နယ်မြေ အေးချမ်းရေးအတွက် ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း RCSS နှင့် SSPP တို့ ကြေညာချက် ထုတ် - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Sunday, May 12, 2019
မင်းဇော်မင်း
.
.
အဆိုပါ ထုတ်ပြန်ချက်ကို ရှမ်းတိုင်းရင်းသား ဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ကြေညာချက်တွင် အချက် ၄ ချက် ပါရှိပြီး SSPP/SSA နှင့် RCSS/SSA တိုသည် နှစ်က် ငြိမ်းချမ်းရေးအတွက် ညိနှိုင်း လုပ်ဆောင်ရန် သဘောတူညီချက် ရရှိသည် ရှမ်းပြည်နယ်အတွင်းရှိ သံဃာတော်များ၊ ပြည်သူအများမှ တောင်းဆိုနေသည့် နှစ်ဖက် ငြိမ်းချမ်းစွာဖြင့် ညှိနှိုင်း ဖြေရှင်းရန်၊ နယ်မြေ အေးချမ်းသာယာရေးအတွက် ဆွေးနွေး လုပ်ဆောင်သွားရန်၊ မူးယစ်ဆေးဝါးကို ပြည်သူနှင့် ပူးပေါင်း၍ တိုက်ဖျက်သွားရန် စသည့်အချက်များ ပါရှိသည်။
.
.
.
RCSS/SSA အဖွဲ့သည် NCA လက်မှတ် ရေထိုးထားသည့် အဖွဲ့ဖြစ်ကာ SSPP/SSA အဖွဲ့မှာ မြောက်ပိုင်း မဟာမိတ် အဖွဲ့င် ဖြစ်ပြီး NCA လက်မှတ် ရေးထိုးရသေးသည့် အဖွဲ့ ဖြစ်ကာဘက် တပ်ဖွဲ့များမှာ ထိတွေ့ တိုက်ခိုက်မှု အချို့ ဖြစ်ပေါ်နေသော အင်အားကြီး ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည်။
.
အဆိုပါ ၂ ဘက်တပ်များ၏ တိုက်ပွဲများကြောင့် ဒေသခံများမှာ အိုးအိမ်စွန်ခွာ ထွက်ပြေးနေရခြင်းများ ရှိနေခြင်းကြောင့် ရှမ်းပြည်နယ် အတွင်းရှိ သံဃာတော်များ အပါအ၀င် ဒေသခံများက ငြိမ်းချမ်းစွာဖြင့် ညှိနှိုင်း ပူးပေါင်း လုပ်ဆောင်နိုင်ရေးကို စဉ်ဆက်မပြတ် တောင်းဆိုနေခဲ့ခြင်း ဖြစ်ပြီး ယခုတွင် အေးချမ်းစွာ ညိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်းအား ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
နယ်မြေ အေးချမ်းရေးအတွက် ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း RCSS နှင့် SSPP တို့ ကြေညာချက် ထုတ်
.
မင်းဇော်မင်း
.
ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်တို့သည် အများပြည်သူ ဆန္ဒအရ နယ်မြေနှင့် တိုင်းပြည် အေးချမ်းရေးအတွက် ညှိနှိုင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်းကို မေလ ၁၁ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ထုတ်ပြန်ချက်ကို ရှမ်းတိုင်းရင်းသား ဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ကြေညာချက်တွင် အချက် ၄ ချက် ပါရှိပြီး SSPP/SSA နှင့် RCSS/SSA တို့သည် နှစ်ဘက် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်း လုပ်ဆောင်ရန် သဘောတူညီချက် ရရှိသည်။ ရှမ်းပြည်နယ်အတွင်းရှိ သံဃာတော်များ၊ ပြည်သူအများမှ တောင်းဆိုနေသည့် နှစ်ဖက် ငြိမ်းချမ်းစွာဖြင့် ညှိနှိုင်း ဖြေရှင်းရန်၊ နယ်မြေ အေးချမ်းသာယာရေးအတွက် ဆွေးနွေး လုပ်ဆောင်သွားရန်၊ မူးယစ်ဆေးဝါးကို ပြည်သူနှင့် ပူးပေါင်း၍ တိုက်ဖျက်သွားရန် စသည့်အချက်များ ပါရှိသည်။
.
အချိန်ကတော့ ကန့်သတ် မထားဘဲ၊ အမြန်ဆုံး အဆက်မပြတ် ညှိနှိုင်း ဆွေးနွေး ပြီးတော့ တပ်နေရာချထားရေး၊ အပြန်အလှန် ယုံကြည့်မှု တည်ဆောက်ရေးတို့က အဓိက ဖြစ်ပါတယ်။ ယုံကြည်မှုအတွက် တပ်တွေကို အပြန်အလှန် ဆုတ်ခွာ၊ ပြောင်းရွှေ့ပေးရမှာပေါ့။ ဒီကြားထဲမှာ စစ်မဲ့ဇုံ လိုအပ်ရင်လည်း လုပ်မှာပေါ့။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အမြတ ်မထုတ်ဖို့၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ကတိအရ ပြောထားပြီးသား လုပ်ထားပြီးသားတွေကို မဖောက်ဖျက်ဖို့ အဓိကပေါ့။ အဆက်မပြတ် ညှိနှိုင်း ဆောင်ရွက်သွားရမှာပါ။ ရှမ်းပြည်အပြင် နိုင်ငံတော် တစ်ခုလုံး အေးချမ်းသွားအောင် မျှော်မှန်းပြီးတော့ ရှမ်းတိုင်းရင်းသား အချင်းချင်းသာ မကဘဲ တခြား လူမျိုးပေါင်းစုံတွေ အားလုံး အေးအေးချမ်းချမ်း အတူယှဉ်တွဲ နေထိုင်သွားကြဖို့။ မလိုလားအပ်တဲ့ ဆိုရှယ်မီဒီယာတွေမှာ အပြန်အလှန် အပုတ် ချတာတို့၊ အောက်တန်းကျတဲ့ အလုပ်တို့၊ မလိုလားအပ်တဲ့ သွေးခွဲတဲ့ အလုပ်တွေကို အားမပေးကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။ ရှမ်းပြည်ကြီးနဲ့ ပြည်ထောင်စုကြီး တည်တံ့ ခိုင်မြဲအောင် အေးအတူ၊ ပူအမျှ အုတ် တစ်ချပ်၊ သဲတစ်ပွင့် အနေနဲ့ အားလုံး ပါဝင် လုပ်ဆောင်သွားကြပါလို့ တိုက်တွန်းလိုပါတယ်ဟု SSPP/SSA အဖွဲ့မှ ဗိုလ်မှူး စိုင်းဆုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ RCSS/SSA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းထံသို့ ဆက်သွယ်ရာတွင်မူ ဆက်သွယ်မှု မရရှိခဲ့ချေ။
.
RCSS/SSA အဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့ဖြစ်ကာ SSPP/SSA အဖွဲ့မှာ မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် ဖြစ်ပြီး NCA လက်မှတ် မရေးထိုးရသေးသည့် အဖွဲ့ ဖြစ်ကာ ၂ ဘက် တပ်ဖွဲ့များမှာ ထိတွေ့ တိုက်ခိုက်မှု အချို့ ဖြစ်ပေါ်နေသော အင်အားကြီး ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည်။
.
အဆိုပါ ၂ ဘက်တပ်များ၏ တိုက်ပွဲများကြောင့် ဒေသခံများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရခြင်းများ ရှိနေခြင်းကြောင့် ရှမ်းပြည်နယ် အတွင်းရှိ သံဃာတော်များ အပါအဝင် ဒေသခံများက ငြိမ်းချမ်းစွာဖြင့် ညှိနှိုင်း ပူးပေါင်း လုပ်ဆောင်နိုင်ရေးကို စဉ်ဆက်မပြတ် တောင်းဆိုနေခဲ့ခြင်း ဖြစ်ပြီး ယခုတွင် အေးချမ်းစွာ ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်းအား ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment