ေဒၚေအာင္ဆန္းစုၾကည္ ၿမိဳ႕ႀကီးေရေလွာင္တမံအား ၾကည့္႐ႈစစ္ေဆး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, May 18, 2019

ေဒၚေအာင္ဆန္းစုၾကည္ ၿမိဳ႕ႀကီးေရေလွာင္တမံအား ၾကည့္႐ႈစစ္ေဆး


ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ထြက္ခြာခဲ့ၿပီး ရွမ္းျပည္နယ္၊ ဓႏုကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ရြာငံၿမဳိ႕နယ္ရွိ ၿမိဳ႕ႀကီးေရေလွာင္တမံသို႔ ေမလ ၁၇ ရက္က ေက်ာက္ဆည္ၿမိဳ႕မွ ရဟတ္ယာဥ္မ်ားျဖင့္ ေရာက္ရွိလာၿပီး ေရေလွာင္တမံအား စစ္ေဆးခဲ့ေၾကာင္း သိရသည္။
.
အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ အဖြဲ႕သည္ စက္ေလွျဖင့္ တမံအတြင္း ေရသိုေလွာင္ထားရွိမႈႏွင့္ ပတ္ဝန္းက်င္ စိမ္းလန္းစိုျပည္ေရး ေဆာင္ရြက္ထားရွိမႈ အေျခအေနမ်ား၊ တမံ တည္ေဆာက္ထားမႈ အေျခအေနႏွင့္ ေရယူ အေဆာက္အဦအား ၾကည့္႐ႈစစ္ေဆးရာ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ေအာင္သူႏွင့္ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္ျမင့္လိႈင္တို႔က ရွင္းလင္းတင္ျပခဲ့ေၾကာင္း သိရသည္။
.
ဆက္လက္၍ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္သည္ အား ေမာ္ေတာ္ယာဥ္မ်ားျဖင့္ တမံ ပတ္လမ္းအတိုင္း လိုက္လံၾကည့္ရႈရာ ျပည္ေထာင္စုဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ားက စိုက္ပ်ိဳးေရေပးေဝေနမႈ၊ ေရသိုေလွာင္ ထားရွိမႈႏွင့္ တမံ အေျခအေနတို႔ကို ရွင္းလင္းတင္ျပၾကသည္။
.

(Photo - Myanmar State Counsellor Office)
 
အဆိုပါ ၿမိဳ႕ႀကီးေရေလွာင္တမံ တည္ေဆာက္ႏုိင္ျခင္းေၾကာင့္ ေဇာ္ဂ်ီေရ ေလွာင္တမံမွ ထုတ္လႊတ္လိုက္ေသာ ေရမ်ားႏွင့္ ေရေလွာင္တမံ ခု အၾကား စီးဆင္းလာသည့္ ေရမ်ားကုိ စုေပါင္း သုိေလွာင္၍ လွ်ပ္စစ္ဓာတ္အား မဂၢါဝပ္ ၃ဝ ထုတ္လုပ္ႏိုင္ၿပီး ေက်ာက္ဆည္ခရိုင္အတြင္းရွိ ေဇာ္ဂ်ီဆည္ေရေသာက္ ဧက ၈၂ဝဝဝ ကုိ ေရေပးေဝႏိုင္ခဲ့သည့္ အျပင္ မိတၳီလာလြင္ျပင္ရွိ ဧက ၃၃ဝဝဝ ကုိလည္း စုိက္ပ်ိဳးေရ ေပးေဝလ်က္ရွိေၾကာင္းတည္ေဆာက္ဆဲျဖစ္သည့္ က်ိဳင္းခမ္း ေရေလွာင္တမံ ၿပီးစီးပါက စီးဆင္းလာမည့္ ေရ ၁၁ ဒသမ ၅သိန္း ဧကေပကုိ ထိန္းခ်ဳပ္ႏိုင္ၿပီး ေဇာ္ဂ်ီေရေသာက္စနစ္အတြက္ ေရပမာဏ ၇ သိန္းႏွင့္ ကင္းတားလက္ယာေျမာင္း၏ ေျပာင္းျပာငလိုင္းဇင္ေရေသာက္ဧရိယာအတြက္ ေရပမာဏ ၄ ဒသမ ၅ သိန္းကုိလည္း ထုတ္လႊတ္ေပးႏိုင္မည္ ျဖစ္ေၾကာင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢဳိလ္ရံုးမွ သတင္းထုတ္ျပန္ထားသည္။
.
ယင္းစက္ရုံတြင္ ၁၅ မဂၢါဝပ္ စက္၂ လုံး တပ္ဆင္ထားကာ တစ္ႏွစ္လွ်င္ ယူနစ္ သန္းေပါင္း ၁၃၅ သန္းခန္႔ ထုတ္လုပ္ႏိုင္ၿပီး ထြက္ရွိလာသည့္ လွ်ပ္စစ္ဓာတ္အားကုိ ႏိုင္ငံေတာ္ ဓာတ္အားစနစ္ႏွင့္ ခ်ိတ္ဆက္ ျဖန္႔ျဖဴးလ်က္ရွိေၾကာင္း သိရသည္။
.
ထို႔ေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ႏွင့္အဖြဲ႔သည္ ရဟတ္ယာဥ္မ်ားျဖင့္ ရြာငံ ပင္းတယ ၊ တီက်စ္၊ ပင္ေလာင္း၊ ေပါင္းေလာင္း ေဒသမ်ား၏ သဘာဝပတ္ဝန္းက်င္ အေျခအေနမ်ားအား လွည့္လည္ၾကည့္ရႈ စစ္ေဆးခဲ့ေၾကာင္းလည္း သိရသည္။
.
ၿမဳိ႕ႀကီး ေရအားလွ်ပ္စစ္ ဓါတ္အားေပးစက္႐ံုသည္ ရြာငံၿမဳိ႕နယ္၏ အေနာက္ဘက္ မိုင္ ၃၀ ခန္႔အကြာရွိ ၿမဳိ႕ႀကီးေက်းရြာ အနီးတြင္ တည္ရွိၿပီး ၂၀၀၅-၂၀၀၆ ခုႏွစ္က စတင္တည္ေဆာက္ခဲ့ျခင္း ျဖစ္ကာ ၂၀၁၆ ခုႏွစ္၊ ဇန္န၀ါရီလတြင္ ဖြင့္လွစ္ခဲ့ျခင္း ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္၀န္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
.
(Photo - Myanmar State Counsellor Office)

ဒေါ်အောင်ဆန်းစုကြည် မြို့ကြီးရေလှောင်တမံအား ကြည့်ရှုစစ်ဆေး
.
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထွက်ခွာခဲ့ပြီး ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ရှိ မြို့ကြီးရေလှောင်တမံသို့ မေလ ၁၇ ရက်က ကျောက်ဆည်မြို့မှ ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာပြီး ရေလှောင်တမံအား စစ်ဆေးခဲ့ကြောင်း သိရသည်။
.
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် စက်လှေဖြင့် တမံအတွင်း ရေသိုလှောင်ထားရှိမှုနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တမံ တည်ဆောက်ထားမှု အခြေအနေနှင့် ရေယူ အဆောက်အဦအား ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်တို့က ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အား မော်တော်ယာဉ်များဖြင့် တမံ ပတ်လမ်းအတိုင်း လိုက်လံကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက စိုက်ပျိုးရေပေးဝေနေမှု၊ ရေသိုလှောင် ထားရှိမှုနှင့် တမံ အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။
.
အဆိုပါ မြို့ကြီးရေလှောင်တမံ တည်ဆောက်နိုင်ခြင်းကြောင့် ဇော်ဂျီရေ လှောင်တမံမှ ထုတ်လွှတ်လိုက်သော ရေများနှင့် ရေလှောင်တမံ ၂ ခု အကြား စီးဆင်းလာသည့် ရေများကို စုပေါင်း သိုလှောင်၍ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃ဝ ထုတ်လုပ်နိုင်ပြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ဇော်ဂျီဆည်ရေသောက် ဧက ၈၂ဝဝဝ ကို ရေပေးဝေနိုင်ခဲ့သည့် အပြင် မိတ္ထီလာလွင်ပြင်ရှိ ဧက ၃၃ဝဝဝ ကိုလည်း စိုက်ပျိုးရေ ပေးဝေလျက်ရှိကြောင်း၊ တည်ဆောက်ဆဲဖြစ်သည့် ကျိုင်းခမ်း ရေလှောင်တမံ ပြီးစီးပါက စီးဆင်းလာမည့် ရေ ၁၁ ဒသမ ၅သိန်း ဧကပေကို ထိန်းချုပ်နိုင်ပြီး ဇော်ဂျီရေသောက်စနစ်အတွက် ရေပမာဏ ၇ သိန်းနှင့် ကင်းတားလက်ယာမြောင်း၏ ပြောင်းပြာငလိုင်းဇင်ရေသောက်ဧရိယာအတွက် ရေပမာဏ ၄ ဒသမ ၅ သိန်းကိုလည်း ထုတ်လွှတ်ပေးနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
.
ယင်းစက်ရုံတွင် ၁၅ မဂ္ဂါဝပ် စက် ၂ လုံး တပ်ဆင်ထားကာ တစ်နှစ်လျှင် ယူနစ် သန်းပေါင်း ၁၃၅ သန်းခန့် ထုတ်လုပ်နိုင်ပြီး ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက် ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။
.
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ရွာငံ၊ ပင်းတယ ၊ တီကျစ်၊ ပင်လောင်း၊ ပေါင်းလောင်း ဒေသများ၏ သဘာဝပတ်ဝန်းကျင် အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
.
မြို့ကြီး ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံသည် ရွာငံမြို့နယ်၏ အနောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ မြို့ကြီးကျေးရွာ အနီးတွင် တည်ရှိပြီး ၂၀၀၅-၂၀၀၆ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

No comments:

Post a Comment