က်ိဳင္းတံုၿမိဳ႕နယ္၊ မိုင္းပန္လယ္အုပ္စုရွိ ကိုယ္ထူကိုယ္ထ စာသင္ေက်ာင္းအား တြဲဘက္ေက်ာင္းအျဖစ္ ဖြင့္လွစ္ႏုိင္ေရး ႀကိဳးပမ္းေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, May 18, 2019

က်ိဳင္းတံုၿမိဳ႕နယ္၊ မိုင္းပန္လယ္အုပ္စုရွိ ကိုယ္ထူကိုယ္ထ စာသင္ေက်ာင္းအား တြဲဘက္ေက်ာင္းအျဖစ္ ဖြင့္လွစ္ႏုိင္ေရး ႀကိဳးပမ္းေန


ထက္တုိင္းေက်ာ္
.
က်ိဳင္းတံုၿမိဳ႕နယ္၊ မိုင္းပန္လယ္ ေက်းရြာအုပ္စု၊ ပန္ယုတ္အထက္ႏွင့္ ေအာက္ရြာ၊ ပန္ခါးရြာလယ္တြင္ ေဒသခံ ေက်းရြာသားမ်ား စုေပါင္း ေဆာက္လုပ္ထားသည့္ ကိုယ္ထူ ကုိယ္ထ စာသင္ေက်ာင္းအား ၂ဝ၁၉ -၂ဝ၂ဝ ပညာသင္ႏွစ္တြင္ တြဲဘက္ ေက်ာင္းအျဖစ္ က်ိဳင္းတံုၿမိဳ႕နယ္ ပညာေရးမွဴး႐ံုးတြင္ တင္ျပေလွ်ာက္ ထား၍ ဖြင့္လွစ္သြားရန္ စီစဥ္ ႀကိဳး ပမ္းေနၿပီး စာသင္ေက်ာင္းအတြက္ လိုအပ္သည့္ စာအုပ္၊ စာေရးကိရိယာ ႏွင့္ ေက်ာင္းသံုး ပရိေဘာဂမ်ားကို ကူညီေထာက္ပံ့ေပးရန္ လိုအပ္ေန ေၾကာင္း သိရသည္။
.
.
 ''ကြၽန္ေတာ္တို႔ ရြာသားေတြေရာ ကေလးေတြပါ စာသင္ေက်ာင္းတစ္ ေက်ာင္းျဖစ္ေစဖို႔ စိတ္အားထက္သန္ ေနပါတယ္။ စာမတတ္ရင္ မ်က္စိ ပိတ္၊ နားပိတ္နဲ႔ ဘဝမွာ ေအာက္က် ခံဘဝမ်ိဳးနဲ႔ ကြၽန္ေတာ္တို႔ လူႀကီးေတြ လို ေနာင္မ်ိဳးဆက္ကေလးေတြကို မႀကံဳေစခ်င္လို႔တရားဝင္ေက်ာင္း ျဖစ္ ေအာင္ႀကိဳးစားသြားမွာျဖစ္ပါတယ္''ဟု ကိုယ္ထူကိုယ္ထေက်ာင္းျဖစ္ ေျမာက္ေရးေကာ္မတီဝင္ ေက်းရြာ အက်ိဳးေဆာင္ ဦးဗင္ယာမိန္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
က်ိဳင္းတံုၿမိဳ႕နယ္၊ မိုင္းပန္လယ္ ေက်းရြာအုပ္စုရွိ ပန္ယုတ္အထက္ႏွင့္ ေအာက္ေက်းရြာ၊ မိုင္းခါေက်းရြာမ်ား တြင္ အေျခခံပညာ သင္ယူလိုေသာ ကေလးငယ္ ၆ဝ ဦးေက်ာ္ ရွိေနသျဖင့္ ေက်းရြာလူထုမွ ကိုယ္ထူကိုယ္ထစ နစ္ျဖင့္ သက္ကယ္မိုး၊ ဝါးထရံကာ စာသင္ေဆာင္ႏွင့္ သစ္သားစာသင္ ခံုမ်ား တည္ေဆာက္ထားၿပီး ၂ဝ၁၉ -၂ဝ၂ဝ ပညာ သင္ႏွစ္၊ ေက်ာင္း ဖြင့္ကာလတြင္ စတင္ဖြင့္လွစ္ႏိုင္ ရန္ ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိေၾကာင္း ေက်ာင္းျဖစ္ေျမာက္ေရး အက်ိဳးေတာ္ေဆာင္ ေကာ္မတီထံမွ သိရသည္။
.
အဆိုပါစာသင္ေက်ာင္း ျဖစ္ ေျမာက္ေရးႏွင့္ ပတ္သက္၍ က်ိဳင္း တံုၿမိဳ႕နယ္ ပညာေရးမွဴး႐ံုးမွ ဒုတိယ ၿမိဳ႕နယ္ ပညာေရးမွဴးဦးေဇာ္လင္းက ''ရြာအေနနဲ႔ စုေပါင္းၿပီး ကိုယ္ထူ ကိုယ္ထေက်ာင္း စဖြင့္မယ္ဆိုရင္အ နီးဆံုးမွာရွိေနတဲ့ ေက်ာင္းတစ္ ေက်ာင္းရဲ႕ တြဲဘက္မူလတန္းေက်ာင္း အျဖစ္ေက်ာင္းျဖစ္ေျမာက္ေရး ေကာ္မတီကေန ၿမိဳ႕နယ္ပညာေရး မွဴး႐ံုးမွာ တရားဝင္တင္ျပေလွ်ာက္ ထားရပါမယ္။ ခြင္ျပဳခ်က္ရၿပီဆိုရင္ ေတာ့ ေက်ာင္းသား/သူေတြအတြက္ ပညာေရးဝန္ႀကီးဌာနက ေထာက္ ပံ့ေပးတဲ့ ေက်ာင္းသံုး စာအုပ္နဲ႔ စာေရးကိရိယာေတြ ရမွာ ျဖစ္ပါ တယ္''ဟု ေျပာၾကားခဲ့သည္။
.
တြဲဘက္မူလတန္းေက်ာင္း အ ျဖစ္ ေလွ်ာက္ထားမည့္ ကိုယ္ထူ ကိုယ္ထေက်ာင္းအတြက္ မူလတန္း ပညာသင္ၾကားေပးမည့္ ဆရာမ ၂ ဦးအား ေက်းရြာလူထုမွ စုေပါင္း၍ လစာ၊ ဆန္ႏွင့္ ဟင္းခ်က္စရာမ်ား ကို ေထာက္ပံ့ေပးအပ္မည္ ျဖစ္ၿပီး ေက်ာင္း၏ လိုအပ္ခ်က္မ်ားအတြက္ ေစတနာရွင္မ်ားႏွင့္ ဌာနဆိုင္ရာမ်ားမွ ဝိုင္းဝန္းကူညီ ေထာက္ပံ့ေပးရန္ လို အပ္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
.
ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်အုပ်စုရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းအား တွဲဘက်ကျောင်းအဖြစ် ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းနေ
.
ထက်တိုင်းကျော်
.
ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ် ကျေးရွာအုပ်စု၊ ပန်ယုတ်အထက်နှင့် အောက်ရွာ၊ ပန်ခါးရွာလယ်တွင် ဒေသခံ ကျေးရွာသားများ စုပေါင်း ဆောက်လုပ်ထားသည့် ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်းအား ၂ဝ၁၉ -၂ဝ၂ဝ ပညာသင်နှစ်တွင် တွဲဘက် ကျောင်းအဖြစ် ကျိုင်းတုံမြို့နယ် ပညာရေးမှူးရုံးတွင် တင်ပြလျှောက် ထား၍ ဖွင့်လှစ်သွားရန် စီစဉ် ကြိုး ပမ်းနေပြီး စာသင်ကျောင်းအတွက် လိုအပ်သည့် စာအုပ်၊ စာရေးကိရိယာ နှင့် ကျောင်းသုံး ပရိဘောဂများကို ကူညီထောက်ပံ့ပေးရန် လိုအပ်နေ ကြောင်း သိရသည်။
.
 ''ကျွန်တော်တို့ ရွာသားတွေရော ကလေးတွေပါ စာသင်ကျောင်းတစ် ကျောင်းဖြစ်စေဖို့ စိတ်အားထက်သန် နေပါတယ်။ စာမတတ်ရင် မျက်စိ ပိတ်၊ နားပိတ်နဲ့ ဘဝမှာ အောက်ကျ ခံဘဝမျိုးနဲ့ ကျွန်တော်တို့ လူကြီးတွေ လို နောင်မျိုးဆက်ကလေးတွေကို မကြုံစေချင်လို့တရားဝင်ကျောင်း ဖြစ် အောင်ကြိုးစားသွားမှာဖြစ်ပါတယ်''ဟု ကိုယ်ထူကိုယ်ထကျောင်းဖြစ် မြောက်ရေးကော်မတီဝင် ကျေးရွာ အကျိုးဆောင် ဦးဗင်ယာမိန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ် ကျေးရွာအုပ်စုရှိ ပန်ယုတ်အထက်နှင့် အောက်ကျေးရွာ၊ မိုင်းခါကျေးရွာများ တွင် အခြေခံပညာ သင်ယူလိုသော ကလေးငယ် ၆ဝ ဦးကျော် ရှိနေသဖြင့် ကျေးရွာလူထုမှ ကိုယ်ထူကိုယ်ထစ နစ်ဖြင့် သက်ကယ်မိုး၊ ဝါးထရံကာ စာသင်ဆောင်နှင့် သစ်သားစာသင် ခုံများ တည်ဆောက်ထားပြီး ၂ဝ၁၉ -၂ဝ၂ဝ ပညာ သင်နှစ်၊ ကျောင်း ဖွင့်ကာလတွင် စတင်ဖွင့်လှစ်နိုင် ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ကျောင်းဖြစ်မြောက်ရေး အကျိုးတော်ဆောင် ကော်မတီထံမှ သိရသည်။
.
အဆိုပါစာသင်ကျောင်း ဖြစ် မြောက်ရေးနှင့် ပတ်သက်၍ ကျိုင်း တုံမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယ မြို့နယ် ပညာရေးမှူးဦးဇော်လင်းက ''ရွာအနေနဲ့ စုပေါင်းပြီး ကိုယ်ထူ ကိုယ်ထကျောင်း စဖွင့်မယ်ဆိုရင်အ နီးဆုံးမှာရှိနေတဲ့ ကျောင်းတစ် ကျောင်းရဲ့ တွဲဘက်မူလတန်းကျောင်း အဖြစ်ကျောင်းဖြစ်မြောက်ရေး ကော်မတီကနေ မြို့နယ်ပညာရေး မှူးရုံးမှာ တရားဝင်တင်ပြလျှောက် ထားရပါမယ်။ ခွင်ပြုချက်ရပြီဆိုရင် တော့ ကျောင်းသား/သူတွေအတွက် ပညာရေးဝန်ကြီးဌာနက ထောက် ပံ့ပေးတဲ့ ကျောင်းသုံး စာအုပ်နဲ့ စာရေးကိရိယာတွေ ရမှာ ဖြစ်ပါ တယ်''ဟု ပြောကြားခဲ့သည်။
.
တွဲဘက်မူလတန်းကျောင်း အ ဖြစ် လျှောက်ထားမည့် ကိုယ်ထူ ကိုယ်ထကျောင်းအတွက် မူလတန်း ပညာသင်ကြားပေးမည့် ဆရာမ ၂ ဦးအား ကျေးရွာလူထုမှ စုပေါင်း၍ လစာ၊ ဆန်နှင့် ဟင်းချက်စရာများ ကို ထောက်ပံ့ပေးအပ်မည် ဖြစ်ပြီး ကျောင်း၏ လိုအပ်ချက်များအတွက် စေတနာရှင်များနှင့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးရန် လို အပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
.

No comments:

Post a Comment