အင္းေလးကန္ ေက်းရြာအခ်ိဳ႕တြင္ ကန္ေရ ခန္းေျခာက္မႈ ဒဏ္ကို ဆိုးရြာစြာ ခံစားေနရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, May 31, 2019

အင္းေလးကန္ ေက်းရြာအခ်ိဳ႕တြင္ ကန္ေရ ခန္းေျခာက္မႈ ဒဏ္ကို ဆိုးရြာစြာ ခံစားေနရ


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ အင္းေလးကန္အတြင္းရွိ ေက်းရြာအခ်ိဳ႕တြင္ ကန္ေရခန္းေျခာက္မႈ ဒဏ္ကို ဆိုးရြားစြာ ခံစားေနရသျဖင့္ ေက်းရြာ မ်ားအတြက္ သြားလာေရး ခက္ခဲေန ၿပီး ေသာက္သုံးေရအတြက္ပင္ အခက္အခဲ ျဖစ္ေပၚလ်က္ရွိေၾကာင္း Save The Inle Lake အဖြဲ႕မွ အတြင္းေရးမွဴး ဦးညီညီထြန္းထံက သိရသည္။
.
.
''ေက်းရြာေတြအတြင္း စက္ေလွေတြ သြားလို႔မရေတာ့ဘူး၊ မီးေဘး၊ က်န္းမာေရး စတာေတြ အေရးေပၚရင္ မလြယ္ဘူး။ အခုေတာ့ ေရေပၚရြာ ၃ဝ ေက်ာ္ ဒုကၡေရာက္ေနရတယ္'' ဟု ဦးညီညီထြန္းကေျပာသည္။
.
တ႐ုတ္ေလွထမ္းေကြ႕ဟု ေခၚၾက ေသာ္လည္း အမွန္မွာ ဂ်ပန္ေခတ္က အင္းထဲစီးဝင္သည့္ ေခ်ာင္းေကြ႕ကို ေခ်ာင္းအတိုင္း မသြားလိုသူမ်ားက ေလွကိုထမ္း၍ သြားသျဖင့္ ေလွထမ္း ေကြ႕ဟုေခၚတြင္သည့္ ေနရာတြင္ ၁၉၉၂ ခုႏွစ္က ေရႀကီးသျဖင့္ ေရ ေဖာက္ခ်သည့္ ေရဆင္းလမ္းမွ ေရ ထုတ္ၿပီးေနာက္ပိုင္း သြားလာေရးအ ခက္အခဲမ်ား ျဖစ္ေပၚေနရေၾကာင္း သိရသည္။
.
''၂ဝ၁၅ တုန္းက အင္းေလးကန္ကို ဘယ္လိုထိန္းရမယ္ဆိုတာ ေပ ၅ဝ၊ ၁ဝ ေပ ေရဝင္ေရထြက္ေခ်ာင္း စေကးကိုက္ ပုံစံငယ္ လက္ေတြ႕ျပဳ လုပ္ စမ္းသပ္ျပခဲ့ဖူးေပမယ့္ အရာမထင္ခဲ့ပါဘူး။ ခုအစိုးရသစ္ လက္ထက္မွာ အင္းဝန္ႀကီး အပါအဝင္ ဝန္ႀကီးေတြကို အႀကိမ္ႀကိမ္ဖိတ္ၿပီး ျပသဖို႔ႀကိဳးစားပါတယ္။ဘယ္သူမွစိတ္မဝင္စားၾကဘူး။ ေဒတာေတြပဲ ယူထားၿပီး ပုံစံေတာ့ ဖ်က္ပစ္လိုက္ပါၿပီ''ဟု ၎က ဆက္လက္ေျပာၾကားခဲ့သည္။
.
ေရဆင္းေဘာင္မ်ား က်ယ္ၿပီး နက္ျခင္းေၾကာင့္ ေအာက္ဘက္ရွိ စ ေကာအင္း၊ မိုးၿဗဲအင္းတို႔ကို ေရလွ်ံ ေစႏိုင္ၿပီး လြိဳင္ေကာ္ၿမိဳ႕အထိပင္ ထိ ခိုက္ေစႏိုင္သည့္အျပင္ အင္းေလး ကန္ကိုလည္း ေရနည္းေစေၾကာင္း၊ ေရဆင္းေပါက္မ်ား ျပန္လည္က်ဥ္း ေစျခင္းျဖင့္လည္းေကာင္း၊ မူလပုံစံအ တိုင္း ျပန္လည္ျပဳျပင္ေစျခင္းျဖင့္ လည္းေကာင္း၊ အင္းေလး ကန္ ေရ ရွည္တည္တံ့ေစမည္ျဖစ္ကာ လက္ ႐ိုက္ဆည္မွာ ေခတၱယာယီသာ အ က်ိဳးျဖစ္ထြန္းေစမည္ဟု ဦးညီညီ ထြန္းကေျပာသည္။
.
အင္းေလးကန္ေျမာက္ပိုင္း၊ ေရ ေပၚရြာတစ္ခုျဖစ္ေသာ လင္းကင္းရြာ မွ ဦးထြန္းေအာင္က ''ေရနည္းတာ ကြၽန္းေမ်ာေတြ မလုပ္ႏိုင္လို႔ ေရၿခံ ေတြ ကန္ထဲဆင္းလာတာလဲ ပါသလို ကန္ေအာက္ေျခႏုန္း ျမင့္တက္လာ တာေတြလည္း ပါတယ္လို႔ ယူဆပါ တယ္။ အိမ္ေအာက္ေျခတိုင္ေနရာမွာ ၂ ေပေလာက္ ႏုန္းေတြတက္လာတာ ေတြ႕ရပါတယ္။ အဓိက ေခ်ာင္း ၄ ေခ်ာင္းေလာက္ပဲ ေရေကာင္းေကာင္း စီးဝင္ေတာ့တယ္။ ရြာမွာေတာ့ ေလွ ကို ေရရွိတဲ့ေနရာမွာပဲ ထားၿပီး တံ တားေတြခင္း သြားလာေနၾကရ တယ္''ဟု ေျပာသည္။
.
လက္ရွိ အင္းေလးကန္မွာ ၁၉၉၂ ခုႏွစ္တြင္ ေရႀကီးေရလွ်ံျဖစ္ ပြားခဲ့ၿပီးေနာက္ ၂ဝ၁ဝ ခုႏွစ္တြင္ မိုးေခါင္သျဖင့္ ေရအနည္းဆုံး ျဖစ္ခဲ့ ေၾကာင္း သိရသည္။
.
ယခင္က ကန္အေရွ႕ႏွင့္အ ေနာက္ ၇ မိုင္ခန္႔က်ယ္ၿပီး ကန္ ေတာင္ႏွင့္ေျမာက္မွာ ၁၁ မိုင္ခန္႔ က်ယ္ဝန္းကာ သီတင္းကြၽတ္ ေရအ နက္ဆုံးအခ်ိန္တြင္ ၁၅ ေပမွ် နက္ခဲ့ ၿပီး ယခုအခါ အေရွ႕အေနာက္မွာ ၅ မိုင္ခန္႔သာ က်န္ရွိၿပီး ေတာင္ေျမာက္  ၉ မိုင္ခန္႔သာ က်န္ရွိကာ ေရအနက္ ၅ ေပခန္႔သာရွိေတာ့ေၾကာင္း သိရ သည္။
.
အင္းေလးကန္ထိန္းသိမ္းႏိုင္ရန္ အတြက္ ၂ဝ၁ဝ ခုႏွစ္မွ ၂ဝ၁၅ ခုႏွစ္ အထိ UNDP မွ အေမရိကန္ေဒၚလာ ၂ ဒသမ ၃ သန္းေထာက္ပံ့ေပးခဲ့ၿပီး လုပ္ငန္းအမ်ိဳးအစားေပါင္း ၁၈ဝ ေက်ာ္ ေဆာင္ရြက္ခဲ့ကာ ၂ဝ၁၅ ခုႏွစ္မွ ၂ဝ၂ဝ ခုႏွစ္ အထိ အေမရိကန္ ေဒၚလာ ၂၃ သန္း ေထာက္ပံ့ေပး ထားၿပီး ထိန္းသိမ္းေဆာင္ရြက္လ်က္ ရွိေၾကာင္း Save The Inle Lake အဖြဲ႕ထံမွ သိရသည္။
.
အင္းေလးကန္ကို အင္းေလးကန္ ေရျပင္၊ ေရလယ္ရြာမ်ား၊ ေရတစ္ပိုင္း ကုန္းတစ္ပိုင္းရြာမ်ား၊ ေရေပၚကြၽန္းေမ်ာ စိုက္ခင္းမ်ား၊ ကြၽန္းေမ်ာ႐ိုင္းမ်ား၊ ေရတိမ္ေဒသမ်ား၊ ေခ်ာင္းဝမ်ား အျပင္ ၾကားခံဧရိယာအျဖစ္ ကန္ပတ္လည္ အနီးဆုံးေတာင္ေၾကာမ်ားရွိ ေရေဝေရလဲေဒသမ်ား၊ ကုန္းေပၚရြာ ဧရိယာမ်ား၊ သဘာဝသစ္ေတာဧရိ ယာမ်ားျဖင့္ ဖြဲ႕စည္းထားရွိၿပီး ေဒသ ဆိုင္ရာ အခ်က္အလက္မ်ားအရ ရြာ ေပါင္း ၄၄၅ ရြာရွိကာ ေနထိုင္သူ ၁၉ဝဝဝဝ ေက်ာ္ရွိေၾကာင္း သိရသည္။
.
အင်းလေးကန် ကျေးရွာအချို့တွင် ကန်ရေ ခန်းခြောက်မှု ဒဏ်ကို ဆိုးရွာစွာ ခံစားနေရ
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်အတွင်းရှိ ကျေးရွာအချို့တွင် ကန်ရေခန်းခြောက်မှု ဒဏ်ကို ဆိုးရွားစွာ ခံစားနေရသဖြင့် ကျေးရွာ များအတွက် သွားလာရေး ခက်ခဲနေ ပြီး သောက်သုံးရေအတွက်ပင် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း Save The Inle Lake အဖွဲ့မှ အတွင်းရေးမှူး ဦးညီညီထွန်းထံက သိရသည်။
.
''ကျေးရွာတွေအတွင်း စက်လှေတွေ သွားလို့မရတော့ဘူး၊ မီးဘေး၊ ကျန်းမာရေး စတာတွေ အရေးပေါ်ရင် မလွယ်ဘူး။ အခုတော့ ရေပေါ်ရွာ ၃ဝ ကျော် ဒုက္ခရောက်နေရတယ်'' ဟု ဦးညီညီထွန်းကပြောသည်။
.
တရုတ်လှေထမ်းကွေ့ဟု ခေါ်ကြ သော်လည်း အမှန်မှာ ဂျပန်ခေတ်က အင်းထဲစီးဝင်သည့် ချောင်းကွေ့ကို ချောင်းအတိုင်း မသွားလိုသူများက လှေကိုထမ်း၍ သွားသဖြင့် လှေထမ်း ကွေ့ဟုခေါ်တွင်သည့် နေရာတွင် ၁၉၉၂ ခုနှစ်က ရေကြီးသဖြင့် ရေ ဖောက်ချသည့် ရေဆင်းလမ်းမှ ရေ ထုတ်ပြီးနောက်ပိုင်း သွားလာရေးအ ခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
''၂ဝ၁၅ တုန်းက အင်းလေးကန်ကို ဘယ်လိုထိန်းရမယ်ဆိုတာ ပေ ၅ဝ၊ ၁ဝ ပေ ရေဝင်ရေထွက်ချောင်း စကေးကိုက် ပုံစံငယ် လက်တွေ့ပြု လုပ် စမ်းသပ်ပြခဲ့ဖူးပေမယ့် အရာမထင်ခဲ့ပါဘူး။ ခုအစိုးရသစ် လက်ထက်မှာ အင်းဝန်ကြီး အပါအဝင် ဝန်ကြီးတွေကို အကြိမ်ကြိမ်ဖိတ်ပြီး ပြသဖို့ကြိုးစားပါတယ်။ဘယ်သူမှစိတ်မဝင်စားကြဘူး။ ဒေတာတွေပဲ ယူထားပြီး ပုံစံတော့ ဖျက်ပစ်လိုက်ပါပြီ''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
ရေဆင်းဘောင်များ ကျယ်ပြီး နက်ခြင်းကြောင့် အောက်ဘက်ရှိ စ ကောအင်း၊ မိုးဗြဲအင်းတို့ကို ရေလျှံ စေနိုင်ပြီး လွိုင်ကော်မြို့အထိပင် ထိ ခိုက်စေနိုင်သည့်အပြင် အင်းလေး ကန်ကိုလည်း ရေနည်းစေကြောင်း၊ ရေဆင်းပေါက်များ ပြန်လည်ကျဉ်း စေခြင်းဖြင့်လည်းကောင်း၊ မူလပုံစံအ တိုင်း ပြန်လည်ပြုပြင်စေခြင်းဖြင့် လည်းကောင်း၊ အင်းလေး ကန် ရေ ရှည်တည်တံ့စေမည်ဖြစ်ကာ လက် ရိုက်ဆည်မှာ ခေတ္တယာယီသာ အ ကျိုးဖြစ်ထွန်းစေမည်ဟု ဦးညီညီ ထွန်းကပြောသည်။
.
အင်းလေးကန်မြောက်ပိုင်း၊ ရေ ပေါ်ရွာတစ်ခုဖြစ်သော လင်းကင်းရွာ မှ ဦးထွန်းအောင်က ''ရေနည်းတာ ကျွန်းမျောတွေ မလုပ်နိုင်လို့ ရေခြံ တွေ ကန်ထဲဆင်းလာတာလဲ ပါသလို ကန်အောက်ခြေနုန်း မြင့်တက်လာ တာတွေလည်း ပါတယ်လို့ ယူဆပါ တယ်။ အိမ်အောက်ခြေတိုင်နေရာမှာ ၂ ပေလောက် နုန်းတွေတက်လာတာ တွေ့ရပါတယ်။ အဓိက ချောင်း ၄ ချောင်းလောက်ပဲ ရေကောင်းကောင်း စီးဝင်တော့တယ်။ ရွာမှာတော့ လှေ ကို ရေရှိတဲ့နေရာမှာပဲ ထားပြီး တံ တားတွေခင်း သွားလာနေကြရ တယ်''ဟု ပြောသည်။
.
လက်ရှိ အင်းလေးကန်မှာ ၁၉၉၂ ခုနှစ်တွင် ရေကြီးရေလျှံဖြစ် ပွားခဲ့ပြီးနောက် ၂ဝ၁ဝ ခုနှစ်တွင် မိုးခေါင်သဖြင့် ရေအနည်းဆုံး ဖြစ်ခဲ့ ကြောင်း သိရသည်။
.
ယခင်က ကန်အရှေ့နှင့်အ နောက် ၇ မိုင်ခန့်ကျယ်ပြီး ကန် တောင်နှင့်မြောက်မှာ ၁၁ မိုင်ခန့် ကျယ်ဝန်းကာ သီတင်းကျွတ် ရေအ နက်ဆုံးအချိန်တွင် ၁၅ ပေမျှ နက်ခဲ့ ပြီး ယခုအခါ အရှေ့အနောက်မှာ ၅ မိုင်ခန့်သာ ကျန်ရှိပြီး တောင်မြောက်  ၉ မိုင်ခန့်သာ ကျန်ရှိကာ ရေအနက် ၅ ပေခန့်သာရှိတော့ကြောင်း သိရ သည်။
.
အင်းလေးကန်ထိန်းသိမ်းနိုင်ရန် အတွက် ၂ဝ၁ဝ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် အထိ UNDP မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းထောက်ပံ့ပေးခဲ့ပြီး လုပ်ငန်းအမျိုးအစားပေါင်း ၁၈ဝ ကျော် ဆောင်ရွက်ခဲ့ကာ ၂ဝ၁၅ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ် အထိ အမေရိကန် ဒေါ်လာ ၂၃ သန်း ထောက်ပံ့ပေး ထားပြီး ထိန်းသိမ်းဆောင်ရွက်လျက် ရှိကြောင်း Save The Inle Lake အဖွဲ့ထံမှ သိရသည်။
.
အင်းလေးကန်ကို အင်းလေးကန် ရေပြင်၊ ရေလယ်ရွာများ၊ ရေတစ်ပိုင်း ကုန်းတစ်ပိုင်းရွာများ၊ ရေပေါ်ကျွန်းမျော စိုက်ခင်းများ၊ ကျွန်းမျောရိုင်းများ၊ ရေတိမ်ဒေသများ၊ ချောင်းဝများ အပြင် ကြားခံဧရိယာအဖြစ် ကန်ပတ်လည် အနီးဆုံးတောင်ကြောများရှိ ရေဝေရေလဲဒေသများ၊ ကုန်းပေါ်ရွာ ဧရိယာများ၊ သဘာဝသစ်တောဧရိ ယာများဖြင့် ဖွဲ့စည်းထားရှိပြီး ဒေသ ဆိုင်ရာ အချက်အလက်များအရ ရွာ ပေါင်း ၄၄၅ ရွာရှိကာ နေထိုင်သူ ၁၉ဝဝဝဝ ကျော်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment