လား႐ိႈးအက်ဥ္းေထာင္အတြင္း ဆူပူမႈျဖစ္ေပၚခဲ့သည္ဆိုေသာ သတင္းမွာ မဟုတ္မွန္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, May 13, 2019

လား႐ိႈးအက်ဥ္းေထာင္အတြင္း ဆူပူမႈျဖစ္ေပၚခဲ့သည္ဆိုေသာ သတင္းမွာ မဟုတ္မွန္


ေနာင္ (ျမစ္မခ)
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕ရွိ အက်ဥ္းေထာင္အတြင္း ေမ ၉ ရက္က ဆူပူမႈျဖစ္ေပၚခဲ့သည္ဆိုေသာ သတင္းမွာ မဟုတ္မွန္ေၾကာင္း လား႐ိႈးၿမိဳ႕အက်ဥ္းဦးစီးဌာနမွ သိရွိရသည္။
.
.
ျမန္မာႏိုင္ငံ ရဲတပ္ဖဲြ႔ ရံုးထုတ္တာရွိတယ္။ သူတို႔လုပ္ငန္းကိစၥေဆာင္ရြက္တာရွိတယ္။ ျမန္မာႏိုင္ငံ ရဲတပ္ဖဲြ႔နဲ႔ ကြ်န္ေတာ္တို႔နဲ႔ ကိစၥေတာ္ေတာ္မ်ားမ်ားကို ေဆာင္ရြက္ရတာရွိပါတယ္။ ပံုမွန္လုပ္ငန္းေတြကို လုပ္ေနတာပါ။ ေထာင္ ဆူတယ္ဆိုတာ မဟုတ္ပါဘူး။ ေထာင္လုပ္ငန္းကို ပံုမွန္လုပ္ေနတာပါ။’’ဟု လား႐ိႈးၿမိဳ႕အက်ဥ္းဦးစီးဌာနမွ အရာရွိ တစ္ဦးက ေျပာသည္။
.
ႏိုင္ငံေတာ္ သမၼတ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳေပးၿပီးေနာက္ ေမ ၈ ရက္မွ စတင္ကာ ေမာ္လုိက္အက်ဥ္း ေထာင္၊ ေရႊဘုိအက်ဥ္းေထာင္ႏွင့္ ကရင္ျပည္နယ္ရွိ ဘားအံအက်ဥ္းေထာင္တို႔တြင္ ဆူပူမႈျဖစ္ပြားခဲ့ၿပီး ေမ ၉ ရက္က လည္း ျမစ္ႀကီးနားအက်ဥ္းေထာင္၊ ပုသိမ္အက်ဥ္းေထာင္၊ ပဲခူးအက်ဥ္းေထာင္၊ ဒိုက္ဦးအက်ဥ္းေထာင္၊ သာယာဝတီ အက်ဥ္းေထာင္တို႔တြင္ ဆူပူမႈမ်ား ဆက္တိုင္ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
.
ဒီေထာင္မွာေတာ့ ဘာမွျဖစ္တာ မေတြ႔ရပါဘူး။ ဘာဆူညံသံမွလည္း မၾကားမိပါဘူး။ လူေတြက ေလွ်ာက္ေျပာ ေနၾကတာျဖစ္မွာပါ။ မျဖစ္လည္း မျဖစ္ေစခ်င္ပါဘူး။ဟု အက်ဥ္းဦးစီးဌာနအနီး ေနထိုင္သူ ဦးေက်ာ္ေဆြက ေျပာသည္။
.
ႏိုင္ငံေတာ္ သမၼတ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လား႐ိႈးအက်ဥ္ဦးစီးဌာနမွ အက်ဥ္းသား ၂၆၀ ဦးအား ေမ ၇ ရက္က ျပစ္ဒဏ္မွ လြတ္ၿငိမ္းခ်မ္းသာခြင့္ရရွိခဲ့ၿပီး ေမ ၉ ရက္တြင္လည္း ပံုမွန္႐ံုးထုတ္ျခင္း၊ ပံုမွန္အက်ဥ္းသားမ်ား လႊတ္ေပးျခင္းတုိ႔သာရွိေၾကာင္း သိရသည္။  
.
ႏိုင္ငံေတာ္ သမၼတ၏ လြတ္ၿငိမ္းခ်မ္းသာခြင္႔ျဖင္႔ လား႐ိႈးအက်ဥ္းဦးစီးဌာနမွ လြတ္ေျမာက္လာေသာ အမ်ိဳးသား တစ္ဦးမွာလည္း ေမ ၈ ရက္က မူးယစ္ေဆး ျပန္လည္ သံုးစြဲရာမွ ေဆးလြန္ၿပီး ေသဆံုးခဲ့ရေၾကာင္း လား႐ိႈးၿမိဳ႕မ ရဲစခန္းမွ သိရွိရသည္။
.
လားရှိုးအကျဉ်းထောင်အတွင်း ဆူပူမှုဖြစ်ပေါ်ခဲ့သည်ဆိုသော သတင်းမှာ မဟုတ်မှန်
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အကျဉ်းထောင်အတွင်း မေ ၉ ရက်က ဆူပူမှုဖြစ်ပေါ်ခဲ့သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း လားရှိုးမြို့အကျဉ်းဦးစီးဌာနမှ သိရှိရသည်။
.
“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရုံးထုတ်တာရှိတယ်။ သူတို့လုပ်ငန်းကိစ္စဆောင်ရွက်တာရှိတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ကျွန်တော်တို့နဲ့ ကိစ္စတော်တော်များများကို ဆောင်ရွက်ရတာရှိပါတယ်။ ပုံမှန်လုပ်ငန်းတွေကို လုပ်နေတာပါ။ ထောင် ဆူတယ်ဆိုတာ မဟုတ်ပါဘူး။ ထောင်လုပ်ငန်းကို ပုံမှန်လုပ်နေတာပါ။’’ဟု လားရှိုးမြို့အကျဉ်းဦးစီးဌာနမှ အရာရှိ တစ်ဦးက ပြောသည်။
.
နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးပြီးနောက် မေ ၈ ရက်မှ စတင်ကာ မော်လိုက်အကျဉ်း ထောင်၊ ရွှေဘိုအကျဉ်းထောင်နှင့် ကရင်ပြည်နယ်ရှိ ဘားအံအကျဉ်းထောင်တို့တွင် ဆူပူမှုဖြစ်ပွားခဲ့ပြီး မေ ၉ ရက်က လည်း မြစ်ကြီးနားအကျဉ်းထောင်၊ ပုသိမ်အကျဉ်းထောင်၊ ပဲခူးအကျဉ်းထောင်၊ ဒိုက်ဦးအကျဉ်းထောင်၊ သာယာဝတီ အကျဉ်းထောင်တို့တွင် ဆူပူမှုများ ဆက်တိုင်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.
“ဒီထောင်မှာတော့ ဘာမှဖြစ်တာ မတွေ့ရပါဘူး။ ဘာဆူညံသံမှလည်း မကြားမိပါဘူး။ လူတွေက လျှောက်ပြော နေကြတာဖြစ်မှာပါ။ မဖြစ်လည်း မဖြစ်စေချင်ပါဘူး။”ဟု အကျဉ်းဦးစီးဌာနအနီး နေထိုင်သူ ဦးကျော်ဆွေက ပြောသည်။
.
နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လားရှိုးအကျဉ်ဦးစီးဌာနမှ အကျဉ်းသား ၂၆၀ ဦးအား မေ ၇ ရက်က ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ပြီး မေ ၉ ရက်တွင်လည်း ပုံမှန်ရုံးထုတ်ခြင်း၊ ပုံမှန်အကျဉ်းသားများ လွှတ်ပေးခြင်းတို့သာရှိကြောင်း သိရသည်။  
.
နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လားရှိုးအကျဉ်းဦးစီးဌာနမှ လွတ်မြောက်လာသော အမျိုးသား တစ်ဦးမှာလည်း မေ ၈ ရက်က မူးယစ်ဆေး ပြန်လည် သုံးစွဲရာမှ ဆေးလွန်ပြီး သေဆုံးခဲ့ရကြောင်း လားရှိုးမြို့မ ရဲစခန်းမှ သိရှိရသည်။
.

No comments:

Post a Comment