ေအာင္ပန္းတြင္ တုတ္၊ ဓါးကိုင္ေဆာင္သူ လူတစ္စုမွ ေနအိမ္အား ဝင္ေရာက္ ဖ်က္ဆီးကာ အိမ္ရွင္လင္မယားအား ရန္ျပဳ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, May 8, 2019

ေအာင္ပန္းတြင္ တုတ္၊ ဓါးကိုင္ေဆာင္သူ လူတစ္စုမွ ေနအိမ္အား ဝင္ေရာက္ ဖ်က္ဆီးကာ အိမ္ရွင္လင္မယားအား ရန္ျပဳ



မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕၊ သာမိုင္ခမ္းအုပ္စု က်ဴးေက်ာ္ရပ္တြင္ ေမလ ၇ ရက္ ည ပိုင္းက တုတ္၊ ဓားကိုင္ေဆာင္သူ လူတစ္စုမွ ေနအိမ္တစ္လံုးအား ဝင္ေရာက္ဖ်က္ဆီးကာ အိမ္ရွင္လင္မယားအား ရန္ျပဳမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
.
.
“ေရွာင္ေျပးေနတဲ့သူေတြကို လိုက္လံဖမ္းဆီးေနပါတယ္။ သူတို႔ေရွာင္ေျပးလို႔မရပါဘူး။ မိမွာပါ” ဟု ေအာင္ပန္း နယ္ေျမ ရဲစခန္းမွဴး ရဲအုပ္စိုးဝင္းက ကေမၻာဇတုိင္းသို႔ ေျပာသည္။
.
သာမိုင္းခန္းအုပ္စု၊ က်ဴးေက်ာ္ရပ္ေန ေက်ာ္သူေအာင္ (၃၆ ႏွစ္) ႏွင့္ ဇနီးျဖစ္သူ မရီရီထက္ (၄၁ ႏွစ္) တို႔ ေနထိုင္သည့္ ေနအိမ္အား ေမလ ၇ ရက္၊ ည ၁၁ နာရီခြဲအခ်ိန္ခန္႔တြင္ ေအာင္ပန္းၿမိဳ႕၊ ၿမိဳ႕ေဟာင္းရပ္ကြက္၊ ကံသာရပ္ေန ဖိုးစိုးမွ ဓါးကိုင္ေဆာင္၍ ေနအိမ္အတြင္း ဝင္ေရာက္စိန္ေခၚခဲ့ၿပီး ၎ႏွင့္အတူ ပါလာသည့္ တုတ္ ကိုင္ေဆာင္ထားသူ လူ ၆ ဦးတို႔မွ ေက်ာ္သူေအာင္ႏွင့္ မရီရီထက္တို႔အား တုတ္မ်ားျဖင့္ ဝိုင္းဝန္း႐ိုက္ႏွက္ၿပီး ေနအိမ္အား ဖ်က္ဆီးကာ ထြက္ေျပးတိမ္းေရွာင္ ေနျခင္းျဖစ္ေၾကာင္း သိရသည္။
.
သို႔ျဖစ္၍ ေနအိမ္အတြင္း ဓါးကိုင္ေဆာင္ဝင္ေရာက္ၿခိမ္းေျခာက္ကာ လူ႐ိုက္ႏွက္ ဖ်က္ဆီးခဲ့သူ ဖိုးစိုးပါ ၇ ဦးအား အေရးယူေပးရန္ အိမ္ရွင္ေက်ာ္သူေအာင္က တုိင္တန္းသျဖင့္ ေအာင္ပန္းနယ္ေျမရဲစခန္းမွ (ပ) ၅၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၄၅၂/ ၃၂၃/ ၄၂၇/ ၁၁၄ တို႔ျဖင့္ အမႈဖြင့္ကာ က်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
အောင်ပန်းတွင် တုတ်၊ ဓါးကိုင်ဆောင်သူ လူတစ်စုမှ နေအိမ်အား ဝင်ရောက် ဖျက်ဆီးကာ အိမ်ရှင်လင်မယားအား ရန်ပြု
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ သာမိုင်ခမ်းအုပ်စု ကျူးကျော်ရပ်တွင် မေလ ၇ ရက် ည ပိုင်းက တုတ်၊ ဓားကိုင်ဆောင်သူ လူတစ်စုမှ နေအိမ်တစ်လုံးအား ဝင်ရောက်ဖျက်ဆီးကာ အိမ်ရှင်လင်မယားအား ရန်ပြုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
“ရှောင်ပြေးနေတဲ့သူတွေကို လိုက်လံဖမ်းဆီးနေပါတယ်။ သူတို့ရှောင်ပြေးလို့မရပါဘူး။ မိမှာပါ” ဟု အောင်ပန်း နယ်မြေ ရဲစခန်းမှူး ရဲအုပ်စိုးဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သာမိုင်းခန်းအုပ်စု၊ ကျူးကျော်ရပ်နေ ကျော်သူအောင် (၃၆ နှစ်) နှင့် ဇနီးဖြစ်သူ မရီရီထက် (၄၁ နှစ်) တို့ နေထိုင်သည့် နေအိမ်အား မေလ ၇ ရက်၊ ည ၁၁ နာရီခွဲအချိန်ခန့်တွင် အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်၊ ကံသာရပ်နေ ဖိုးစိုးမှ ဓါးကိုင်ဆောင်၍ နေအိမ်အတွင်း ဝင်ရောက်စိန်ခေါ်ခဲ့ပြီး ၎င်းနှင့်အတူ ပါလာသည့် တုတ် ကိုင်ဆောင်ထားသူ လူ ၆ ဦးတို့မှ ကျော်သူအောင်နှင့် မရီရီထက်တို့အား တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ပြီး နေအိမ်အား ဖျက်ဆီးကာ ထွက်ပြေးတိမ်းရှောင် နေခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ နေအိမ်အတွင်း ဓါးကိုင်ဆောင်ဝင်ရောက်ခြိမ်းခြောက်ကာ လူရိုက်နှက် ဖျက်ဆီးခဲ့သူ ဖိုးစိုးပါ ၇ ဦးအား အရေးယူပေးရန် အိမ်ရှင်ကျော်သူအောင်က တိုင်တန်းသဖြင့် အောင်ပန်းနယ်မြေရဲစခန်းမှ (ပ) ၅၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၅၂/ ၃၂၃/ ၄၂၇/ ၁၁၄ တို့ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment