တာခ်ီလိတ္တြင္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးဆုိင္ရာ လုပ္ငန္းစဥ္မ်ား ရွင္းလင္းေဆြးေႏြး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, May 9, 2019

တာခ်ီလိတ္တြင္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးဆုိင္ရာ လုပ္ငန္းစဥ္မ်ား ရွင္းလင္းေဆြးေႏြး


မိုင္းေမာ (ႀတိဂံနယ္ေျမ)
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ ေဒသအေျခစိုက္ ႏုိင္ငံေရးပါတီမ်ားႏွင့္ အရပ္ဘက္အဖြဲ႕ အစည္းမ်ား၊ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးပြဲေတာ္မတီ (UPDJC) တို႔ ေမလ ၉ ရက္၊ နံနက္ပိုင္းက ျပည္ေထာင္စုၿငိမ္းခ်မ္းေရးဆိုင္ရာ လုပ္ငန္းစဥ္မ်ားကို ရွင္းလင္းေဆြ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
.
.
ေဆြးေႏြးပြဲတြင္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ (UPDJC) ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕ ဒုတိယဥကၠဌ ဦးသုေဝက ၿငိမ္းခ်မ္းေရးျဖစ္စဥ္ စတင္ ျဖစ္ေပၚလာပုံ၊ NCA လက္မွတ္ စတင္ေရးထိုးျဖစ္ပုံ၊ ႏိုင္ငံေရးေဆြးေႏြးမႈ မူေဘာင္အခန္းက႑၊ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ (၂၁)ရာစုပင္လုံအစည္းအေဝးမ်ား၊ လက္ရွိ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ အေျခအေနမ်ားကို ရွင္းလင္းေျပာၾကားၿပီးေနာက္ အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ားဖိုရမ္ (CSOs Form) လုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္ၿပီး ေမးျမန္း ေဆြးေႏြးခဲ့ၾကသည္။
.
ထို႔ေနာက္ ေဒသအေျခစိုက္ ႏိုင္ငံေရးပါတီမ်ား၊ အရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲေကာ္မတီ (UPDJC) ႏိုင္ငံေရးပါတီမ်ား အစုအဖြဲ႕တို႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးဆိုင္ရာ လုပ္ငန္းစဥ္ ကိစၥရပ္မ်ားကို က႑အလိုက္ အျပန္အလွန္ ေဆြးေႏြးေမးျမန္းကာ အျမင္သဘာထားမ်ား ဖလွယ္ခဲ့ၾကေၾကာင္း သိရသည္။
.
အဆိုပါ ေဆြးေႏြးပြဲသို႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ (UPDJC) ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕ ဒုတိယဥကၠဌ ဦးသုေဝႏွင့္ အဖြဲ႕ဝင္မ်ား၊ ႏိုင္ငံေရးပါတီ ၂၁ ခုမွ တာဝန္ရွိသူမ်ားႏွင့္ အရပ္ဘက္ လူ႔အဖြဲ႕အစည္း ၇ ဖြဲ႕မွ တာဝန္ရွိသူမ်ား စုစုေပါင္း ၅၅ ဦးခန္႔ တက္ေရာက္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
.
တာချီလိတ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ ဒေသအခြေစိုက် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့ အစည်းများ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပွဲတော်မတီ (UPDJC) တို့ မေလ ၉ ရက်၊ နံနက်ပိုင်းက ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေ ပြောကြားခဲ့ကြောင်း သိရသည်။
.
ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့ ဒုတိယဥက္ကဌ ဦးသုဝေက ငြိမ်းချမ်းရေးဖြစ်စဉ် စတင် ဖြစ်ပေါ်လာပုံ၊ NCA လက်မှတ် စတင်ရေးထိုးဖြစ်ပုံ၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်အခန်းကဏ္ဍ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံအစည်းအဝေးများ၊ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် အခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ် (CSOs Form) လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး မေးမြန်း ဆွေးနွေးခဲ့ကြသည်။
.
ထို့နောက် ဒေသအခြေစိုက် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ် ကိစ္စရပ်များကို ကဏ္ဍအလိုက် အပြန်အလှန် ဆွေးနွေးမေးမြန်းကာ အမြင်သဘာထားများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့ ဒုတိယဥက္ကဌ ဦးသုဝေနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ ၂၁ ခုမှ တာဝန်ရှိသူများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း ၇ ဖွဲ့မှ တာဝန်ရှိသူများ စုစုပေါင်း ၅၅ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment