ေက်ာက္မဲတြင္ ပုဒ္မ ၁၇(၁)ျဖင့္ ဖမ္းဆီးခံရသည့္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ပတ္သက္၍ ႏုိင္ငံေတာ္သမၼတထံ အသနားခံစာ ေပးပို႕ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, May 30, 2019

ေက်ာက္မဲတြင္ ပုဒ္မ ၁၇(၁)ျဖင့္ ဖမ္းဆီးခံရသည့္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ပတ္သက္၍ ႏုိင္ငံေတာ္သမၼတထံ အသနားခံစာ ေပးပို႕


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္၊ နမ့္ဟူးေတာင္း ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးကို လက္နက္ကိုင္မ်ားအတြက္ ေငြေၾကး ေကာက္ခံေပးသည့္ ဆက္ေၾကးတာ ဝန္ခံဟု ဆိုကာ တပ္မေတာ္မွ ဖမ္း ဆီးခဲ့မႈကို ေမလ ၂၃ ရက္ကေက်ာက္ မဲၿမိဳ႕နယ္ တရား႐ုံးသို႔ ႐ုံးထုတ္ရာတြင္ နမ့္ဟူးေတာင္းေက်းရြာ တစ္ရြာလံုးနီး ပါး လာေရာက္အားေပး ဝန္းရံခဲ့ၾကၿပီး ¤င္းလြတ္ေျမာက္ေရးအတြက္ ႏုိင္ငံ ေတာ္သမၼတအထိ အသနားခံစာ တင္ သြင္းေပးပို႕ထားေၾကာင္းသိရသည္။
.
.
ေက်ာက္မဲၿမိဳ႕နယ္၊ နမ့္ဟူး ေတာင္းေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရး မွဴး ဦးစိုင္းတင့္ခ်ိဳကို တပ္မေတာ္(စရ ဖ)မွ လက္နက္ကိုင္အဖြဲ႕မ်ားအတြက္ ေငြေၾကးေကာက္ခံေပးရသည့္ ဆက္ ေၾကးတာဝန္ခံဟုဆိုကာ ဧၿပီလ ၂၆ ရက္က ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။
.
''ကြၽန္ေတာ့္ညီက ဒီလိုဖမ္းခံရမွာ စိုးလို႔ ၂ဝ၁၆ ခုႏွစ္ကတည္းက အုပ္ ခ်ဳပ္ေရးတာဝန္က ႏုတ္ထြက္စာကို ရာအိမ္မွဴး၊ ဆယ္အိမ္မွဴးေတြ စုေပါင္း ၿပီး တင္ခဲ့တာ၊ ထြက္ခြင့္မရခဲ့ဘူး။ ေတာကိုျငင္းရင္ သတ္ခံရႏုိင္ၿပီး ၿမိဳ႕ က မႀကိဳက္ေတာ့ ဖမ္းခံရတဲ့ဆုပ္စူး စား႐ူးဘဝပါ။ ခုေတာ့ ႏုိင္ငံေတာ္သမၼ တႀကီး ဆီေရာ ေဒၚေအာင္ဆန္းစု ၾကည္၊ ကာခ်ဳပ္တို႔ထံ အသနားခံစာ တင္ထားပါတယ္''ဟု ဖမ္းဆီးခံရသည့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး၏ အစ္ကို ေတာ္စပ္သူ ဦးစိုင္းျမင့္ဘုိက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ယင္းေက်းရြာအုပ္စုရွိ ရာအိမ္မွဴး၊ ဆယ္အိမ္မွဴးမ်ား စုေပါင္းလက္မွတ္ထုိးကာ အသနားခံ တင္ျပသည့္စာတြင္ ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိေက်း ရြာအားလံုး၏ အုပ္ခ်ဳပ္ေရးမွဴးမ်ား သည္ နယ္ေျမအေနအထား၊ လံုၿခံဳ ေရးအေနအထားအရ လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားကို ဆန္႔က်င္ျခင္း၊ လြန္ဆန္ႏုိင္ျခင္း၊ ဖီဆန္ႏုိင္ျခင္း မရွိ ပါေၾကာင္း၊ အေၾကာင္းမညီၫြတ္ပါက အသက္အႏၱရာယ္ႏွင့္ ႀကံဳေတြ႕ရသည့္ အျဖစ္ဆိုးမ်ား ရွိခဲ့ေၾကာင္း သို႔အတြက္ စာနာေထာက္ထားေသာအားျဖင့္ ဦး စိုင္းတင့္ခ်ိဳအား ျပန္လည္ေစလႊတ္ေပး ႏုိင္ပါရန္ အသနားခံ တင္ျပေလွ်ာက္ ထားပါေၾကာင္း ေဖာ္ျပပါရွိသည္။
.
''သူမ်ားအျပစ္မရွိဘဲနဲ႔ ဖမ္းထား တာကို ဒီေန႔ ႐ုံးထုတ္မယ္ဆိုလို႔လာ ႀကိဳတာ၊ လာေတြ႕တာ၊ လာအားေပး တာပါ''ဟု လာေရာက္ဝန္းရံသူ နမ္းဟူးေတာင္းအထက္ေက်းရြာမွ ေဒၚေအးခမ္းက ဆိုသည္။
.
ထို႕အတူ ေရႊဘိုၿမိဳ႕မွ နမ္းဟူး ေတာင္းေက်းရြာတြင္ လာေရာက္လုပ္ ကိုင္စားေသာက္ေနသူ မယုကလည္း ''ဥကၠဌႀကီးက သေဘာေကာင္းေတာ့ လႊတ္ေစခ်င္တယ္။ အားလံုးကို မခြဲ ျခားဘူး။ လူတိုင္းကို ကူညီေပးတယ္။ ဒါေၾကာင့္ လာအားေပးတယ္။ အမႈက သိသေလာက္ေတာ့ သိတယ္။ မေျပာရဲဘူး''ဟု ေျပာသည္။
.
လာေရာက္အားေပးဝန္းရံၾကသူ အင္အား ၂ဝဝ ခန္႕ရွိၿပီး နမ့္ဟူး ေတာင္းရြာမ၊ အထက္/ေအာက္ရြာ မ်ား၊ ပန္ေပါင္း၊ ရြာမ်ားမွ လာေရာက္ ၾကျခင္းျဖစ္ေသာ္လည္း လူႀကီးခရီးစဥ္ ရွိသည္ဟုဆိုကာ ဦးစိုင္းတင့္ခ်ိဳအား ယင္းေန႔တြင္ ႐ုံးထုတ္ျခင္း မရွိသျဖင့္ ေတြ႕ခြင့္မရခဲ့ေၾကာင္း ေဒသခံေက်း ရြာသားမ်ားထံက သိရသည္။
.
ေက်ာက္မဲၿမိဳ႕နယ္ မဲဆႏၵနယ္အ မွတ္ (၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္ စားလွယ္ ဦးစိုင္းထြန္းဉာဏ္ကလည္း ေဒသတြင္း ပဋိပကၡျဖစ္စဥ္မ်ားတြင္ ဒုကၡေရာက္ေနသူမ်ားကို ကူညီေပးေန သည့္ အရပ္သားမ်ား မတရားအသင္း ဆက္သြယ္မႈအက္ဥပေဒ ပုဒ္မ ၁၇ (၁)ျဖင့္ တရားစြဲဆိုခံရမႈ ျဖစ္စဥ္မ်ားရွိ ေနေၾကာင္း၊ ယင္းကဲ့သို႕ေသာ အမႈမ်ိဳး ရွမ္းျပည္နယ္အတြင္း မည္မွ်ရွိေနၿပီး တရားခံအေရအတြက္မည္မွ် ရွိေန ေၾကာင္းကို လာမည့္ ရွမ္းျပည္နယ္ လႊတ္ေတာ္ အစည္းအေဝးတြင္ ေမး ျမန္းသြားရန္ ရွိေနသည္ဟု ကေမၻာဇတိုင္းသို႔ ေျပာၾကားထားသည္။
.
ကျောက်မဲတွင် ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးခံရသည့် အုပ်ချုပ်ရေးမှူးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတထံ အသနားခံစာ ပေးပို့
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို လက်နက်ကိုင်များအတွက် ငွေကြေး ကောက်ခံပေးသည့် ဆက်ကြေးတာ ဝန်ခံဟု ဆိုကာ တပ်မတော်မှ ဖမ်း ဆီးခဲ့မှုကို မေလ ၂၃ ရက်ကကျောက် မဲမြို့နယ် တရားရုံးသို့ ရုံးထုတ်ရာတွင် နမ့်ဟူးတောင်းကျေးရွာ တစ်ရွာလုံးနီး ပါး လာရောက်အားပေး ဝန်းရံခဲ့ကြပြီး ¤င်းလွတ်မြောက်ရေးအတွက် နိုင်ငံ တော်သမ္မတအထိ အသနားခံစာ တင် သွင်းပေးပို့ထားကြောင်းသိရသည်။
.
ကျောက်မဲမြို့နယ်၊ နမ့်ဟူး တောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ဦးစိုင်းတင့်ချိုကို တပ်မတော်(စရ ဖ)မှ လက်နက်ကိုင်အဖွဲ့များအတွက် ငွေကြေးကောက်ခံပေးရသည့် ဆက် ကြေးတာဝန်ခံဟုဆိုကာ ဧပြီလ ၂၆ ရက်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
.
''ကျွန်တော့်ညီက ဒီလိုဖမ်းခံရမှာ စိုးလို့ ၂ဝ၁၆ ခုနှစ်ကတည်းက အုပ် ချုပ်ရေးတာဝန်က နုတ်ထွက်စာကို ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ စုပေါင်း ပြီး တင်ခဲ့တာ၊ ထွက်ခွင့်မရခဲ့ဘူး။ တောကိုငြင်းရင် သတ်ခံရနိုင်ပြီး မြို့ က မကြိုက်တော့ ဖမ်းခံရတဲ့ဆုပ်စူး စားရူးဘဝပါ။ ခုတော့ နိုင်ငံတော်သမ္မ တကြီး ဆီရော ဒေါ်အောင်ဆန်းစု ကြည်၊ ကာချုပ်တို့ထံ အသနားခံစာ တင်ထားပါတယ်''ဟု ဖမ်းဆီးခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အစ်ကို တော်စပ်သူ ဦးစိုင်းမြင့်ဘိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကျေးရွာအုပ်စုရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ စုပေါင်းလက်မှတ်ထိုးကာ အသနားခံ တင်ပြသည့်စာတွင် ကျောက်မဲမြို့နယ်အတွင်းရှိကျေး ရွာအားလုံး၏ အုပ်ချုပ်ရေးမှူးများ သည် နယ်မြေအနေအထား၊ လုံခြုံ ရေးအနေအထားအရ လက်နက်ကိုင် အဖွဲ့အစည်းများကို ဆန့်ကျင်ခြင်း၊ လွန်ဆန်နိုင်ခြင်း၊ ဖီဆန်နိုင်ခြင်း မရှိ ပါကြောင်း၊ အကြောင်းမညီညွတ်ပါက အသက်အန္တရာယ်နှင့် ကြုံတွေ့ရသည့် အဖြစ်ဆိုးများ ရှိခဲ့ကြောင်း သို့အတွက် စာနာထောက်ထားသောအားဖြင့် ဦး စိုင်းတင့်ချိုအား ပြန်လည်စေလွှတ်ပေး နိုင်ပါရန် အသနားခံ တင်ပြလျှောက် ထားပါကြောင်း ဖော်ပြပါရှိသည်။
.
''သူများအပြစ်မရှိဘဲနဲ့ ဖမ်းထား တာကို ဒီနေ့ ရုံးထုတ်မယ်ဆိုလို့လာ ကြိုတာ၊ လာတွေ့တာ၊ လာအားပေး တာပါ''ဟု လာရောက်ဝန်းရံသူ နမ်းဟူးတောင်းအထက်ကျေးရွာမှ ဒေါ်အေးခမ်းက ဆိုသည်။
.
ထို့အတူ ရွှေဘိုမြို့မှ နမ်းဟူး တောင်းကျေးရွာတွင် လာရောက်လုပ် ကိုင်စားသောက်နေသူ မယုကလည်း ''ဥက္ကဌကြီးက သဘောကောင်းတော့ လွှတ်စေချင်တယ်။ အားလုံးကို မခွဲ ခြားဘူး။ လူတိုင်းကို ကူညီပေးတယ်။ ဒါကြောင့် လာအားပေးတယ်။ အမှုက သိသလောက်တော့ သိတယ်။ မပြောရဲဘူး''ဟု ပြောသည်။
.
လာရောက်အားပေးဝန်းရံကြသူ အင်အား ၂ဝဝ ခန့်ရှိပြီး နမ့်ဟူး တောင်းရွာမ၊ အထက်/အောက်ရွာ များ၊ ပန်ပေါင်း၊ ရွာများမှ လာရောက် ကြခြင်းဖြစ်သော်လည်း လူကြီးခရီးစဉ် ရှိသည်ဟုဆိုကာ ဦးစိုင်းတင့်ချိုအား ယင်းနေ့တွင် ရုံးထုတ်ခြင်း မရှိသဖြင့် တွေ့ခွင့်မရခဲ့ကြောင်း ဒေသခံကျေး ရွာသားများထံက သိရသည်။
.
ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အ မှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းထွန်းဉာဏ်ကလည်း ဒေသတွင်း ပဋိပက္ခဖြစ်စဉ်များတွင် ဒုက္ခရောက်နေသူများကို ကူညီပေးနေ သည့် အရပ်သားများ မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုခံရမှု ဖြစ်စဉ်များရှိ နေကြောင်း၊ ယင်းကဲ့သို့သော အမှုမျိုး ရှမ်းပြည်နယ်အတွင်း မည်မျှရှိနေပြီး တရားခံအရေအတွက်မည်မျှ ရှိနေ ကြောင်းကို လာမည့် ရှမ်းပြည်နယ် လွှတ်တော် အစည်းအဝေးတွင် မေး မြန်းသွားရန် ရှိနေသည်ဟု ကမ္ဘောဇတိုင်းသို့ ပြောကြားထားသည်။
.

No comments:

Post a Comment