တာချီလိတ်၌ ဟိုတယ်လုံခြုံရေးဝန်ထမ်း လူငယ်တစ်ဦး သေနတ်ပစ်ခံရ - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Tuesday, May 14, 2019
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ရွှေမြေသာယာဈေးအနီးတွင် မေလ ၁၃ ရက်၊ နေ့လယ်ပိုင်းက မော်တော်ဆိုင်ကယ်နောက်တွင် စီးနင်းလာသည့် ဟိုတယ်ဝန်ထမ်း လူငယ်တစ်ဦး သေနတ်ပစ်ခံရကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
ဟိုတယ်ဝန်ထမ်း အောင်ပြည့်ဖြိုး (၂၁ နှစ်) သည် မေလ ၁၃ ရက်၊ နေ့လယ်ပိုင်းက သူငယ်ချင်း ချစ်မွှေးဦး မောင်းနှင်သည့် မော်တော်ဆိုင်ကယ် နောက်တွင် လိုက်ပါလာစဉ် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ လားဟူ ဈေးလမ်းအတိုင်း တော့်ကော့ဘက်သို့ ထွက်လာစဉ် လားဟူဈေးအနောက် လမ်းကြားအရောက် အမည်မသိ အမျိုးသား၊ ခဲရောင်ရှာထိုးဦးထုပ် ဆောင်ထားသူမှ click ဆိုင်ကယ်ဖြင့် နောက်မှ လိုက်ပါလာပြီး ဆိုင် ကယ်နောက်တွင် စီးနင်းလိုက်ပါလာသူ အောင်ပြည့်ဖြိုးအား သေနတ်အတိုဖြင့် လေး/ငါးချက်ခန့် ပစ်ခတ်ရာ အောင်ပြည့်ဖြိုး၏ နောက်ကျောယာဘက် လက် ပြင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်နှင့် ရှေ့ရင်အုံအထက်ချိုင်းစပ်တွင် ကျည်ဖော်ထွက်ဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့ကြောင်း သိရသည်။
.
.
.
တာချီလိတ်၌ ဟိုတယ်လုံခြုံရေးဝန်ထမ်း လူငယ်တစ်ဦး သေနတ်ပစ်ခံရ
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ရွှေမြေသာယာစျေးအနီးတွင် မေလ ၁၃ ရက်၊ နေ့လယ်ပိုင်းက မော်တော်ဆိုင်ကယ်နောက်တွင် စီးနင်းလာသည့် ဟိုတယ်ဝန်ထမ်း လူငယ်တစ်ဦး သေနတ်ပစ်ခံရကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
ဟိုတယ်ဝန်ထမ်း အောင်ပြည့်ဖြိုး (၂၁ နှစ်) သည် မေလ ၁၃ ရက်၊ နေ့လယ်ပိုင်းက သူငယ်ချင်း ချစ်မွှေးဦး မောင်းနှင်သည့် မော်တော်ဆိုင်ကယ် နောက်တွင် လိုက်ပါလာစဉ် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ လားဟူ ဈေးလမ်းအတိုင်း တော့်ကော့ဘက်သို့ ထွက်လာစဉ် လားဟူစျေးအနောက် လမ်းကြားအရောက် အမည်မသိ အမျိုးသား၊ ခဲရောင်ရှာထိုးဦးထုပ် ဆောင်ထားသူမှ click ဆိုင်ကယ်ဖြင့် နောက်မှ လိုက်ပါလာပြီး ဆိုင် ကယ်နောက်တွင် စီးနင်းလိုက်ပါလာသူ အောင်ပြည့်ဖြိုးအား သေနတ်အတိုဖြင့် လေး/ငါးချက်ခန့် ပစ်ခတ်ရာ အောင်ပြည့်ဖြိုး၏ နောက်ကျောယာဘက် လက် ပြင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်နှင့် ရှေ့ရင်အုံအထက်ချိုင်းစပ်တွင် ကျည်ဖော်ထွက်ဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့ကြောင်း သိရသည်။
.
“ကျွန်တော်တို့က ဂိမ်းကူးဖို့ ထွက်လာတာ။ ပထမ သေနတ်နဲ့ ၂ ချက်ပစ်တယ်။ မထိလိုက်ဘူး။ အဲဒီအချိန်မှာ လမ်းဆုံရောက်လို့ ညာဘက်ချိုးလိုက်တဲ့ အချိန်မှာ ထပ်ပစ်လိုက်တာ အနောက်က ထိုင်စီးလာတဲ့ ကျွန်တော့် သူငယ်ချင်းကို သေနတ်မှန်သွားခဲ့တယ်၊ ပစ်တဲ့လူက အသက် ၃၀ ကျော်လောက်ပဲ။ ဆိုင်ကယ်က Click ဘီးနဲ့၊ သေနတ်သံက အကျယ်ကြီးပဲ။ နားတွေပါ စူးသွားတယ်။ ကျွန်တော်တို့ အရင်က ရန်ငြိှုးရန်စလည်းမရှိဘူး။ ဘာဖြစ်လို့ပစ်တာလဲ မသိပါဘူး”ဟု အောင်ပြည့်ဖြိုး နှင့်အတူ စီးနင်းလာသည့် ချစ်မွှေးဦးက ပြောသည်။
.
သို့ဖြစ်၍ မောင်အောင်ပြည့်ဖြိုး (၂၁ နှစ်)၊ ဟိုတယ် လုံခြံရေးဝန်ထမ်း သေနတ်ပစ်ခံရမှုနှင့် ပတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းက (ပ)၂၆၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၆ ဖြင့် အမှုဖွင့်ကာ တရားခံ ဖမ်းဆီးရ မိရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment