ပင္းတယၿမိဳ႕နယ္ရွိ ေသာက္သုံးေရ ရွားပါးသည့္ ျပည္သူ ၂၅ဝ ေက်ာ္အတြက္ ေရေလွာင္ကန္ တည္ေဆာက္ေပး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, May 15, 2019

ပင္းတယၿမိဳ႕နယ္ရွိ ေသာက္သုံးေရ ရွားပါးသည့္ ျပည္သူ ၂၅ဝ ေက်ာ္အတြက္ ေရေလွာင္ကန္ တည္ေဆာက္ေပး


ဇြဲေလး
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဓႏု ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ပင္းတ ယၿမိဳ႕နယ္၊ တမဲေက်းရြာအုပ္စုရွိ နန္း ပလန္ေက်းရြာမွ ေဒသခံျပည္သူမ်ား ေသာက္သုံးေရ ဖူလုံစြာ သုံးစြဲႏိုင္ေရး အတြက္ မိုးေရစုကန္တည္ေဆာက္ လ်က္ရွိေၾကာင္း နန္းပလန္ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္ ထံမွ သိရသည္။
.
.
''ဒီမိုးေရေလွာင္ကန္က ဘုန္း ဘုန္းေက်ာင္းဝင္းထဲမွာပါ။ လက္ရွိ ရြာသူ/ရြာသားေတြ ခပ္သုံးေနတဲ့ ကန္နဲ႔ ကပ္လ်က္ပါပဲ၊ ရြာထဲမွာကေရ ေလွာင္ကန္ ၂ ကန္ရွိပါတယ္။ အဲဒီ ကန္ေတြက ေႏြရာသီ တစ္ေလွ်ာက္ လုံး ခပ္ယူသုံးစြဲဖို႔ မလုံေလာက္တဲ့အ တြက္ အလွဴရွင္ေပၚတာနဲ႔ အဲဒီကန္ ေဟာင္းေဘးမွာ ဒီကန္သစ္ကိုထပ္ တည္ေဆာက္တာပါ''ဟု နန္းပလန္ ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္က မိန္႔ၾကား ခဲ့သည္။
.
အဆိုပါ ေရေလွာင္ကန္ကို ရန္ ကုန္ၿမိဳ႕ေန ဦးျမင့္သန္း၊ ဇန္ီး ေဒၚခင္ ေမာ္ဦး ၿနတ ႀသပ အထည္ဆိုင္၊ မဂၤလာေစ်း မိသားစုမွ မတည္လွဴ ဒါန္းေငြ က်ပ္သိန္း ၃ဝ ျဖင့္ အလ်ား ၂၅ ေပ၊ အနံ ၁၉ ေပ၊ အနက္ ၁၅ ေပရွိ မိုးေရေလွာင္ကန္ကို ဧၿပီ ၂၉ ရက္က စတင္၍ ေျမသားတူးေဖာ္ ျခင္း၊ ေက်ာက္စီျခင္း၊ ေက်ာက္႐ိုးစီ ျခင္း၊ စတင္ေဆာင္ရြက္လ်က္ရွိ ေၾကာင္း သိရသည္။
.
ယင္းမိုးေရေလွာင္ကန္အတြက္ အမိုးအပါအဝင္ ခန္႔မွန္းကုန္က်ေငြ က်ပ္သိန္း ၅ဝ ေက်ာ္ ကုန္က်မည္ျဖစ္ ၿပီး ဇူလိုင္လအတြင္း အၿပီးတည္ ေဆာက္သြားရန္ စီစဥ္ထားေၾကာင္း သိရသည္။
.
နန္းပလန္ေက်းရြာသည္ အိမ္ေျခ ၆၅ အိမ္၊ လူဦးေရ ၂၅ဝ ေက်ာ္ ေနထိုင္လ်က္ရွိၿပီး မိုးေရေလွာင္ကန္ ကိုသာ အဓိက အားထားအမွီျပဳသုံး စြဲေနၾကသည့္ ေက်းရြာျဖစ္ကာ ႏွစ္ စဥ္ မတ္လႏွင့္ ဧၿပီလ မိုးမက်မီ အ ခ်ိန္တြင္ ေသာက္သုံးေရအခက္အခဲ မ်ား ႏွစ္စဥ္ ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။
.
ပင်းတယမြို့နယ်ရှိ သောက်သုံးရေ ရှားပါးသည့် ပြည်သူ ၂၅ဝ ကျော်အတွက် ရေလှောင်ကန် တည်ဆောက်ပေး
.
ဇွဲလေး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတ ယမြို့နယ်၊ တမဲကျေးရွာအုပ်စုရှိ နန်း ပလန်ကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေး အတွက် မိုးရေစုကန်တည်ဆောက် လျက်ရှိကြောင်း နန်းပလန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ထံမှ သိရသည်။
.
''ဒီမိုးရေလှောင်ကန်က ဘုန်း ဘုန်းကျောင်းဝင်းထဲမှာပါ။ လက်ရှိ ရွာသူ/ရွာသားတွေ ခပ်သုံးနေတဲ့ ကန်နဲ့ ကပ်လျက်ပါပဲ၊ ရွာထဲမှာကရေ လှောင်ကန် ၂ ကန်ရှိပါတယ်။ အဲဒီ ကန်တွေက နွေရာသီ တစ်လျှောက် လုံး ခပ်ယူသုံးစွဲဖို့ မလုံလောက်တဲ့အ တွက် အလှူရှင်ပေါ်တာနဲ့ အဲဒီကန် ဟောင်းဘေးမှာ ဒီကန်သစ်ကိုထပ် တည်ဆောက်တာပါ''ဟု နန်းပလန် ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်က မိန့်ကြား ခဲ့သည်။
.
အဆိုပါ ရေလှောင်ကန်ကို ရန် ကုန်မြို့နေ ဦးမြင့်သန်း၊ ဇန်ီး ဒေါ်ခင် မော်ဦး နြတ သြပ အထည်ဆိုင်၊ မင်္ဂလာစျေး မိသားစုမှ မတည်လှူ ဒါန်းငွေ ကျပ်သိန်း ၃ဝ ဖြင့် အလျား ၂၅ ပေ၊ အနံ ၁၉ ပေ၊ အနက် ၁၅ ပေရှိ မိုးရေလှောင်ကန်ကို ဧပြီ ၂၉ ရက်က စတင်၍ မြေသားတူးဖော် ခြင်း၊ ကျောက်စီခြင်း၊ ကျောက်ရိုးစီ ခြင်း၊ စတင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
.
ယင်းမိုးရေလှောင်ကန်အတွက် အမိုးအပါအဝင် ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း ၅ဝ ကျော် ကုန်ကျမည်ဖြစ် ပြီး ဇူလိုင်လအတွင်း အပြီးတည် ဆောက်သွားရန် စီစဉ်ထားကြောင်း သိရသည်။
.
နန်းပလန်ကျေးရွာသည် အိမ်ခြေ ၆၅ အိမ်၊ လူဦးရေ ၂၅ဝ ကျော် နေထိုင်လျက်ရှိပြီး မိုးရေလှောင်ကန် ကိုသာ အဓိက အားထားအမှီပြုသုံး စွဲနေကြသည့် ကျေးရွာဖြစ်ကာ နှစ် စဉ် မတ်လနှင့် ဧပြီလ မိုးမကျမီ အ ချိန်တွင် သောက်သုံးရေအခက်အခဲ များ နှစ်စဉ် ကြုံတွေ့နေရကြောင်း သိရသည်။
.

No comments:

Post a Comment