နမ့္စန္ၿမိဳ႕တြင္ ငါးပစ္ေလာင္းကစား ဂိမ္းဆိုင္မ်ားေၾကာင့္ ေဒသခံမ်ား ဒုကၡေရာက္ေနဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, May 15, 2019

နမ့္စန္ၿမိဳ႕တြင္ ငါးပစ္ေလာင္းကစား ဂိမ္းဆိုင္မ်ားေၾကာင့္ ေဒသခံမ်ား ဒုကၡေရာက္ေနဟု ဆို


ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လြိဳင္လင္ခ႐ိုင္၊ နမ့္စန္ၿမိဳ႕နယ္တြင္ တရားမဝင္ ဖြင့္လွစ္ထားသည့္ ငါးပစ္ ေလာင္းကစား ဂိမ္းဆိုင္မ်ားေၾကာင့္ ေဒသချပည္သူမ်ား ဘဝပ်က္ရသညထိ ဒုကၡေရာက္ေနရသည္ဟု ေျပာဆိုလ်က္ ရွိသည္။
.
''ဒီ ဂိမ္းေတြက တစ္မ်ိဳးတည္း ၿပီးတာ မဟုတ္ဘူး။ တျခားမူးယစ္ ေဆးတို႔ ပါတယ္။ မေကာင္းတာ အကုန္ေပါ့။ ပတ္ဝန္းက်င္က လူငယ္ေတြက ဂိမ္းေဆာ့ေနၾကတာ အလုပ္ မလုပ္ခ်င္ၾကဘူး။ လက္လုပ္လက္စား သမားေတြ၊ အလုပ္သမားေတြက သူတို႔ရဲ႕ မိသားစု ၿပိဳကြဲတာေတြ ျဖစ္ေနၾကတာေပါ့။ နမ့္စန္ေဒသမွာ ဂိမ္းေတြ ပေပ်ာက္သြားတာ အေကာင္းဆုံးေပါ့။ ဆက္ရွိေနရင္ လူငယ္ေတြအတြက္ တက္လမ္းေတြ ရွိလာမွာ မဟုတ္ဘူး။ တစ္ေနကုန္လံုး လုပ္မွ ၇ဝဝဝ၊ ၈ဝဝဝ ေလာက္ရတဲ့ အတိုင္းအတာမွာ သူတို႔က ဂိမ္းေဆာ့လိုက္ေတာ့ ကုန္သြားရတာေပါ့။ ဂိမ္းဆိုင္ေတြက ေတာ္ေတာ္မ်ားတယ္။ ေက်းရြာေတြမွာလည္း ဖြင့္ထားတယ္။ ၿမိဳ႕ေပၚမွာလည္း ဖြင့္ထားတယ္။ အဖြဲ႕အစည္းနာမည္ခံၿပီးေတာ့ တ႐ုတ္လူမ်ိဳးေတြ ဖြင့္ၾကတာ မ်ားပါတယ္။''ဟု နမ့္စန္ၿမိဳ႕ေန ေဒသခံ တစ္ဦးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ယင္း ငါးပစ္ ေလာင္းကစားဂိမ္း ဆိုင္မ်ားမွာ နမ့္စန္ၿမိဳ႕တြင္ အမ်ားအျပား ဖြင့္လွစ္ထားေသာ္လည္း ေဒသခံမ်ားမွ လူမႈကြန္ရက္ေပၚတြင္ ေရးသားခဲ့ျခင္းေၾကာင့္ ေခတၱပိတ္သိမ္းခဲ့ ၿပီး လက္ရွိတြင္ တစ္ဆိုင္မွာ ျပန္လည္ ဖြင့္လွစ္ထားၿပီ ျဖစ္ကာ ထပ္မံ ဖြင့္လွစ္မည့္ ဆိုင္မ်ားလည္း ရွိေန ေသးေၾကာင္း သိရသည္။
.
ိမ္းဆိုင္ပိုင္ရွင္ အမ်ားစုမွာ ေတာင္ႀကီးၿမိဳ႕မွ လာေရာက္ လုပ္ကိုင္သူမ်ား ျဖစ္ၿပီး ဌာေနျပည္သူ႔စစ္ အဖြဲ႕မ်ား၏ အမည္ခံ ရဲတပ္ဖြဲ႕၊ စရဖႏွင့္ အျခား ဌာနဆိုင္ရာမ်ားသို႔ တစ္လလွ်င္ တစ္ဆိုင္ကို စုစုေပါင္း ေငြက်ပ္ ၁၇ သိန္းခန္႔ ေပးေဆာင္၍ ဖြင့္လွစ္ေနျခင္း ျဖစ္ကာ ေဒသခံမ်ား၏ ေဝဖန္မႈမ်ား ရွိလာသည့္ အခ်ိန္တြင္ ေခတၱ ပိတ္သိမ္းၿပီး ရက္သတၱပတ္ တစ္ပတ္ ခန္႔အၾကာတြင္ ျပန္လည္ ဖြင့္လွစ္ေလ့ ရွိေၾကာင္း သိရသည္။
.
အဆိုပါ ေလာင္းကစားဆိုင္မ်ားႏွင့္ ပတ္သက္၍ နမ့္စန္ၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁)မွ ရွမ္းျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေအာင္ေဆြထံသို႔ ကေမၻာဇတိုင္းမွ ဆက္သြယ္ေမးျမန္းရာတြင္ '' ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ ဥပေဒနဲ႔အညီ ဆက္ၿပီး လုပ္သင့္ၿပီ။ ကြၽန္ေတာ္တို႔ကလည္း သက္ဆိုင္ရာ တာဝန္ရွိသူ ေတြနဲ႔ ေတြ႕ဆုံၿပီး ေျပာမွာပါ။ ေမ ၁၅ ရက္ အစည္းအေဝးမွာလည္း ဒီကိစၥကို တရားဝင္ တင္ျပမွာပါ။''ဟု ေျပာသည္။
.
ထို႔အတူ နမ့္စန္ၿမိဳ႕နယ္၊ မဲဆႏၵ နယ္အမွတ္(၂)မွ ရွမ္းျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းလုံထံသို႔ ဆက္သြယ္ ေမးျမန္းရာတြင္ ''ကြၽန္ေတာ္က ရြာမွာ ေနပါတယ္။ ဒါကေတာ့ ေဖ့စ္ဘုတ္ေပၚတင္ေနတာေတာ့ ေတြ႕ပါတယ္။ ေသခ်ာ မစုံစမ္းရေသးဘူး။ ဒါေပမဲ့ ကြၽန္ေတာ့္အျမင္ကေတာ့ အဲဒီအေပၚမွာ နည္းနည္းေတာ့ စိမ္းတယ္''ဟု ေျပာၾကားခဲ့သည္။
.
ရွမ္းျပည္နယ္သည္ နယ္ေျမဧရိယာ က်ယ္ဝန္းမႈေၾကာင့္ ေတာင္ပိုင္း၊ ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္း ဟူ၍ အုပ္ခ်ဳပ္ေရးဆိုင္ရာ နယ္ေျမ သတ္မွတ္ ထားမႈမ်ား ရွိေနၿပီး ေဒသခံမ်ားကလည္း နမ့္စန္ၿမိဳ႕ကို ရွမ္းျပည္နယ္ ေတာင္ပိုင္း၏ ေလာင္းကစား ၿမိဳ႕ေတာ္အျဖစ္ လည္းေကာင္း၊ တာခ်ီလိတ္ၿမိဳ႕ကို ရွမ္းျပည္နယ္အေရွ႕ ပိုင္း၏ ေလာင္းကစား ၿမိဳ႕ေတာ္အျဖစ္ လည္းေကာင္း၊ မူဆယ္ၿမိဳ႕ကို ရွမ္းျပည္နယ္ေျမာက္ပိုင္း၏ ေလာင္းကစား ၿမိဳ႕ေတာ္ အျဖစ္ လည္းေကာင္း သတ္မွတ္ ေျပာဆိုလ်က္ရွိေၾကာင္း သိရသည္။
.

နမ့်စန်မြို့တွင် ငါးပစ်လောင်းကစား ဂိမ်းဆိုင်များကြောင့် ဒေသခံများ ဒုက္ခရောက်နေဟု ဆို
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် တရားမဝင် ဖွင့်လှစ်ထားသည့် ငါးပစ် လောင်းကစား ဂိမ်းဆိုင်များကြောင့် ဒေသခံ ပြည်သူများ ဘဝပျက်ရသညထိ ဒုက္ခရောက်နေရသည်ဟု ပြောဆိုလျက် ရှိသည်။
.
''ဒီ ဂိမ်းတွေက တစ်မျိုးတည်း ပြီးတာ မဟုတ်ဘူး။ တခြားမူးယစ် ဆေးတို့ ပါတယ်။ မကောင်းတာ အကုန်ပေါ့။ ပတ်ဝန်းကျင်က လူငယ်တွေက ဂိမ်းဆော့နေကြတာ အလုပ် မလုပ်ချင်ကြဘူး။ လက်လုပ်လက်စား သမားတွေ၊ အလုပ်သမားတွေက သူတို့ရဲ့ မိသားစု ပြိုကွဲတာတွေ ဖြစ်နေကြတာပေါ့။ နမ့်စန်ဒေသမှာ ဂိမ်းတွေ ပပျောက်သွားတာ အကောင်းဆုံးပေါ့။ ဆက်ရှိနေရင် လူငယ်တွေအတွက် တက်လမ်းတွေ ရှိလာမှာ မဟုတ်ဘူး။ တစ်နေကုန်လုံး လုပ်မှ ၇ဝဝဝ၊ ၈ဝဝဝ လောက်ရတဲ့ အတိုင်းအတာမှာ သူတို့က ဂိမ်းဆော့လိုက်တော့ ကုန်သွားရတာပေါ့။ ဂိမ်းဆိုင်တွေက တော်တော်များတယ်။ ကျေးရွာတွေမှာလည်း ဖွင့်ထားတယ်။ မြို့ပေါ်မှာလည်း ဖွင့်ထားတယ်။ အဖွဲ့အစည်းနာမည်ခံပြီးတော့ တရုတ်လူမျိုးတွေ ဖွင့်ကြတာ များပါတယ်။''ဟု နမ့်စန်မြို့နေ ဒေသခံ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း ငါးပစ် လောင်းကစားဂိမ်း ဆိုင်များမှာ နမ့်စန်မြို့တွင် အများအပြား ဖွင့်လှစ်ထားသော်လည်း ဒေသခံများမှ လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့ခြင်းကြောင့် ခေတ္တပိတ်သိမ်းခဲ့ ပြီး လက်ရှိတွင် တစ်ဆိုင်မှာ ပြန်လည် ဖွင့်လှစ်ထားပြီ ဖြစ်ကာ ထပ်မံ ဖွင့်လှစ်မည့် ဆိုင်များလည်း ရှိနေ သေးကြောင်း သိရသည်။
.
ဂိမ်းဆိုင်ပိုင်ရှင် အများစုမှာ တောင်ကြီးမြို့မှ လာရောက် လုပ်ကိုင်သူများ ဖြစ်ပြီး ဌာနေပြည်သူ့စစ် အဖွဲ့များ၏ အမည်ခံ၍ ရဲတပ်ဖွဲ့၊ စရဖနှင့် အခြား ဌာနဆိုင်ရာများသို့ တစ်လလျှင် တစ်ဆိုင်ကို စုစုပေါင်း ငွေကျပ် ၁၇ သိန်းခန့် ပေးဆောင်၍ ဖွင့်လှစ်နေခြင်း ဖြစ်ကာ ဒေသခံများ၏ ဝေဖန်မှုများ ရှိလာသည့် အချိန်တွင် ခေတ္တ ပိတ်သိမ်းပြီး ရက်သတ္တပတ် တစ်ပတ် ခန့်အကြာတွင် ပြန်လည် ဖွင့်လှစ်လေ့ ရှိကြောင်း သိရသည်။
.
အဆိုပါ လောင်းကစားဆိုင်များနှင့် ပတ်သက်၍ နမ့်စန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေထံသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် '' ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဥပဒေနဲ့အညီ ဆက်ပြီး လုပ်သင့်ပြီ။ ကျွန်တော်တို့ကလည်း သက်ဆိုင်ရာ တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံပြီး ပြောမှာပါ။ မေ ၁၅ ရက် အစည်းအဝေးမှာလည်း ဒီကိစ္စကို တရားဝင် တင်ပြမှာပါ။''ဟု ပြောသည်။
.
ထို့အတူ နမ့်စန်မြို့နယ်၊ မဲဆန္ဒ နယ်အမှတ်(၂)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံထံသို့ ဆက်သွယ် မေးမြန်းရာတွင် ''ကျွန်တော်က ရွာမှာ နေပါတယ်။ ဒါကတော့ ဖေ့စ်ဘုတ်ပေါ်တင်နေတာတော့ တွေ့ပါတယ်။ သေချာ မစုံစမ်းရသေးဘူး။ ဒါပေမဲ့ ကျွန်တော့်အမြင်ကတော့ အဲဒီအပေါ်မှာ နည်းနည်းတော့ စိမ်းတယ်''ဟု ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်သည် နယ်မြေဧရိယာ ကျယ်ဝန်းမှုကြောင့် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်း ဟူ၍ အုပ်ချုပ်ရေးဆိုင်ရာ နယ်မြေ သတ်မှတ် ထားမှုများ ရှိနေပြီး ဒေသခံများကလည်း နမ့်စန်မြို့ကို ရှမ်းပြည်နယ် တောင်ပိုင်း၏ လောင်းကစား မြို့တော်အဖြစ် လည်းကောင်း၊ တာချီလိတ်မြို့ကို ရှမ်းပြည်နယ်အရှေ့ ပိုင်း၏ လောင်းကစား မြို့တော်အဖြစ် လည်းကောင်း၊ မူဆယ်မြို့ကို ရှမ်းပြည်နယ်မြောက်ပိုင်း၏ လောင်းကစား မြို့တော် အဖြစ် လည်းကောင်း သတ်မှတ် ပြောဆိုလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment