ အျပင္၊ ညီမျဖစ္သူအား ရိုက္ႏွက္မႈေၾကာင့္လည္း ပုဒ္မ ၃၂၅ ျဖင့္ ထပ္မံ ဖမ္းဆီးခ်ဳပ္ေႏွာင္ ခံခဲ့ရသူ တစ္ဦး ျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ တူမီးေသနတ္အား ဟိုပင္ေက်းရြာမွ ေငြက်ပ္ ၄၅၀၀၀ ျဖင့္ ၀ယ္ယူခဲ့ျခင္းျဖစ္ၿပီး တူမီးေသနတ္ ေရာင္းသူကိုပါ ႀကံရာပါ အျဖစ္ ဖမ္းဆီးအေရးယူ ေစလိုသည္ဟု ဦးေသာင္းတင္မွ ေျပာဆိုခဲ့ျခင္းေၾကာင့္ အမႈစစ္ ဒုရဲအုပ္ ဗုိလ္၀င္းထံသို႔ ကေမၻာဇတိုင္းမွ သြားေရာက္ေမးျမန္းရာ “ အခု သူ႔ကို စစ္ေဆးေနတုန္းပါ။ သူ ဒီေသနတ္ကို ဘယ္သူ႕နားက ၀ယ္တယ္လို႔ တိုက္ရိုက္ မေျပာဘူး။ ေ၀႔ေျဖေနလို႔ ကြ်န္ေတာ္တို႔လည္း ဆက္လက္ စံုစမ္းေနတုန္းပါ” ဟု ေျပာသည္။
.
ယင္းကဲ့သုိ႔ အစ္ကိုေတာ္စပ္သူအား တူမီးေသနတ္ျဖင့္ ေခ်ာင္းေျမာင္းပစ္ခတ္သူ ေအာင္မ်ိဳးခိုင္(ခ) ေအာင္ငဲအား ရပ္ေစာက္ျမိဳ႕မရဲစခန္းမွ (ပ) ၆၁/၂၀၁၉၊ ရာဇသတ္ၾကီးပုဒ္မ ၃၀၇ ျဖင့္ အမႈဖြင့္ အေရးယူ ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။
.
တူမီးေသနတ္ျဖင့္ ပစ္ခတ္ခံရသူ ဦးေသာင္းတင္
 
ရပ်စောက်၌ အစ်ကို ဖြစ်သူအား ညီဝမ်းကွဲက တူမီးသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ
.
ထမံသီ
.
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၊ ဈေးတန်းရပ်ကွက်၊ အေးရိပ်သာလမ်း အိမ်အမှတ် (၁၇၇)တွင် အစ်ကိုဖြစ်သူအား ညီဝမ်းကွဲ တော်စပ်သူက မေလ ၁၅ ရက်၊ နေ့လယ်ပိုင်းတွင် တူမီးသေနတ်ဖြင့် ပတ်ခတ် လုပ်ကြံခဲ့ကြောင်း သိရသည်။
.
“ နေ့လယ်စာ စားပြီး အိမ်ပြူတင်းပေါက်နားမှ ရေနွေး သောက်တယ်။ သောက်ပြီးလို့ ရေနွေးခွက်ကို ချပြီး ပြူတင်းပေါက်ဘက်ကို ကျောပေးအလှည့်မှာ တူမီးသေနတ်သံ ကြားတယ်။ ခေါင်းမှာ ဆောင်းထားတဲ့ ဦးထုပ်လွင့်သွားပြီး ခေါင်းနဲ့ ဘယ်ဘက် လက်မောင်းတွေ နာလာလို့ စမ်းကြည့်တော့ သွေးတွေ ထွက်တာမြင်မှ ကျွန်တော့်ကို ထိမှန်း သိတာ။ ဒါနဲ့ တူမီးသံ ကြားရာ လှမ်းကြည့်တော့ ညီဝမ်းကွဲတော်စပ်တဲ့ အောင်မျိုးခိုင်က သူ့ အိမ်မ တံခါးပေါက်ကနေ တူမီးကိုင်ပြီး အိမ်ထဲပြေးဝင်သွားတာ တွေ့လိုက်တယ်။ ဒီတော့မှ သူ ကျွန်တော့်ကို လုပ်ကြံမှန်း သိလိုက်ရတာ” ဟု တူမီးဖြင့် ပစ်ခတ်လုပ်ကြံခံရသူ ဦးသောင်းတင်မှ ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း ပတ်ခတ်မှုတွင် တူမီးသေနတ်ဖြင့် ခဲကျည် ၃ လုံးကို ထည့်ပစ်ခြင်း ဖြစ်ပြီး တစ်လုံးမှာ ဦးသောင်းတင်၏ ဦးခေါင်းနောက်စေ့ အရေးပြားအား ဖေါက်ထွက်ကာ၊ ဒုတိယ ခဲကျည်မှာ ဘယ်ဘက် လက်မောင်းအား ဖေါက်ထွက်ခဲ့ပြီး ကျန်တစ်လုံးမှာ ရေနွေးခွက်အနီးရှိ ခရမ်းချဉ်သီး ထုတ်အား ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း လုပ်ကြံခံရသူမှ ဆက်လက် ပြောကြားသည်။
.
“သူ့ကို ရဲတွေ လာဖမ်းပြီး လက်ထိပ်ခတ်တော့ ဦးသောင်းတင် သေပြီလား။ ကျွန်တော်က ပစ်ရင် ဘယ်တော့မှ မလွဲဘူးလို့ ပြောတယ်။” ဟု ဦးသောင်းတင်မှ ဆိုသည်။
.
တူမီးဖြင့် ပစ်ခတ်သူ အောင်မျိုးခိုင်(ခ)အောင်ငဲ ဆိုသူသည် လွန်ခဲ့သည့် နှစ် ၂၀ ခန့်က ဖခင် ဖြစ်သူ ဦးကံပေါ်အား ဓားမြှောင်ဖြင့် ပစ်သတ်ခဲ့ခြင်းကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)ဖြင့် ပြစ်ဒဏ် ထောင် ၅ နှစ်ကျခံခဲ့ဖူးသူ ဖြစ်သည့် အပြင်၊ ညီမဖြစ်သူအား ရိုက်နှက်မှုကြောင့်လည်း ပုဒ်မ ၃၂၅ ဖြင့် ထပ်မံ ဖမ်းဆီးချုပ်နှောင် ခံခဲ့ရသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တူမီးသေနတ်အား ဟိုပင်ကျေးရွာမှ ငွေကျပ် ၄၅၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး တူမီးသေနတ် ရောင်းသူကိုပါ ကြံရာပါ အဖြစ် ဖမ်းဆီးအရေးယူ စေလိုသည်ဟု ဦးသောင်းတင်မှ ပြောဆိုခဲ့ခြင်းကြောင့် အမှုစစ် ဒုရဲအုပ် ဗိုလ်ဝင်းထံသို့ ကမ္ဘောဇတိုင်းမှ သွားရောက်မေးမြန်းရာ “ အခု သူ့ကို စစ်ဆေးနေတုန်းပါ။ သူ ဒီသေနတ်ကို ဘယ်သူ့နားက ဝယ်တယ်လို့ တိုက်ရိုက် မပြောဘူး။ ဝေ့ဖြေနေလို့ ကျွန်တော်တို့လည်း ဆက်လက် စုံစမ်းနေတုန်းပါ” ဟု ပြောသည်။
.
ယင်းကဲ့သို့ အစ်ကိုတော်စပ်သူအား တူမီးသေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်သူ အောင်မျိုးခိုင်(ခ) အောင်ငဲအား ရပ်စောက်မြို့မရဲစခန်းမှ (ပ) ၆၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

No comments:

Post a Comment