ကေလာၿမိဳ႕နယ္၊ ေက်ာက္ထပ္ေက်းရြာအုပ္စုတြင္ ေက်းရြာတြင္း ေက်ာက္ေခ်ာလမ္း ဖြင့္လွစ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, May 17, 2019

ကေလာၿမိဳ႕နယ္၊ ေက်ာက္ထပ္ေက်းရြာအုပ္စုတြင္ ေက်းရြာတြင္း ေက်ာက္ေခ်ာလမ္း ဖြင့္လွစ္


ဇြဲေလး
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးခ႐ိုင္၊ ကေလာၿမိဳ႕နယ္၊ ေက်ာက္ထပ္ေက်းရြာအုပ္စု၊ ေလးေက်ာင္းတိုက္ ေက်းရြာတြင္ ေမလ ၁၃ ရက္၊ နံနက္ပိုင္းက ေက်းရြာတြင္း ေက်ာက္ေခ်ာလမ္း ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
.
.
အဆိုပါ ေက်းရြာတြင္းလမ္းကို ရွမ္းျပည္နယ္ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာန၊ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္၊ ေက်းရြာ ဖြံ႕ၿဖိဳးေရးစီမံကိန္း VDP စီမံကိန္း (VDP) က်ပ္သိန္း ၁၀၀ ႏွင့္ ေဒသခံျပည္သူမ်ား ထည့္ဝင္ေငြျဖင့္ ျပည္သူလူထုကိုယ္တိုင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
လမ္းဖြင့္ပြဲတြင္ ကေလာၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂) မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းထိုက္က အဖြင့္အမွာစကား ေျပာၾကားခဲ့ၿပီး ကေလာၿမိဳ႕နယ္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးေက်ာ္သူက စီမံကိန္း ေဆာင္ရြက္မႈႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားကာ ေက်းရြာသူ/ေက်းရြာသားမ်ား ကိုယ္စား ေဒသခံျပည္သူတစ္ဦးက ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားခဲ့သည္။
.
ဆက္လက္၍ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းထိုက္၊ က​ေလာၿမိဳ႕နယ္​​ ေက်းလက္​ေဒသ ဖြ႔ံၿဖိဳးတိုးတက္ေရး ဦးစီးဌာနမွ ၿမိဳ႕ နယ္​ဦးစီးမႉး ဦး​ေက်ာ္​သူႏွင့္တာဝန္ရွိသူမ်ားက ေက်ာက္ေခ်ာလမ္းအား ဖဲႀကိဳးျဖတ္ဖြင့္ လွစ္ေပးၿပီ အမွတ္တရ စုေပါင္းမွတ္တမ္းဓါတ္ပံုရိုက္ကာ ေက်ာက္ေခ်ာလမ္းအား လွည့္လည္ ၾကည့္ရႈခဲ႔ေၾကာင္းသိရသည္။
.
" ဒီလမ္းၿပီးသြားတာ ဝမ္းသာပါတယ္။ ဘာလိုလဲဆိုေတာ ့ မိုးလဲက်ေတာ့မယ္။ ေက်ာင္းေတြလဲ ဖြင့္ေတာ့မယ္။ လမ္း မေကာင္းေတာ့ သြားရလာရတာ အဆင္မေျပဘူး။ လမ္းေကာင္းသြားေတာ့ ရြာမွာရွိတဲ့သူေတြလဲ ဝမ္းသာေနၾကပါတယ္ ဟု" ေလးေက်ာင္းတိုက္ေက်းရြာ ေဒသခံ တစ္ဦးကေျပာၾကားသည္။
.
အဆိုပါလမ္းမွာ ကေလာၿမိဳ႕နယ္၊ ေက်ာက္ထပ္ေက်းရြာအုပ္စု၊ ေလးေက်ာင္းတိုက္ေက်းရြာတြင္းလမ္း အရွည္ ၁၈၀၀ ေပ၊ အက်ယ္ ၁၂ ေပ ေက်ာက္ေခ်ာလမ္းျဖစ္ၿပီး ေက်းရြာတြင္းရွိ အိမ္ေျခ ၂၉၇ အိမ္၊ လူဦးေရ ၁၂၀၀ ဦးေက်ာ္တို႔ အတြက္ ပညာေရး၊ က်န္းမာေရး၊ ေဒသဖြံ႔ၿဖိဳးေရးႏွင့္ စီပြားေရးလုပ္ငန္းမ်ား လွ်င္ျမန္စြာ သြားလာေဆာင္ရြက္ႏုိင္ေရး အတြက္ အေထာက္အကူျပဳေစမည္ျဖစ္ေၾကာင္း သိရသည္။
.
ကလောမြို့နယ်၊ ကျောက်ထပ်ကျေးရွာအုပ်စုတွင် ကျေးရွာတွင်း ကျောက်ချောလမ်း ဖွင့်လှစ်
.
ဇွဲလေး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ကျောက်ထပ်ကျေးရွာအုပ်စု၊ လေးကျောင်းတိုက် ကျေးရွာတွင် မေလ ၁၃ ရက်၊ နံနက်ပိုင်းက ကျေးရွာတွင်း ကျောက်ချောလမ်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ကျေးရွာတွင်းလမ်းကို ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း VDP စီမံကိန်း (VDP) ကျပ်သိန်း ၁၀၀ နှင့် ဒေသခံပြည်သူများ ထည့်ဝင်ငွေဖြင့် ပြည်သူလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
လမ်းဖွင့်ပွဲတွင် ကလောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူက စီမံကိန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျေးရွာသူ/ကျေးရွာသားများ ကိုယ်စား ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
.
ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်၊ ကလောမြို့နယ် ကျေးလက်ဒေသ ဖွ့ံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့ နယ်ဦးစီးမှူး ဦးကျော်သူနှင့်တာဝန်ရှိသူများက ကျောက်ချောလမ်းအား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးပြီ အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကာ ကျောက်ချောလမ်းအား လှည့်လည် ကြည့်ရှုခဲ့ကြောင်းသိရသည်။
.
" ဒီလမ်းပြီးသွားတာ ဝမ်းသာပါတယ်။ ဘာလိုလဲဆိုတော ့ မိုးလဲကျတော့မယ်။ ကျောင်းတွေလဲ ဖွင့်တော့မယ်။ လမ်း မကောင်းတော့ သွားရလာရတာ အဆင်မပြေဘူး။ လမ်းကောင်းသွားတော့ ရွာမှာရှိတဲ့သူတွေလဲ ဝမ်းသာနေကြပါတယ် ဟု" လေးကျောင်းတိုက်ကျေးရွာ ဒေသခံ တစ်ဦးကပြောကြားသည်။
.
အဆိုပါလမ်းမှာ ကလောမြို့နယ်၊ ကျောက်ထပ်ကျေးရွာအုပ်စု၊ လေးကျောင်းတိုက်ကျေးရွာတွင်းလမ်း အရှည် ၁၈၀၀ ပေ၊ အကျယ် ၁၂ ပေ ကျောက်ချောလမ်းဖြစ်ပြီး ကျေးရွာတွင်းရှိ အိမ်ခြေ ၂၉၇ အိမ်၊ လူဦးရေ ၁၂၀၀ ဦးကျော်တို့ အတွက် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် စီပွားရေးလုပ်ငန်းများ လျှင်မြန်စွာ သွားလာဆောင်ရွက်နိုင်ရေး အတွက် အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment