က်ဳိင္းတုံ၌ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ တ႐ုတ္ႏိုင္ငံသား ၄ ဦး ဖမ္းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, May 29, 2019

က်ဳိင္းတုံ၌ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ တ႐ုတ္ႏိုင္ငံသား ၄ ဦး ဖမ္းဆီးရမိ


မိုင္းေမာ (ႀတိဂံနယ္ေျမ)
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတုံၿမိဳ႕နယ္၊ မိုင္းလပ္ေက်းရြာအုပ္စု၊ ပါဆံက်ေက်းရြာ၌ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ တ႐ုတ္ႏိုင္ငံသား ၄ ဦး ကို ျမန္မာႏိုင္ငံလူဝင္မႈႀကီးၾကပ္ေရး (လတ္တေလာျပဌာန္းခ်က္မ်ား) အက္ဥပေဒပုဒ္မျဖင့္ ေမ ၂၈ ရက္ညေနပိုင္းက အမႈဖြင့္အေရးယူေဆာင္ရြက္ ထားေၾကာင္း သိရသည္။
.
.
အမွတ္ (၁၈)လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕မွ ရဲမွဴး မီမီကို ဦးစီးတပ္ဖြဲ႕ဝင္မ်ား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ လဝကႀကီးၾကပ္ေရးမွဴး ဦးရဲထြန္းႏွင့္ ဝန္ထမ္းမ်ားပါဝင္ေသာအဖြဲ႕သည္ ေမ ၂၇ ရက္ညေန ၅ နာရီ ၁၅ မိနစ္အခ်ိန္ခန္႔တြင္ တ႐ုတ္ႏိုင္ငံသားမ်ား ဝင္ေရာက္ေနေၾကာင္း သတင္းအရ သက္ေသမ်ား ႏွင့္အတူ က်ဳိင္းတုံၿမိဳ႕နယ္၊ မိုင္းလပ္ေက်းရြာအုပ္စု၊ ပါဆံက်ေက်းရြာေန ေဒၚနာဟား ေနအိမ္သို႔ ဝင္ေရာက္ စစ္ေဆးခဲ့ရာ တရားမဝင္ ဝင္ေရာက္လာေသာ တ႐ုတ္ႏုိင္ငံသား အမ်ဳိးသား လီေစာခ်ဳိက္(၅၈ ႏွစ္)၊ ေဘာက္ေအ (၄၉ ႏွစ္)၊ လီးတာေပါင္း (၃၁ ႏွစ္)ႏွင့္ က်ဴမင္း (၃၅ ႏွစ္) လန္းခ်န္းခ႐ိုင္၊ ယူနန္ျပည္နယ္၊ တ႐ုတ္ႏိုင္ငံေနသူတို႔ ၄ ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
.
သို႔ျဖစ္၍ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသူ တ႐ုတ္ႏိုင္ငံသား ၄ ဦးအား က်ဳိင္းတုံၿမိဳ႕မရဲစခန္းက (ပ)၅၈၂/၂ဝ၁၉၊ ၁၉၄၇ ခုႏွစ္၊ ျမန္မာႏိုင္ငံလူဝင္မႈႀကီး ၾကပ္ေရး(လတ္တေလာျပဌာန္းခ်က္မ်ား)အက္ဥပေဒပုဒ္မ ၁၃(၁)ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။
.
ကျိုင်းတုံ၌ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၄ ဦး ဖမ်းဆီးရမိ
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ပါဆံကျကျေးရွာ၌ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၄ ဦး ကို မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မဖြင့် မေ ၂၈ ရက်ညနေပိုင်းက အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။
.
အမှတ် (၁၈)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ရဲမှူး မီမီကို ဦးစီးတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လဝကကြီးကြပ်ရေးမှူး ဦးရဲထွန်းနှင့် ဝန်ထမ်းများပါဝင်သောအဖွဲ့သည် မေ ၂၇ ရက်ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် တရုတ်နိုင်ငံသားများ ဝင်ရောက်နေကြောင်း သတင်းအရ သက်သေများ နှင့်အတူ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ပါဆံကျကျေးရွာနေ ဒေါ်နာဟား နေအိမ်သို့ ဝင်ရောက် စစ်ဆေးခဲ့ရာ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား လီစောချိုက်(၅၈ နှစ်)၊ ဘောက်အေ (၄၉ နှစ်)၊ လီးတာပေါင်း (၃၁ နှစ်)နှင့် ကျူမင်း (၃၅ နှစ်) လန်းချန်းခရိုင်၊ ယူနန်ပြည်နယ်၊ တရုတ်နိုင်ငံနေသူတို့ ၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ၄ ဦးအား ကျိုင်းတုံမြို့မရဲစခန်းက (ပ)၅၈၂/၂ဝ၁၉၊ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီး ကြပ်ရေး(လတ်တလောပြဌာန်းချက်များ)အက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment