ေတာင္ႀကီးၿမိဳ႕တြင္ လူကူး ဂုံးေက်ာ္တံတား တည္ေဆာက္ရန္ စီစဥ္ေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, May 17, 2019

ေတာင္ႀကီးၿမိဳ႕တြင္ လူကူး ဂုံးေက်ာ္တံတား တည္ေဆာက္ရန္ စီစဥ္ေန


ရဲရင့္ဇြဲ
.
ရွမ္းျပည္နယ္၏ ၿမိဳ႕ေတာ္ျဖစ္ ေသာ ေတာင္ႀကီးၿမိဳ႕တြင္ ယာဥ္ေၾကာၾကပ္တည္းမႈ ေျဖေလွ်ာ့ေရးႏွင့္  အမ်ားျပည္သူ သြားလာမႈ အဆင္ေျပ လြယ္ကူေစေရးတို႔အတြက္ ရည္ရြယ္၍ လူကူး ဂုံးေက်ာ္တံတား တစ္စင္း တည္ေဆာက္ရန္ စီစဥ္လ်က္ရွိေၾကာင္း ေတာင္ႀကီးခ႐ိုင္အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ သိရသည္။
.
''ဂုံးေက်ာ္ တံတား တည္ေဆာက္ဖို႔ စီစဥ္ေနပါတယ္။ လ်ာထားခ်က္က ရွိေနပမယ့္ အဖြဲ႕က မအားေသးဘူး ျဖစ္ေနတယ္။ ကြင္းဆင္း မစစ္ေဆးရေသးဘူး။ စာခ်ထားေပးေပမယ့္ ဘာမွမလုပ္ႏိုင္ေသးဘူး။ တည္ေဆာက္ဖို႔ စီစဥ္ေနတယ္ဆိုတာပဲ ေျပာလို႔ ရေသးတယ္။ က်န္တာက ကြင္းဆင္း စစ္ေဆးၿပီးမွ အေသးစိတ္ ေျပာလို႔ရမွာပါ။ တည္ေဆာက္မယ့္ အခ်ိန္ကာလကိုေတာ့ ေနရာ အတည္ျပဳ ေရြးခ်ယ္ၿပီးမွ သတ္မွတ္သြားမွာပါ။ ကြင္းဆင္း စစ္ေဆးၿပီးရင္ေတာ့ အေျဖတစ္ခု ထြက္လာမွာပါ''ဟု ေတာင္ႀကီးခ႐ုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးကိုကိုလြင္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.

အဆိုပါ ဂုံးေက်ာ္တံတား တည္ေဆာက္ရန္အတြက္ ေကာ္မတီ တစ္ရပ္ ဖြဲ႕စည္းထားၿပီး ရွမ္းျပည္နယ္ လမ္းဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴး ဦးေက်ာ္သီဟမွ ဦးေဆာင္ကာ ေျမျပင္အေျခအေနမ်ား ကြင္းဆင္း ၾကည့္႐ႈစစ္ေဆး၍ တည္ေဆာက္မည့္ ေျမေနရာ အေဆာက္အဦ၊ အရည္အေသြး၊ ဒီဇိုင္း ပုံစံႏွင့္ တည္ေဆာက္မည့္ အခ်ိန္ကာလတို႔ကို ေရြးခ်ယ္ သတ္မွတ္သြားမည္ ျဖစ္ေၾကာင္း ဦးကိုကိုလြင္က ဆက္လက္ ေျပာၾကားခဲ့သည္။
.
ေတာင္ႀကီးၿမိဳ႕၏ စီးပြားေရးအရ အခ်က္အခ်ာ အက်ဆုံး ေနရာျဖစ္ေသာ ၿမိဳ႕မေစ်း အနီးတစ္ဝိုက္တြင္ ယာဥ္ေၾကာ ၾကပ္တည္းမႈမ်ား မၾကာခဏ ျဖစ္ေပၚလ်က္ရွိၿပီး လူသြားလူလာ မ်ားသည့္ ေနရာတစ္ခုလည္း ျဖစ္ကာ လူကူးဂုံးေက်ာ္တံတား တည္ေဆာက္ႏိုင္ပါက ယာဥ္ေၾကာ ၾကပ္တည္းမႈကို အထိုက္အေလ်ာက္ ေျဖေလွ်ာ့ႏိုင္မည္ ျဖစ္ၿပီး အမ်ားျပည္သူ သြားလာေရး လြယ္ကူ အဆင္ေျပေစမည္ ျဖစ္ေၾကာင္း ေဒသခံျပည္သူမ်ားက ေျပာဆိုလ်က္ ရွိသည္။
.
ေတာင္ႀကီးၿမဳိ႕သည္ ရွမ္းျပည္နယ္အစိုးရအဖဲြ႕ ရံုးစိုက္ရာ ၿမဳိ႕ျဖစ္ၿပီး ၁၄ ဒသမ ၅၉ စတုရန္းမိုင္ က်ယ္၀န္းကာ လူဦးေရ ၁၃၀၀၀၀ ေက်ာ္ ေနထိုင္လ်က္ရွိေၾကာင္း အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
.
တောင်ကြီးမြို့တွင် လူကူး ဂုံးကျော်တံတား တည်ဆောက်ရန် စီစဉ်နေ
.
ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ် သော တောင်ကြီးမြို့တွင် ယာဉ်ကြောကြပ်တည်းမှု ဖြေလျှော့ရေးနှင့်  အများပြည်သူ သွားလာမှု အဆင်ပြေ လွယ်ကူစေရေးတို့အတွက် ရည်ရွယ်၍ လူကူး ဂုံးကျော်တံတား တစ်စင်း တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း တောင်ကြီးခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
.
''ဂုံးကျော် တံတား တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ လျာထားချက်က ရှိနေပမယ့် အဖွဲ့က မအားသေးဘူး ဖြစ်နေတယ်။ ကွင်းဆင်း မစစ်ဆေးရသေးဘူး။ စာချထားပေးပေမယ့် ဘာမှမလုပ်နိုင်သေးဘူး။ တည်ဆောက်ဖို့ စီစဉ်နေတယ်ဆိုတာပဲ ပြောလို့ ရသေးတယ်။ ကျန်တာက ကွင်းဆင်း စစ်ဆေးပြီးမှ အသေးစိတ် ပြောလို့ရမှာပါ။ တည်ဆောက်မယ့် အချိန်ကာလကိုတော့ နေရာ အတည်ပြု ရွေးချယ်ပြီးမှ သတ်မှတ်သွားမှာပါ။ ကွင်းဆင်း စစ်ဆေးပြီးရင်တော့ အဖြေတစ်ခု ထွက်လာမှာပါ''ဟု တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ ဂုံးကျော်တံတား တည်ဆောက်ရန်အတွက် ကော်မတီ တစ်ရပ် ဖွဲ့စည်းထားပြီး ရှမ်းပြည်နယ် လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်သီဟမှ ဦးဆောင်ကာ မြေပြင်အခြေအနေများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ တည်ဆောက်မည့် မြေနေရာ အဆောက်အဦ၊ အရည်အသွေး၊ ဒီဇိုင်း ပုံစံနှင့် တည်ဆောက်မည့် အချိန်ကာလတို့ကို ရွေးချယ် သတ်မှတ်သွားမည် ဖြစ်ကြောင်း ဦးကိုကိုလွင်က ဆက်လက် ပြောကြားခဲ့သည်။
.
တောင်ကြီးမြို့၏ စီးပွားရေးအရ အချက်အချာ အကျဆုံး နေရာဖြစ်သော မြို့မဈေး အနီးတစ်ဝိုက်တွင် ယာဉ်ကြော ကြပ်တည်းမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး လူသွားလူလာ များသည့် နေရာတစ်ခုလည်း ဖြစ်ကာ လူကူးဂုံးကျော်တံတား တည်ဆောက်နိုင်ပါက ယာဉ်ကြော ကြပ်တည်းမှုကို အထိုက်အလျောက် ဖြေလျှော့နိုင်မည် ဖြစ်ပြီး အများပြည်သူ သွားလာရေး လွယ်ကူ အဆင်ပြေစေမည် ဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုလျက် ရှိသည်။
.
တောင်ကြီးမြို့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ မြို့ဖြစ်ပြီး ၁၄ ဒသမ ၅၉ စတုရန်းမိုင် ကျယ်ဝန်းကာ လူဦးရေ ၁၃၀၀၀၀ ကျော် နေထိုင်လျက်ရှိကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

No comments:

Post a Comment