ကျိုင်းတုံတရားရုံးရှိ သံရည်ကျိုရန် သတ်မှတ်ထားသည့် ယာဉ်များကို တစ်စီးချင်း ရောင်းချနေဟု ဆို - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Tuesday, May 7, 2019
ထက်တိုင်းကျော်
.
နိုင်ငံတော်သမ္မတ၏ ခွင့်ပြုမိန့် ဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန၊ ဗဟိုစက်ပစ္စည်း စာရင်း အင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ မြင်းခြံမြို့ရှိ အမှတ်(၁)သံမဏိစက် ရုံသို့ ဖြတ်တောက်သယ်ဆောင် အပ်နှံရန် ညွှန်ကြားထားသည့် ကျိုင်း တုံခရိုင်နှင့် မြို့နယ်တရားရုံးဝင်းအ တွင်းရှိ မော်တော်ယာဉ်များအား ယာဉ်အစီးပြတ် ဈေးနှုန်းဖြင့် ရောင်း ချလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
.
.
.
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဗဟိုစက်ပစ္စည်း စာရင်းအင်း နှင့် စစ်ဆေးရေးဦးစီးဌာနရှိ ဘဏ္ဍာ သိမ်း မော်တော်ယာဉ် ၂၃၄၁ စီး၊ ယန္တရား ၇၁ စီး၊ ဆိုင်ကယ် ၁၁၇ဝ စီးတို့အား သံရည်ကျိုအပ်နှံရန် ခွင့်ပြု ပေးထားခြင်း ဖြစ်ပြီး ယင်းစာရင်းတွင် ကျိုင်းတုံခရိုင် တရားရုံးမှ ဥပဒေအရ သိမ်းဆည်းထားခဲ့သည့် ဆိုင်ကယ် ၁ဝ စီး၊ မော်တော်ယာဉ် ၆ စီးနှင့် မြို့နယ်တရားရုံးမှ ဆိုင်ကယ် ၆ စီး၊ မော်တော်ယာဉ် ၂ဝ စီး ပါဝင် ကြောင်း ကျိုင်းတုံမြို့နယ် တရားရုံးမှ သိရသည်။
.
.
.
.
ကျိုင်းတုံခရိုင်နှင့် မြို့နယ်တရား ရုံးများတွင် သိမ်းဆည်းထားသည့် မော်တော်ယာဉ်များမှာ တုံဖုန်၊ အီ တန် ကုန်တင်ယာဉ်များ၊ CRV၊ Fit၊ Fortuner၊ Vigo၊ Mark II၊ Hilux နှင့် Sports စသည့် ယာဉ်များ ပါဝင်ပြီး ပြုပြင်မောင်းနှင် နိုင်သော ယာဉ်အချို့အား အစီးပြတ် ဈေးနှုန်းများဖြင့် သတ်မှတ် ရောင်း ချခဲ့ခြင်းဖြစ်သည်ဟု ကျိုင်းတုံဒေသ ခံများထံမှ သိရသည်။
.
ကျိုင်းတုံတရားရုံးရှိ သံရည်ကျိုရန် သတ်မှတ်ထားသည့် ယာဉ်များကို တစ်စီးချင်း ရောင်းချနေဟု ဆို
.
ထက်တိုင်းကျော်
.
နိုင်ငံတော်သမ္မတ၏ ခွင့်ပြုမိန့် ဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန၊ ဗဟိုစက်ပစ္စည်း စာရင်း အင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ မြင်းခြံမြို့ရှိ အမှတ်(၁)သံမဏိစက် ရုံသို့ ဖြတ်တောက်သယ်ဆောင် အပ်နှံရန် ညွှန်ကြားထားသည့် ကျိုင်း တုံခရိုင်နှင့် မြို့နယ်တရားရုံးဝင်းအ တွင်းရှိ မော်တော်ယာဉ်များအား ယာဉ်အစီးပြတ် စျေးနှုန်းဖြင့် ရောင်း ချလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
.
''သိမ်းဆည်းခံရသူ အနေနဲ့ပဲ ဖြစ်စေ၊ နိုင်ငံတော် အနေနဲ့ပဲဖြစ်စေ နစ်နာတယ်လို့ ယူဆပါတယ်။ သံရည် ကျိုတဲ့အဆင့်ဆိုရင် အစိတ်အပိုင်း တစ်ခုစီဖြတ်တောက်ပြီး သယ်ရမယ် လို့ နားလည်ထားပါတယ်။ အခုက တော့ စက်နှိုးကြည့်၊ မောင်းကြည့်ပြီး စျေးညှိရောင်းချနေတာကို တွေ့ရပါ တယ်''ဟု ကျိုင်းတုံဒေသခံ တစ်ဦး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဗဟိုစက်ပစ္စည်း စာရင်းအင်း နှင့် စစ်ဆေးရေးဦးစီးဌာနရှိ ဘဏ္ဍာ သိမ်း မော်တော်ယာဉ် ၂၃၄၁ စီး၊ ယန္တရား ၇၁ စီး၊ ဆိုင်ကယ် ၁၁ရဝ စီးတို့အား သံရည်ကျိုအပ်နှံရန် ခွင့်ပြု ပေးထားခြင်း ဖြစ်ပြီး ယင်းစာရင်းတွင် ကျိုင်းတုံခရိုင် တရားရုံးမှ ဥပဒေအရ သိမ်းဆည်းထားခဲ့သည့် ဆိုင်ကယ် ၁ဝ စီး၊ မော်တော်ယာဉ် ၆ စီးနှင့် မြို့နယ်တရားရုံးမှ ဆိုင်ကယ် ၆ စီး၊ မော်တော်ယာဉ် ၂ဝ စီး ပါဝင် ကြောင်း ကျိုင်းတုံမြို့နယ် တရားရုံးမှ သိရသည်။
.
အဆိုပါ သံရည်ကျိုရန် ခွင့်ပြု ထားသည့် ကျိုင်းတုံခရိုင်နှင့် မြို့နယ် တရားရုံးရှိ ဘဏ္ဍာသိမ်းယာဉ်များအား မြန်မာနိုင်ငံစက်မှုဝန်ထမ်းဟောင်း များအသင်း၊ ရှမ်း/ကယားတာဝန်ခံ ဦးအောင်နိုင်ဦးမှ တာဝန်ယူထား ကြောင်း သိရသည်။
.
ယင်းကဲ့သို့ သံရည်ကျိုရန် ညွှန် ကြားထားသည့် ယာဉ်များအား ရောင်းချနေကြောင်း ဒေသခံများ၏ ပြောဆိုမှုနှင့် ပတ်သက်၍ တာဝန် ယူထိန်းသိမ်းထားသည့် ဦးအောင် နိုင်ဦးအား ကမ္ဘောဇတိုင်းမှ ဆက် သွယ်မေးမြန်းရာတွင် ''ကျွန်တော် ဒါနဲ့ပတ်သက်လို့ ဘာမှဖြေစရာ မရှိပါဘူး''ဟု ပြန်လည်ပြောကြားခဲ့ သည်။
.
ထို့အတူ ကျိုင်းတုံမြို့နယ်တရား ရုံးမှ မြို့နယ်တရားသူကြီး ဦးသီဟ ကျော်ကလည်း ''ကျွန်တော်တို့ မြို့ နယ်နဲ့ ခရိုင်တရားရုံးကနေ သတ် မှတ်ထားတဲ့စာရင်းဇယားနဲ့အတူ ကုမ္ပဏီကို အပ်နှံပေးထားတာပဲ ရှိပါတယ်။ တရားရုံးအနေနဲ့ ကိုယ် တာဝန်ယူတဲ့အပိုင်းကိုပဲ တရားဝင် ဆောင်ရွက်ပေးပါတယ်''ဟု ပြော ကြားခဲ့သည်။
.
ကျိုင်းတုံခရိုင်နှင့် မြို့နယ်တရား ရုံးများတွင် သိမ်းဆည်းထားသည့် မော်တော်ယာဉ်များမှာ တုံဖုန်၊ အီ တန် ကုန်တင်ယာဉ်များ၊ CRV၊ Fit၊ Fortuner၊ Vigo၊ Mark II၊ Hilux နှင့် Sports စသည့် ယာဉ်များ ပါဝင်ပြီး ပြုပြင်မောင်းနှင် နိုင်သော ယာဉ်အချို့အား အစီးပြတ် စျေးနှုန်းများဖြင့် သတ်မှတ် ရောင်း ချခဲ့ခြင်းဖြစ်သည်ဟု ကျိုင်းတုံဒေသ ခံများထံမှ သိရသည်။
.
No comments:
Post a Comment