အင္းေလးဇုန္ဝင္ေၾကး ေကာက္ခံမႈႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္ဝန္ႀကီးအား တုိင္ၾကားထားမႈအေပၚ စစ္ေဆးမႈမ်ားကို ပြင့္လင္းျမင္သာစြာ ခ်ျပရန္လိုအပ္ ဟုဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, May 23, 2019

အင္းေလးဇုန္ဝင္ေၾကး ေကာက္ခံမႈႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္ဝန္ႀကီးအား တုိင္ၾကားထားမႈအေပၚ စစ္ေဆးမႈမ်ားကို ပြင့္လင္းျမင္သာစြာ ခ်ျပရန္လိုအပ္ ဟုဆို


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ အင္းေလးကန္ဇုန္ဝင္ေၾကး ေကာက္ခံမႈအတြက္ ၂၀၁၇-၂၀၁၈ ခုႏွစ္က တင္ဒါ ေခၚယူခဲ့စဥ္က သတ္မွတ္စည္းကမ္းမ်ားအတုိင္း မျပဳလုပ္ဘဲ တင္ဒါရရွိသူႏွင့္ အစိုးရအဖြဲ႕တို႔အၾကား တင္ဒါပါ စည္းကမ္းမ်ား ျပင္ဆင္ေဆာင္ရြက္ခဲ့သည္ဟု ဆိုကာ ထိုစဥ္က ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္ ဘ႑ာေရးဝန္ႀကီး (လက္ရွိ ျပည္နယ္လွ်ပ္စစ္၊ စြမ္းအင္ႏွင့္ စက္မႈဝန္ႀကီး) ဦးစိုင္းရွဲန္တစ္လံု အား အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္သို႔ တုိင္ၾကားခဲ့ရာတြင္ စစ္ေဆးေမးျမန္းခဲ့သည့္ ျပည္နယ္ဝန္ႀကီးမ်ား၏ ေမးျမန္းခ်က္မ်ားမွာ ဦးတည္ခ်က္ လြဲေစၿပီး အျပစ္ကို ဖံုးကြယ္ရန္ ႀကိဳးစားေနေၾကာင္းႏွင့္ ျပည္သူကို ပြင့္လင္း ျမင္သာစြာ ခ်ျပန္ရန္ လိုအပ္ေနေၾကာင္း တိုင္ၾကားခဲ့သည့္ Save The Inle Lake အဖြဲ႕မွ ကိုညီညီထြန္းက ေမလ ၂၂ ရက္တြင္ ကေမၻာဇတိုင္းသို႔ ေျပာၾကားခဲ့သည္။
.
.
အင္းေလးဇုန္ဝင္ေၾကး လုပ္ကိုင္ခြင့္ျပဳရာ၌ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံုႏွင့္ လုပ္ကိုင္ခြင့္ရရွိသူ ဦးျမတ္မင္းစိုးတို႔ ခ်ဳပ္ဆိုထားေသာ သေဘာတူစာခ်ဳပ္မွာ ေလလံ စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္ ကိုက္ညီမႈမရွိသျဖင့္ အေရးယူေပးရန္ တိုင္ၾကားမႈအေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က ျပန္လည္လႊဲေျပာင္းလာခ်က္အရ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္စည္ပင္ သာယာေရး ဝန္ႀကီး ဦးစိုင္းစြံဆုိင္း၊ ျပည္နယ္သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြးတို႔မွ ၎အား ျပည္နယ္အစိုးရ အဖြဲ႕႐ံုးတြင္ ဆင့္ေခၚကာ ထြက္ဆိုခ်က္ ရယူေမးျမန္းမႈအေပၚ ကိုညီညီထြန္းက ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္း ျဖစ္သည္။
.
“တင္ဒါစည္းကမ္းမွာက ၃၀ ရာခိုင္ႏႈန္း၊ ၅၀ ရာခိုင္ႏႈန္း၊ ၂၀ ရာခိုင္ႏႈန္း ၃ ရစ္ ခြဲသြင္းရမယ္ဆိုတာကို က်ပ္သိန္း ေပါင္း ၃၀၀၀၀ ေက်ာ္နဲ႔ ရယူသြားခဲ့တဲ့အေပၚ ေန႔ခ်င္းသြင္း ဆိုၿပီး အစိုးရအဖြဲ႕ရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ ျပင္ခ်ဳပ္တဲ့ အျပင္ ရေငြကလည္း က်ပ္သိန္း ၂၆၀၀၀ ေက်ာ္ပဲ ရခဲ့လို႔ အင္းေလးကန္အတြက္ေရာ၊ အစိုးရအတြက္ေရာ၊ က်န္းသိန္းေပါင္း ၇၀၀၀ ေလာက္ နစ္နာခဲ့ရတယ္။ အဲဒီတုန္းက ဝန္ႀကီးက မျပည့္ရင္ သူစိုက္ေပးမယ္ ေျပာခဲ့တယ္။ ၿပီးေတာ့ ဦးျမတ္မင္းကိုယ္တိုင္ တင္ဒါရၿပီး အင္းစာ/ယဥ္မွာ ဘ႑ာေရးဝန္ႀကီးရဲ႕ PA ဦးသာဒိုး ဆြဲခိုင္းလို႔ ဆြဲေပးရတာဆိုၿပီး ေျပာခဲ့တာေတြဟာ ဝင္ေရာက္ခ်ယ္လွဝ္မႈေတြ ျဖစ္တယ္ဆိုတာ ထင္ရွားေပၚလြင္ ေစခ်င္လို႔ တိုင္ၾကားတာပါ။ တိုင္တာကေတာ့ ၃ ႀကိမ္ ရွိပါၿပီ။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၇ ရက္က အတုိင္ပင္ခံ ပုဂၢိဳလ္ ေတာင္ႀကီးေရာက္တဲ့အခ်ိန္ ႏုိင္ငံေတာ္သမၼတနဲ႔ အဂတိကို တုိင္ခဲ့လို႔ အခုလိုစစ္ေမးတာပါ။ စစ္ေမးေပမဲ့ အဂတိကမစစ္ဘဲ သူ႔လူသူ စစ္ေမးေစတဲ့အတြက္ အျဖစ္မွန္ေပၚေပါက္ဖို႔ မလြယ္ကူတာျဖစ္လို႔ စစ္ေမးတာေတြကို ျပည္သူလူထုကို ပြင့္လင္းျမင္သာစြာ ခ်ျပေပးဖို႔ လိုအပ္ေနပါတယ္ ဟု ကိုညီညီထြန္းက ေျပာသည္။
.
၎အေနျဖင့္ ေမလ ၁၄ ရက္ႏွင့္ ၂၀ ရက္မ်ားတြင္ ႏွစ္ႀကိမ္တုိင္ စစ္ေမးခံခဲ့ရာ စစ္ေမးသူမ်ားမွ ဦးတည္ခ်က္ လြဲေစသည့္ ေမးခြန္းကို အႀကိမ္ႀကိမ္ ေမးကာ အျပစ္ကို ဖံုးကြယ္ရန္ ႀကိဳးစားေနျခင္း ျဖစ္ေၾကာင္း၊ အစိုးရအဖြဲ႕၏ တင္ဒါစည္းကမ္းေဖာက္ဖ်က္မႈကို အစိုးရအဖြဲ႕မွသာ ျပန္လည္စစ္ေဆးေနသည္ျဖစ္ရာ အျဖစ္မွန္ေပၚေပါက္ ေစေရးအတြက္ အဂတိမွ တာဝန္ရွိသူမ်ားႏွင့္ တတိယအဖြဲ႕အစည္းတို႔ ပူးေပါင္းစစ္ေဆးေစလိုေၾကာင္းႏွင့္ ေဒသအတြက္ နစ္နာဆံုး႐ံႈးမႈမ်ားကို သတင္းစာရွင္းလင္းပြဲျပဳလုပ္ကာ အသိေပးသြားမည္ျဖစ္ေၾကာင္း ၎မွ ဆက္လက္ေျပာၾကားခဲ့သည္။
.
အဆိုပါကိစၥႏွင့္ ပတ္သက္၍ တင္ဒါေအာင္ျမင္ခဲ့သူ အင္းေလးကန္ထိန္းသိမ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး ေကာ္မတီ (ICDO) အတြင္းေရးမွဴးျဖစ္သူ ဦးျမတ္မင္းစိုးအား ကေမၻာဇတိုင္းမွ ဆက္သြယ္ေမးျမန္းရာတြင္ “ဒီကိစၥမွာ ဝန္ႀကီးကိုတုိင္လို႔ သက္ေသအေနနဲ႔ ထြက္ဆိုရတာပါ။ ဒါနဲ႔ ပတ္သက္လို႔ လက္ဘက္ရည္တစ္ခြက္ ေတာင္ ဘယ္သူ႔မွ တိုက္ခဲ့တာ မရွိသလို ဘယ္သူ႔ကိုမွလည္း ေငြေၾကးတစ္ျပားတစ္ခ်ပ္ ေပးခဲ့ရတာ မရွိပါဘူး။ အရင္က သူေဌးနဲ႔ အုပ္ခ်ဳပ္သူေလာက္သာ သိၿပီး စာခ်ဳပ္ထဲမွာသာရွိတဲ့ စည္းမ်ဥ္းေတြကို ပြင့္လင္းျမင္သာ ေအာင္ ခ်ျပတဲ့အေနနဲ႔ ေန႔ခ်င္းေကာက္၊ ခ်က္ျခင္းသြင္းၿပီး လိုတဲ့ေနရာမွာ ျပင္ဆင္သံုးစြဲႏုိင္ေအာင္ လုပ္ေဆာင္ ေပးခဲ့တာျဖစ္ပါတယ္ ဟု ျပန္လည္ေျဖၾကားခဲ့သည္။
.
တင္ဒါရရွိခဲ့သည့္ႏွစ္တြင္ ရခုိင္အေရး၊ H1 N1 ကိစၥမ်ားေၾကာင့္ ျပည္ပဧည့္သည္ ဝင္ေရာက္မႈ နည္းပါးခဲ့ၿပီး ဝင္ေငြရရွိမႈ နည္းပါးခဲ့ေၾကာင္း၊ တင္ဒါစနစ္ ေၾကညာၿပီး ေကာ္မတီစနစ္သို႔ ေျပာင္းလဲခဲ့သည့္ အတြက္ ယခုလို ျပႆနာမ်ိဳး ျဖစ္ရျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။
.
၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္အတြက္ အင္းေလးကန္ဇုန္ဝင္ေၾကး ေကာက္ခံမႈကို တင္ဒါစနစ္ျဖင့္ ေခၚယူခဲ့ရာတြင္ ဦးျမတ္မင္းစိုးမွ က်ပ္သိန္း ၃၀၃၀၀ ျဖင့္ အႏုိင္ရကာ ဦးေအာင္ေက်ာ္ႏုိင္ ဆိုသူက က်ပ္သိန္း ၂၇၀၀၀ ေက်ာ္ျဖင့္ ႐ံႈးနိမ့္ခဲ့ၿပီး ဇုန္ဝင္ေၾကး ေကာက္ခံမႈကို ေကာ္မတီဖြဲ႕၍ ၆ လၾကာ ေကာက္ခံခဲ့ရာ ရေငြနည္းပါးသျဖင့္ ယခုႏွစ္တြင္ လခ်င္းသြင္းစနစ္ျဖင့္ တင္ဒါေခၚယူခဲ့ရာ ၂၀၁၇ ခုႏွစ္က ဒုတိယရရွိခဲ့သူမွ ေငြက်ပ္ ၂၆၉၉၉ သိန္းျဖင့္ ရရွိခဲ့ေၾကာင္း သိရသည္။
.
ယခင္က ဇုန္ဝင္ေၾကး ခြဲမႈဇယားမွာ ျပည္နယ္အစိုးရ ၄၅ ရာခိုင္ႏႈန္း၊ အင္းေလးကန္အတြက္ ၄၅ ရာခိုင္ႏႈန္း၊ လုပ္ငန္းသံုးစြဲမႈ ၆ ရာခိုင္ႏႈန္း၊ အသင္းအဖြဲ႕မ်ားအတြက္ ၂ ရာခိုင္ႏႈန္းႏွင့္ ဟိုတယ္မ်ားသို႔ ၂ ရာခိုင္ ႏႈန္း သတ္မွတ္ ထားခဲ့ေသာ္လည္း ယခုအခါ ျပည္နယ္အစိုးရမွ ၄၅ ရာခုိင္ႏႈန္း၊ အင္းေလးကန္အတြက္ ၄၅ ရာခိုင္ႏႈန္း၊ အသင္းအဖြဲ႕မ်ားအတြက္ ၅ ရာခိုင္ႏႈန္းႏွင့္ ဟိုတယ္ခရီးအတြက္ ၅ ရာခိုင္ႏႈန္း ေျပာင္းလဲေကာက္ခံ လ်က္ရွိေၾကာင္း သိရသည္။
.
လက္ရွိတြင္ အင္းေလးကန္ႀကီးမွာ ေရအနက္ဆံုးေနရာတြင္ ေရအျမင့္ ၄ ေပခန္႔သာ က်န္ရွိကာ ကန္အတြင္းသို႔ စီးဝင္သည့္ ေရေခ်ာင္းအမ်ားအျပား ေရခန္းေျခာက္ေနသျဖင့္ ေနာင္ႏွစ္ေပါင္း ၂၀/၃၀ တြင္ တိမ္ေကာေပ်ာက္ကြယ္ သြားႏုိင္ေသာေၾကာင့္ ရရွိလာသည့္ ေငြမ်ားျဖင့္ အင္းေလးကန္ႀကီးကို ကယ္တင္ႏုိင္ေရး၊ ရရွိမည့္ ဝင္ေငြမ်ား ဆံုး႐ံႈးနစ္နာမႈ မျဖစ္ေပၚေစေရးတို႔အတြက္ ယခုလို တုိင္ၾကားခဲ့ရျခင္းျဖစ္ေၾကာင္း ကိုညီညီ ထြန္းမွ ဆက္လက္ေျပာၾကားခဲ့သည္။
.
အင္းေလးကန္သည္ ယူနက္စကုိအသိအမွတ္ျပဳ ကမၻာဇီဝဝန္းက်င္အေမြအႏွစ္တစ္ခုျဖစ္ၿပီး အာဆီယံ အေမြအႏွစ္ဥယ်ာဥ္ႏွင့္ ေတာ႐ိုင္းတိရိစာၦန္ေဘးမဲ့ေတာအျဖစ္ ၂၀၁၄ ခုႏွစ္မွစတင္ၿပီး သတ္မွတ္ထားသည့္ ေနရာတစ္ခုျဖစ္ေၾကာင္း သိရသည္။
.
အင္းေလးကန္၏ ေရေဝေရလဲဧရိယာ ၂၁၆၉ ဒသမ ၃ စတုရန္းမိုင္ရွိၿပီး ကန္အတြင္းသို႔ေခ်ာင္း ၂၉ ေခ်ာင္း စီးဝင္ကာ အေရွ႕ဘက္တြင္ ၁၆ ေခ်ာင္း၊ အေနာက္ဘက္တြင္ ၁၂ ေခ်ာင္း၊ ေျမာက္ဘက္တြင္ ၁ ေခ်ာင္း စီးဝင္ လ်က္ရွိေၾကာင္း သိရသည္။
.
အင်းလေးဇုန်ဝင်ကြေး ကောက်ခံမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်ဝန်ကြီးအား တိုင်ကြားထားမှုအပေါ် စစ်ဆေးမှုများကို ပွင့်လင်းမြင်သာစွာ ချပြရန်လိုအပ် ဟုဆို
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်ဇုန်ဝင်ကြေး ကောက်ခံမှုအတွက် ၂၀၁၇-၂၀၁၈ ခုနှစ်က တင်ဒါ ခေါ်ယူခဲ့စဉ်က သတ်မှတ်စည်းကမ်းများအတိုင်း မပြုလုပ်ဘဲ တင်ဒါရရှိသူနှင့် အစိုးရအဖွဲ့တို့အကြား တင်ဒါပါ စည်းကမ်းများ ပြင်ဆင်ဆောင်ရွက်ခဲ့သည်ဟု ဆိုကာ ထိုစဉ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး (လက်ရှိ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး) ဦးစိုင်းရှဲန်တစ်လုံ အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ရာတွင် စစ်ဆေးမေးမြန်းခဲ့သည့် ပြည်နယ်ဝန်ကြီးများ၏ မေးမြန်းချက်များမှာ ဦးတည်ချက် လွဲစေပြီး အပြစ်ကို ဖုံးကွယ်ရန် ကြိုးစားနေကြောင်းနှင့် ပြည်သူကို ပွင့်လင်း မြင်သာစွာ ချပြန်ရန် လိုအပ်နေကြောင်း တိုင်ကြားခဲ့သည့် Save The Inle Lake အဖွဲ့မှ ကိုညီညီထွန်းက မေလ ၂၂ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အင်းလေးဇုန်ဝင်ကြေး လုပ်ကိုင်ခွင့်ပြုရာ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် လုပ်ကိုင်ခွင့်ရရှိသူ ဦးမြတ်မင်းစိုးတို့ ချုပ်ဆိုထားသော သဘောတူစာချုပ်မှာ လေလံ စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှုမရှိသဖြင့် အရေးယူပေးရန် တိုင်ကြားမှုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ပြန်လည်လွှဲပြောင်းလာချက်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင် သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးတို့မှ ၎င်းအား ပြည်နယ်အစိုးရ အဖွဲ့ရုံးတွင် ဆင့်ခေါ်ကာ ထွက်ဆိုချက် ရယူမေးမြန်းမှုအပေါ် ကိုညီညီထွန်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
“တင်ဒါစည်းကမ်းမှာက ၃၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း ၃ ရစ် ခွဲသွင်းရမယ်ဆိုတာကို ကျပ်သိန်း ပေါင်း ၃၀၀၀၀ ကျော်နဲ့ ရယူသွားခဲ့တဲ့အပေါ် နေ့ချင်းသွင်း ဆိုပြီး အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပြင်ချုပ်တဲ့ အပြင် ရငွေကလည်း ကျပ်သိန်း ၂၆၀၀၀ ကျော်ပဲ ရခဲ့လို့ အင်းလေးကန်အတွက်ရော၊ အစိုးရအတွက်ရော၊ ကျန်းသိန်းပေါင်း ၇၀၀၀ လောက် နစ်နာခဲ့ရတယ်။ အဲဒီတုန်းက ဝန်ကြီးက မပြည့်ရင် သူစိုက်ပေးမယ် ပြောခဲ့တယ်။ ပြီးတော့ ဦးမြတ်မင်းကိုယ်တိုင် တင်ဒါရပြီး အင်းစာ/ယဉ်မှာ ဘဏ္ဍာရေးဝန်ကြီးရဲ့ PA ဦးသာဒိုး ဆွဲခိုင်းလို့ ဆွဲပေးရတာဆိုပြီး ပြောခဲ့တာတွေဟာ ဝင်ရောက်ချယ်လှဝ်မှုတွေ ဖြစ်တယ်ဆိုတာ ထင်ရှားပေါ်လွင် စေချင်လို့ တိုင်ကြားတာပါ။ တိုင်တာကတော့ ၃ ကြိမ် ရှိပါပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်က အတိုင်ပင်ခံ ပုဂ္ဂိုလ် တောင်ကြီးရောက်တဲ့အချိန် နိုင်ငံတော်သမ္မတနဲ့ အဂတိကို တိုင်ခဲ့လို့ အခုလိုစစ်မေးတာပါ။ စစ်မေးပေမဲ့ အဂတိကမစစ်ဘဲ သူ့လူသူ စစ်မေးစေတဲ့အတွက် အဖြစ်မှန်ပေါ်ပေါက်ဖို့ မလွယ်ကူတာဖြစ်လို့ စစ်မေးတာတွေကို ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ လိုအပ်နေပါတယ်” ဟု ကိုညီညီထွန်းက ပြောသည်။
.
၎င်းအနေဖြင့် မေလ ၁၄ ရက်နှင့် ၂၀ ရက်များတွင် နှစ်ကြိမ်တိုင် စစ်မေးခံခဲ့ရာ စစ်မေးသူများမှ ဦးတည်ချက် လွဲစေသည့် မေးခွန်းကို အကြိမ်ကြိမ် မေးကာ အပြစ်ကို ဖုံးကွယ်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း၊ အစိုးရအဖွဲ့၏ တင်ဒါစည်းကမ်းဖောက်ဖျက်မှုကို အစိုးရအဖွဲ့မှသာ ပြန်လည်စစ်ဆေးနေသည်ဖြစ်ရာ အဖြစ်မှန်ပေါ်ပေါက် စေရေးအတွက် အဂတိမှ တာဝန်ရှိသူများနှင့် တတိယအဖွဲ့အစည်းတို့ ပူးပေါင်းစစ်ဆေးစေလိုကြောင်းနှင့် ဒေသအတွက် နစ်နာဆုံးရှုံးမှုများကို သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အသိပေးသွားမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တင်ဒါအောင်မြင်ခဲ့သူ အင်းလေးကန်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ (ICDO) အတွင်းရေးမှူးဖြစ်သူ ဦးမြတ်မင်းစိုးအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “ဒီကိစ္စမှာ ဝန်ကြီးကိုတိုင်လို့ သက်သေအနေနဲ့ ထွက်ဆိုရတာပါ။ ဒါနဲ့ ပတ်သက်လို့ လက်ဘက်ရည်တစ်ခွက် တောင် ဘယ်သူ့မှ တိုက်ခဲ့တာ မရှိသလို ဘယ်သူ့ကိုမှလည်း ငွေကြေးတစ်ပြားတစ်ချပ် ပေးခဲ့ရတာ မရှိပါဘူး။ အရင်က သူဌေးနဲ့ အုပ်ချုပ်သူလောက်သာ သိပြီး စာချုပ်ထဲမှာသာရှိတဲ့ စည်းမျဉ်းတွေကို ပွင့်လင်းမြင်သာ အောင် ချပြတဲ့အနေနဲ့ နေ့ချင်းကောက်၊ ချက်ခြင်းသွင်းပြီး လိုတဲ့နေရာမှာ ပြင်ဆင်သုံးစွဲနိုင်အောင် လုပ်ဆောင် ပေးခဲ့တာဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
တင်ဒါရရှိခဲ့သည့်နှစ်တွင် ရခိုင်အရေး၊ H1 N1 ကိစ္စများကြောင့် ပြည်ပဧည့်သည် ဝင်ရောက်မှု နည်းပါးခဲ့ပြီး ဝင်ငွေရရှိမှု နည်းပါးခဲ့ကြောင်း၊ တင်ဒါစနစ် ကြေညာပြီး ကော်မတီစနစ်သို့ ပြောင်းလဲခဲ့သည့် အတွက် ယခုလို ပြဿနာမျိုး ဖြစ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် အင်းလေးကန်ဇုန်ဝင်ကြေး ကောက်ခံမှုကို တင်ဒါစနစ်ဖြင့် ခေါ်ယူခဲ့ရာတွင် ဦးမြတ်မင်းစိုးမှ ကျပ်သိန်း ၃၀၃၀၀ ဖြင့် အနိုင်ရကာ ဦးအောင်ကျော်နိုင် ဆိုသူက ကျပ်သိန်း ၂၇၀၀၀ ကျော်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဇုန်ဝင်ကြေး ကောက်ခံမှုကို ကော်မတီဖွဲ့၍ ၆ လကြာ ကောက်ခံခဲ့ရာ ရငွေနည်းပါးသဖြင့် ယခုနှစ်တွင် လချင်းသွင်းစနစ်ဖြင့် တင်ဒါခေါ်ယူခဲ့ရာ ၂၀၁၇ ခုနှစ်က ဒုတိယရရှိခဲ့သူမှ ငွေကျပ် ၂၆၉၉၉ သိန်းဖြင့် ရရှိခဲ့ကြောင်း သိရသည်။
.
ယခင်က ဇုန်ဝင်ကြေး ခွဲမှုဇယားမှာ ပြည်နယ်အစိုးရ ၄၅ ရာခိုင်နှုန်း၊ အင်းလေးကန်အတွက် ၄၅ ရာခိုင်နှုန်း၊ လုပ်ငန်းသုံးစွဲမှု ၆ ရာခိုင်နှုန်း၊ အသင်းအဖွဲ့များအတွက် ၂ ရာခိုင်နှုန်းနှင့် ဟိုတယ်များသို့ ၂ ရာခိုင် နှုန်း သတ်မှတ် ထားခဲ့သော်လည်း ယခုအခါ ပြည်နယ်အစိုးရမှ ၄၅ ရာခိုင်နှုန်း၊ အင်းလေးကန်အတွက် ၄၅ ရာခိုင်နှုန်း၊ အသင်းအဖွဲ့များအတွက် ၅ ရာခိုင်နှုန်းနှင့် ဟိုတယ်ခရီးအတွက် ၅ ရာခိုင်နှုန်း ပြောင်းလဲကောက်ခံ လျက်ရှိကြောင်း သိရသည်။
.
လက်ရှိတွင် အင်းလေးကန်ကြီးမှာ ရေအနက်ဆုံးနေရာတွင် ရေအမြင့် ၄ ပေခန့်သာ ကျန်ရှိကာ ကန်အတွင်းသို့ စီးဝင်သည့် ရေချောင်းအများအပြား ရေခန်းခြောက်နေသဖြင့် နောင်နှစ်ပေါင်း ၂၀/၃၀ တွင် တိမ်ကောပျောက်ကွယ် သွားနိုင်သောကြောင့် ရရှိလာသည့် ငွေများဖြင့် အင်းလေးကန်ကြီးကို ကယ်တင်နိုင်ရေး၊ ရရှိမည့် ဝင်ငွေများ ဆုံးရှုံးနစ်နာမှု မဖြစ်ပေါ်စေရေးတို့အတွက် ယခုလို တိုင်ကြားခဲ့ရခြင်းဖြစ်ကြောင်း ကိုညီညီ ထွန်းမှ ဆက်လက်ပြောကြားခဲ့သည်။
.
အင်းလေးကန်သည် ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာဇီဝဝန်းကျင်အမွေအနှစ်တစ်ခုဖြစ်ပြီး အာဆီယံ အမွေအနှစ်ဥယျာဉ်နှင့် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအဖြစ် ၂၀၁၄ ခုနှစ်မှစတင်ပြီး သတ်မှတ်ထားသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
.
အင်းလေးကန်၏ ရေဝေရေလဲဧရိယာ ၂၁၆၉ ဒသမ ၃ စတုရန်းမိုင်ရှိပြီး ကန်အတွင်းသို့ချောင်း ၂၉ ချောင်း စီးဝင်ကာ အရှေ့ဘက်တွင် ၁၆ ချောင်း၊ အနောက်ဘက်တွင် ၁၂ ချောင်း၊ မြောက်ဘက်တွင် ၁ ချောင်း စီးဝင် လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment