ရပ်စောက်တွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, May 21, 2019



ထမံသီ
.
.
.
.
.
.
ရပ်စောက်တွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး
.
ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၊ မြို့ဦးရပ်ကွက်၊ နယ်မြေ (၅) အမက (၇) ကျောင်းဝင်း အတွင်း မေလ ၁၉ ရက်၊ နံနက်ပိုင်းက လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ကြိုးဆွဲချသေဆုံးသူလူငယ်မှာ မြို့ဦးရပ်ကွက်၊ နယ်မြေ(၅) နေ မောင်ပြည့်ဖြိုး အောင် (၁၇ နှစ်) ဆိုသူ ဖြစ်ပြီး အမက (၇) ကျောင်းဝင်းအတွင်း အော်ရေးရှားပင်၏ သစ်ကိုင်း၌ တွဲလျားချသေဆုံးနေသည်ကိုတွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
သေဆုံးသူ၏ ဖခင်လ ဦးသိန်းဋ္ဌေး၏ အရက်သေစာအလွန် အကျွံသောက်စားမှုကြောင့် မိဘနှစ်ပါး မကြာခဏ စကားများ ရန်ဖြစ်ခြင်းအပေါ်စိတ်ညစ်၍ မိမိ ကိုယ်မိမိကြိုးဆွဲချ သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
.
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် ရပ်စောက်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၉) ဖြင့် အမှုဖွင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment