တစ္ပတ္တာ ကံၾကမၼာ - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Thursday, May 2, 2019
တစ္ပတ္တာ ကံၾကမၼာ
ဆရာ ယဉ်မင်းအောင်
.
.
တနင်္ဂနွေ
.
.
တနင်္လာ
.
ယတြာ။ စေတီမှာ တံခွန်လှူပါ။
.
အင်္ဂါါ
.
.
ဗုဒ္ဓဟူး
.
ယတြာ။ ဘုရားတွင် ရွှေလှူပါ။
.
ကြာသပတေး
.
.
သောကြာ
.
ယတြာ။ စေတီတွင် ထီးဖြူလှူပါ။
.
စနေ
.
.
တစ်ပတ်တာ ကံကြမ္မာ
.
ဆရာ ယဉ်မင်းအောင်
.
၂၀၁၉ ခုနှစ်၊ မေလ ၂ ရက်မှ ၈ ရက် အထိ
.
တနင်္ဂနွေ
.
ငွေဝင်လာတော့မည်။ အခက်အခဲကြားထဲက ရုန်းထွက်နိုင်မည်။ ငွေကြေးဝင်လာကိန်းရှိသည်။ လုပ်ငန်း များ ပြောင်းလဲခြင်း၊ တိုးချဲ့ခြင်းကြုံမည်။ ငယ်သူများကြောင့် စိတ်သောကများလိမ့်မည်။ စက်ပစ္စည်းပြုပြင်ရ မည်။ မီးဖိုသုံးပစ္စည်းများ ဝင်မည်။ သူတစ်ပါးကိစ္စဝင်ရောက်ဖြေရှင်းပေးရမည်။ ကုန်သည်များမှာ အရောင်းအ ဝယ်ကိစ္စငြိမ်သက်နေမည်။ ဝင်ငွေနည်းနေမည်။ ဝန်ထမ်းများမှာ အစားကောင်းစားရမည်။ ပွဲစားများမှာ ဝင်ငွေ ရပ်တန့်နေပါမည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူ၏ ဂရုစိုက်ခြင်းခံရမည်။ ကျန်းမာရေးတွင် လေနာ ခြင်း၊ လေထိုးခြင်း စသည်တို့ ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ(၂/၃/၆)ဖြစ်သည်။
ယတြာ။            ဘုရားမှာ ပန်းအဖြူရောင်လှူပါ။
.
တနင်္လာ
.
ကားပြင်ရမည်။ ကားအသစ်ဝင်တတ်သည်။ ကားကိစ္စများ ဆောင်ရွက်ရလိမ့်မည်။ အကြံအစည်ကောင်း ပေါ်မည်။ ကွဲကွာနေသော သူများနဲ့ ပြန်လည်ဆုံတွေ့မည်။ စီးပွားရေးတွင် မြုပ်နေသော ငွေပြန်ပေါ်မည်။ လုပ်ငန်းကောင်းမွန်လာမည်။ မိဘကြီးသူအတွက် နည်းနည်းစိတ်ပူရတတ်ပါသည်။ အဝေးမှ ဧည့်သည်လာမည်။ ကုန်သည်များမှာ လုပ်ငန်းကောင်းမွန်လာမည်။ ကူညီမစသူပေါ်လာမည်။ ဝန်ထမ်းများမှာ သင်တန်းတက်ခြင်း၊ ပညာလေ့လာရခြင်းကြုံမည်။ ပွဲစားများမှာ အရောင်းတည့်လိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနဲ့ ပြန် လည်အဆင်ပြေလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် လည်ပင်းနာမည်။ ချောင်းဆိုးမည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၄/၉)ဖြစ်သည်။
ယတြာ။            စေတီမှာ တံခွန်လှူပါ။
.
အင်္ဂါ
.
မိမိယုံကြည်သောသူမှ သစ္စာဖောက်ခြင်းခံရမည်။ အိမ်ပေါ်အထိ လာလိမ်သောသူလည်းပေါ်ပေါက်ပါ မည်။ သတိထားပါ။ စီးပွားရေးအခက်အခဲ ရှိသော်လည်း ကူညီသူတွေ့မည်။ ပရိဘောဂများ ဝယ်ရလိမ့်မည်။ လူမျိုးကွဲများနှင့် ဆက်စပ်ပြီး အမြတ်အစွန်းရလိမ့်မည်။ အရှေ့အရပ်သို့ ညအိပ်မသွားသင့်ပါ။ ကုန်သည်များမှာ ဝယ်ယူသိုလှောင်သော ပစ္စည်းများ မှားယွင်းလိမ့်မည်။ ဝန်ထမ်းများ ပြဿနာအသေးစားပေါ်လိမ့်မည်။ ပွဲစား များမှာ အပေါင်ကိစ္စအောင်မြင်ပါလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနှင့် အတူ လည်ပတ်ရလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် သွေးတိုးခြင်း၊ ခေါင်းတက်ခြင်းကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၇/၆)ဖြစ်သည်။
ယတြာ။            စေတီတွင် စံပယ်ပန်းလှူပါ။
.
ဗုဒ္ဓဟူး
.
ခိုက်ရန်ဖြစ်ခြင်း၊ အမှုထဲပါဝင်ပတ်သက်မိခြင်းကြုံမည်။ ရုံးကိစ္စ စကားပြောဆိုရလိမ့်မည်။ နေအိမ်အတွင်း သို့ စနေသားသမီး အဝင်မခံသင့်ပါ။ စီးပွားရေးကိစ္စတွင် ဝမ်းသာစရာကြုံတွေ့လိမ့်မည်။ ဆိုင်ကယ်တိုက်မိတတ် သည်။ ဆိုင်ကယ်ကိစ္စဆောင်ရွက်ရမည်။ ကြီးသူ အကူအညီရလိမ့်မည်။ မှတ်ပုံတင် ပျောက်တတ်ပါသည်။ ကုန်သည်များ အရောင်းအဝယ် ကောင်းမွန်လာလိမ့်မည်။ ဝန်ထမ်းကိစ္စတွင် အလုပ်ရှုပ်ထွေးနေလိမ့်မည်။ ပွဲ စားများ ငွေချေးငှားသုံးရလိမ့်မည်။ ငယ်ရွယ်သူများမှာ ချစ်သူထံမှ လက်ဆောင်ရမည်။ ကျန်းမာရေးကိစ္စတွင် သွားကိုက်မည်။ သွားနာမည်။ ကံကောင်းစေသော ဂဏန်းမှာ(၁/၄/၈)ဖြစ်သည်။
ယတြာ။            ဘုရားတွင် ရွှေလှူပါ။
.
ကြာသပတေး
.
ကိစ္စဟောင်းများ၊ ပြဿနာဟောင်းများ ဖြေရှင်းပြောဆိုရလိမ့်မည်။ အကြံအစည်များကို အထူးအောင် မြင်ရန် အကောင်အထည်ဖော်လိမ့်မည်။ အဝေးရောက်နေသော သားသမီးများ၊ မိတ်ဆွေများနှင့် ပြန်လည် ဆုံတွေ့ရလိမ့်မည်။ စီးပွားရေးကိစ္စများတွင် တိုးတက်မှု စတင်တွေ့ရပေတော့မည်။ ကောင်းသော အလုပ်များ လည်း ပေါ်လာလိမ့်မည်။ ကုန်သည်များမှာ ဆိုင်ပြုပြင်ရလိမ့်မည်။ ဂိုဒေါင်များ ပြုပြင်ဆောက်လုပ်ရမည်။ ဝန် ထမ်းများမှာ ရာထူးတက်ရန်၊ လစာတိုးရန်၊ သင်တန်းစသည်ပေါ်ပေါက်လိမ့်မည်။ ပွဲစားများမှာ အရောင်းအဝယ် တန့်နေမည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် လျှို့ဝှက်ဆန်းကြယ်သော ကိစ္စများတွေ့ရပေမည်။ ကျန်းမာ ရေးတွင် သွေးစုနာပေါက်ခြင်း၊ ခြေလက်ထိခိုက်မိခြင်းကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ(၁/၇/၈)ဖြစ်သည်။
ယတြာ။            စေတီမှာ ဆွမ်းဟင်းလှူပါ။ 
.
သောကြာ
.
ကားဝင်တော့မည်။ အသစ်လဲလှယ်ရမည်။ စီးပွားရေးကိစ္စများတွင် ပွပေါက်တိုးမည့်ကံပေါ်နေသည်။ မြုပ် နေသော ငွေများလည်း ပြန်ရတော့မည်။ အိမ်ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းရွှေ့ခြင်းလည်း ကြုံနိုင်ပါ သည်။ ကြွေးဟောင်းများ ပြန်ရလိမ့်မည်။ အထားမှားသော ပစ္စည်းလည်းပြန်တွေ့မည်။ မရောက်တာကြာနေ ပြီဖြစ်သော မြို့သို့ ခရီးသွားလာရမည်။ ကုန်သည်များမှာ အရောင်းအဝယ်ကောင်းမွန်ပြီး အမြတ်များများရလိမ့် မည်။ ဝန်ထမ်းများမှာ တာဝန်ပိနေတတ်ပြီး အလုပ်ရှုပ်ထွေးနေအံ့။ သို့သော် ဝမ်းသာကျေနပ်စရာကြုံတွေ့ရ မည်။ ပွဲစားများ မြေအရောင်းတည့်မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူအတွက် ဝမ်းသာဂုဏ်ယူ ရမည်။ ကျန်းမာရေးကိစ္စတွင် ရေချိုးမှားမည်။ အအေးမိဖျားနာခြင်းကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၅/၆)ဖြစ်သည်။
ယတြာ။            စေတီတွင် ထီးဖြူလှူပါ။            
.
စနေ
.
လုပ်ငန်းမြုပ်နှံမှုအရမ်းမလုပ်သင့်ပါ၊ မှားတတ်သည်။ စိတ်ပျော်ရွှင်ရခြင်းများမည်။ အလှူမင်္ဂလာပွဲသွားရ မည်။ ရန်အတိုက်အခံနည်းနည်းကြုံမည်။ စက်ပစ္စည်း၊ မီးပစ္စည်းအသစ်လဲလှယ်ဝင်ရောက်လိမ့်မည်။ မြို့အနီး အနားသို့ လည်ပတ်ရမည်။ ဖုန်းအသစ်ဝင်ခြင်း၊ ပြုပြင်ရခြင်းကြုံမည်။ အစားကောင်းများ စားရလိမ့်မည်။ ကုန် သည်များမှာ လှောင်ကုန်အကျိုးပေးလိမ့်မည်။ ဝန်ထမ်းများ ခွင့်ယူခြင်း၊ အလုပ်မှ သက်သာခွင့်ရခြင်း စသည် ကြုံမည်။ ပွဲစားများမှာ အပေါင်ကိစ္စဆောင်ရွက်ရမည်။ ငယ်ရွယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူကြောင့် စိတ်ညစ်ရမည်။ ချစ်သူကို အခြားတစ်ယောက်ကပ်လိမ့်မည်။ ကျန်းမာရေးတွင် ခါးနာခြင်း၊ အကြောတင်ခြင်း၊ ကိုယ်လက်နာခြင်းတို့ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ(၄/၆/၉)ဖြစ်သည်။
ယတြာ။            ဘုရားတွင် ယိုတစ်မျိုးမျိုးလှူပါ။
.
No comments:
Post a Comment