နိုင်ငံတော်သမ္မတကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ပြည်သူနှင့် တွေ့ဆုံပေးရန် လင်းခေးခရိုင် NLD တင်ပြ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, May 15, 2019



မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးမှ လူထုတင်ပြချက် ဆန္ဒအရ နိုင်ငံတော်သမ္မတ အနေဖြင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ရှမ်းပြည်နယ်ရှိ ပြည်သူလူထုထံသိုလာရောက် တွေ့ဆုံပေးရန်အတွက် မေလ ၁၄ ရက်တွင် တင်ပြခဲ့ကြောင်း သိရသည်။
.
မြို့နယ်ပေါင်း ၅၅ မြို့နယ် ရှိသည့်အနက် ၀န်ကြီးချုပ်မှ ထိုမြိုနယ်များသို့ ကွင်းဆင်း ဆောင်ရွက်ပြီး လူထုဆန္ဒ ဖြည့်ဆည်းပေးမမှာ အင်မတန်နည်းပါးလှသည်ဟု ယင်း တင်ပြစာတွင် ဖော်ပြထားသည်။
.
လင်းခေးကို လာတော့ လာပါတယ်၊ ၂ နာရီလောက် ပြီးတော့ OSS ရုံးတွေအတွက်ဲ အချိန် ပေးသွားတယ်၊ တာဆန်းနဲတောင်ကြီးမှာလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့တွေ့ဆုံ မေးမြန်းခ်း ပေးမထည့်တော့ လူထုက မေးခွင့် မရခဲ့ဘူး၊ တောင်ကြီး၊ လင်းခေးမှာလည်း လူထုတွေ့ဆုံမမရှိဘူး၊ အခု လူထုက ဝေဖန်နေကြတာ အစိုးရ မဖြစ်ခင်က တစ်မျိုး၊ ဖြစ်ပြီးမှ တစ်မျိုးဆိုပြီး ဝေဖန်နေကြပြီ၊ ဒါကြောင့် လူထုဆန္ဒအရ ဒီစာကို တင်ပြရတာပါဟု NLD ပါတီ၊ လင်းခေးခရိုင် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်မြတ်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ဝန်ကြီးချုပ် ကိုယ်တိုင် လူထုနှင့် အပြန်အလှန် တွေ့ဆုံရန် ဆန္ဒ မရှိသည့်အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အားလည်း လူထုနှင့် အပြန်အလှန်ဆွေးနွေးမကို တမင် ချန်လှပ်ထားသည်မှာ ပေါ်လွင်စေနေကြောင်း၊ ၀န်ကြီးချုပ်လုပ်ရပ်သည် လူထုနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား အပြန်အလှန် လေးစားယုံကြည်မှုကို သာမက နိုင်ငံတော် အစိုးရကိုပါ လူထုယုံကြည်မ ပျက်ပြားစေနိုင်သည်ဟုလည်း တင်ပြစာတွင် ဖော်ပြထားသည်။
.
ထို့အပြင် နိုင်ငံတော်သမ္မတအနေဖြင့် မလုပ်၊ မရှုပ်၊ မပြုတ်၊ မရှင်း၊ မတွေ့ဆုံ မမေးမြန်းဘဲ လူထုနှင့် တွေ့ဆုံရမည်ကို ကြောက်ရွံ့နေသော ရှမ်းပြည်နယ် ၀န်ကြီးချုပ်အား လိုအပ်သလို ဆုံးမ အရေးယူပေးရန်နှင့် ၀န်ကြီးချုပ်ကိုယ်စား ရှမ်းပြည်နယ်ရှိ ပြည်သူလူထုများသိုလာရောက်တွေ့ဆုံပေးရန်ကိုလည်း တင်ပြထားကြောင်း သိရသည်။
.
.
နိုင်ငံတော်သမ္မတကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ပြည်သူနှင့် တွေ့ဆုံပေးရန် လင်းခေးခရိုင် NLD တင်ပြ
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးမှ လူထုတင်ပြချက် ဆန္ဒအရ နိုင်ငံတော်သမ္မတ အနေဖြင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ရှမ်းပြည်နယ်ရှိ ပြည်သူလူထုထံသို့ လာရောက် တွေ့ဆုံပေးရန်အတွက် မေလ ၁၄ ရက်တွင် တင်ပြခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှာ လူထုနှင့်တွေ့ဆုံရန် လွန်စွာ အားနည်းကြောင်းနှင့် ရှမ်းပြည်နယ်ရှိ
မြို့နယ်ပေါင်း ၅၅ မြို့နယ် ရှိသည့်အနက် ဝန်ကြီးချုပ်မှ ထိုမြို့နယ်များသို့ ကွင်းဆင်း ဆောင်ရွက်ပြီး လူထုဆန္ဒ ဖြည့်ဆည်းပေးမှုမှာ အင်မတန်နည်းပါးလှသည်ဟု ယင်း တင်ပြစာတွင် ဖော်ပြထားသည်။
.
လင်းခေးကို လာတော့ လာပါတယ်၊ ၂ နာရီလောက်ပဲ၊ ပြီးတော့ OSS ရုံးတွေအတွက်ပဲ အချိန် ပေးသွားတယ်၊ တာဆန်းနဲ့ တောင်ကြီးမှာလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့တွေ့ဆုံ မေးမြန်းခန်း ပေးမထည့်တော့ လူထုက မေးခွင့် မရခဲ့ဘူး၊ တောင်ကြီး၊ လင်းခေးမှာလည်း လူထုတွေ့ဆုံမှု မရှိဘူး၊ အခု လူထုက ဝေဖန်နေကြတာ အစိုးရ မဖြစ်ခင်က တစ်မျိုး၊ ဖြစ်ပြီးမှ တစ်မျိုးဆိုပြီး ဝေဖန်နေကြပြီ၊ ဒါကြောင့် လူထုဆန္ဒအရ ဒီစာကို တင်ပြရတာပါဟု NLD ပါတီ၊ လင်းခေးခရိုင် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်မြတ်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရှမ်းပြည်နယ် ခရီးစဉ်တွင် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူထု အပြန်အလှန် တင်ပြ ဆွေးနွေးခန်းများကို ထည့်သွင်း ဆွေးနွေးခြင်း မပြုလုပ်ခဲ့ခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိပြီး
ဝန်ကြီးချုပ် ကိုယ်တိုင် လူထုနှင့် အပြန်အလှန် တွေ့ဆုံရန် ဆန္ဒ မရှိသည့်အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အားလည်း လူထုနှင့် အပြန်အလှန်ဆွေးနွေးမှုကို တမင် ချန်လှပ်ထားသည်မှာ ပေါ်လွင်စေနေကြောင်း၊ ဝန်ကြီးချုပ်၏ လုပ်ရပ်သည် လူထုနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား အပြန်အလှန် လေးစားယုံကြည်မှုကို သာမက နိုင်ငံတော် အစိုးရကိုပါ လူထုယုံကြည်မှု ပျက်ပြားစေနိုင်သည်ဟုလည်း တင်ပြစာတွင် ဖော်ပြထားသည်။
.

ထို့အပြင် နိုင်ငံတော်သမ္မတအနေဖြင့် မလုပ်၊ မရှုပ်၊ မပြုတ်၊ မရှင်း၊ မတွေ့ဆုံ မမေးမြန်းဘဲ လူထုနှင့် တွေ့ဆုံရမည်ကို ကြောက်ရွံ့နေသော ရှမ်းပြည်နယ် ဝန်ကြီးချုပ်အား လိုအပ်သလို ဆုံးမ အရေးယူပေးရန်နှင့် ဝန်ကြီးချုပ ်ကိုယ်စား ရှမ်းပြည်နယ်ရှိ ပြည်သူလူထုများသို့ လာရောက်တွေ့ဆုံပေးရန်ကိုလည်း တင်ပြထားကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီ ခေတ်ပြောင်း စနစ်ပြောင်းကာလ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ ပြောင်းလဲမှု ဖြစ်စဉ် အောင်မြင်ချောမွေ့စေရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ပြည်သူ့ဘဏ္ဍာငွေ အလေအလွင့် ဆုံးရှုံးမှု မရှိစေရေး၊ ဥပဒေမဲ့ သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများ ပြန်လည် ရရှိရေး၊ ဥပဒေနှင့်အညီ လျော်ကြေးနစ်နာကြေး ရရှိရေး၊ တောင်သူလယ်သမား၊ အလုပ်သမားများ၏ လူနေမှုဘ၀ တိုးတက်မြင့်မားရေးတို့ကို အထူးအလေးထား ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ် ပြည်သူလူထုအတွက် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးနိုင်ရေး လူမှုစီးပွား ဖွံ့ဖြိုးရေး၊ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး တို့အား ပြည်သူနှင့်အတူ ပိုမိုကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှ ကမ္ဘောဇတိုင်းသို့ ပြောကြားထားသည်။
.

No comments:

Post a Comment