ကြတ္ခိုင္ၿမိဳ႕နယ္တြင္ သရက္သီးတင္ယာဥ္တစ္စီး အရွိန္လြန္ထိုးက်ရာမွ တစ္ဦး ေသဆံုး၊ တစ္ဦး ဒဏ္ရာရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, May 21, 2019

ကြတ္ခိုင္ၿမိဳ႕နယ္တြင္ သရက္သီးတင္ယာဥ္တစ္စီး အရွိန္လြန္ထိုးက်ရာမွ တစ္ဦး ေသဆံုး၊ တစ္ဦး ဒဏ္ရာရ


ေနာင္ (ျမစ္မခ)
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖတ္ကာ ေက်းရြာအနီး ပန္ဂ်ေလာ့ကုန္းဆင္းေခ်ာက္အတြင္း  ေမလ ၂၀ ရက္၊ နံနက္ပိုင္းက သရက္သီးတင္ယာဥ္တစ္စီးမွာ အရွိ္န္မထိန္းႏိုင္ဘဲ ထိုးက်ခဲ႔ရာမွ တစ္ဦး ေသဆံုးကာ တစ္ဦး ဒဏ္ရာရွိမႈ ျဖစ္ပြားခဲ႔ေၾကာင္း သိရွိရသည္။
.
.
အဆိုပါ ကုန္းဆင္းမိုင္တိုင္အမွတ္ ၂၅၃/၄ -၂၅၃/၅ ၾကားတြင္ ေမ ၂၀ ရက္ နံနက္ပိုင္းက မႏၱေလးဘက္မွ တ႐ုတ္ျပည္ဘက္သို႔ တင္ပို႔မည့္ သရက္သီးမ်ား တင္ေဆာင္လာေသာ ယာဥ္မွာ အရွိန္မထိန္းႏိုင္ဘဲ ေပ ၂၀၀ ခန္႔နက္ေသာ ေခ်ာက္အတြင္း ထိုးဆင္းသြားခဲ႔ျခင္းျဖစ္သည္။

.
မနက္  ၆ နာရီေက်ာ္ေလာက္မွာ ဖုန္းဆက္ၿပီး အကူညီေတာင္းလာလို႔ သြားလိုက္တာပါ။ တစ္ဦးကေတာ့ ဆံုးသြား တယ္။ တစ္ဦးက ဒဏ္ရာရလို႔ မူဆယ္ေဆးရံုကို ပို႔ေပးလိုက္ပါတယ္။’’ဟု ေမတၱာရွင္လူမႈကူညီေရး အသင္း (နမ့္ဖတ္ကာ)မွ ကိုတင္ေမာင္ေအးက ေျပာသည္။
.
အဆိုပါ ယာဥ္မွာ ေခ်ာက္အတြင္း ထိုးက်သြားျခင္းေၾကာင့္ ယာဥ္ေပၚပါသူ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ျပင္စာရြာေန ကိုေအာင္ၿဖိဳးေဝ (၃၀) ႏွစ္ခန္႔မွာ ေသဆံုးခဲ႔ရၿပီး က်န္တစ္ဦးမွာလည္း မူဆယ္ေဆးရံုတြင္ ေဆးကုသမႈ ခံယူေနေသာ္လည္း သတိမရေသးေၾကာင္း သိရသည္။
.
အဲ႔ကုန္းဆင္းမွာက အရမ္းသတိထားၿပီးေတာ့ ေမာင္းရတယ္။ ျဖစ္လိုက္ရင္အေသပဲ။ သၾကၤန္တုန္းကထင္တယ္ အဲ႔ဒီနားမွာ တရားနာတာေတြ လုပ္ျဖစ္ေသးပါတယ္။ ပရဟိတအသင္းေတြ လုပ္တာပါ။’’ဟု မူဆယ္-လာရိႈး  ကားေလး ယာဥ္ေမာင္း ကိုရဲေက်ာ္ေအာင္က ေျပာသည္။
.
အဆိုပါ ယာဥ္တိမ္းေမွာက္ျခင္းေၾကာင့္ လူေသဆံုးသည္ထိ ယာဥ္မဆင္မျခင္ ေမာင္းႏွင္းသူ ယာဥ္ေမာင္း  ေအာင္ၿဖိဳးေဝ (၃၀)ႏွစ္အား နမ့္ဖတ္ကာ နယ္ေျမ ရဲကင္းစခန္းမွ ယာဥ္(ပ) ၆/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၃၇ /၃၃၈ ၃၀၄-က တို႔ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။
.
ကွတ်ခိုင်မြို့နယ်တွင်  သရက်သီးတင်ယာဉ်တစ်စီး  အရှိန်လွန်ထိုးကျရာမှ တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ကျေးရွာအနီး ပန်ဂျလော့ကုန်းဆင်းချောက်အတွင်း  မေလ ၂၀ ရက်၊ နံနက်ပိုင်းက သရက်သီးတင်ယာဉ်တစ်စီးမှာ အရှိ်န်မထိန်းနိုင်ဘဲ ထိုးကျခဲ့ရာမှ တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
.
အဆိုပါ ကုန်းဆင်းမိုင်တိုင်အမှတ် ၂၅၃/၄ -၂၅၃/၅ ကြားတွင် မေ ၂၀ ရက် နံနက်ပိုင်းက မန္တလေးဘက်မှ တရုတ်ပြည်ဘက်သို့ တင်ပို့မည့် သရက်သီးများ တင်ဆောင်လာသော ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ပေ ၂၀၀ ခန့်နက်သော ချောက်အတွင်း ထိုးဆင်းသွားခဲ့ခြင်းဖြစ်သည်။
.
“မနက်  ၆ နာရီကျော်လောက်မှာ ဖုန်းဆက်ပြီး အကူညီတောင်းလာလို့ သွားလိုက်တာပါ။ တစ်ဦးကတော့ ဆုံးသွား တယ်။ တစ်ဦးက ဒဏ်ရာရလို့ မူဆယ်ဆေးရုံကို ပို့ပေးလိုက်ပါတယ်။’’ဟု မေတ္တာရှင်လူမှုကူညီရေး အသင်း (နမ့်ဖတ်ကာ)မှ ကိုတင်မောင်အေးက ပြောသည်။
.
အဆိုပါ ယာဉ်မှာ ချောက်အတွင်း ထိုးကျသွားခြင်းကြောင့် ယာဉ်ပေါ်ပါသူ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာရွာနေ ကိုအောင်ဖြိုးဝေ (၃၀) နှစ်ခန့်မှာ သေဆုံးခဲ့ရပြီး ကျန်တစ်ဦးမှာလည်း မူဆယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော်လည်း သတိမရသေးကြောင်း သိရသည်။
.
“အဲ့ကုန်းဆင်းမှာက အရမ်းသတိထားပြီးတော့ မောင်းရတယ်။ ဖြစ်လိုက်ရင်အသေပဲ။ သင်္ကြန်တုန်းကထင်တယ် အဲ့ဒီနားမှာ တရားနာတာတွေ လုပ်ဖြစ်သေးပါတယ်။ ပရဟိတအသင်းတွေ လုပ်တာပါ။’’ဟု မူဆယ်-လာရှိုး  ကားလေး ယာဉ်မောင်း ကိုရဲကျော်အောင်က ပြောသည်။
.
အဆိုပါ ယာဉ်တိမ်းမှောက်ခြင်းကြောင့် လူသေဆုံးသည်ထိ ယာဉ်မဆင်မခြင် မောင်းနှင်းသူ ယာဉ်မောင်း  အောင်ဖြိုးဝေ (၃၀)နှစ်အား နမ့်ဖတ်ကာ နယ်မြေ ရဲကင်းစခန်းမှ ယာဉ်(ပ) ၆/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၇ /၃၃၈ ၃၀၄-က တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.

No comments:

Post a Comment