ေတာင္ႀကီးတြင္ က်ပ္တစ္ေထာင္တန္ ထီလက္မွတ္မ်ားကို ေစ်းတိုးျမႇင့္ ေရာင္းခ်မႈမ်ား ရွိေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, May 25, 2019

ေတာင္ႀကီးတြင္ က်ပ္တစ္ေထာင္တန္ ထီလက္မွတ္မ်ားကို ေစ်းတိုးျမႇင့္ ေရာင္းခ်မႈမ်ား ရွိေန


ခြန္သက္ထူး
.
ရွမ္းျပည္နယ္၏ ၿမိဳ႕ေတာ္ျဖစ္ေသာ ေတာင္ႀကီးၿမိဳ႕တြင္ ေငြက်ပ္ တစ္ေထာင္တန္ ေအာင္ဘာေလထီ လက္မွတ္မ်ားကို ၁၁ဝဝ က်ပ္သို႔ တိုးျမႇင့္ေရာင္းခ်မႈမ်ား ရွိေနသည္ဟု ထီလက္မွတ္ဝယ္ယူသူမ်ားထံမွသိရ သည္။
.
.
''ကြၽန္ေတာ္တို႔႔လို ထီလက္မွတ္ ကို လတိုင္းထိုးသမားေတြအတြက္ ကေတာ့ နည္းနည္းအခက္အခဲေတြ႕ တာေပါ့။ အရင္ထိုးေနက် ၁ဝဝဝ က အဆင္ေျပတယ္ေလ။ အခုက ၁၁ဝဝ ဆိုေတာ့ အခက္ေတြ႕တယ္။ တစ္ခါ ထိုးမယ္ဆိုရင္ အေၾကြေလးေတြ ယူ ၿပီးသြားေနရတာမ်ိဳးဆိုေတာ့ ေတာ္ ေတာ္ေလး အခက္ေတြ႕ရပါတယ္''ဟု ေတာင္ႀကီးၿမိဳ႕ေန လစဥ္ ထီကံ စမ္းသူတစ္ဦးက ေျပာသည္။
.
အဆိုပါ ေငြက်ပ္ ၁ဝဝဝ တန္ ေအာင္ဘာေလ ထီလက္မွတ္မ်ားကို ေတာင္ႀကီးၿမိဳ႕ေပၚရွိ ထီလက္မွတ္ အေရာင္းဆိုင္မ်ားတြင္ ၁၁ဝဝ က်ပ္ အထိ ေစ်းႏႈန္းတိုးျမႇင့္ေရာင္းခ်ေန ျခင္းျဖစ္ၿပီး အခ်ိဳ႕ေသာ ထီလက္မွတ္ အေရာင္းဆိုင္မ်ားတြင္ လကုန္ပိုင္း၌ ေငြက်ပ္ ၁၂ဝဝ အထိ တိုးျမႇင့္ေရာင္း ခ်ျခင္းမ်ားလည္း ရွိေနသည္ဟု သိ ရသည္။
.
ယင္းကဲ့သို႔ ထီလက္မွတ္ေစ်း ႏႈန္းျမႇင့္တင္ေရာင္းခ်မႈႏွင့္ ပတ္သက္ ၍ ေတာင္ႀကီးၿမိဳ႕ရွိ တရားဝင္ေအာင္ ဘာေလထီလက္မွတ္ အေရာင္းကိုယ္ စားလွယ္တစ္ဦးက ''ဆိုင္ခန္းလစာနဲ႔ ဝန္ထမ္းလစာ ဘယ္လိုလုပ္ၾကမွာလဲ။ ကားနဲ႔ေရာင္းတဲ့သူဆိုရင္ ဆီဖိုးရွိ တယ္။ ေအာက္ေျခ အေရာင္းဆိုင္ ေတြက ၁ဝဝဝ နဲ႔ေရာင္းရင္ ဘယ္လို မွ အဆင္မေျပဘူးေလ။ ၁ဝဝဝ တန္ ထီလက္မွတ္က ေရာင္းအားလည္း လုံးဝမေကာင္းဘူး။ ၅ဝဝ တန္က ပို ၿပီးေရာင္းရပါတယ္''ဟု ေျပာဆိုခဲ့ သည္။
.
ေငြက်ပ္ ၁ဝဝဝ တန္ ေအာင္ဘာ ေလထီလက္မွတ္ ေရာင္းခ်ေနျခင္း ေၾကာင့္ ထီကိုယ္စားလွယ္မ်ား အ႐ႈံး ေပၚေနသည့္အျပင္ ေအာက္ေျခအေရာင္းဆိုင္မ်ားလည္း အ႐ႈံးႏွင့္ ရင္ ဆိုင္ေနရၿပီး လကုန္ပိုင္းတြင္ ေငြ က်ပ္ ၁ဝဝဝ တန္ ထီလက္မွတ္မ်ားအား ၁၂ဝဝ က်ပ္အထိ တိုးျမႇင့္ ေရာင္းခ်သြားမည္ ျဖစ္ေၾကာင္း ထီ လက္မွတ္ အေရာင္းကိုယ္စားလွယ္ မ်ားထံမွ သိရသည္။
.
၂ဝ၁၉ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္ တြင္ ဖြင့္လွစ္မည့္ ၅ ႀကိမ္ေျမာက္ ေငြက်ပ္ ၁ဝဝဝ တန္ေအာင္ဘာေလ ထီဆုခ်ီးျမႇင့္ပြဲတြင္ ခြဲေဝေပးမည့္ ဆုမဲမ်ားကို တုိးျမႇင့္ေပးသြားမည္ ျဖစ္ ေၾကာင္း သိရသည္။
.
ေငြက်ပ္ ၁ဝဝဝ တန္ ေအာင္ ဘာေလထီလက္မွတ္မ်ား ေရာင္းရ ေငြအားလုံး၏ ၆ဝ ရာခိုင္ႏႈန္းကို ထီ ဆုမဲအျဖစ္ ျပန္လည္ခ်ီးျမႇင့္ေပးၿပီး ရ ရွိသည့္ အခြန္ဝင္ေငြမ်ားကို ႏိုင္ငံ ေတာ္အတြက္ က်န္းမာေရး၊ ပညာ ေရး စသည့္က႑မ်ားတြင္ ျပန္လည္ အသုံးျပဳျခင္းျဖစ္ေၾကာင္း သိရသည္။
.
ယခင္က ေအာင္ဘာေလ ထီ လက္မွတ္မ်ားကို ေငြက်ပ္ ၁ဝဝ ျဖင့္ ေရာင္းခ်စဥ္က ျပင္ပတြင္ က်ပ္ ၂ဝဝ အထိ ႏွစ္ဆတိုးျမႇင့္ေရာင္းခ်မႈမ်ား ရွိ ခဲ့ဖူးၿပီး ျပည္တြင္းအခြန္မ်ား ဦးစီးဌာ နအေနျဖင့္ အခြန္ေငြ ပိုမိုရရွိကာ ထီ ေစ်းတင္ေရာင္းခ်မႈကို ပိုမိုေလွ်ာ့ခ်ႏိုင္ ရန္ အာဆီယံႏိုင္ငံမ်ားကဲ့သို႔ ထီိတစ္ ေစာင္ က်ပ္ ၄ဝဝဝ ႏႈန္းျဖင့္ ေရာင္း ခ်ႏိုင္ရန္ ရည္ရြယ္ထားေၾကာင္း သိရသည္။
.
တောင်ကြီးတွင် ကျပ်တစ်ထောင်တန် ထီလက်မှတ်များကို စျေးတိုးမြှင့် ရောင်းချမှုများ ရှိနေ
.
ခွန်သက်ထူး
.
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့တွင် ငွေကျပ် တစ်ထောင်တန် အောင်ဘာလေထီ လက်မှတ်များကို ၁၁ဝဝ ကျပ်သို့ တိုးမြှင့်ရောင်းချမှုများ ရှိနေသည်ဟု ထီလက်မှတ်ဝယ်ယူသူများထံမှသိရ သည်။
.
''ကျွန်တော်တို့့လို ထီလက်မှတ် ကို လတိုင်းထိုးသမားတွေအတွက် ကတော့ နည်းနည်းအခက်အခဲတွေ့ တာပေါ့။ အရင်ထိုးနေကျ ၁ဝဝဝ က အဆင်ပြေတယ်လေ။ အခုက ၁၁ဝဝ ဆိုတော့ အခက်တွေ့တယ်။ တစ်ခါ ထိုးမယ်ဆိုရင် အကြွေလေးတွေ ယူ ပြီးသွားနေရတာမျိုးဆိုတော့ တော် တော်လေး အခက်တွေ့ရပါတယ်''ဟု တောင်ကြီးမြို့နေ လစဉ် ထီကံ စမ်းသူတစ်ဦးက ပြောသည်။
.
အဆိုပါ ငွေကျပ် ၁ဝဝဝ တန် အောင်ဘာလေ ထီလက်မှတ်များကို တောင်ကြီးမြို့ပေါ်ရှိ ထီလက်မှတ် အရောင်းဆိုင်များတွင် ၁၁ဝဝ ကျပ် အထိ စျေးနှုန်းတိုးမြှင့်ရောင်းချနေ ခြင်းဖြစ်ပြီး အချို့သော ထီလက်မှတ် အရောင်းဆိုင်များတွင် လကုန်ပိုင်း၌ ငွေကျပ် ၁၂ဝဝ အထိ တိုးမြှင့်ရောင်း ချခြင်းများလည်း ရှိနေသည်ဟု သိ ရသည်။
.
ယင်းကဲ့သို့ ထီလက်မှတ်စျေး နှုန်းမြှင့်တင်ရောင်းချမှုနှင့် ပတ်သက် ၍ တောင်ကြီးမြို့ရှိ တရားဝင်အောင် ဘာလေထီလက်မှတ် အရောင်းကိုယ် စားလှယ်တစ်ဦးက ''ဆိုင်ခန်းလစာနဲ့ ဝန်ထမ်းလစာ ဘယ်လိုလုပ်ကြမှာလဲ။ ကားနဲ့ရောင်းတဲ့သူဆိုရင် ဆီဖိုးရှိ တယ်။ အောက်ခြေ အရောင်းဆိုင် တွေက ၁ဝဝဝ နဲ့ရောင်းရင် ဘယ်လို မှ အဆင်မပြေဘူးလေ။ ၁ဝဝဝ တန် ထီလက်မှတ်က ရောင်းအားလည်း လုံးဝမကောင်းဘူး။ ၅ဝဝ တန်က ပို ပြီးရောင်းရပါတယ်''ဟု ပြောဆိုခဲ့ သည်။
.
ငွေကျပ် ၁ဝဝဝ တန် အောင်ဘာ လေထီလက်မှတ် ရောင်းချနေခြင်း ကြောင့် ထီကိုယ်စားလှယ်များ အရှုံး ပေါ်နေသည့်အပြင် အောက်ခြေအရောင်းဆိုင်များလည်း အရှုံးနှင့် ရင် ဆိုင်နေရပြီး လကုန်ပိုင်းတွင် ငွေ ကျပ် ၁ဝဝဝ တန် ထီလက်မှတ်များအား ၁၂ဝဝ ကျပ်အထိ တိုးမြှင့် ရောင်းချသွားမည် ဖြစ်ကြောင်း ထီ လက်မှတ် အရောင်းကိုယ်စားလှယ် များထံမှ သိရသည်။
.
၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက် တွင် ဖွင့်လှစ်မည့် ၅ ကြိမ်မြောက် ငွေကျပ် ၁ဝဝဝ တန်အောင်ဘာလေ ထီဆုချီးမြှင့်ပွဲတွင် ခွဲဝေပေးမည့် ဆုမဲများကို တိုးမြှင့်ပေးသွားမည် ဖြစ် ကြောင်း သိရသည်။
.
ငွေကျပ် ၁ဝဝဝ တန် အောင် ဘာလေထီလက်မှတ်များ ရောင်းရ ငွေအားလုံး၏ ၆ဝ ရာခိုင်နှုန်းကို ထီ ဆုမဲအဖြစ် ပြန်လည်ချီးမြှင့်ပေးပြီး ရ ရှိသည့် အခွန်ဝင်ငွေများကို နိုင်ငံ တော်အတွက် ကျန်းမာရေး၊ ပညာ ရေး စသည့်ကဏ္ဍများတွင် ပြန်လည် အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။
.
ယခင်က အောင်ဘာလေ ထီ လက်မှတ်များကို ငွေကျပ် ၁ဝဝ ဖြင့် ရောင်းချစဉ်က ပြင်ပတွင် ကျပ် ၂ဝဝ အထိ နှစ်ဆတိုးမြှင့်ရောင်းချမှုများ ရှိ ခဲ့ဖူးပြီး ပြည်တွင်းအခွန်များ ဦးစီးဌာ နအနေဖြင့် အခွန်ငွေ ပိုမိုရရှိကာ ထီ စျေးတင်ရောင်းချမှုကို ပိုမိုလျှော့ချနိုင် ရန် အာဆီယံနိုင်ငံများကဲ့သို့ ထီိတစ် စောင် ကျပ် ၄ဝဝဝ နှုန်းဖြင့် ရောင်း ချနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
.

No comments:

Post a Comment