မိုင္းပ်ဥ္းတြင္ ခရီးသည္တင္ယာဥ္တစ္စီး ေရေခ်ာင္းအတြင္း ထိုးက်ရာမွ လူ ၅ ဦး ေသဆံုး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, May 13, 2019

မိုင္းပ်ဥ္းတြင္ ခရီးသည္တင္ယာဥ္တစ္စီး ေရေခ်ာင္းအတြင္း ထိုးက်ရာမွ လူ ၅ ဦး ေသဆံုး


ထက္တိုင္းေက်ာ္
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းပ်ဥ္းၿမိဳ႕ႏွင့္ တံုတာၿမိဳ႕အၾကားတြင္ ေမလ ၁၂ ရက္ နံနက္ပိုင္းက ခရီးသည္တင္ ေမာ္ေတာ္ယာဥ္တစ္စီး ေရေခ်ာင္းအတြင္း ထိုးက်တိမ္းေမွာက္ရာမွ ယာဥ္ေမာင္းအပါအဝင္ ယာဥ္ေပၚတြင္ စီးနင္း လိုက္ပါလာသူ ၅ ဦး ေသဆံုးၿပီး ၃ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
.
.
မိုင္းပ်ဥ္းၿမိဳ႕မွ က်ိဳင္းတံုသို႔ ထြက္ခြာလာသည့္ အဆိုပါ ေမာ္ေတာ္ယာဥ္သည္ မွတ္ပံုတင္ထား ျခင္းမရွိဘဲ နံပါတ္အနက္ျဖင့္ တရားမဝင္ ခရီးသည္တင္ေဆာင္ေျပးဆြဲျခင္းျဖစ္ကာ ေမလ ၈ ရက္၊ နံနက္ ၈ နာရီခန္႔တြင္ မိုင္းပ်ဥ္းႏွင့္ တံုတာအၾကားရွိ မိုင္တိုင္အမွတ္ ၃၆၁ အနီးတြင္ လမ္းေဘး ေရေခ်ာင္းအတြင္းသို႔ ထိုးက်တိမ္းေမွာက္ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.

အဆိုပါ ေရေခ်ာင္းအတြင္း ထိုးက်တိမ္းေမွာက္ခဲ့သည့္ ေမာ္ေတာ္ယာဥ္မွာ Nissan Caranan အမ်ိဳးအစား ၁၄ ေယာက္စီး Mini Bus အမ်ိဳးအစား ျဖစ္ၿပီး ယာဥ္ေမာင္း သီဟအပါအဝင္ အမ်ိဳးသား ၃ ဦး၊ အမ်ိဳးသမီး ၂ ဦးတို႔မွာ အခင္းျဖစ္ေနရာတြင္ ေသဆံုးခဲ့ၿပီး ခရီးသည္ အမ်ိဳးသား ၁ ဦးႏွင့္ အမ်ိဳးသမီး ၂ ဦးတို႔ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
.
ယာဥ္တိမ္းေမွာက္မႈ ျဖစ္ပြားရာသို႔ မိုင္းပ်ဥ္းၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ သေႏၶႏွင့္ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားမွ ကူညီကယ္ဆယ္ေရး ေဆာင္ရြက္ေပးခဲ့ၿပီး မိုင္းပ်ဥ္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ဌာနဆိုင္ရာမ်ား၊ အရပ္ဘက္ လူမႈေရး အသင္းအဖြဲ႕မ်ားမွ လိုအပ္သည္မ်ားကို ကူညီေစာင့္ေရွာက္ေပးခဲ့ေၾကာင္း သိရသည္။
.
မိတၳီလာ-ေတာင္ႀကီး-က်ိဳင္းတံု-တာခ်ီလိတ္ ျပည္ေထာင္စုလမ္းမေပၚတြင္ ယာဥ္လိုင္းမွတ္ပံုတင္မရွိသည့္ယာဥ္မ်ား၊ ခရီးသည္ တင္ေဆာင္ခြင့္မရွိသည့္ နံပါတ္အနက္ယာဥ္မ်ားႏွင့္ ကုန္တင္ေမာ္ေတာ္ယာဥ္မ်ားျဖင့္ အသြား/အျပန္ ခရီးသည္တင္ေဆာင္ေျပးဆြဲမႈမ်ား ရွိေနသည္ဟု တရားဝင္ ယာဥ္လိုင္းဂိတ္ ဖြင့္လွစ္ထားသူမ်ားထံမွ သိရသည္။
.
မိုင်းပျဉ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး ရေချောင်းအတွင်း ထိုးကျရာမှ လူ ၅ ဦး သေဆုံး
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နှင့် တုံတာမြို့အကြားတွင် မေလ ၁၂ ရက် နံနက်ပိုင်းက ခရီးသည်တင် မော်တော်ယာဉ်တစ်စီး ရေချောင်းအတွင်း ထိုးကျတိမ်းမှောက်ရာမှ ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်တွင် စီးနင်း လိုက်ပါလာသူ ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
မိုင်းပျဉ်းမြို့မှ ကျိုင်းတုံသို့ ထွက်ခွာလာသည့် အဆိုပါ မော်တော်ယာဉ်သည် မှတ်ပုံတင်ထား ခြင်းမရှိဘဲ နံပါတ်အနက်ဖြင့် တရားမဝင် ခရီးသည်တင်ဆောင်ပြေးဆွဲခြင်းဖြစ်ကာ မေလ ၈ ရက်၊ နံနက် ၈ နာရီခန့်တွင် မိုင်းပျဉ်းနှင့် တုံတာအကြားရှိ မိုင်တိုင်အမှတ် ၃၆၁ အနီးတွင် လမ်းဘေး ရေချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရေချောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့သည့် မော်တော်ယာဉ်မှာ Nissan Caranan အမျိုးအစား ၁၄ ယောက်စီး Mini Bus အမျိုးအစား ဖြစ်ပြီး ယာဉ်မောင်း သီဟအပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးတို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ခရီးသည် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာသို့ မိုင်းပျဉ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ပြီး မိုင်းပျဉ်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အရပ်ဘက် လူမှုရေး အသင်းအဖွဲ့များမှ လိုအပ်သည်များကို ကူညီစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
.
မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမပေါ်တွင် ယာဉ်လိုင်းမှတ်ပုံတင်မရှိသည့်ယာဉ်များ၊ ခရီးသည် တင်ဆောင်ခွင့်မရှိသည့် နံပါတ်အနက်ယာဉ်များနှင့် ကုန်တင်မော်တော်ယာဉ်များဖြင့် အသွား/အပြန် ခရီးသည်တင်ဆောင်ပြေးဆွဲမှုများ ရှိနေသည်ဟု တရားဝင် ယာဉ်လိုင်းဂိတ် ဖွင့်လှစ်ထားသူများထံမှ သိရသည်။
.

No comments:

Post a Comment