သစ်တောနည်းဥပဒေ (မူကြမ်း) အား ချပြဆွေးနွေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, May 18, 2019



ခွန်သက်ထူး
.
.
.
ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယနေ့ဆွေးနွေးပွဲ၏ အဓိကမျှော်မှန်းချက် မှာ သစ်တောဦးစီးဌာနနှင့် သစ်တောလုပ်ငန်းဆိုင်ရာ အကျိုးသက်ဆိုင်သူများ အကြား ပွင့်လင်းမြင်သာမှုရှိပြီး အား ကောင်းသော ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ခုအဖြစ် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်၊ အပြု သဘောဆောင်သော ညှိနှိုင်းဆွေးနွေးမှုများမှတဆင့် အပြန်အလှန် နားလည်ယုံကြည်မှုများ တိုးမြင့်လာစေရန်၊ သစ်တောဥပဒေနှင့် နည်းဥပဒေများကို သေချာစွာ နားလည်သဘောပေါက်ပြီး လုံခြုံအဆင်ပြေသော အခင်းအကျင်း များ ပံ့ပိုးပေး၍ လွတ်လပ်စွာ အကြံဥာဏ်များ ပေးနိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း၊ အကျိုးသက်ဆိုင်သူများ၏ ဆွေးနွေးအကြံပြုချက်များကို မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
.
.
သစ်တောနည်းဥပဒေ (မူကြမ်း) အား ချပြဆွေးနွေး
.
ခွန်သက်ထူး
.
သစ်တောဥပဒေ (မူကြမ်း) အား ရှမ်းပြည်နယ်အတွင်းရှိ အကျိုးသက်ဆိုင်သူများထံ ချပြဆွေးနွေးခြင်းနှင့် အကြံပြုချက်များ ရယူခြင်း ဆွေးနွေးပွဲကို မေလ ၁၇ ရက်က တောင်ကြီးမြို့၊ Royal Taunggyi ဟိုတယ်တွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
.
ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယနေ့ဆွေးနွေးပွဲ၏ အဓိကမျှော်မှန်းချက် မှာ သစ်တောဦးစီးဌာနနှင့် သစ်တောလုပ်ငန်းဆိုင်ရာ အကျိုးသက်ဆိုင်သူများ အကြား ပွင့်လင်းမြင်သာမှုရှိပြီး အား ကောင်းသော ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ခုအဖြစ် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်၊ အပြု သဘောဆောင်သော ညှိနှိုင်းဆွေးနွေးမှုများမှတဆင့် အပြန်အလှန် နားလည်ယုံကြည်မှုများ တိုးမြင့်လာစေရန်၊ သစ်တောဥပဒေနှင့် နည်းဥပဒေများကို သေချာစွာ နားလည်သဘောပေါက်ပြီး လုံခြုံအဆင်ပြေသော အခင်းအကျင်း များ ပံ့ပိုးပေး၍ လွတ်လပ်စွာ အကြံဉာဏ်များ ပေးနိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း၊ အကျိုးသက်ဆိုင်သူများ၏ ဆွေးနွေးအကြံပြုချက်များကို မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
.
အဆိုပါအခမ်းအနားသို့  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ သစ်တော ဦးစီးဌာနမှ ဝန်ထမ်းများ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment