က်ိဳင္းတုံတြင္ ေရရွားပါးမႈ မရွိေသာ္လည္း စည္ပင္မွ ျဖန္႔ျဖဴးသည့္ေရမွာ သုံးစြဲရန္ အဆင္မေျပ ျဖစ္ေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, May 7, 2019

က်ိဳင္းတုံတြင္ ေရရွားပါးမႈ မရွိေသာ္လည္း စည္ပင္မွ ျဖန္႔ျဖဴးသည့္ေရမွာ သုံးစြဲရန္ အဆင္မေျပ ျဖစ္ေန



ထက္တိုင္းေက်ာ္
.
က်ိဳင္းတုံၿမိဳ႕တြင္ ေႏြရာသီကာလ ၌ ေရရွားပါးျပတ္လပ္မႈ မရွိေသာ္ လည္း ေတာင္ႀကီးလမ္းရွိ ၈ မိုင္ေရ ေပးေဝေရး စခန္းေနရာမွ ပိုက္ျဖင့္ သြယ္ယူ၍ က်ိဳင္းတုံၿမိဳ႕တြင္ လက္ရွိ ျဖန္႔ျဖဴးေပးေဝေနသည့္ စည္ပင္သာ ယာေရးမွာ သုံးစြဲရန္ အဆင္မေျပ ေအာင္ ညစ္ေနာက္ေနဆဲျဖစ္သည္ဟု ၿမိဳ႕လူထုမ်ားက ေျပာဆိုလ်က္ရွိ ေၾကာင္း သိရသည္။ 
.
 
.
''ေတာ္ေတာ္ေလး စိတ္ပ်က္ဖို႔ ေကာင္းေနပါတယ္။ သက္ဆိုင္ရာက ေန ေရေကာင္းဖို႔အတြက္သာ စီစဥ္ ႀကိဳးစားခဲ့မႈ ေစတနာနဲ႔ လုပ္ရပ္သာ မွန္ကန္ခဲ့မယ္ဆိုရင္ ၈ မိုင္ေနရာက ေန အမွတ္ ၁ ပိုက္လိုင္းနဲ႔ အမွတ္ ၂ ပိုက္လိုင္းသြယ္တန္းၿပီးစီးခဲ့တဲ့ ၂ဝ၁၄ ခုႏွစ္ေလာက္ကေန ၿမိဳ႕လူထုအတြက္ သုံးစြဲလို႔ရတဲ့ ေရေကာင္းကို ေပးႏိုင္ ေနၿပီျဖစ္ပါတယ္''ဟု က်ိဳင္းတုံၿမိဳ႕၊ ဝန္ထမ္းအိမ္ရာတြင္ ေနထိုင္သူတစ္ ဦးက ¤င္း၏ အေတြ႕အႀကဳံအား ကေမၻာဇတိုင္းသို႔ ေျပာၾကားခဲ့သည္။
.
ထို႔အတူ ေန႔စဥ္ ေရဝယ္ယူသုံး စြဲေနရသည့္ လက္ဖက္ရည္ဆိုင္ပိုင္ရွင္ တစ္ဦးက ''ေရတစ္ထမ္းကို ၃ဝဝ က်ပ္နဲ႔အျပင္မွာ ဝယ္သုံးေနရတာ ၾကာပါၿပီ။ စည္ပင္ေရကေတာ့ အ ညစ္အေၾကးေဆးဖို႔အတြက္ေတာင္ ေရကိုမစစ္ဘဲ သုံးလို႔ မရပါဘူး''ဟု ေျပာဆိုခဲ့သည္။
.
က်ိဳင္းတုံၿမိဳ႕၏ ေႏြရာသီကာလတြင္ ေရသုံးစြဲမႈ ျမင့္မားလ်က္ရွိေသာ္ လည္း ပုဂၢလိက ေရေရာင္းခ်ေနသူ မ်ား၊ ၿမိဳ႕နယ္ေက်းလက္ဖြံ႕ၿဖိဳးတိုး တက္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္မီးသတ္ ဦးစီးဌာနႏွင့္ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္ မတီ၏ အကူအညီျဖင့္ ေရျပတ္လပ္ ၍ အခက္အခဲ ဒုကၡရင္ဆိုင္ရျခင္းမ ရွိေသာ္လည္း ၿမိဳ႕ေပၚရပ္ကြက္မ်ားသို႔ ျဖန္႔ေဝေပးေနသည့္ စည္ပင္သာယာ ဌာန၏ ေရေပးေဝျဖန္႔ျဖဴးေနသည့္ ေရမွာ ေနာက္က်ိသျဖင့္ သုံးစြဲရန္ အဆင္မေျပ ျဖစ္ေနသျဖင့္ အျမန္ဆုံး ေျဖရွင္း ေပးေစလိုသည္ဟု ေရသုံးစြဲ သူမ်ားထံမွ သိရသည္။ 
.
က်ိဳင္းတုံၿမိဳ႕နယ္၊ စည္ပင္သာ ယာေရးေကာ္မတီသည္ နမ့္ကီြး ေခ်ာင္းေနရာမွ ေရသြယ္ယူေရးလုပ္ ငန္းအား တပ္မေတာ္လွဴဒါန္းေငြ၊ သဘာဝေဘးအႏၲရာယ္ စီမံခန္႔ခြဲေရး ဦး စီးဌာန ေထာက္ပံ့ေငြ၊ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕၏ ရန္ပုံေငြျဖင့္ ၂ဝ၁၈ ခုႏွစ္အတြင္း၌ စတင္အေကာင္အ ထည္ေဖာ္လ်က္ရွိၿပီး ယင္းစီမံခ်က္ ၿပီးစီးပါက ၿမိဳ႕ေနလူထုႏွင့္ ဝန္ထမ္း အိမ္ယာသို႔ ျဖန္႔ေဝေပးသည့္ ေရမွာ သုံးစြဲရန္ အဆင္ေျပႏိုင္မည္ျဖစ္သည္ ဟု ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ အင္ဂ်င္နီယာဌာနခြဲမွ ထုတ္ျပန္ေျပာ ဆိုထားသည္။
.
ကျိုင်းတုံတွင် ရေရှားပါးမှု မရှိသော်လည်း စည်ပင်မှ ဖြန့်ဖြူးသည့်ရေမှာ သုံးစွဲရန် အဆင်မပြေ ဖြစ်နေ
.
ထက်တိုင်းကျော်
.
ကျိုင်းတုံမြို့တွင် နွေရာသီကာလ ၌ ရေရှားပါးပြတ်လပ်မှု မရှိသော် လည်း တောင်ကြီးလမ်းရှိ ၈ မိုင်ရေ ပေးဝေရေး စခန်းနေရာမှ ပိုက်ဖြင့် သွယ်ယူ၍ ကျိုင်းတုံမြို့တွင် လက်ရှိ ဖြန့်ဖြူးပေးဝေနေသည့် စည်ပင်သာ ယာရေးမှာ သုံးစွဲရန် အဆင်မပြေ အောင် ညစ်နောက်နေဆဲဖြစ်သည်ဟု မြို့လူထုများက ပြောဆိုလျက်ရှိ ကြောင်း သိရသည်။
.
''တော်တော်လေး စိတ်ပျက်ဖို့ ကောင်းနေပါတယ်။ သက်ဆိုင်ရာက နေ ရေကောင်းဖို့အတွက်သာ စီစဉ် ကြိုးစားခဲ့မှု စေတနာနဲ့ လုပ်ရပ်သာ မှန်ကန်ခဲ့မယ်ဆိုရင် ၈ မိုင်နေရာက နေ အမှတ် ၁ ပိုက်လိုင်းနဲ့ အမှတ် ၂ ပိုက်လိုင်းသွယ်တန်းပြီးစီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်လောက်ကနေ မြို့လူထုအတွက် သုံးစွဲလို့ရတဲ့ ရေကောင်းကို ပေးနိုင် နေပြီဖြစ်ပါတယ်''ဟု ကျိုင်းတုံမြို့၊ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူတစ် ဦးက ¤င်း၏ အတွေ့အကြုံအား ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ထို့အတူ နေ့စဉ် ရေဝယ်ယူသုံး စွဲနေရသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင် တစ်ဦးက ''ရေတစ်ထမ်းကို ၃ဝဝ ကျပ်နဲ့အပြင်မှာ ဝယ်သုံးနေရတာ ကြာပါပြီ။ စည်ပင်ရေကတော့ အ ညစ်အကြေးဆေးဖို့အတွက်တောင် ရေကိုမစစ်ဘဲ သုံးလို့ မရပါဘူး''ဟု ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့၏ နွေရာသီကာလတွင် ရေသုံးစွဲမှု မြင့်မားလျက်ရှိသော် လည်း ပုဂ္ဂလိက ရေရောင်းချနေသူ များ၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော် မတီ၏ အကူအညီဖြင့် ရေပြတ်လပ် ၍ အခက်အခဲ ဒုက္ခရင်ဆိုင်ရခြင်းမ ရှိသော်လည်း မြို့ပေါ်ရပ်ကွက်များသို့ ဖြန့်ဝေပေးနေသည့် စည်ပင်သာယာ ဌာန၏ ရေပေးဝေဖြန့်ဖြူးနေသည့် ရေမှာ နောက်ကျိသဖြင့် သုံးစွဲရန် အဆင်မပြေ ဖြစ်နေသဖြင့် အမြန်ဆုံး ဖြေရှင်း ပေးစေလိုသည်ဟု ရေသုံးစွဲ သူများထံမှ သိရသည်။ 
.
ကျိုင်းတုံမြို့နယ်၊ စည်ပင်သာ ယာရေးကော်မတီသည် နမ့်ကွီး ချောင်းနေရာမှ ရေသွယ်ယူရေးလုပ် ငန်းအား တပ်မတော်လှူဒါန်းငွေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦး စီးဌာန ထောက်ပံ့ငွေ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ၂ဝ၁၈ ခုနှစ်အတွင်း၌ စတင်အကောင်အ ထည်ဖော်လျက်ရှိပြီး ယင်းစီမံချက် ပြီးစီးပါက မြို့နေလူထုနှင့် ဝန်ထမ်း အိမ်ယာသို့ ဖြန့်ဝေပေးသည့် ရေမှာ သုံးစွဲရန် အဆင်ပြေနိုင်မည်ဖြစ်သည် ဟု မြို့နယ်စည်ပင်သာယာရေးဌာန၊ အင်ဂျင်နီယာဌာနခွဲမှ ထုတ်ပြန်ပြော ဆိုထားသည်။
.

No comments:

Post a Comment