ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးအတွက် ဟိုမိန်း ပြည်သူများနှင့် တွေ့ဆုံ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, May 16, 2019


.
.


အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်မှ ဟိုမိန်းမြို့သို့ လာရောက် ရခြင်းသည် ဒေသခံ ပြည်သူများ၏ လိုအပ်ချက်များနှင့် ပြည်သူများရင်ဖွင့်စကားသံများ သိရှိနိုင်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ ကျောင်းအုပ်နှင့် ဆရာ/ဆရာမများ မြို့တွင်းရှိ နေအိမ်များတွင် ဖြစ်သလို နေထိုင်နေရပြီး SSS အဖွဲ့မှ မြေများပေးထားသော်လည်း အဆောက်အဦ မဆောက်နိုင်ခြင်းကြောင့် ဆရာ/ ဆရာမများ နေထိုင်နိုင်ရန်အတွက် အဆောက်အဦ တစ်လုံး ခွင့်ပြုပေးနိုင်ပါရန်နှင့် ဟိုမိန်းမြို့တွင် အားကစားကွင်း၊ ပွဲကြည့်စင်၊ နိုင်ငံသားစိစစ်ရေး က်များ၊ လမ်းပန်းဆက်သွယ်ရေးအတွက် ကတ္တရာထပ်ပိုးလွှာများ ဆောင်ရွက်ပေးနိုင်ရန် တို့အား အသီးသီး တင်ပြခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ပြည်သူများ၏ တင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ပြန်လည် ဖြေရှင်းဖြည့်ဆည်း ပြောကြားပြီးနောက် ပြုလုပ် ဆောင်ရွက်ပြီးသော နိုင်ငံသား စိစစ်က်ပြားများအား ပြည်နယ်ဝန်ကြီးချုပ်မှ ဒေသခံ ပြည်သူများသို့ ပေးအပ်ကာ ဝန်ထမ်းများအတွက် အစားအသောက်များကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ဦးဆောင်သော အစိုးရအဖွဲ့ဝင်များသည်ျှပ်စစ်မီး ရရှိရေးအတွက် ရေအား လျှပ်စစ် တည်ဆောက်မည့် နောင်လုံကန်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
.
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးအတွက် ဟိုမိန်း ပြည်သူများနှင့် တွေ့ဆုံ
.
မောင်မောင်သန်း(တောင်ကြီး)
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်သည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ မေလ ၁၂ ရက်၊ ညနေပိုင်းက ရှမ်းပြည်နယ်၊ လင်းခေးခရိုင် ဟိုမိန်းမြို့ရှိ မီးသတ်ဦးစီး ခန်းမ၌ ဒေသခံ ပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်မှ ဟိုမိန်းမြို့သို့ လာရောက် ရခြင်းသည် ဒေသခံ ပြည်သူများ၏ လိုအပ်ချက်များနှင့် ပြည်သူများ၏ ရင်ဖွင့်စကားသံများ၏ သိရှိနိုင်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ ကျောင်းအုပ်နှင့် ဆရာ/ဆရာမများ မြို့တွင်းရှိ နေအိမ်များတွင် ဖြစ်သလို နေထိုင်နေရပြီး SSS အဖွဲ့မှ မြေများပေးထားသော်လည်း အဆောက်အဦ မဆောက်နိုင်ခြင်းကြောင့် ဆရာ/ ဆရာမများ နေထိုင်နိုင်ရန်အတွက် အဆောက်အဦ တစ်လုံး ခွင့်ပြုပေးနိုင်ပါရန်နှင့် ဟိုမိန်းမြို့တွင် အားကစားကွင်း၊ ပွဲကြည့်စင်၊ နိုင်ငံသားစိစစ်ရေး ကတ်များ၊ လမ်းပန်းဆက်သွယ်ရေးအတွက် ကတ္တရာထပ်ပိုးလွှာများ ဆောင်ရွက်ပေးနိုင်ရန် တို့အား အသီးသီး တင်ပြခဲ့ကြောင်း သိရသည်။
.

ယင်းကဲ့သို့ ပြည်သူများ၏ တင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ပြန်လည် ဖြေရှင်းဖြည့်ဆည်း ပြောကြားပြီးနောက် ပြုလုပ် ဆောင်ရွက်ပြီးသော နိုင်ငံသား စိစစ်ကတ်ပြားများအား ပြည်နယ်ဝန်ကြီးချုပ်မှ ဒေသခံ ပြည်သူများသို့ ပေးအပ်ကာ ဝန်ထမ်းများအတွက် အစားအသောက်များကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ဦးဆောင်သော အစိုးရအဖွဲ့ဝင်များသည် လျှပ်စစ်မီး ရရှိရေးအတွက် ရေအား လျှပ်စစ် တည်ဆောက်မည့် နောင်လုံကန်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
.
ဟိုမိန်းမြို့သည် လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ပါဝင်သည့် မြို့တစ်ခုဖြစ်ပြီး  မြို့ပေါ် ရပ်ကွက်ပေါင်း ၃ ရပ်ကွက် ရှိကာ လူဦးရေ စုစုပေါင်း ၃၅၀၀ ကျော် နေထိုင်သည့် မြို့ဖြစ်ကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

No comments:

Post a Comment