ေတာင္ႀကီးၿမဳိ႕တြင္ ပုဒ္မ ၂၆၁ ျပင္ဆင္ေရးႏွင့္ တပ္မေတာ္ေထာက္ခံပဲြ ျပဳလုပ္မည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, May 12, 2019

ေတာင္ႀကီးၿမဳိ႕တြင္ ပုဒ္မ ၂၆၁ ျပင္ဆင္ေရးႏွင့္ တပ္မေတာ္ေထာက္ခံပဲြ ျပဳလုပ္မည္


ရဲရင့္ဇဲြ
.
ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမဳိ႕တြင္ တပ္မေတာ္ ေထာက္ခံပဲြႏွင့္ ပုဒ္မ ၂၆၁ အား ဥပေဒႏွင့္အညီ ျပင္ဆင္ေပးေရး လူထုဆႏၵ ထုတ္ေဖာ္ပဲြကို အမ်ိဳးသားလံုၿခံဳေရးလူမႈကြန္ယက္(ဗဟို)မွ ဦးေဆာင္ကာ ေမလ ၁၅ ရက္တြင္ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
.
“ အဓိက ကေတာ့ ပုဒ္မ ၂၆၁ ေပါ့ေနာ္။ ကိုယ့္ျပည္နယ္၀န္ႀကီးခ်ဳပ္ကို ျပည္နယ္လႊတ္ေတာ္မွာပဲ ခန္႔ေစခ်င္တာပါ။ အဲဒါေၾကာင့္ ပုဒ္မ ၂၆၁ ကို ဥပေဒနဲ႔အညီ ျပင္ဆင္ေပးဖို႔ ဆႏၵထုတ္ေဖာ္မွာပါ။ အရင္ကလည္း တပ္မေတာ္ေထာက္ခံပဲြေတြ လုပ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ေခါင္းစဥ္ေတာ့ မတူဘူးေပါ့။” ဟု အမ်ိဳးသားလံုၿခံဳေရးလူမႈကြန္ယက္(ဗဟို)မွ ဦးေန၀င္းေထြးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ယင္း တပ္မေတာ္ ေထာက္ခံပဲြႏွင့္ ပုဒ္မ ၂၆၁ အား ဥပေဒႏွင့္အညီ ျပင္ဆင္ေပးေရး လူထုဆႏၵ ထုတ္ေဖာ္ပဲြကို အမ်ိဳးသားလံုၿခံဳေရးလူမႈကြန္ယက္(ဗဟို)မွ ေျမျပင္လႈပ္ရွားေရးမွဴး ဦးမင္းရဲသူရက ဦးေဆာင္သြားမည္ ျဖစ္ၿပီး ေတာင္ႀကီးၿမဳိ႕၊ စ၀္စံထြန္းရပ္ကြက္၊ မူလမင္းကြန္းေက်ာင္း အနီးတြင္ စုရပ္ ျပဳလုပ္၍ အင္အား ၅၀၀၀ ခန္႔ျဖင့္ ဗိုလ္ခ်ဳပ္လမ္းမႀကီးအတိုင္း စီတန္းလွည့္လည္ကာ ေတာင္ႀကီးၿမဳိ႕၊ မိုးလံုေလလံု အားကစား႐ံုတြင္ ေဒၚေဒြးနဒီ အပါအ၀င္ လူပုဂၢဳိလ္ ၅ ဦးမွ ေဟာေျပာသြားမည္ ျဖစ္ေၾကာင္း သိရသည္။
.
အမ်ိဳးသားလံုၿခံဳေရးလူမႈကြန္ယက္(ဗဟို) အဖဲြ႕သည္ ေတာင္ႀကီးၿမဳိ႕၌ တပ္မေတာ္ေထာက္ခံပဲြအား ယခင္က ၂ ႀကိမ္ ျပဳလုပ္ထားၿပီး ျဖစ္ေၾကာင္းလည္း သိရသည္။
.
ဖဲြ႕စည္းပံုအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္) ပုဒ္မ ၂၆၁ ၊ ပုဒ္မခဲြ(ခ)တြင္ ႏိုင္ငံေတာ္သမၼတသည္ သက္ဆိုင္ရာ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္၀န္ႀကီးခ်ဳပ္အျဖစ္ ခန္႔အပ္တာ၀န္ေပးရန္ဟု ေဖာ္ျပပါရွိၿပီး ယင္းပုဒ္မ ျပင္ဆင္မႈမ်ား ျပဳလုပ္ပါက ဖက္ဒရယ္ျပည္ေထာင္စု စနစ္ ပီျပင္လာႏိုင္မည္ ျဖစ္ေသာ္လည္း လႊတ္ေတာ္အသီးသီး၌ ကိုယ္စားလွယ္ေန ၂၅ ရာခိုင္ႏႈန္း ပါ၀င္ေနသည့္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ အခန္းက႑မွာ ယခုထက္ ပိုမို အေရးပါ လာႏိုင္မည္ဟု ႏိုင္ငံေရးေလ့လာသူမ်ားက သံုးသပ္ေျပာဆိုလ်က္ ရွိသည္။


.

တောင်ကြီးမြို့တွင် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးနှင့် တပ်မတော်ထောက်ခံပွဲ ပြုလုပ်မည်
.

ရဲရင့်ဇွဲ
.

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တပ်မတော် ထောက်ခံပွဲနှင့် ပုဒ်မ ၂၆၁ အား ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေး လူထုဆန္ဒ ထုတ်ဖော်ပွဲကို အမျိုးသားလုံခြုံရေးလူမှုကွန်ယက်(ဗဟို)မှ ဦးဆောင်ကာ မေလ ၁၅ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
အဓိက ကတော့ ပုဒ်မ ၂၆၁ ပေါ့နော်။ ကိုယ့်ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်မှာပဲ ခန့်စေချင်တာပါ။ အဲဒါကြောင့် ပုဒ်မ ၂၆၁ ကို ဥပဒေနဲ့အညီ ပြင်ဆင်ပေးဖို့ ဆန္ဒထုတ်ဖော်မှာပါ။ အရင်ကလည်း တပ်မတော်ထောက်ခံပွဲတွေ လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ခေါင်းစဉ်တော့ မတူဘူးပေါ့။ဟု အမျိုးသားလုံခြုံရေးလူမှုကွန်ယက်(ဗဟို)မှ ဦးနေဝင်းထွေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း တပ်မတော် ထောက်ခံပွဲနှင့် ပုဒ်မ ၂၆၁ အား ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေး လူထုဆန္ဒ ထုတ်ဖော်ပွဲကို အမျိုးသားလုံခြုံရေးလူမှုကွန်ယက်(ဗဟို)မှ မြေပြင်လှုပ်ရှားရေးမှူး ဦးမင်းရဲသူရက ဦးဆောင်သွားမည် ဖြစ်ပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ မူလမင်းကွန်းကျောင်း အနီးတွင် စုရပ် ပြုလုပ်၍ အင်အား ၅၀၀၀ ခန့်ဖြင့် ဗိုလ်ချုပ်လမ်းမကြီးအတိုင်း စီတန်းလှည့်လည်ကာ တောင်ကြီးမြို့၊ မိုးလုံလေလုံ အားကစားရုံတွင် ဒေါ်ဒွေးနဒီ အပါအဝင် လူပုဂ္ဂိုလ် ၅ ဦးမှ ဟောပြောသွားမည် ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားလုံခြုံရေးလူမှုကွန်ယက်(ဗဟို) အဖွဲ့သည် တောင်ကြီးမြို့၌ တပ်မတော်ထောက်ခံပွဲအား ယခင်က ၂ ကြိမ် ပြုလုပ်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
.
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၂၆၁ ၊ ပုဒ်မခွဲ(ခ)တွင် နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန်ဟု ဖော်ပြပါရှိပြီး ယင်းပုဒ်မ ပြင်ဆင်မှုများ ပြုလုပ်ပါက ဖက်ဒရယ်ပြည်ထောင်စု စနစ် ပီပြင်လာနိုင်မည် ဖြစ်သော်လည်း လွှတ်တော်အသီးသီး၌ ကိုယ်စားလှယ်နေ ၂၅ ရာခိုင်နှုန်း ပါဝင်နေသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍမှာ ယခုထက် ပိုမို အရေးပါလာနိုင်မည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုလျက် ရှိသည်။

No comments:

Post a Comment