ရပ္ေစာက္ရွိ စစ္ေရွာင္မ်ား၏ လူေနမႈအေျခအေနကို ICRC မွ လာေရာက္ေလ့လာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, May 16, 2019

ရပ္ေစာက္ရွိ စစ္ေရွာင္မ်ား၏ လူေနမႈအေျခအေနကို ICRC မွ လာေရာက္ေလ့လာ

ထမံသီ
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC) မွ တာဝန္ရွိသူမ်ားသည္ ေမလ ၁၄ ရက္၊ ေန႔လယ္ပိုင္းက ရပ္ေစာက္ၿမိဳ႕နယ္၊ မားသဲေက်းရြာအုပ္စု၊ ေအးခ်မ္းသာယာေက်းရြာတြင္ ေျပာင္းေရႊ႕ေနထုိင္လ်က္ရွိသည့္ ပေလာင္တိုင္းရင္းသား စစ္ေဘးေရွာင္တုိင္းရင္းသားမ်ားထံ သြားေရာက္၍ လူေနမႈအေျခအေနမ်ားကို ေလ့လာခဲ့ၾကေၾကာင္း သိရသည္။
.
.
ယင္းသို႔ လာေရာက္ေလ့လာရာတြင္ က်ိဳင္းတံု ICRC ႐ံုး အဖြဲ႕ဝင္မ်ားမွ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးခ်င္းကုန္ေနအိမ္၌ ရပ္မိရပ္ဖမ်ား အပါအဝင္ ေက်းရြာသားမ်ားႏွင့္ ေတြ႕ဆံုခဲ့ျခင္းျဖစ္သည္။
.
ထိုသို႔ေတြ႕ဆံုရာတြင္ ေက်းရြာ၏ ေရရရွိမႈ၊ သံုးစြဲမႈအေျခအေန၊ လက္ရွိ အသက္ေမြးဝၽြ္းေက်ာင္း လုပ္ကိုင္လ်က္ ရွိသည့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားႏွင့္ လူေနမႈဘဝအေျခအေနမ်ားအား ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
.
အဆိုပါ ပေလာင္တိုင္းရင္းသားမ်ားသည္ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလအတြင္းက ေဒသတြင္း ထိေတြ႕တိုက္ပြဲမ်ား ေၾကာင့္ လြိဳင္လင္ခ႐ိုင္၊ မိုင္းရွိၿမိဳ႕နယ္၊ ဘိုဆိုင္ေက်းရြာအုပ္စု၊ ပန္းခမ္းေက်းရြာ၊ ပါနိမ့္ေက်းရြာအုပ္စု၊ ပါနိမ့္ေက်းရြာ၊ ပိန္လ်န္းေက်းရြာအုပ္စု၊ ပိန္လ်န္ေက်းရြာ ႏွင့္ ဝမ္းမိုင္ေက်းရြာအုပ္စု၊ ဝမ္မိုင္ေက်းရြာမ်ားမွ ရပ္ေစာက္ၿမိဳ႕နယ္၊ မားသဲ ေက်းရြာအုပ္စု၊ ေရျဖဴ (ပေလာင္)ေက်းရြာမ်ားသို႔ စစ္ေဘးေရွာင္မ်ားအျဖစ္ ေရာက္ရွိလာၾကျခင္းျဖစ္သည္။
.
ယင္းစစ္ေဘးေရွာင္ ပေလာင္တိုင္းရင္းသားမ်ားအား ဗထူးတပ္ၿမိဳ႕၊ တာဝန္ရွိသူမ်ား၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ မားသဲေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား၊ သက္ဆုိင္ရာ ဌာနမ်ားမွ ေညာင္က်ိဳးေက်းရြာ ေျမာက္ဘက္ ၆ မိုင္ခန္႔အကြာတြင္ ေအာင္ခ်မ္းသာယာ အမည္ျဖင့္ ရြာသစ္တည္ေထာင္ကာ ေနထိုင္ေစခဲ့ျခင္းျဖစ္ၿပီး ယခင္စာရင္းဇယားမ်ားအရ အိမ္ေထာင္စု ၃၆ စုမွ လူဦးေရစုစုေပါင္း ၁၁၈ ဦး ရွိေၾကာင္း သိရသည္။
.
ရပ်စောက်ရှိ စစ်ရှောင်များ၏ လူနေမှုအခြေအနေကို ICRC မှ လာရောက်လေ့လာ
.
ထမံသီ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ တာဝန်ရှိသူများသည် မေလ ၁၄ ရက်၊ နေ့လယ်ပိုင်းက ရပ်စောက်မြို့နယ်၊ မားသဲကျေးရွာအုပ်စု၊ အေးချမ်းသာယာကျေးရွာတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ပလောင်တိုင်းရင်းသား စစ်ဘေးရှောင်တိုင်းရင်းသားများထံ သွားရောက်၍ လူနေမှုအခြေအနေများကို လေ့လာခဲ့ကြကြောင်း သိရသည်။
.
ယင်းသို့ လာရောက်လေ့လာရာတွင် ကျိုင်းတုံ ICRC ရုံးအဖွဲ့ဝင်များမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချင်းကုန်နေအိမ်၌ ရပ်မိရပ်ဖများ အပါအဝင် ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
.
ထိုသို့တွေ့ဆုံရာတွင် ကျေးရွာ၏ ရေရရှိမှု၊ သုံးစွဲမှုအခြေအနေ၊ လက်ရှိ အသက်မွေးဝျွ်းကျောင်း လုပ်ကိုင်လျက် ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများနှင့် လူနေမှုဘဝအခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ ပလောင်တိုင်းရင်းသားများသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဒေသတွင်း ထိတွေ့တိုက်ပွဲများ ကြောင့် လွိုင်လင်ခရိုင်၊ မိုင်းရှိမြို့နယ်၊ ဘိုဆိုင်ကျေးရွာအုပ်စု၊ ပန်းခမ်းကျေးရွာ၊ ပါနိမ့်ကျေးရွာအုပ်စု၊ ပါနိမ့်ကျေးရွာ၊ ပိန်လျန်းကျေးရွာအုပ်စု၊ ပိန်လျန်ကျေးရွာ နှင့် ဝမ်းမိုင်ကျေးရွာအုပ်စု၊ ဝမ်မိုင်ကျေးရွာများမှ ရပ်စောက်မြို့နယ်၊ မားသဲ ကျေးရွာအုပ်စု၊ ရေဖြူ (ပလောင်)ကျေးရွာများသို့ စစ်ဘေးရှောင်များအဖြစ် ရောက်ရှိလာကြခြင်းဖြစ်သည်။
.
ယင်းစစ်ဘေးရှောင် ပလောင်တိုင်းရင်းသားများအား ဗထူးတပ်မြို့၊ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မားသဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ ဌာနများမှ ညောင်ကျိုးကျေးရွာ မြောက်ဘက် ၆ မိုင်ခန့်အကွာတွင် အောင်ချမ်းသာယာ အမည်ဖြင့် ရွာသစ်တည်ထောင်ကာ နေထိုင်စေခဲ့ခြင်းဖြစ်ပြီး ယခင်စာရင်းဇယားများအရ အိမ်ထောင်စု ၃၆ စုမှ လူဦးရေစုစုပေါင်း ၁၁၈ ဦး ရှိကြောင်း သိရသည်။
.

No comments:

Post a Comment